Saturday, September 28, 2013

ဒေါ်စုကို ဝေဖန်ရင် ဘလော့မယ်ကောင်တွေ အမြန် ဒိုးကြ



ဒေါ်အောင်ဆန်းစုကြည်ကို မင်းတို့ဘယ်လောက်ချစ်တယ် မြတ်နိုးတယ်လာမပြောနဲ့ ဖွဲနဲ့ ဇကွဲလို့ပြောလိုက်မယ်။
လူးပါးက ၀ချေသေး ဒေါ်စုကို ဝေဖန်ရင် ဘလော့ပစ်မယ်တဲ့…. တော်တော်ဆိုးတဲ့ကောင်းတွေပါလား…မျက်ကန်းမျိုးချစ်လို့ပြောရင် …အဲဒီကောင်တွေ နေရင်းထိုင်ရင်း ဘ၀ဂ်လေဟတ်မှာ မို့….ဆင်ကန်းတောတိုးနဲ့တော့ကိုက်မယ် မထင်ပေါင်…နောက်ဆုံး ပြောရင်တောင် ဆိတ်ကန်း ကျင်းထဲကျဆိုတာက ပိုမှန်မလာပဲ…
ဒေါ်စုကိုမထိနဲ့ မဝေဖန်နဲ့ ဆိုတဲ့လူတွေ ဒေါ်စုလွတ်မြောက်ရေးအတွက် ထောင်ထဲကို တခါမှ မရောက်ဘူးပါ။

စာရေးသူအား ပုသိမ် ရန်ကင်းတောင် ထောက်လှမ်းရေး အမှတ်(၄)မှ ၄၅ ရက်တိတိ စစ်ဆေး ခြင်း ညှင်းပမ်းချင်းများကို ခါးသီး နာကြည်းစွာခံခဲ့ရပါတယ် ခင်ဗျာ။ မပြောချင်လို့ ငြိမ်နေတာ သွေးမရှိတဲ့တီကောင်တွေက တောင်တွေကို ဖြိုချပြမယ်ကြီးပဲ တကဲကဲ ကြိမ်းဝါးလာလို့…တီကောင်တွေနားလည်အောင်ပြောရတော့မယ်။
စာရေးသူကို စစ်ဆေးသည့် ထောက်လှမ်းရေး အမှတ်(၄)သည် ရန်ကုန်မြို့ သုဝဏ ပေါ်ဆန်းမွှေးလမ်း တွင် နေထိုင်ပြီး စစ်ဗိုလ်ဖြစ်ခဲ့သည် ဗိုလ်ကြီး မျိုးကြည်မင်း နှင့် အဖွဲ့ဖြစ်ပါသည်။

စာရေးသူအား အမျိုးမျိုး ရိုက်နက်ညှင်းပမ်းပြီး ထုတ်တမ်းမှ တွဲလောင်းဇောက်ထိုးချကာ ဗိုလ်မျိုးကြည်မင်းမှ စာရေးသူကိုမေးလေ၏။
“မင်းလားကွ ဒီမိုကရေစီလိုချင်တာ…ပြောလေကွာ…လိုချင်သေးလား? ဟု အကြိမ်ကြိမ် မေးနေလေသည်။ စာရေးသူမှ နောက်ဆုံး မတတ်သာတော့ပြီမို့ နောက်ဆုံး သေလဲ သိပ်မထူးတော့ပါဟု ဆုံးဖြတ်ကာ ပြောပစ်လိုက်သည်။

“ကျနော် ဒီမိုကရေစီမလိုချင်တော့ပါဘူး….ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့အခုပေးသော ကျနော့အတွက် ဒီမိုကရေစီသည် တည့်တည့်မတ်မတ်မဟုတ်ပဲ ဇောက်ထိုး တွဲလောင်း တို့လို့ တန်းလန်းကြီး ဖြစ်နေလို့ပါ…ဒါပေမယ့်…ကျနော် ..ရေးခဲ့သောဆောင်းပါးအတိုင်း …မြန်မာပြည် ၏ ဒီမိုကရေစီနတ်သမီး…ဒေါ်အောင်ဆန်းစုကြည်မှ…ပေးလာသော…ဒီမိုကရေစီဆိုလျှင် ကျနော် ရောက်ရာဘ၀မှ လိုချင်ပါတယ်” ဟု ပြောပစ်လိုက်သည်။

စာရေးသူအား ရိုက်နက်နေကြသော ထောက်လှမ်းရေးလက်မရွံ့များမှ ခန ငြိမ်သက်သွားပြီးနောက် ရယ်မောကြသည်။ ထိုနောက် ကျနော့အား “ မင်းပြောတဲ့ ဒီမိုကရေစီနတ်သမီးက မကြာခင် နတ်ပြည်ပြန်တော့မှကွ”….ဟု ဆိုလေကာ ကျနော့အား ဇောက်ထိုးအနေထားဖြင့်သာ မည်မျှကြာအောင်ထားခဲ့သည်မသိပါ။ ကျနော် သတိပြန်ရသော အချိန်တွင် ကျနော့အား စတင်ဖမ်းဆီးကတည်းက ချုပ်နှောင်ထားသော (၈)ပေးပတ်လည်မျှလောက်ရှိမည်ထင်သည့် အမှောင်ခန်းကျဉ်းလေးတွင် ကျနော် ပြန်လည်ရောက်ရှိနေလေသည်။ ကျနော်၏ အခန်းမှ စောင်းစောင်းလေး လှမ်းကြည့်လျှင် ခရမ်းချဉ်သီးသာသာ မျှလောက် အရောက်ရှိသော မီးလုံးအောက်တွင် သေနပ် ပေါင်ပေါ်တင်ကာ ငိုက်မြည်းနေသော စစ်သည် အစောင့်အား “အကိုရေ့ ….ကျနော် ရေတအားဆာပါတယ်ဗျာ” ဟု လှမ်းပြောသောအခါ ၄င်းအစောင့်စစ်သည်မှ သူ၏ သေနတ်အား ပုခုံးတွင်လွယ်ကာ ကျောအနည်းနယ်ဆန့်လိုက်ပြီး ကျနော်အရှေ့သို့ရောက်လာကာ “ရမယ်” ဟု ပြောပြီး ပြန်လှည့်ထွက်သွားလေ၏။ ထိုနောက် ၄င်းပြန်ရောက်လာပြီး ဦးမုန်ခွက်ထက်ချမ်းကွဲတွင် ခမ်နွေးနွေးဖြစ်နေသော အရည်အားကျနော့အား ပေးလေသည်။ ကျနော်လဲ မတတ်သာမနေနိုင်တော့ပြီမို့ နာကျင်ကိုက်ခဲနေသော ခန္ဒာအား ….အားပြုထကာ အူယားဖားယား လှမ်းယူ၍ အငန်းမရသောက်ချလိုက်သောအခါ ကျနော် မျှော်လင်သော ရေမဟုတ်ခဲ့လေပဲ ၄င်းစစ်သား စွန်းထုတ်လာသော ကျင်ငယ်သေးရည်များသာ ဖြစ်နေကြောင်းသိရလေသောအခါ အဆိုပါ အရည်တို့သည် စာရေးသူ၏ လည်ချောင်းအား အားအင်တကြီးဖြတ်သန်းကာ ၀မ်းဗိုက်အတွင်းသို့ ရောက်ရှိခါစ ပြုနေကြလေပြီ။

စာရေးသူမှ ဘာမှပြန်မပြောနိုင်တော့ပါ ဆက်ခံနိုင်လျှင် ဆက်ခံဖို့သာရှိတော့လေသည်ဟုဆုံးဖြတ်ပြီး သံဗုတ်ဒေ ဘုရားဂုဏ်တော်အား အကြိမ်ကြိမ် စိတ်မှ ရွတ်လျက် နေ့ပေါင်းမည်မျှ ကျော်ဖြတ်သွားသည်ကို မသိနိုင်အောင်ပင် ရှိပါသည်။
စာရေးသူသည် ၁၉၉၀- ရွေးကောက်ပွဲမတိုင်ခင်ကလေးတွင်… “ဒီမိုကရေစီ နတ်သမီး ဒေါ်အောင်ဆန်းစုကြည်_” ဆိုသော ဆောင်းပါရှည်အားရေးသားသောကြောင့် ဖမ်းဆီးခံရပြီး ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခြင်းခံခဲ့ရသည်။
အကျဉ်းထောင်ထဲတွင် …ကဗျာဆရာ ကိုအောင်ဝေး…၊ မောင်လွင်ပြင်၊ မောင်ခိုင်သစ်၊ မောင်စိုးအိမ်၊ စာရေးဆရာ မောင်ဒေါင်း တို့နှင့် ထပ်မံ ကြုံတွေ့ရကာ ပုသိမ်အကျဉ်းထောင်၏ ပွေးဝဲစား ဘ၀ဖြင့် ဆက်လက် ဖြတ်သန်းခဲ့ပါကြောင်း ….
သို့သော် လက်ရှိ စာရေးသူမှ…ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်သော စာပေးဆောင်းပါးများ အလျင်းသင့်သလို့ ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။

စာရေးသူ၏ ရေးသာတင်ပြမှုတွင် ဒေါ်အောင်ဆန်းစာကြည်၏ အရည်ချင်း ဂုဏ် တို့အား တိုက်ခိုက်ထားခြင်းမရှိပဲ လက်ရှိ မမှန်ကန်သော အယောင်ဆောင်လိမ်ညာနေသည့် အစိုးရအား ကျောထောက်နောက်ခံ အသုံးချခံ မဖြစ်ရန် ရည်ညွန်းခြင်း ထောက်ပြခြင်းများဖြင့် တင်ပြခဲ့ပြီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တယောက်အနေဖြင့် စာရေးသူမှ ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်တွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်နှင့် ၄င်း၏ စစ်ဆိုးကြိုးများအား နိုင်ငံတကာသို့ စည်းရုံးကာ စစ်ဘေးစစ်ဒဏ်ခံစားနေရသော ဒေသများ အား ပိုမိုအာရုံစိုက်လာစေရန် ပစ်ပစ်နှစ်နှစ်ရေးခဲ့လေသည်။ အကြောင်းမှာ စာရေးသူထံတွင် ပြည်တွင်းစစ်နှင့်ပတ်သက်သော သက်သေ အထောက်ထား များပြားစွာရှိနေရပြီး ဒေါ်အောင်ဆန်းစုကြည်မှ ၄င်းကိစ္စများအား အာဏာပိုင်များ၏ ခွင့်ပြုချက်ကိုသာ တောင်းခံစောင့်ဆိုင်းနေခဲ့ပါသောကြောင့် ဝေဖန်ခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ပြင်ပနိုင်ငံရေးဟု တဖွဖွပြောဆိုနေခဲ့သော်ငြား ၄င်းလွှတ်တော်ပြင်ပနိုင်ငံရေးအား…ကူညီ ထာက်ပံ့ပေးသည်များ အားနည်းချို့ယွင်းမှုများကို ထောက်ပြဝေဖန်ခဲ့လေသည်။
ယခု လက်ရှိ နိုင်ငံရေးအခင်းကျင်းအရ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရွေးကောက်ပွဲဝင်ကတိအတိုင်း အကောင်ထည်ဖေါ်လိုသော (၂၀၀၈) အခြေခံဥပဒေအား ပြင်ဆင်ခြင်း အသစ်ပြန်လည်ရေးဆွဲခြင်း ပြုလုပ်လိုပါလျှင် ကြိမ်းသေကာမ မြေကြီး လက်ခတ်မလွဲ လိုအပ်သော အင်အားသည် လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုကြီးအား ပက်ပင်းတိုး ဆောင်ရွက်မှသာလျှင် ဖြစ်နိုင်ပါကြောင်း (ရာနုံန်းပြည့် အာမခံ) ပြောကြလိုပါသည်။

နောက်ပိုင်းတွင် စာရေးသူနှင့် ဒေါ်အောင်ေဆန်းစုကြည် တွေဆုံမိခဲ့ပုံနှင့် စကားများ အားဆက်လက်တင်ပြပေးပါအုံးမည်။
စာရေးသူ ဂိုလ်ရှယ်လေးမှ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ခဲ့သော ဆောင်းပါများ ရေးသာ ခဲ့လေသောကြောင် မနှစ်မြို့ကြသော အချောင်သမား အခြားသူမောင်တို့ စာရေးသူအား ချက်ခြင်းပင် ဘလော့နိုင်ပါကြောင်း…..
ကျေးဇူးတင်ပါသည်
သေသေချာချာ ဖတ်ပြီးမှ ကွန်မန့်တွင် ရေးသားကြပါ
ဂိုလ်ရှယ်လေး

No comments: