Thursday, September 26, 2013

ရွှေဝါရောင်သံဃာထုကို အကြမ်းဖက်နှိမ်နှင်းခဲ့မှု အပေါ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဝေဖန်ပြောကြား



ရွှေဝါရောင်သံဃာထုကို ရက်ရက်စက်စက် ပစ်ခတ်အကြမ်းဖက်ခဲ့တဲ့ ၆ နှစ်ပြည့် ကာလမှာ ဦးခင်ညွန့်က တာဝန်ရှိခဲ့သူတွေကို ဝေဖန်ပြောကြားလိုက်တာပါ ၊

" ကိုယ်အဲဒီသတင်းကြားရတယ် ၊ စိတ်မကောင်းဘူး ၊ အတော့်ကိုလည်း တုန်လှုပ်မိတယ် "

ဦးခင်ညွန့်က သံဃာထုအပေါ် ရက်ရက်စက်စက် ပစ်ခတ်ခဲ့တဲ့အတွက် ဒါ ဖြေရှင်းတာမဟုတ် အကြမ်းဖက်တာလို့လည်း ပြောခဲ့ပါတယ် ၊

" ၁၉၉၀ လောက်တုန်းက ကိုယ်လဲ ဒီလိုကေ့စ်မျိုး ကိုင်ရတယ်လေ ၊ ကိုယ်လဲ အပြစ်ကင်းတယ်လို့ မပြောလိုပါဘူး ၊ ဒါပေမယ့် ဒီလောက်အတိုင်းအတာအထိ လမ်းပေါ်ရောက်နေပြီဆိုမှတော့ ဒီလိုပစ်ခတ်နှိမ်နှင်းတဲ့ နည်းကို သုံးလိုက်တာဟာ စဉ်းစားလို့ကို မရဘူး "

ဦးခင်ညွန့်က အတိတ်ကို သတိရဟန်ဖြင့်ပြန်ပြောပါတယ် ၊

" ၁၉၉၀ နဲ့ ၂၀၀၇ က ၁၇နှစ်တောင်ကွာသွားပြီလေ ၊ ၂၀၀၇ မှာ ကိုယ်လည်း အရင်ကထက်ပိုပြီး ကောင်းကျိုးဆိုးပြစ်တွေကို စဉ်းစားတတ်လာပြီလို့ ဆိုရမှာပေါ့ "

" နောက်ပြီး ကိုယ်ကိုင်ခဲ့ရတဲ့ ၁၉၉၀ တုန်းက နဲ့ အခု ၂၀၀၇ မှာ ဘုန်းဘုန်းတွေ တောင်းဆိုတာကွာတယ်လေ ၊ ၂၀၀၇ မှာ ဘုန်းဘုန်းတွေ တောင်းဆိုကတ ရိုးရိုးလေး ၊ ဘာမှ မလုပ်ပေးနိုင်စရာမရှိဘူး ၊ နောက်ပြီး စွမ်းအားရှင် နာမည်တပ်ပြီး ထောင်ထွက်လိုလိုတွေကို
သုံးလိုက်တာလည်း အတော်အောက်တန်းကျတဲ့ လုပ်နည်းလုပ်ဟန်ပဲ "

၂၀၀၇ ရွှေဝါရောင် သံဃာများကို အကြမ်းဖက်စဉ်က စွမ်းအားရှင်အမည်ခံ ထောင်ထွက်များကို အသုံးပြုမှုနှင့်ပတ်သတ်ပြီး ပြစ်တင်ပြောကြားသွားပါသည် ၊

" အောက်ခြေကလူတွေကတော့ အထက်က အမိန့်ပေးတာကိုလုပ်ရမှာပဲ ၊ သူတို့မှာ ရွေးချယ်စရာမရှိဘူးလေ ၊ အမိန့်ပေးတဲ့ အပေါ်ဆုံးကလူမှာသာ အဓိကတာဝန်ရှိတာ ၊ အဲဒါကိုတော့ ခွဲခြားမြင်နိုင်ကြမယ်ထင်ပါတယ် "

စစ်တပ်၏ တစ်သွေးတစ်သံတစ်မိန့် ဆောင်ရွက်ရပုံနှင့် အဓိကတာဝန်ရှိသူမှာ မည်သူဖြစ်သည်ဆိုတာကိုလည်း ပြောကြားသွားခဲ့ပါတယ် ၊

" ၂၀၀၈ ဖွဲ့စည်းပုံကို ပြောတာလား ၊ အဲဒါပြင်သင့်တာပေါ့ ၊ ပြင်သင့်တယ်ဆိုတာကို သဘောတူလို့ ကိုယ်တောင်မဲထည့်ပေးခဲ့တာပဲလေ "

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်ကြောင်းနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ခဲ့ကြောင်းလည်း ပြောပြပါသည် ၊

" နောက်ကြောင်းပြန်လှည့်မလှည့်ဆိုတာက အင်း ပြောရခက်သားပဲ ၊ စစ်တပ်ကို စိုးရိမ်မှုတွေ ပေးမဖြစ်စေတာ ပိုကောင်းမယ် ၊ ဒီကနိုင်ငံရေးသမားတွေက စစ်တပ်ကို နားလည်မှု မပြည့်စုံကြသေးဘူး ၊ စစ်တပ်ကို နားမျက်စိ ပွင့်အောင်လုပ်ပေးတာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ "

နိုင်ငံရေးဆောင်ရွက်သူများနှင့် စစ်တပ်အကြား နားလည်မှု မလွဲစေရန် အရေးကြီးကြောင်းလည်း ထောက်ပြပြောဆိုသွားခဲ့ပါသည် ၊

" အခုတော့ ကိုယ်လည်း နေ့စဉ် ဘုရားရှိခိုးဖြစ်ပါတယ် ၊ ၂၀၀၇ တုန်းက လမ်းပေါ်ထွက်လျှောက်ခဲ့တဲ့ ဘုန်းဘုန်းတွေကိုလည်း နေ့တိုင်း မေတ္တာပို့ပါတယ် ၊ မေတ္တာဆိုတာကို နည်းနည်းနားလည်လာလေလေ မေတ္တာမဲ့တဲ့ လုပ်ရပ်တွေကို တကယ်ဆက်စုပ်လာလေလေပါပဲ "

ဦးခင်ညွန့်က ဘုရားရိပ် တရားရိပ် သည်သာ အအေးမြဆုံးဖြစ်သည် ဟုလည်း ပြောခဲ့ပါတယ် ၊

ဦးခင်ညွန့် နှင့် ကျောက်တန်းမြို့တွင်တွေ့ဆုံခဲ့မေးမြန်းခွင့်ရခဲ့ခြင်းဖြစ်သည် ၊

ဦးခင်ညွန့်က မလိုလားအပ်သော အကျိုးဆက်များ မဖြစ်စေရန် ဒီပဲရင်းအကြောင်း မမေးပါနှင့်ဟု ဦးစွာ မေတ္တာရပ်ခံခဲ့ပါသည် ။

Source: @Credit to Hawdeka Khalaylay

No comments: