Thursday, September 26, 2013

အနာဂတ်ရဲ့ ကလေးငယ်တွေ အတွက် ပလက်ဖောင်း ပျိုးခင်းလေးရဲ့ စာသင်ကြားမှု


ပလက်ဖောင်း ပျိုးခင်းလေးရဲ့ စာသင်ကြားမှု့ အရှိန်တော်ရလာပါပြီ .... ဘ၀တူ ကလေးတွေကို သူတို့ အချင်းချင်း လက်တွဲခေါ်ခဲ့ကြပြီး စာသင်ကြားဖို့ စိတ်ဝင်စားလာခဲ့တာ တွေ့ရပါတယ် ... အခုဆိုရင် ကလေး (23)ယောက်တောင် ရှိနေပါပြီ ...

ှSunday တိုင်း ကုမုဒြာ လူငယ်ပရဟိတ အဖွဲ့မှ ဦးဆောင်ဆရာတော် Ukumu Dra က ယဉ်ကျေးလိမ္မာဖို့ သွန်သင် နည်းပြပေးနေပါတယ် ...

အနာဂတ်ရဲ့ ကလေးငယ်လေးတွေကို တစ်ဒေါင့် တစ်နေရာကနေ ကိုယ်ကျိုးမဖက်ဘဲ စိတ်စေတနာ အရင်ခံနဲ့ ကူညီတဲ့ ဆရာတော်ကိုလည်း ကျေးဇူးတင် ပီတိဖြစ်ရပါတယ် ..( အရေးပေါ် သွေးလှူ post မှာ ကူညီကြရင် ဖွားဝိုင်း နဲ့ ဆက်စပ်ပြီး ကူညီဖြစ်ပါတယ် )

တည်ထောင် အနစ်နာခံခဲ့ပြီး ဖွားဝိုင်းတို့ကို သူတို့ရဲ့ ဘ၀လေးတွေ ဘယ်လိုရှိတယ်ဆိုတာလည်း ပြခဲ့တဲ့ ကိုစိန်ဝင်း၊ နားချိန်လေး မှာတောင် ပရဟိတ အတွက် ဖြစ်တည်နေဆဲ ဆရာမလေးအဖြစ် Kind Rose Phyo Pyae Sone Oo Zinmin Mandalay AL Lin တို့ကိုလည်း လေးစားမိပါတယ်

ကလေးတွေအတွက် ကျောင်းစိမ်းဝတ်စုံ၊ အနွေးထည် တွေလည်း စီစဉ် လှူဒါန်းမဲ့သူတွေ ကမ်းလှမ်းထားပါတယ်။ ကျောင်းပိတ်ရင်လည်း အလည်အပတ် ဗဟုသုတရမဲ့ နေရာလေးတွေ လိုက်ပို့မယ်လို့ တိုင်ပင်ထားကြပါတယ် ...

မိတ်ဆွေ ... ဒီလို..ပရဟိတ လုပ်ငန်းတွေ ရှိတယ်ဆိုတာ ပီတိဖြစ်စေဖို့ပါ ....

ပလက်ဖောင်း ပျိုးခင်းလေးရဲ့ နေရာက ...

78 လမ်း -31×32 ကြား Fantacy World ရှေ့ ပလက်ဖောင်းပေါ်မှာပါ ဆင်းရဲနွမ်းပါး ကျုးတဲလေးတွေ မှာနေထိုင်တဲ့ ကလေးငယ်လေးတွေကို ညပိုင်းစာသင်ပေးနေခြင်းပါ။

အမှတ်တရ ..." ဖွားဝိုင်း "

credit - Spring Waing

Posted From Oneto Onemyanmar

No comments: