မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
“သူတို့ဖို့လဲ….အမျှဝေပါ“ (၂)
ဓါတ်ပုံများ… (၁)
တရုပ်သတင်းစါတခုတွင်ဖေါ်ပြထားသည့်.. ကမာပလောတွင်ခိုလှုံနေသော…ဗေဒါ နှင့်
ကျော်ဦး (ခ)ကျော်နီ။ (၂)ကျော်နီတို့ ထွက်ဖို
့..မိမိကိုယ်ကို..ဒါးစါခံလုပ်ပေးခဲ့သည့်..
ထိုင်း..ဒု.နိုင်ငံခြားရေးဝန်ကြီး..စူကွန်ဘန်း။(၃)ကမာပလော..ကရင်ရွာစုကလေးအား..နအဖတပ်
နှင့်ထိုင်းတပ်တို့
့ပေါင်း၍ချေမှုံးသည့်.စစ်ဆင်ရေး မြေပုံကြမ်း။


.....................................................
ကျော်ဦးတို့အဖွဲံ့ဟာ(AK-47)တွေထည့်ထားတဲ့..ဂီတာအိတ်ကြီးတွေလွယ်ပြီး နအဖ
သံရုံးထဲဝင်..l.သံရုံးကို မိမိရရ စီးနင်းနိုင်ခဲ့တယ်။ နအဖအလံဖြုတ်ချ….
ခွတ်ဒေါင်းအလံကို ဘန်ကောက်မြို့လယ်မှာ… သေနတ် ၃ ချက်ပစ်ဖေါက်ပြီး
တင်ခဲ့ပေမဲ့…လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိရှာတဲ့
ကျောင်းသားလူငယ်လေးတွေ……အဲလေ.. နအဖ
သံရုံးအမှုထမ်းတွေကိုတော့လက်ဖျားနဲ့တောင်မတို့ခဲ့ပါဘူး။
တို့ရမှာ ရွံလို့လားဆိုတာတော့ သူတို့ဘဲသိမှာပါ။
မြန်မာပြည်မှာ ပြည်သူတွေခံစားနေရတာနဲ့…
မြန်မာ့ဒီမိုကရေစီအရေးကိုဘဲမီးမောင်ထိုးပြဖို့…စွန့်စွန့်စားစား
လုပ်ခဲ့ကြတာပါ။
ဒါကိုနားလည်လေးစားတဲ့….ထိုစဉ်က ထိုင်း
ဒု-နိုင်ငံခြားရေးဝန်ကြီး…စူကွန်ဘန်း ဟာ…. ကျော်ဦးတို့ကိုအကြမ်းဖက်လို့
မသတ်မှတ်ဘဲ ညှိုနှိင်းဆွေးနွေးခဲ့တော့…နအဖ
ဟိုသင်းကိုလူလည်ခေါင်မှာ…ညှောင့်စူးပါလေရော။
ထားဝယ်ဖက်ဖြစ်တဲ့ကိစ္စမှာ…ထိုင်းတွေစီးပွါးရေးထိခိုက်ပါစေတော့ဆိုတဲ့
စေတနာဗလဗွနဲ …တာချီလိတ် ဘက်က စီးပွါးရေး ဂိတ်တွေကို ပါ
ပိတ်လိုက်ပါလေရော။
စူကွန်ဘန်းက….
ကျော်နီတို့ကိုထွက်ပေါက်ပေးမယ်ဆိုတော့…ကျော်နီတို့က လမ်းမှာဖြတ်တိုက်
မခံရဖို့ သေချာအောင်… သံရုံးအမှု ထမ်းတချို့ကို ဒါးစာခံ
ခေါ်သွားမယ်လို့လုပ်တယ်။ ကျော်နီတို့ကိုလဲ လွတ်စေချင်…နိုင်ငံခြင်းလဲ
မိတ်မပျက်ချင်တဲ့…ဒု ၀န်ကြီး စူကွန်ဘန်းဟာ…
နအဖ သံရုံးဝန်ထမ်းတွေကိုယ်စား…သူကိုယ်တိုင်ဒါးစာခံအဖြစ်.
လိုက်ဖို့ သဘောတူခဲ့တယ်။….ရီရတာက..နယ်စပ်တလျှောက်မှာ
ဒီမိုတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ဘယ် A..to..Zအဖွဲ့ ကမှကျော်ဦးတို့ ကို
လက်မခံရဲဘူး။ ထိုင်းနဲ့အရှုတ်အရှင်းဖြစ်မှာစိုးလို့တဲ့ဗျား။
ဗိုလ်ချုပ်မြ..တစ်ယောက်ဘဲလာရင်လက်ခံမယ်လို့ ထပြောတယ်….. ဒါပေမဲ့
သူတစ်ယောက်ထဲဘဲ…. ကျန်တဲ့ခေါင်းဆောင်တွေက ကွိကွိ ကွကွ ဆိုတော့ သူလဲ
ငြိမ်သွားရတယ်။ ဒါနဲ့ ကျော်နီတို့ဟာ သူတို့ကိုလက်ခံတဲ့ မြိတ် ထားဝယ်
ခရိုင်တစ်နေရာရှိ….ဂျော်နီထူးနဲ့ လူသာထူး တို့ ကလေးညီအကိုနှစ်ယောက်
ဦးဆောင်တဲ့ (God Army) တည်ရှိရာ..ကမာပလောဆိုတဲ့…လူဦးရေ
၅၀၀ကျော်ခန့်ရှိတဲ့…ကရင်ရွာအုပ်စုလေးမှာ သွားရောက်ခိုလှုံ ခဲ့ရတယ်။
မရှိတဲ့အရှက်တွေ…ကွဲပြီးရင်းကွဲနေတဲ့နအဖက…အဲ့ဒီ့နေရာလေးကို...
…ချေမှုန်းဖို့စီစဉ်တာပေါ့။ ဒီတခါတော့…ကျော်နီတို့နဲ့ သူတို့ကိုလက်ခံတဲ့
ကရင်တွေကိုအပိုင်အပြတ်ရှင်းရအောင်…ထိုင်းနယ်မြေဘက်ကပါ ထိုင်းတပ်တွေနဲ့
ပိတ်ပြီးအပိုင်ဆော်ဖို့..အဲဒီ့ဘက်မှာရှိတဲ့ Thai Chamber of commerce
စီးပွါးရေးအဖွဲ့ကြီးကတဆင့်.... ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ခွင့်
….သဘာဝဓါတ်ငွေ့ ဝယ်ခွင့်..ပိုက်လိုင်းဆောက်ခွင့် တွေ..တသီကြီးမက်လုံးပြပြီး
အပိုင်စီးရုံးထားခဲ့တယ်။
၂၀၀၀ခုနှစ်ဇန်န၀ါရီလလယ်လောက်ကစပြီး…အဲဒီကမာပလောဆိုတဲ့
နေရာလေးကို.. နအဖ..ဘက်က… ခြေမြန်တပ်ရင်း ၇၃၅ ၊ ၃၈၀ ၊ ၅၃၉ တို့နှင့်
ဝိုင်းပိတ်ထိုးစစ်ဆင်ပြီး….ထိုင်းဘက်က တိုင်းတပ်က ၁၂၀ မမ
လက်နက်ကြီးတွေနဲ့ ထုပါလေရော။ ၁၂၀ မမတစ်လုံးကျရင်… အဲဒီ့နေရာကိုက် ၂၀၀
ပတ်လည်လောက် (ဘောလုံး၂ကွင်းစါပတ်လည်)ထိ
ရောက်တာဆိုတော့..ကရင်ရွာသူရွာသား..မိခင်တွေ…ကလေးတွေ အတုံးအရုံးပေါ့ဗျာ …
သတင်းထောက်မရှိ မီဒီယာတွေကလဲ မရှိတော့ ဓါတ်ပုံ ဘာညာတော့
သက်သေမပြနိုင်ဘူးပေါ့။ ကြိုးစားမှတ်တမ်းတင်ထား တဲ့
မြေပုံကြမ်းလေးကြည့်ပြီး မှန်းကြည့်ပေါ့။
အဲ့ဒီမှာ…ဆေးရုံမရှိ…ဆေးဆရာမရှိ…ဆေးဝါးမရှိ…ဒါနဲ့…….
„“ညကအိပ်မရ..စိတ်နဲနဲထိလို့ ဗျာ...နားပါဦးမယ် … ဆက်ကျိုးစါးပါ့မယ်။.
No comments:
Post a Comment