Saturday, June 23, 2012
တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ
ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက်ရှိ ပြည့်တန်ဆာ လုပ်ငန်း လုပ်သည် အဆောက် အဦးပုံ
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဘ-၃)ရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာဂေါင်း မြင့်သန်း နှင့်ဇနီးဖြစ်သူ တင်တင်အေး တို့မှ တရားမ၀င်ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ဥပဒေအရ အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်းပေါ်ပေါက်ခြင်းမရှိဘဲ ၄င်းပြည့်တန်ဆာအိမ်မှ ငွေကြေးရယူပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအား မသိကျိုးကျွံပြု မှုနေသဖြင့် ၄င်းပြည့်တန်ဆာလုပ်ငန်းမှာ အတင့်ရဲစွာ ရပ်ကွက်အတွင်း ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ဆောင်ရွက် ဆဲဖြစ်ပါသည်။
 ညပိုင်းအချိန်များတွင် ကျန်စစ်သားလမ်းပေါ်တွင် ၄င်းပြည့်တန်ဆာနေအိမ်သို့လာရောက်ပျော်ပါးသည့်သူများ၏ ဆိုင်ကယ်များဖြင့်ပိတ်ဆို့နေပြီး ရပ်ကွက်လူထု သွားလာမရဖြစ်နေကြောင်း ပြည့်တန်ဆာပွဲစားများ၊ ဆိုင်ကယ်ကယ်ရီသမားများမှာလည်း အဆိုပါပြည့်တန်ဆာအိမ်များအနီး၌ ရှိနေကြကြောင်း ဒီလိုမကောင်းတဲ့အိမ်တွေ ရပ်ကွက်ထဲထင်ထင်ပေါ်ပေါ်ကြီးလာဖွင့်ထားတာ ရွာအရမ်းနာတယ် ရပ်ကွက်ထဲကရိုးရိုးသားသားနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့သမီးပျိုလေးတွေရော၊ ကျောင်းသူလေးတွေအတွက်ပါ ဒီအိမ်တွေရဲ့ အကျိုးဆက်က အများကြီးသက်ရောက်မှုရှိတယ်လို့  မြို့ ခံက Myanmar  News Now ကို ဆက်လက်ပြောပြထားပါသည်။
ဒီရပ်ကွက်က မိန်းကလေးတွေဆိုသူတို့ ကိုယ်ကို ဒီရပ်ကွက်ကပါလို့ မပြောရဲကြတော့ဘူး။  ဒါကြောင့် ပြည်တန်ဆာအိမ်တွေကို အမြန်ဆုံးအရေးယူဖယ်ရှားပေးရန် ရပ်ကွက်ပြည်သူလူထုမှလိုလားလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ၄င်းပြည့်တန်ဆာနေအိမ်အား ထိရောက်သောအရေးယူဆောင်ရွက်မှုများအားပြုလုပ် ပေးပါရန် မြို့ ခံများက ပြောပြပါသည်။
ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက် ပြည့်တန်ဆာဂေါင်း မြင့်သန်း မိသားစု နေအိမ်ပုံ
25 comments:
lapyaewon.270 said...
သစ်ထူးလွင်myanmar new now ကိုသတင်းဘယ်လိုပို့ရမလဲပြောပေးပါ
Tenissary said...
သစ်ထူးလွင်myanmar new now ကိုသတင်းများပေးပို့ ရန်
သတင်းများပေးပို့ ရန်
thithtoolwin9@gmail.com
somyksn said...
သတင်းများရလျှင်ပို့ပါမည်
somyksn said...
သတင်းများရလျှင်ပို့ပါမည်
somyksn said...
yy
mmo said...
ဒီကိစ္စပေါ့လို့မဖြစ်ဘူး
Unknown said...
သတင်း ပို့နည်း လေး ရှင်းပြပေးပါ
Unknown said...
သတင်း များကို ဘယ်လို ပို့ရမလဲ မသိ ဘူး ဖြစ်နေတယ်
Anonymous said...
???
Anonymous said...
တာဝန် ရှိသူတွေအ နေနဲ့ထိထိရောက်ရောက်အ ရေးယူသင့်တယ်
Unknown said...
ဟုတ်တယ် အ ရေးယူသင့်တယ်
Unknown said...
မထီလာမှာလဲပေါမှပေါ
Anonymous said...
VOICE vol.8/no.48 Mon,dec3-9 မှာပြည့်တန်ဆာတွေကိုသနားစဖွယ်ဖြစ်အောင်ရေးထားတယ်။လုပ်ကြပါဦးဗျို့
Unknown said...
ရပ်ကွက်ထဲက တာဝန် ရှိသူတွေ ဘာ လုပ်နေကြ တာလဲ။
ဆွံ့ အ နား မ ကြား ရော ဂါ ရှိ တာ လား။
Anonymous said...
အမျိုးဂုဏ်ကိုထိခိုက်တယ် နိုင်ငံတကာမှာတို့မြန်မာတွေကယဉ်ကျေးသိမ်မွေ့တယ်လို့သိထားတာ ဒါတွေကိုမြင်သွားရင်ဘယ်လိုပြောကြမလဲ? ဘာသာရေးအရဆိုရင်လဲဘယ်လိုမှမကောင်းဘူး ဒါတွေကိုပျက်သုန်းစေချင်တယ် ဒါတွေကမြန်မာ့ယဉ်ကျေးမှုကိုအကျည်းတန်စေတယ် ဒါတွေကိုရှင်းပေးစေချင်ပါတယ် အဲ့ဒီလိုမှမလုပ်ရင် ဗိုလ်ချုပ်ပြောတဲ့နိုင်ငံကိုရောက်မှန်းမသိရောက်သွားလိမ့်မယ်
ko nge said...
That is right.Township administrators and authorities concerned are too keen on taking bribes.If they get much dosh from these illegal works,they aren't reluctant to forbid.That is why bribery rate is rising with momentum among the township chairmen and police officers and such kind of dirty works are taking wider places in social compounds.
မင်းချစ်သူ said...
သတင်းပေးပိုနည်းလေး ပြောပါအုံး
Tenissary said...
moethihaaung@gmail.com
ကိုပေးပို့ နိုင်ပါတယ်။
Anonymous said...
ဒါမျိုးဆိုတာ လုပ်ကွက်တွေရှိမှ ရပ်တည်လို့ရတာ
အကွက်တွေရှိတယ် မဟုတ်လား?
Anonymous said...
မရှိ လို့ လည်း မ ဖြစ်ပြန်ဘူး လေ သီးသန့် နေ ရာ လေးတော့ ထား ရ မယ် ရပ် ကွက် ထဲ ကသမီး ကောင်း လေး က ရှက် ရှာ တာပေါ့ but hotel တော့ ရောက် ဖူးမှာ ပေါ့ ကိုကိုနဲ့
Anonymous said...
ဖြတ် လိုက် ၇င် ရဲ တွေ ပိုက် ဆံ မရ တော့ ဘဲ ထ မင်း
ငတ် နေ အုံး မယ်။ငှိ လဲ စား ။ရီ လဲ စား မသာ လဲ စား
ဖာ ထဲ က လည်း စား
Anonymous said...
ဘာလဲ
Anonymous said...
ဘာလဲ
Anonymous said...
ဥက္ကဌ မောင်စိုးလွင် လေးနဲ့ ယာတော်ဥက္ကဌမောင်စိုး အဲဒီစိုးနှစ်စိုးနဲ့ ပြည်ကြီးတံခွန်စခန်းက အောင်၂ ဝင်းညွန့်အောင် ဝေလင်းထွဠ်တို့ သိမှာပါ စုံစမ်းကြည့်ပါ
Anonymous said...
မန္တလေးမှာ နာမည်ကြီးပဲ ခဏခဏ နေပြည်တော်က ဆင်းဖမ်းတယ်လို့ကြားတယ် ဖမ်းတဲ့ရဲထက် သတင်းပေးတဲ့ရဲက ပိုတော်လို့ဖြစ်မယ်