Tuesday, December 31, 2013

“တပ်မတော်ကို ပြန်လည် အဖတ်ဆယ်ပါ”

“တပ်မတော်ကို ပြန်လည် အဖတ်ဆယ်ပါ” (ဆောင်းပါး)

ဦးတင်ဦး(ကျူရှင်)၊ Mizzima - Tuesday, 31 December 2013 11:36

ယနေ့မြန်မာနိုင်ငံ၏ အကြီးဆုံးစိန်ခေါ်မှုသည်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုနိုင် သည်။ အချို့က မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးလုပ်ငန်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက အရှိန် အဟုန်ဖြင့် တိုးတက်အောင် လုပ်သွားရေးဟု ယူဆချင်ယူဆမည်။

ထိုအယူအဆသည် မှားသည်ဟု မဆိုနိုင်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပေါ်တွင် တည်မှီနေသည့်အလျောက် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ပြဿနာ က ယင်းဥပဒေ ပြင်ဆင်နိုင်ရေးသာ ဖြစ်နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသော လုပ်ပိုင်ခွင့်အာဏာ အများအပြားကို တပ်မတော်ထံ အပ်နှံထားသလိုသာဖြစ်နေ၍ ဒီမိုကရေစီစံနှုန်းများနှင့် မညီသည်မှာလည်း တပ်မတော်ခေါင်းဆောင်များ ပင် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။ ပြည်သူကရွေးချယ်မပေးသူက လွှတ်တော်ထဲရောက်ခွင့်၊ နိုင်ငံ သားတိုင်း သမ္မတဖြစ်ခွင့် မရနိုင်သောဥပဒေ ဖြစ်နေပြီဆိုကတည်းက ထိုဥပဒေသည် အရေးကြီးသော ဒီမိုကရေစီအခြေခံမူတစ်ခုဖြစ်သော Equality ကို ပိတ်ပင်ထားပြီး ဖြစ်နေပေပြီ။

“တရားမျှတလွတ်လပ်ခြင်းနှင့်မသွေ” ဟူ သော နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ မှာ ဆန့်ကျင်နေကြောင်း ထင်ရှားနေပေပြီ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေတွင် နိုင်ငံသား တိုင်းကို အခွင့်အရေး ညီတူညီမျှပေးရမြဲ ဖြစ်သည်။ လက်ရှိအနေအထားအရသော် သမ္မတ ဖြစ်လိုသော နိုင်ငံသားတစ်ဦးသည် တပ်မတော်ထဲသို့ဝင်၊ ဗိုလ်ချုပ်ကြီးအဆင့်လောက် တပ်မတော် ထိပ်တန်းရာထူး မျိုးရောက်အောင် လုပ်နိုင်မှသာ ထိုအခွင့်အရေးရမည့်သဘော ဖြစ်နေသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကို အလေးထား ပြောကြားနေသည်။ အနောက်နိုင်ငံကြီးများကလည်း ထိုကိစ္စကို ပြောလျက် ရှိပေသည်။ တစ်ဖက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခြေခံဥပဒေပါ ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်း ရန် တပ်မတော်က ပါနေရကြောင်း ကာကွယ်ပြောဆိုနေပေသည်။

ကမ္ဘာ့အလယ်တွင် နေကြသည့်အလျောက် ကမ္ဘာ့နိုင်ငံကြီးများ ပြောကြဆိုကြသည့် စကားများကိုလည်း နားစွင့်ကြရပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် အမေရိကန်က ပြောလို့၊ အီးယူကပြောလို့ဆိုပြီး ကိုယ့်နိုင်ငံ ကိစ္စကို ဆုံးဖြတ်ဖို့လိုမည် မထင်ပါ။ကိုယ့် ပြည်သူတွေက ပြောတာကိုပဲ အလေးထား စဉ်းစား ဖို့ လိုပါမည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်ခေါင်းဆောင်ကြီးများသည် အဓိကကျသဖြင့် တပ်မ တော်ခေါင်းဆောင်ကြီးများကို ပြည်သူပြည်သား တစ်ဦးအနေဖြင့် ကျွန်တော် မေတ္တာရပ်ခံလိုပါသည်။

ကျွန်တော် မေတ္တာရပ်ခံလိုသည်မှာ တပ်မတော်ခေါင်းဆောင်ကြီးများ တကယ်တမ်း ပြည်သူ့အကျိုးစီးပွား ကို ကာကွယ် စောင့်ရှောက်လိုသည်ဆိုလျှင် ပြည်သူ့မျက်နှာကိုကြည့်၍ ပြည်သူနှင့် မကင်းကွာအောင် တပ်မတော်ကို ပြင်ယူပါ ...” ဟူ၍ ဖြစ်ပါသည်။

ကျွန်တော့်စကားတွင် တပ်မတော်က “ပြည်သူနှင့် မကင်းကွာအောင်” ဟူ၍ပါနေတော့ တမင်တပ်မတော် အပေါ် မလိုမုန်းထားစိတ်နှင့် စွပ်စွဲသည်ဟု အထင်ရောက် နိုင်သည်။ မမှန်တာကို စွပ်စွဲခြင်းမဟုတ်။တပ်မ တော်အပေါ် ပြည်သူတွေက ဘယ်လိုမြင်နေကြောင်းကို ကျွန်တော်က ပြည်သူများအကြားတွင် နေနေ သူမို့ သိပါသည်။

ကျွန်တော်သည် နိုင်ငံရေးပါတီဆို၍ မ.ဆ.လ အမြုတေကာလတွင်သာ ပါဖူးသည်။ နောင်တွင် တော်လှန် ရေးကောင်စီ၏ ဆိုရှယ်လစ်စနစ်မအောင်နိုင်မှန်း သိမြင်၍ တင်းပြည့်ပါတီဝင်အဖြစ်တောင် ဆန္ဒမပြုတော့ ပါ။ ကျွန်တော်သည် ဗ.က.ပ လည်း မဟုတ်၊ NDL လည်းမဟုတ်သလို ဘယ်ပါတီတွင်မှ ၀င်ထားသူ လည်းမဟုတ်ပါ။ ထို့ကြောင့် ကျွန်တော့်အပေါ် ဘယ်နိုင်ငံရေး ပါတီ၏သြဇာမှ လွှမ်းစရာမရှိပါ။

ဆန္ဒစွဲရှိကြစတမ်းဆိုလျှင် ကွယ်လွန်သူ ကျွန်တော့်သမက်သည် စစ်သားတစ်ဦး ဖြစ်၍ တပ်မတော်ဘက် ကသာလိုက်ဖို့ ရှိပါသည်။ ထို့ကြောင့် ကျွန်တော်ပြောတာသည် ပြည်သူတွေ၏အမြင်၊ ပြည်သူတို့၏ခံစား ချက်အတိုင်းသာ ဖြစ်သည်။

ကျွန်တော်သည် အသက် ၇၄ နှစ်ထဲ ရောက်လုနီးပြီဖြစ်၍ သူပုန်တွေ ၀ိုင်းဝိုင်းလည်နေသော တိုင်းပြည်ကို လုံခြုံအေးချမ်းမှုရအောင် တပ်မတော်က ရင်မြေကတုတ် လုပ်လာခဲ့ပုံ၊ ရှမ်းပြည်နယ် အရှေ့ခြမ်း တစ်ခု လုံးနီးပါး တရုတ်ဖြူတွေ သိမ်းထားသော အခြေအနေမှ အသက်တွေစွန့်၍ ကျူးကျော်သူများကို မောင်း ထုတ်ခဲ့ပုံများကို သိမီလာသူ ဖြစ်သည်။ တပ်မတော်သားတွေ ကို ပြည်သူတွေ အောင်သပြေရေချမ်းကမ်း ခဲ့ပုံ၊ တပ်မတော်သားများ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပုံများကို သိမီလာခဲ့သူ ဖြစ်ပါသည်။

အစိုးရ၀န်ထမ်းအဖြစ် အင်္ဂလိပ် စစ်တပ်တွင်ပါလုပ်ခဲ့သော ဗိုလ်ကြီး၊ ဗိုလ်မှူးများ၊ ဂျပန်စစ်တက္ကသိုလ် ပထမပတ်ဆင်း ဂျပန်ပြန်ဗိုလ်မှူးကြီးများမှသည် ပင်စင် မယူမီနောက်ဆုံးအချိန်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တစ်ပတ်တည်းဆင်း ဗိုလ်မှူးအထိ တပ်မတော်အရာရှိများ လက်အောက်တွင် အနီးကပ်တာဝန် ထမ်း ဆောင်လာသူဖြစ်၍ တပ်မတော်သားတွေအကြောင်းလည်း သိတန်သမျှ သိပါသည်။

မ.ဆ.လခေတ်တွင် စီးပွားရေး မအောင်မြင်၍ ပြည်သူက စိတ်ပျက်တာပဲ ရှိသည်။ တပ်မတော်အပေါ် သိပ်ပြီး အဆိုးမမြင်သေးပါ။

သို့ရာတွင် ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရတက်လာ ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူတွေက ဒေါ်အောင် ဆန်းစုကြည်ကို တကယ်မျှော်လင့်အားထားပြီး NLD ကို မဲတွေ စုပြုံပေးလိုက်သည်။ NLDလည်း နိုင်ရော တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစောမောင်က “ရွေးကောက်ပွဲလုပ်ပေးတာ သူတို့ကို ဘယ်သူက အာဏာပေးမယ် ပြောလို့လဲ” ဟူသော သဘောပြောလိုက် တော့တာပါပဲ။ ဤတွင် တပ်မတော်သည် တို့ပြည်သူတွေကို စော်ကားတာပဲ။ နိုင်သူကို အာဏာမပေးဘဲနှင့် တို့ပိုက်ဆံ ကုဋေ ကုဋာတွေ အကုန်ခံ ပြီး ရွေးကောက်ပွဲလုပ်တာ အပျင်းပြေလုပ်တာလားလို့ အချင်းချင်း မေးငေါ့ ပြောတော့တာပါပဲ။

ထိုအချိန်မှစ၍ တပ်နှင့်ပြည်သူ ကင်းကွာသွားတော့တာ ပါပဲ။ ကိုယ်လုပ်ကိုင်နေတဲ့ မြေတွေကျတော့ အသိမ်းခံရ၊ ဆင်းရဲတွင်းပိုနက်လာ၊ ဗိုလ်ချုပ်ကြီးတွေ၊ သူတို့နှင့် နီးစပ်သူများကျတော့ အဆမတန် ကြီး ပွားချမ်းသာသွားကြသည့်အခါ ပြည်သူတွေက တပ်မတော်ကို မကြည်ညိုနိုင် ဖြစ်သွားကြတော့တာပါပဲ။

လူအများစုကတော့ စစ်တပ်ကိုနှာခေါင်း ရှုတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်က ထိုသို့သောသူများကို ပြောရပါသည်။“ခင်ဗျားတို့ ၀ါးလုံးသိမ်းနဲ့ မမုန်းကြပါနဲ့။ စစ်ဗိုလ်တိုင်း စားရတာ မဟုတ်ဘူး။ ကျုပ်က တပ် ထဲမကြာခဏ ရောက်နေလို့ သိပါတယ်” ဟူ၍ ပြောရခြင်း ဖြစ်ပါသည်။

ချုပ်ပြောရသော် ပြည်သူများသည် တပ်မတော်ကို ရှေးကလိုပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်စေလိုပါ သည်။ မိမိတို့ဆန္ဒ နှင့်တစ်သားတည်းကျသော တပ်မတော် ဖြစ်စေလိုပါသည်။ တပ်မတော်နိုင်ငံရေးထဲ ပါလာတာ ပထမကအာဏာလိုချင်၍ မဟုတ်မှန်းလည်း သိကြပါသည်။သို့ရာတွင် ပြည်သူကတင်မြှောက် သောပါတီကို အာဏာမအပ်ဘဲ နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်ထားတာကျတော့ အာဏာလိုချင် လို့ပဲ ဟု မြင်လာကြပါသည်။

ယနေ့အချိန်တွင် တပ်မတော်သည် မိမိ၏နေရာမှန်၊ မိမိနဂိုတုန်းကရှိခဲ့သော ဂုဏ်သိက္ခာကို ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီလိုလားသူများနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်ယူရန်အကောင်း ဆုံးအချိန် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး ပြောလာသောစကားများကို ကျွန်တော် လေ့လာကြည့်မိ သလောက်ဆိုရင် သူကလည်း သူ့ဖခင်တည်ထောင်ခဲ့သော တပ်မတော်ကို အလွန်သံယောဇဉ်ရှိပုံ ရပါ သည်။

ထိုပကတိ အခြေအနေတွေကို တပ်မတော်ခေါင်းဆောင်များက မျက်ကွယ်ပြုပြီး မိမိတို့ယခင်ကိုင်စွဲထား သည့် အယူအဆအတိုင်း တင်းခံနေမည်ဆိုလျှင် ဒီမိုကရေစီကိုလည်း ကျွန်တော်တို့ အိပ်မက်မမက်ရဲ ဖြစ်ပါမည်။ အကောင်းဆုံးကတော့ အရေးပါသူ သက်ဆိုင်သူများ ညှိညှိနှိုင်းနှိုင်းဖြင့် ဆွေးနွေးယူကာ ကျွန်တော်တို့ပြည်သူတွေအတွက် အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ရေး ဖြစ်ပါသည်။

ကျွန်တော်တို့ပြည်သူတွေ ရင်ဘတ် ဖိထားရမည့်လမ်းကြောင်းမျိုး မရွေးဘဲ တပ်မတော်ကို ပြည်သူနှင့် တစ်သားတည်း ဖြစ်အောင် ပြန်လည်အဖတ်ဆယ်ကြပါဟု တပ်မတော်ခေါင်းဆောင်များကို တိုက်တွန်း မေတ္တာရပ်ခံလိုပါသည်။

၈၈ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန် ဗမာပြည်ဗီဇာရသွားပြီ..။

၈၈ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန် ဗမာပြည်ဗီဇာရသွားပြီ..။
လွန်ခဲ့တဲ့ရက်ပိုင်းက စင်္ကာပူနိုင်ငံမြန်မာသံရုံးက မြန်မာပြည်သွားရောက်ရန် ဗီဇာငြင်းပယ်ခံရတဲ့ နော်ဝေးနိုင်ငံကူးလက်မှတ်ကိုင် ဆောင်ထားသူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန်ဟာ ဒီကနေ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကနေ ထပ်မံလျှောက်ထားရာ၊ မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးက ဗီဇာထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လာမဲ့နှစ်သစ်ကူးနေ့(၁ရက် ဇန်န၀ါရီ ၂၀၁၄)နေ့မှာ အသက် ၈၁နှစ်အရွယ်ရှိ မိခင်အိုကြီးကို တွေ့ရတော့မယ့် ယခင် ဗသကပြန်ကြားရေးမှုးဟောင်း ကိုသူရိန်ဟာ သူရဲ့ ၂၆နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို ပြန်လည်ခြေချနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ လည်ပတ်နေထိုင်နေစဉ်ကာလအတွင်း ကိုသူရိန်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဘက်များနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကိုလည်း လေ့လာသွားမယ်လို့ ပြောခဲ့ပါတယ်။

" ကျနော့အနေနဲ့ နော်ဝေးနိုင်ငံသားခံယူထားခဲ့ပေမဲ့ မြန်မာနိုင်ငံသားတယောက်လိုပဲ စိတ်မှာခံယူထားပါတယ်၊ မြန်မာ့အရေးကို သေတပန်သက်ဆုံးလုပ်သွားဖို့လည်း ဆုံးဖြတ်ထားတယ်၊ နိုင်ငံရေးစိတ်က ဘယ်တော့မှကုန်ဆုံးသွားမှာမဟုတ်ဘူး၊ အခုခရီးစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲကျရင် ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်ရေးသာမက အင်န်အယ်လ်ဒီပါတီမဲအောင်နိုင်ရေးအတွက်ပါ လက်လှမ်းမှီသလောက် မိတ်ဆွေရဲဘော်တွေနဲ့ ဆွေးနွေးထောက်ခံသွားမှာဖြစ်ပါတယ်" လို့ ကိုသူရိန်ကပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စင်္ကပူသံရုံးကနေ ဗီဇာငြင်းပယ်ခံရတဲ့ကိုသူရိန် ပြည်ဝင်ခွင့်ရရှိရေးအတွက် ရန်ကုန်နဲ့ ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ ယခင်လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးလှုပ်ရှားသူများကလည်း သမတရုံးနဲ့ သက်ဆိုင်ရာ ပုဂိုလ်များထံချည်းကပ်ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခ္ခု အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ ကိုသူရိန်ဟာ မြန်မာပြည်တွင်းမွေးဖွားနေထိုင်ခဲ့စဉ်ထက် ပြည်ပမှာနေထိုင်ခဲ့တဲ့နှစ်က ပိုမိုကြာမြစ်ခဲ့ပြီဖြစ်ပါတယ်။ ကိုသူရိန်ဟာ မြန်မာနိုင်ငံအတွင်း သီတင်း ၃ပတ်ကြာနေထိုင်သွားမယ်လို့လည်း သိရပါတယ်။

ကိုညို သတင်းရေးသည်။
၃၀၊၁၂ ၂၀၁၃.။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း တည်ဆောက်ရာတွင် ပျက်စီးမည့် ယာမြေများ အတွက် သတ်မှတ်နှုန်းအတိုင်း လျော်ကြေးမရ



မကွေးတိုင်း ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာ အနီးတွင် တရုတ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရန်ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ စတင်ခဲ့သော်လည်း တည်ဆောက်မှုကြောင့် ပျက်စီးမည့် ယာမြေများအတွက် သတ်မှတ်နှုန်းထားများအတိုင်း လျော်ကြေးမရ၍ ဒေသခံတောင်သူ ၁၀၀ ကျော်က ကန့်ကွက်ထားကြောင်း သိရသည်။ ယင်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဧပြီလပိုင်းမှ စတင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်မှ နစ်နာကြေးပေးရန် တိုင်ပင်ခဲ့ကြောင်း ထိုသို့တိုင်ပင်သည့် အချိန်က အမြဲသိမ်းဆည်းခြင်းအတွက် ငါးနှစ်စာ လျော်ကြေးပေးရမည့်အစား ယာယီသိမ်းဆည်းခြင်းအတွက် တစ်နှစ်စာသာ လျော်ကြေးပေးခဲ့သောကြောင့် ယာမြေပိုင်ရှင် တောင်သူ ၁၅၀ ကျော်အနက် ၅၁ ဦးသာ လျော်ကြေးငွေ လက်ခံခဲ့ပြီး ၁၀၀ ကျော်မှာ လျော်ကြေးငွေ လက်မခံဘဲ လုပ်ငန်းခွင် ရပ်ဆိုင်းပေးရန် ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြောင်း သိရသည်။ “ပထမပိုက်လိုင်းတွေ လာဆောက်တုန်းကလည်း ဦးလေးရဲ့ ယာမြေတွေ လျော်ကြေးမရဘဲ ပျက်စီးခံခဲ့ရတယ်။ အခု အရန်ပိုက်လိုင်း ဆောက်တော့လည်း ရေရှည်ပျက်စီးမှာကို တစ်နှစ်စာပဲ လျော်မယ်ဆိုလို့ ၀ိုင်းပြီးကန့်ကွက်ခဲ့တာ” ဟု ခုံစုကျေးရွာမှ တောင်သူဦးသန်းဋ္ဌေးက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ခုံစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “တောင်သူတွေက ၀ိုင်းကန့်ကွက်လို့ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာပြီး နှစ်ရက်အတွင်း အဆင်ပြေအောင် ညှိနှိုင်းပေးမယ်လို့ ပြောသွားတယ်။ ပိုက်လိုင်းတည်ဆောက်မှု တွေကိုတော့ ရပ်ထားတယ်” ဟု ဒီဇင်ဘာ ၂၉ ရက် နံနက်က ပြောကြားခဲ့သည်။ ယင်းကျေးရွာများအတွက် ကိုင်းမြေ တစ်ဧကလျှင် မြေအမျိုးအစားအလိုက် ကျပ် ၁၃ သိန်းနှုန်းနှင့် ကျပ် ၂၅ သိန်းနှုန်း စံသတ်မှတ်ထားပြီး စားတော်ပဲ တစ်ဧကလျှင် ၁၅ တင်း ထွက်နှုန်းစံထား၍ တစ်တင်းလျှင် ၂၈၀၀၀ ကျပ်နှုန်းနှင့် ငရုတ်တစ်ဧကလျှင် ၆၀၅ ပိဿာ ထွက်နှုန်း စံသတ်မှတ်ပြီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်း လျော်ကြေးပေးရန် သတ်မှတ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံးက ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည့်စာအရ သိရသည်။ (မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ခုံစုံကျေးရွာအနီးတွင် အရန်ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု ရပ်နားထားသည်ကို တွေ့ရစဉ်)

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သင့်သည့် အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု မပါဝင်



http://www.news-eleven.com/
Monday, 30 December 2013 23:09


သုံးရက်ကြာကျင်းပသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်သင့်သည့် အချက်(၇၃)ချက် ရှိကြောင်း၊ ယင်းတို့အနက်(၂၁)ချက်အား ပယ်ဖျက်သင့်ကြောင်း အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်တွင် ပါဝင်သည့် တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားသားမဖြစ်ရဟူသည့်အချက်အား လျှော့ချရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းအစား ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်ရန် အချက်များအား ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးတွင် ပါဝင်လာခြင်းမရှိပေ။

"ဒီဆွေးနွေးပွဲကတော့ ဒီမိုကရေစီ တော်တော်ဆန်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ အစိုးရအဖွဲ့ဝန်ကြီးခန့်အပ်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ၀န်ကြီးချုပ်အချို့က မကြိုက်ကြဘူး။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားတွေက ရွေးချယ်ခန့်အပ်မှ ဒီမိုကရေစီနဲ့ ကိုက်ညီမှာပါ။ ဒါကြောင့် ပြင်ဆင်ဖို့ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ အားလုံးစိတ်ဝင်စားတဲ့ ၅၉ (စ)လုံးမှာလည်း လျှော့ချဖို့ သဘောတူဆုံးဖြတ်တယ်။ အရင်က သားသမီးရဲ့ဇနီး၊ ခင်ပွန်းနိုင်ငံခြားသားဖြစ်ရင် သမ္မတဖြစ်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါကိုလျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ခံယူခိုင်းလိုက်ရင် သမ္မတဖြစ်ခွင့်ရှိသွားပြီပေါ့"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်ဟူသည့်အချက်အစား ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများသည် အစိုးရအဖွဲ့တာဝန်သာမက ပါတီတွင်လည်း တာဝန်ထမ်းဆောင်နိုင်သည်ဟု ပြင်ဆင်ရန်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယသမ္မတဖြစ်ရန်အတွက် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ထားသည့် ပြည်သူ့ကိုယ်စားလှယ်ထဲမှသာ ရွေးချယ်ခန့်အပ်နိုင်ရန် အချက်များအား ပြင်ဆင်ထားကြောင်း သိရသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်ခံပြည်သူ တစ်ရာခိုင်နှုန်း ထောက်ခံပါက ဖြုတ်ချနိုင်သည့်အချက်အစား ၂၀ ရာခိုင်နှုန်းထောက်ခံမှုဖြင့်ဟု ပြင်ဆင်ထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားရွှေ၊ သတ္တုများအား လုပ်ပိုင်ခွင့်ပြုရန်၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်ဟူသည့် အချက်အစား ပြည်သူကရွေးချယ်သူကိုသာ ခန့်အပ်ရမည်ဟူသည့်အချက်များအား ပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဆွေးနွေးပွဲတွင် ဦးစားပေးပြင်ဆင်ရန်နှင့် ဒုတိယဦးစားပေး ပြင်ဆင်ရန်များကို ခွဲခြားသတ်မှတ်ထားကြောင်း၊ ၅၉ (စ)သည် ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း၊ ၀န်ကြီးများအား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ရမည့်အချက်များသည် ဦးစားပေးပြင်ဆင်ရန် သတ်မှတ်သည့်အချက်များတွင် ပါဝင်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်သည့်အချက်များအား ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် (ယနေ့) ပေးပို့မည်ဖြစ်သည်။


အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပသော နေပြည်တော်ရှိ ပါတီဌာနချုပ်အား တွေ့ရစဉ်

မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်း တည်ဆောက်ရန် အတွက် လုပ်ငန်းများ ဆောင်ရွက်


မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်း တည်ဆောက်ရန် အတွက် လုပ်ငန်းများ ဆောင်ရွက်

( မြိတ် ဒီဇင်ဘာ ၃၁ ရက် )

မြိတ်မြို့ ခေတ်မီ အဝေးပြေးကားဝင်းတည်ဆောက်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ အဆိုပါ အဝေးပြေး ကားဝင်းသည် မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ကွင်း ကွင်း အမှတ် ၂၃၇ စက်မှုဇုံ သွားကား လမ်းမ နံဘေးတွင် တည်ရှိပါသည်။ အဝေးပြေး ကားဝင်းအား မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ယူ၍ လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ မြိတ်ဒေသဖွံဖြိုး တိုးတက်ရေး အတွက် ခေတ်မှီ အဝေးပြေး ကားဝင်း တည်ဆောက် မည့်မြေနေရာတွင် ခေတ်မီ ကားဝင်း တည်ဆောက်ရန် အတွက် မြေဧက ၄၆.၄၀ဧက မြေယာပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ခေတ်မှီ အဝေးပြေးကားဝင်း တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်လာပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကာ ဆင်းရဲမှုများလျော့ချရေးတွင် အထောက်အကူပြုမှာဖြစ်သည်။

အဆိုပါ ခေတ်မှီ အဝေးပြေးကားဝင်း တည်ဆောက်ပြီးစီးပါက မြိတ်မြို့
ဒေသခံပြည်သူများ၏ ခရီးသွား လုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုများ ပိုမိုအကျိုးရှိ လာမှာဖြစ်ပြီး ကုန်သည်ကူးသန်းရောင်းဝယ်မှုတွေလည်း ပိုမို တိုးတက်လာမှာဖြစ်သည်။

မြိတ်ဒေသ၏ ခေတ်မီ အဝေးပြေးကားဝင်းသည် မောတောင်နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခု ကားဝင်းတစ်ခုဖြစ်လာမှာဖြစ်ပြီး ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိလာမည်ဖြစ်သောကြောင့် စီးပွားရေးများ တိုးတက်ကောင်းမွန်လာခြင်း၊ လူနေမှုများ အဆင့်အတန်း မြှင့်မားလာခြင်း စသော အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ - မြိတ် ပြန်/ဆက်

Monday, December 30, 2013

ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ Sunday, December 29, 2013

ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ပါတော့မယ်တဲ့။ 




ပြီးခဲ့တဲ့နှစ်ဒီအချိန်က ရန်ကုန်လေဆိပ်ရောက် မိုးသီးဇွန်နဲ့ ကြိုဆိုသူများ၊ သတင်းထောက်များ (ဓာတ်ပုံ - ဧရာဝတီ)

ဒီ ၁ဝ ဦးဟာ ဘယ်သူတွေဆိုတာ လဝက အရာရှိတဦးက ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ ကျန်တဲ့ ၃၃ ဦး ကို လည်း နိုင်ငံသား ပြန်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက စိစစ်ဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြည်တော်ပြန်များထဲက ဦးမိုးသီးဇွန်ရဲ့ နိုင်ငံသားလျှောက်လွှာကိစ္စ ဘယ်လိုအနေအထား ရောက်နေသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။


လဝက ဝန်ကြီး ဦးခင်ရီက ပြောထားတာက မည်သို့ပင်ဆိုစေ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ နိုင်ငံသားအဖြစ်နဲ့ ခံယူထားသူ ဒါမှ မဟုတ် အထောက်အထား စာရွက်စာတမ်းကိုင်ဆောင်ထားသူတွေဟာ အလိုအလျောက် 
မြန်မာနိုင်ငံသား အဖြစ်က ပျက်ပြယ်သွားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။ 

အကယ်လို့ နိုင်ငံတော်ရဲ့ အကျိုးငှာ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားသူတွေကို ပြည်ထဲရေး ဝန်ကြီး ဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ သမ္မတရုံး တို့ကနေ 
ပြန်လည်စိစစ်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့သာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုကာ သက် ဆိုင်ရာ အထောက်အထားတွေကို ပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

အခု မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားကြသူတွေဟာ အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး 
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကာ အားလုံးပါဝင်ရေးဆိုတဲ့ ပြောဆိုချက်နဲ့အတူ ပြည်ပရောက် 
မြန်မာနိုင်ငံသားဟောင်းတွေကို ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်ပြီးနောက် မြန်မာနိုင်ငံကို ပြန်သွားသူတွေပါ။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံအသီးသီးကို ထွက်ခွာသွားကြရတဲ့ မြန်မာနိုင်ငံသား
ထောင်နဲ့ ချီရှိပြီး အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အတော်များများ ပါဝင်ကြတာပါ။ 

ဒီအထဲက တချို့ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မြန်မာပြည်ပြန် သွားကြသူတွေထဲက နိုင်ငံသား ပြန်လည် လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။ အခု နိုင်ငံသား ပြန်လည် အသိအမှတ်ပြုခံရတဲ့ ပြည်တော်ပြန်တွေဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား ( မှတ်ပုံတင် ကတ်ပြား) တွေလည်း အဆင့်ဆင့်လုပ်ဆောင်ပြီး ပြန်ရမှာ ဖြစ်သလို မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်တွေလည်း ပြန်ရကြမှာဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံသား ပြန်လည်လျှောက်ထားသူတွေဟာ တချိန်က မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတဲ့ အထောက် အထားတွေကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံခြားသား အဖြစ် ခံယူထားပြီး မြန်မာနိုင်ငံသား ပြန်လည်မလျှောက်ထားပဲ မြန်မာနိုင်ငံမှာ အမြဲတမ်း နေ ထိုင်ခွင့် (PR) စနစ်ကိုလည်း လဝက ဝန်ကြီး ဦးဆောင်ပြီး ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိပ် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေတော့ မပေါ်ထွက်လာသေးပါဘူး။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အစိုးရက မကြာခဏ ဖိတ်ခေါ် ခဲ့ပေမယ့် မကြာသေးခင်ကပဲ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ လက်ရှိ နော်ဝေနိုင်ငံသား ခံယူထားသူ ကိုသူရိန်ရဲ့ ပြည်တော်ပြန်ဖို့ ကိစ္စ စင်ကာပူရှိ မြန်မာသံရုံးက ဗီဇာ မပေးလို့ အခက်အခဲဖြစ်နေပါတယ်။  

တချို့လည်း ပြည်တော်ပြန်ရေး အဆင်ပြေပေမယ့် တချို့လည်း အဆင်မပြေဘူး ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ 







အိမ့်သံစဉ် ~

ပြည်ခိုင်ဖြိုးပါတီတွင်း စည်းလုံးမှု အားနည်းနေသေးကြောင်း သူရဦးရွှေမန်း ၀န်ခံ

 Monday, December 30, 2013 ရန်ကုန် Monday, December 30, 2013 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့နှင့် လက်ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း နာယကအဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုလွှတ်တော် တို့အကြား ပွတ်တိုက်မှုများရှိနေချိန်တွင် ပါတီတွင်း စည်းလုံးညီညွတ်မှု အားနည်းနေကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ၀န်ခံပြောကြားလိုက်သည်။ ““ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ပါတီတွင်း၊ အစိုးရ၊ တပ်မတော်တို့ကို ဆောင်ရွက်ခဲ့ရာတွင် ထိုက်သင့်သလောက် အောင်မြင်မှုရှိသော်လည်း မျှော်လင့်ထားသလောက် မရရှိသေးသည်ကို ၀န်ခံပြောဆိုရမှာ ဖြစ်ပါတယ်””ဟု သူရဦးရွှေမန်းက ကျင်းပဆဲဖြစ်သည့် ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားသည်။ ယနေ့အချိန်သည် နိုင်ငံအတွက် အရေးကြီးသည့်အချိန် ဖြစ်သကဲသို့ ပါတီအတွက် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ပြီး ပါတီရှင်သန်အောင်မြင်ရေးအတွက် အလွန်အရေးကြီးနေသည့်အချိန် ဖြစ်ကာ ပါတီတွင်းစည်းလုံးညီညွတ်နိုင်ရေးအတွက် ပထမအကြိမ် ပါတီညီလာခံကို ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း သူရဦးရွှေမန်းကဆက်လက်ပြောသည်။ ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ပွတ်တိုက်မှုများရှိနေပြီး ယမန်နှစ်က အခြေခံဥပဒေခုံရုံးနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်သည် အကြီးမားဆုံးပွတ်တိုက်မှု ဖြစ်ခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ကာလအတန်ကြာ ကျင်းပခြင်းမပြုနိုင်အောင် ဖြစ်ခဲ့ရကြောင်း ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သော ပါတီဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုကဆိုသည်။ ပါတီတွင်း စည်းလုံးညီညွတ်နေမှု အားနည်းနေခြင်းမှာ အမှန်ပင်ဖြစ်ပြီး အထူးသဖြင့် အောက်ခြေပါတီ ၀င်များအကြားတွင် သဘာထားကွဲလွဲမှုများ၊ နားလည်မှုလွဲမှားခြင်းများ၊ အာဏာရှင်ဆန်ဆန် ပြုမူများ လည်းရှိနေသည်ကို ကြားသိနေရပြီး ယခင်က အသင်းအဖြစ် ဆောင်ရွက်စဉ်တွင် ဗဟိုဦးစီးစနစ်ကျင့် သုံးခဲ့ခြင်း၏ အကျိုးဆက် ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း ပါတီဗဟိုကော်မတီဝင်တစ်ဦးက လည်းပြောသည်။ ““ပါတီအနေနဲ့က လက်ရှိမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါ တယ်။ အရင်ကတော့ အာဏာရှင်စနစ် ကျင့်သုံးခဲ့တာဆိုတော့ အဲဒီအရှိန်လေးကလည်း ရှိသေးတော့ ဒီလိုပွင့်လင်းလာတဲ့အချိန်မှာ နည်းနည်းလေး စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့သဘောပါ။ ဒါကို စိုးရိမ်ဖို့တော့ မဟုတ်ပေမယ့် ပြုပြင်ရမယ့်အပိုင်းပါ””ဟု ၄င်းကဆိုသည်။ 7Day Daily

NLD to contest elections even if bid to constitution reforms fails

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ

 

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ
**************************************
၂၀၀၈ အခြေခံ ဥပဒေထဲမှာ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်ပေါင်း ၇၃ ချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ် ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင်နှုန်းကျော် နေရာရထားတဲ့ အာဏာရ ပါတီကိုယ်တိုင်က တနင်္လာနေ့မှာ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။

နိုင်ငံတလွှားက ကိုယ်စားလှယ်ပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့တဲ့ ဒီ အစည်းအဝေးက သဘောတူလိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ အချက်လည်း ပါဝင်ပါတယ်။

ပါတီက အဆိုပြုတဲ့အတိုင်း ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အခက်အခဲ မရှိနိုင်ဘူးလို့ ညီလာခံ တက်ရောက် ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မကွေးတိုင်း ဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို အစိုးရက တိုက်ရိုက်ရွေးတဲ့ စနစ် အစား တိုင်းဒေသကြီး လွှတ်တော်ကနေ ရွေးကောက်ဖို့အတွက်လည်း အကြိတ်အနယ် မဲခွဲပြီး ပြင်ဆင်မယ့် အချက်တွေထဲမှာ ထည့်နိုင်ခဲ့တယ် လို့လည်း ဦးလှဆွေက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/12/131230_usdp_cc_meeting_end.shtml

News : BBC

Saturday, December 28, 2013

မြစ်ဆုံ စီမံကိန်း ပြန်စမည့် ကိစ္စ ဝိုင်းဝန်းကန့်ကွက်



ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းနေတဲ့ပုံ။ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းနေတဲ့ပုံ။

အသံ
မြစ်ဆုံစီမံကိန်းကို တရုတ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ CPI က ပြန်စဖို့လိုလားနေတယ် ဆိုပြီးတော့ ပြောဆိုပြီး တစ်ရက်အကြာမှာပဲ ပြည်တွင်းအရပ်ဖက် လူမှု အဖွဲ့အစည်းတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေကတော့ မြစ်ဆုံ စီမံကိန်းပြန် စမှာကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ CPI ကုမ္ပဏီဘက်ကတော့ စီမံကိန်းပြန်စဖို့ သူတို့ အနေနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ပြီးတော့ ဒေသခံတွေ စည်းရုံးခဲ့တယ်လို့လည်း ကချင်လူထု အခြေပြူအဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်အကောင်အထည် ဖော်နိုင်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲပြီး  တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့က  ဧရာဝတီ မြစ်ညာ-မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေ နဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို ပြောဆိုခဲ့တာပါ။ အခုလိုပြောဆိုပြီး တစ်ရက်အကြာမှာပဲ ကချင်လူထု တစ်ခုတည်း အတွက်သာမက မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ဧရာဝတီမြစ် မပျက်စီးရေးအတွက် ဒီစီမံကိန်းကို ပြန်စဖို့ မလိုလားဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက ပြောပါတယ်။

"ဧရာဝတီဟာ ကျမတို့မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်မှာဖြစ်တယ်။ ဧရာဝတီကို ထိတယ်ဆိုလို့ရှိရင်တော့ ဒီမြစ်ဆုံကို ထိတယ်ဆိုလို့ရှိရင် ဧရာဝတီကြီးက ရှိတော့မှာ မဟုတ်ဘူးလေ။ အဲတော့ တစ်နိုင်ငံလုံးမှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဧရာဝတီကြီးနဲ့ သူ့ရဲ့မြစ်ဖျားတွေ အကုန်လုံးကို ကာကွယ်ရမှာဖြစ်တယ်။ မြစ်ကြောင်းတစ်လျှောက်လုံးကို ကာကွယ် ရမှာဖြစ်တယ်ရှင့်" 

CPI  ကုမ္ပဏီ ဘက်ကတော့ ဒေသခံတွေရဲ့ ခွင့်ပြုချက်တွေ ရရင် ဒီစီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူထု အခြေပြု လုပ်ငန်းတွေနဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး အကောင် အထည်ဖော်ခွင့်ရရေး အပြင်းအထန် ကြိုးစားနေတယ်လို့လည်း မြစ်ဆုံဒေသ က ရွေ့ပြောင်းခံ ရွာသားတွေ ကပြောဆိုနေကြတာပါ။

CPI  ကုမ္ပဏီဘက်ကတော့ သူတို့ အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ် ဆိုပေမဲ့လည်း မူလ က လုပ်ကိုင်စားသောက်လို့ရတဲ့  ဒေသခံတွေ ရဲ့ ရပ်တည်မှုတွေကို သူတို့ ရွှေ့ပြောင်းလိုက်တဲ့အတွက် အဲဒီ နေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရပဲ ကူညီပေးနေတဲ့သဘောလောက်ပဲ ရှိတယ်လို့ မခွန်ဂျာကပြောပါတယ်။ မြစ်ဆုံဒေသကို သွားရောက်ပြီး ဒေသခံတွေ ရဲ့ အခြေအနေ ဧရာဝတီ မြစ်ကြောင်းကိုလည်း သွားရောက်လေ့လာခဲ့ဖူးတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဋ္ဌေးကြွယ်ကလည်း အစားထိုးလို့မရတဲ့ ဧရာဝတီ ပျက်စီးမဲ့ မြစ်ဆုံစီမံကိန်းကို မလိုလားဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ဆိုလိုနေတာက တကယ့်ဗျာ Apply Value တင်မဟုတ်ပါဘူး။ ဒီမြစ်ဆုံ ဆိုတဲ့ဟာကာ ကချင်ပြည်နယ်အတွက်ကော ကျနော်တို့ပြည်ထောင်စု တစ်ခုလုံးအတွက်ကော ဒါဟာ Cultural Value ပါ။ ယဉ်ကျေးမှုရဲ့တန်ဖိုးပါ။ တကယ် ကျနော်တို့စိတ်ထဲမှာ ထားထားတဲ့ Fundamental Value ပါ။ အဲဒီ Fundamental Value တွေကျတော့ ကျနော်တို့ထားထားတဲ့ ကျနော်တို့ ရင်တွင်းမှာ ထားထားတဲ့ဟာကို ဘာနဲ့အစားထိုးလို့ရနိုင်သလဲ ဆိုတာကတော့ ထည့်ပြီးတော့ စဉ်းစားသင့်ပါတယ်"

ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက တရုတ်နိုင်ငံ ရဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ China Power Investment Corporation ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ လူမှုရေးတာဝန်ရှိမှု နဲ့ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီ့အစီရင်ခံစာမှာဆိုရင် ၂၀၁၀ ကနေ ၂၀၁၂ ထိ CPI က လုပ်ပေးထားတဲ့ လူမှုရေးလုပ်ငန်းတွေ ကို ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ အခုလို စီမံကိန်းရပ်တန့်ထားပေမဲ့ အရင် အစိုးရလက်ထက်က စာချုပ်အပေါ်မှာတော့ လေးစား လိုက်နာသင့်တယ် လို့လည်း CPI ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာကလည်းပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလုပ်ခဲ့တဲ့ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က စီမံကိန်း လုပ်မယ်ဆိုရင် ဒေသခံတွေ ရဲ့ အကျိုးစီပွားကို အသေအချာ ဂရုစိုက်ဖို့ ကုမ္မဏီမှာ တာဝန်ရှိတယ်လို့လည်းပြောပါတယ်။

"ရေအားလျှပ်စစ်လုပ်တာ သက်သက်ကတော့ ဒါဟာ ပြသနာ မဟုတ်ဘူးလေ။ ဒါပေမဲ့လို့ အခုဟာက မြစ်ဆုံ စီမံကိန်းကျတော့ နိုင်ငံရေးပြဿနာ ပါဖြစ်လာပြီလေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့  ခံစားချက်တွေ ရှိလာတယ်။ အဲဒီတော့ အဲဒီဟာတွေကို ထည့်မတွက်ဘဲနဲ့ စီးပွါးရေးအမြင် သပ်သပ်ပေါ့ဗျာ Development Sector တစ်ခုတည်းနဲ့ကြည့်ပြီး လုပ်လို့မရတော့ဘူးလို့ ကျနော်ထင်ပါတယ်။"

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ ခုနစ်ခု တည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်က စစ်အစိုးရနဲ့ China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။

ဒါပေမဲ့ မြန်မာပြည်သူတွေက ဒီစီမံကိန်းကို ပြည်လုံးကျွတ် ကန့်ကွက် ဆန္ဒ ထုတ်ဖော်ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့တာပါ။

အခုလို မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားခံရတာဟာ အစောပိုင်း ကာလထဲက CPI အနေနဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုတွေကို သေချာမလုပ်ခဲ့လို့ အခုလို စီမံကိန်းကို ရပ်တန့် ထားရတာလို့လည်း Eco-Dev အဖွဲ့က သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူကပြောပါတယ်။

"ဒီ မြစ်ဆုံဆည် ရပ်တံ့သွားရတဲ့ အကြောင်းရင်းက သူတို့အနေနဲ့  ကုမ္ပဏီ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို စနစ်တကျမလုပ်ဘဲနဲ့ ဖြတ်ကျော် လုပ်တဲ့အတွက် သူတို့ ဒီဆိုးကျိုးကို ခံစားရတာပေါ့။ ဥပမာ  ပါတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းတို့လုပ်ငန်းမျိုးတွေလုပ်ပြီးတော့မှ စီမံကိန်းကြီးကို အကောင်အထည်ဖော် သင့်တာပေါ့။ ပါတ်ဝန်းကျင်ရေးရာဆန်းစစ်မှုတွေ လုပ်တယ်ဆိုရင်  တွေ့ရှိချက်တွေကို လူထုကိုချပြ။ လူထုက ဘယ်လိုမြင်လဲပေါ့။ လူထုကအမြင်ပေါ်မူတည်ပြီးတော့မှ သူတို့က ဒီစီမံကိန်းကိုလုပ်သင့်တာလေ။ လူထုကကို မကြိုက်ဘူးဆိုရင်တော့ ဒီစီမံကိန်းက ရပ်သွားမှာပဲပေါ့"

မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားတဲ့ အတွက် CPI ကုမ္ပဏီအနေနဲ့  တစ်နှစ်ကို ဒေါ်လာ သန်း ငါးရာ နှစ်စဉ် ကုန်ကျနေပြီးတော့ လက်ရှိအချိန်မှာ စီမံကိန်း ရပ်ဆိုင်းထားချိန် ၂ နှစ် အတွင်း သန်း ၁ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ CPI က တရားဝင်ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပြီ


**********************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေး အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းပြီး တာဝန် ပေးလိုက် ပါတယ်။
အဘ ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီ ဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်း တာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ် လိုက်ခြင်းဖြစ်ပါတယ်။

Credit : Ko Tun Wai

ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe
28-12-2013

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် နိုင်ငံရေးမလုပ်ရန် အလိုတော်ပြည့်ဆရာတော် ပြင်းပြင်းထန်ထန်သတိပေး



 ဒကာကြီး ဘာသာရေး လုပ်မယ်ဆိုရင် လုပ်လို့၊ နိုင်ငံရေး ဆိုရင်တော့ ကိုယ့်လမ်း ကိုယ် လျှောက်တော့ လို့၊ ဒီခံစားချက် တွေက ဘာထူးလဲ . . .
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ယခင် စစ်အစိုး ရန၀တ၊ နယက လက်ထက်တွင် တပ်မတော် ထောက် လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူ ခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်းဦး ခင်ညွန့်ကို နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး    နောက် လက်ရှိ မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်နှင့် နိုင်ငံရေး မလုပ်မိစေရန် ပြည်တွင်းပြည်ပ သာသနာပြု အဂ္ဂမဟာပဏ္ဍိ တ ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံသ အလိုတော်ပြည့် ဆရာတော် ဘုရား ကြီးက ပြင်းပြင်းထန်ထန် သတိပေး ပြော ကြားမှုရှိခဲ့ကြောင်း အလိုတော်ပြည့်ဆရာတော်က မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။
၂၀၀၄ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်နှင့် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးတာဝန်တို့မှ အနားပေး ခြင်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ ၂၀၁၀ ရွေး ကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ရောက်မှသာ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ယခင်စစ်အစိုးရလက်ထက် ၎င်းနှင့် ဆရာတပည့်ရင်းများအဖြစ် အစိုးရ သတင်း မီဒီယာများ ဖော်ပြချက်အရ အများပြည်သူက သတ်မှတ်ခြင်းခံခဲ့ရသည့် …အဂ္ဂမဟာ ပဏ္ဍိတ အလိုတော်ပြည့် ဆရာတော် ဘုရားကြီး ကိုယ်တိုင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ န၀ဒေးလမ်းသွယ်ရှိ ဦးခင်ညွန့်၏ အကျယ်ချုပ်နေထိုင်ခဲ့ရာ နေအိမ်သို့ ကြွရောက်၍ အားပေးခဲ့ပြီး သီတဂူဆရာတော် ကြီးနှင့် ကျိုက်ထီးဆောင်း ဆရာတော်ကြီး တို့ကလည်း ဦးခင်ညွန့်အား အားပေး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချင်း ယခင်ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ အစိုးရ လက်ထက်တွင် တာဝန်များမှ အနားပေးခြင်း ခံခဲ့ရသော အစိုးရ၀န်ကြီးဟောင်းများ၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ယခင် ဦးခင်ညွန့်ရင်းနှီး ပတ်သက်ခဲ့သော သူဌေးကြီးများလည်း လာရောက် အားပေးခဲ့ခြင်း သမ္မတ ဦးသိန်းစိန်၏ ကိုယ်စားပြည်သူ့ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင် သောင်း (ကြံ့ ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ)နှင့် ဦးသိန်းဇော်(ကြံ့ခိုင်ရေး ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူး)တို့လည်း စား နပ်ရိက္ခာများနှင့် အတူဦးခင်ညွန့်ကို နေအိမ် သို့လာရောက် အားပေးခဲ့ခြင်း၊ ၎င်းတို့မှ သမ္မတကြီး၏ အမှာပါး လိုက်သော စကားများကို ဦးခင်ညွန့်သို့ တစ်ဆင့်ပြန်ကြားပြော ဆိုခဲ့ကြောင်း၊ ထို့နောက်တွင် ဦးခင်ညွန့်က ဇာတိရပ်ရွာ ကျောက်တန်းမြို့သို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအချို့ ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရ အကျဉ်းထောင်များတွင် မလွတ်သေးသည့် ၎င်း၏ တပည့် များဖြစ်ကြသော ယခင်ထောက်လှမ်းရေး ဟောင်းများ လွတ်မြောက်ရေး အတွက်လည်း ဦးခင်ညွန့်မှ ကြိုးပမ်းပြောဆိုမှု များရှိခဲ့ခြင်း၊ ဦးခင်ညွန့်၏ လူမှုရေး၊ ဘာသာရေး အခမ်းအနားများ တက်ရောက်သည့် သတင်းများကို မီဒီယာများတွင်ဖော် ပြလာခြင်း၊ ယခင်အစိုးရ လက်ထက် ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံများကို အင်တာဗျူး ပြုလုပ်ပြီး စာအုပ် ထုတ်ဝေမှု များရှိလာခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၎င်းအနေဖြင့် မီဒီယာများကို အားကိုးကြောင်း၊ မီဒီယာများ လွတ်လပ်ခွင့်ကို လိုလားကြောင်း၊ ပါတီနိုင်ငံရေး မလုပ်ဘဲ အမျိုးသား နိုင်ငံရေးသာ ဆောင်ရွက်လိုခြင်း ဖြစ်ကြောင်း ထုတ် ဖော် ပြောကြားမှုများ ရှိခဲ့သည်။
အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ကြီးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ယနေ့မြန်မာ့ နိုင်ငံရေး တွင် ပါဝင်ပတ်သက်ခြင်းကို အားမပေးကြောင်း၊ ဘာသာရေး သက်သက်ကို သာလုပ် ဆောင်စေလိုတော့ ကြောင်း မိန့်ကြားခဲ့ရာတွင် ““ဒကာ ကြီး ဘာသာရေးလုပ်မယ်ဆိုရင်လုပ်လို့၊ နိုင်ငံရေးဆိုရင်တော့ ကိုယ့် လမ်းကိုယ် လျှောက်တော့လို့၊ ဒီခံစားချက် တွေကဘာ ထူးလဲ၊ ဘာသာတရား လုပ်ပြီးတော့ ကိုယ့် ဘာသာ ကိုယ် အေးအေး ဆေးဆေး တရား အားထုတ်ပေါ့””ဟု ပြောခဲ့ကြောင်း မြန်မာ သံတော်ဆင့်သို့ မိန့်ကြားသည်။
အလိုတော်ပြည့် ဆရာတော်သည် ယခင် စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ စ၍ ယခုအစိုးရ လက်ထက် ဗိုလ်ချုပ်ကြီးများ တိုင်အောင် ဆည်းကပ် ကိုးကွယ်မှုများ ခံရသည့် ဆရာတော်တစ်ပါး ဖြစ်ပြီး ပုဂံဒေသတွင် ရှေးဟောင်းဘုရားများကို ပြန်လည် ပြုပြင်တည်ထား၍ ရွှေထီးတော်တင်လှူခြင်း၊ ရခိုင်ဒေသတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ မဟာမုနိ ရွှေထီး တော်တင်ခြင်း၊ မုန်စဲကျွန်း ဗုဒ္ဓပါဒ ခြေတော်ရာကို ပြန်လည်ဖော်ထုတ်၍ ဘုရား၊သိမ်၊ ကျောင်း၊ ဇရပ်များလှူဒါန်းခြင်း၊ နဂါးများ အား လှူဒါန်းခြင်း၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် လူအများ ယုံကြည် ကိုးကွယ်ခြင်း လည်း ခံရလျက် ရှိသည်။ အစိုးရပိုင်းနှင့် တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ ကိုးကွယ်ခြင်းခံရသော အလိုတော် ပြည့် ဆရာတော်ဘုရားကြီး အနေဖြင့် လက်ရှိနိုင်ငံရေးအခြေ အနေတို့ အတွက် အကြံပေးခြင်း၊ သြ၀ါဒပေးခြင်း ရှိ၊ မရှိကိုလည်း ““နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ချင်တဲ့ စိတ်လည်း မရှိဘူး၊ လုပ်လည်း မလုပ်တတ်ဘူး၊ အမျိုးသားရေးနဲ့ ဘာသာရေးနဲ့ ပတ်သက်ရင်တော့ တတ်နိုင်သမျှ ကူညီပေးတယ်”” ဟု မိန့်ကြားသည်။
၂၀၁၃ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အလိုတော်ပြည့် ဆရာတော် ဘုရားကြီးကို နေပြည်တော်သို့ ပင့်ဖိတ်၍ ရခိုင်အရေးကူညီ ဆောင်ရွက် ပေးနိုင်ပါရန်နှင့် လိုအပ်သောအကြံဉာဏ် များ ရယူခဲ့ ကြောင်းကို ““သမ္မတကြီးက ရခိုင်ကိစ္စငြိမ်အောင် ဆရာတော် တတ်နိုင်သမျှ လုပ်ပေးပါဆိုတော့ အမျိုးသားရေး သက်သက် ရခိုင်အမျိုးသားတွေကို တရားဟောပြီးတော့ အေးအေးဆေးဆေး နေဖို့ အဲလောက်ပဲ ငါပြောခဲ့ တာပါ၊ ရခိုင်တွေ အကုန်လုံးစည်းရုံး၊ ရခိုင်ပြည်နယ် ဆင်းပြီးတော့ တရားဟောပြ၊ တစ်လလောက်တော့ ဘုန်းကြီး အနေနဲ့ ထိန်းပေးရတယ်။ အဲဒီ နောက်ပိုင်းတော့ အကုန်လုံးငြိမ်သွားတယ်။ သမ္မတကြီး ပြောတဲ့ အတိုင်း လုပ်ပေး လိုက်တာပဲ။ လူထုကတော့ ကိုယ်ပြောတာ နားထောင်တယ်၊ နားထောင်လို့ ငြိမ်သွားတယ်၊ အစိုးရကလည်း လုပ်လို့မှ မရတော့ဘဲ ၀န်ကြီးတွေလွှတ်၊ စည်းရုံး၊ တော် ကြာပျက်၊ စည်းရုံး၊ ပိုပြီးတော့ ဆိုးလာတာ ရှိတယ်၊ အဲဒါကြောင့် သမ္မတကြီးက တတ်နိုင်သမျှ လုပ်ပေးပါ ပြောတော့ လုပ်ပေးလိုက် တော့ အခု တာဝန်ကျေသွားတယ်၊ ငါကလည်း နိုင်ငံရေးဆိုလုပ်လည်း လုပ်ဖူးတာ မဟုတ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး””ဟု အလိုတော်ပြည့် ဆရာတော်က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
သမ္မတ ဦးသိန်းစိန်က ရခိုင်အရေး အလိုတော်ပြည့်ဆရာတော်ထံမှ သြ၀ါဒခံယူခဲ့ ပြီးနောက်တွင် ရန်ကုန်မြို့၊ တာမွေ အလိုတော်ပြည့်ကျောင်းတိုက်သို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့လာရောက် ကာဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တာမွေ၊ အလိုတော် ပြည့်ကျောင်းတိုက်သို့ လာရောက်၍ အလိုတော်ပြည့် ဆရာတော်ထံမှ သြ၀ါဒခံယူခြင်း များ ရှိခဲ့သည်။
MH-0011

မြေခွေးဥာဏ်



ဒီနေ့ တော့ ပုံပြင်လေးတပုဒ်ပြောပြချင်ပါတယ်။
ပုံပြင်လေးအမည်ကတော့ “မြေခွေးဥာဏ်”  ပါတဲ့။
ဟိုရှေ့ ရှေ့ တုံးက ရွာတရွာမှာ နွားကျောင်းသား တယောက်ဟာ တောထဲမှာ နွားကျောင်းပြီးပြန်လာတဲ့အခါကြတော့ နွားမတကောင်ကို မေ့ကျန်ခဲ့တယ်တဲ့။
နွားမလည်း အစာရှာ စားရင်း တနေ့ ထက် တနေ့ စားကျက်နှင့်ဝေးပြီး တောနက်ထဲကို မထင်မှတ်ဘဲ ရောက်သွား လေရော့တဲ။
တနေ့ ကျတော့ မမျှော်လင့်တဲ့ နှုတ်ဆက်သံ ကြားလို သစ်ပင်ပေါ် မော်ကြည့်လိုက်တဲ့အခါ၊ ခြင်္သေ့ မကြီး တကောင်က သစ်ပင်ပေါ်ကနေနှုတ်ဆက်နေတာကို တွေ့ ရသတဲ့။
ခြင်္သေ့မ။        ။ “ရှင်ဘယ်ကလာခဲ့တာလ။ဲ”
နွားမ။            ။ “အမယ်လေး ဒုက္ခပါဘဲ့။”  
ခြင်္သေ့မ။        ။ “ရှင် လန့် သွားသလား။ ကျမရှင့်ကို အန္တရာယ်မပြုပါဘူး။..ရှင်နဲ့ ကျမက ဘဝတူဘဲ့ဟာ။”
နွားမ။            ။ “မဟုတ်တာရှင်။ ဘယ်နှယ်ဘဝတူ ရမှာလဲ။ ရှင်ကတောဘုရင်မ၊ ကျမက ကျွန်မျိုး၊ ရှင်သတ်ရင် ကျမသေရမှာ။”
ခြင်္သေ့မ။        ။ “ကျမရှင့်ကိုစောင့်ကြည့်နေတာကြာပြီ။ ရှင်ဟာ မိခင်လောင်းမဟုတ်လား။ ကျမလည်းမိခင်လောင်းဘဲ့လေ။ မိခင်လောင်းချင်းမို့ ဘဝတူလို့ ပြောတာ။”
နွားမ။            ။ “အင်း….ရှင်ပြောသလိုဆိုရင်တော့လည်းဟုတ်ပါတယ်လေ။ ကိုယ်ချင်းစာပါရှင်။”
ခြင်္သေ့မ။        ။ “စိတ်သာချ ဒေါ်နွားရယ်။ ကျမစာနာတတ်ပါတယ်။ ရှင်လည်းတခြားကိုမသွားနဲ့ တော့။ ကျမနဲ့ ဘဲ့အတူနေကြတာပေါ့။”

အဲဒီနေ့ ကစပြီးတော့ ခြင်္သေ့မ နှင့် နွားမတို့ ဟာ ခင်မင်ရင်းနီးသွားကြပြီး အတူတကွ နေထိုင်ကြတယ်တဲ့။ကိုယ်ဝန်ရင့်မာလာတဲ့အခါ ခြင်္သေ့ လေးတကောင်နှင့် နွားလားဥသဘငယ်တကောင်စီမွေးကြတယ်တဲ့။

ခြင်္သေ့ လေး နှင့်နွားလားဥသဘလေး တို့ ဟာလည်း အလွန် ချစ်ခင်ကြပြီး တဖြည်းဖြည်း
နဲ့ အရွယ်ရောက်လာကြကာ မိခင်များဆုံးသွားသည့်တိုင်အောင် တကောင်နှင့်တကောင် တပူးတွဲတွဲ သွားလာနေထိုင်ကြတယ်တဲ့။
တနေ့ ကျတော့… တောလိုက်ထွက်လာတဲ့ ဘုရင့်မုဆိုးကြီးဟာ အမျိုးမတူပဲ အတူနေနေကြတဲ့ ခြင်္သေ့ နှင့် နွား ကိုတွေ့ သွားပြီး အလွန်ဘဲ့ အံ့သြသွားတယ်တဲ့။
မုဆိုး ။           ။ ဟ….နွားနဲ့ ခြင်္သေ့ပါလား….ငါမျက်စိမမှားပါဘူး။
ဒီနောက် မုဆိုးကြီးလည်း မြို့ တော်ပြန်ရောက် သွားပြီး ဘုရင့်ထံ တောကောင်အသားခြောက်များ ရှားပါးဆေးမြစ်များ သွားဆက်သရင်း…။
မုဆိုး ။           ။ “…မှန်လှပါ….တောတွင်းတနေရာမှာ ခြင်္သေ့ တကောင်နှင့် နွားတကောင် ချစ်ချစ်ခင်ခင် နေထိုင်နေကြသည်ကို တွေ့ ခဲ့ရကြောင်းပါ ဘုရား။”
ဘုရင်ကြီး။      ။ “ဟေ….ဖြစ်တောင့်ဖြစ်ခဲ….ဘဲ့။ အိမ်း….သူတို့ ထံမှာ နောက်တိရစ္ဆာန် တကောင်တိုးလာရင် လက်ရှိနှစ်ကောင်ဟာ အန္တရာယ်ဖြစ်လိမ့်မယ်။…။
 တကယ်လို့ များနောက်တကောင်တွေ့ ရင်ပြန်တင်စမ်း….။”

မုဆိုး ။           ။ “…မှန်လှပါ….အမိန့် တော်မြတ်အတိုင်းပါဘုရား။”

မုဆိုးကြီးလည်းနောက်အကြိမ် တောသွားတဲ့အခါ အဲဒီ ခြင်္သေ့ နှင့်နွားကို သွားသွားချောင်းကြည့်တယ်တဲ့။ တနေ့ တော့ ခြင်္သေ့ နှင့် နွား တို့ ဆီမှာ မြေခွေးတကောင် ရောက်နေတာတွေ့ ရတယ်တဲ့။

မုဆိုး ။           ။ …အင်း…..ရွှေနန်းရှင် ထင်တော်မူတဲ့အတိုင်းဘဲ့။ မြေခွေးတကောင်တိုးနေပါလား။

အဲဒီနောက် ဘုရင့်ထံရောက် အကျိုးအကြောင်း တင်ပြလျှောက်ထားရတော့တာပေါ့။
မုဆိုး ။           ။ “…မှန်လှပါ…. ယခုတခါတော့ မြေခွေးတကောင်တိုးနေကြောင်းပါဘုရား။”
ဘုရင်ကြီး။      ။ “အိမ်း…မိတ်ဆွေနှစ်ဦးရဲ့ အချစ်ကို ထိုမြေခွေးဖျက်လိမ့်မယ်။ အချင်းချင်းသတ်လိမ့်မယ်။ ….ကဲ….လာ….ခြင်္သေ့နဲ့ ဥသဘတို့ အသက်ကို မိလိုမိငြား…သွားကြစို့ …စီးတော်ဆင်ပြင်စေ။”
လို့ ပြောပြီး…တောထဲကိုထွက်လာခဲ့ကြတယ်တဲ့။
တောထဲမှာတော့၊ မြေခွေး ဟာ ခြင်္သေ့ထံ ခစားလိုက်…နွားလားဥသဘထံခစားလိုက်နှင့် အလုပ့်တွေ ရှုတ်လို့  အရှုတ်တွေ လုပ့်နေရော့တဲ့..။
မြေခွေး။         ။ အင်း….ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှ အသားအားလုံး ကိုတော့ စားဘူးပြီးပြီ။ မစားဘူးသေးတာဆိုလို့ …ဟဲဟဲ….တောရိုင်းနှင်းဆီ(အဲယောင်လို့ ) ခြင်္သေ့သားနဲ့ ဥသဘ အသားဘဲ့ကျန်တော့တယ်။ …….အကြံအဖန်လုပ့်ဦးမှဘဲ့။….
နောက်နေ့ တွေမှာတော့…… ခြင်္သေ့ ထံသွားပြီး….
မြေခွေး။         ။ “သခင်ကြီး၊ ….သခင်ကြီးကို ဥသဘကြီးကပြောတယ်။ သခင်ကြီးဟာ လှလည်းမလှဘူး…..တဲ့။ အစားလည်းပုတ်တယ်တဲ့……။ အလကားဘဝင်မြင့်နေတဲ့….ပေါတာကြီး…..တဲ့….။ ကျနော်မျိုး သူ့ ကိုမခစါးချင်တော့ပါ ဘူး။… သခင်ကြီးကို ထိပါးပုတ်ခတ်ပြောလို့ …သူ့ ကို မုန်းတယ်။ ဒါပေမယ့်…မသွားဘဲနေယင်လည်း မကောင်းသေးလို့ သွားလိုက်ပါဦးမယ်။”
ပြောပြီးတော့၊ ခြင်္သေ့ ကြီး စိတ်ထိခိုက်ပြီး ငိုင်နေတုံး ဥသဘထံ သွားပြီး ဂုံးချောပြန်တယ်တဲ့။
မြေခွေး။         ။ “သခင် ဥသဘ….ခြင်္သေ့ကြီးနဲ့ ရန်ဖြစ်ထားသလား။”
ဥသဘ။         ။ “ဟယ်….တောက်တီး…တောက်တက်…။”
မြေခွေး။         ။ “ဟင်….ဒါဖြင့် ဘာလို့ လဲမသိဘူး……ခြင်္သေ့ကြီးက သခင့်ကို ပက်ပက်စက်စက်ဆဲဆိုနေပါလား။ တနေ့ တော့သူ့ အစာ ဖြစ်မယ်တဲ့…။ဘာတဲ့ …ညာတဲ့။ ရိုတ်ပေါက်က ၃၆ချက် ကနေ တချက်မှမလွတ်ဘူး။ ကျနော်မျိုးက မိတ်ဆွေချင်းဒီလိုပြောဆို
ဘို့  မကောင်းကြောင်း ပြောမိလို့ ….နင်ပါသေချင်သလား…တဲ့။”
ထိုသို့ နေ့ စဉ် ရက်ဆက် (လဟင်ညာတွေလို) ကုန်းချောသဖြင့် ခြင်္သေ့ကြီးနှင့် နွားလာဥသဘကြီးတို့  တကောင် နှင့်တကောင် မေတ္တာ တုံးလားပြီး၊ တကောင်နှင့်တကောင် အသေအလဲ ကိုက်ကြဝှေ့ ကြလေတော့သည်။
ဘုရင်နှင့်မုဆိုး တို့ ရောက်လာသောအချိန်မှာတော့….မြေခွေး ယုတ်ဟာ ခြင်္သေ့သားကိုတကိုက် စားလိုက်၊ နွားလားဥသဘ သားကိုတကိုက်စားလိုက်နဲ့ ကျေနပ့်နေတာ
ကိုတွေ့ မြင်ရလေတော့တယ်တဲ့…။
ဘုရင်ကြီး။      ။ “တွေ့ တယ်မဟုတ်လား၊ မုဆိုးကျော်ကြီး။ ဒီလိုခြင်္သေ့ကြီးနဲ့  နွားလားဥသဘကြီးတို့  တတွေသေပွဲ ဝင်ကြရတာဟာ……မ…ကိစ္စကြောင့်လဲမဟုတ်။
အစား လုကြလို့ လဲမဟုတ်ဘူး…။ ကြားက ကုန်းချော တဲ့ မြေခွေး စကားကို ယုံမိကြ
လို့ ဖြစ်ကြရတာပဲ့…။ဒီတော့ကုန်းချောစကားကို လက္ခံယုံကြည်ကြသူတိုင်းဒီလိုဘဲ့ပျက်စီးကြရဦးမှာပါဘဲ့….။အဲ…ကုန်းချောစကားကို လက်မခံ မယုံကြည် ကြသူများမှာတော့…စည်းစိမ်လဲ မလျှော့ဘူး။…အသက်လဲမဆုံးရူံးဘူး။ ဒါသင်ခန်းစာ တရပ့်ဘဲ့…မုဆိုးကြီး။”
မုဆိုး။  ။ “မှန်လှပါ..ဘုရား။”
( စတုက္ကနိပါတ်၊ စူဠကုဏာလဝဂ်၊ သန္ဓိဘေဒ ဇတ်ကို မှီးပါသည်။)
အေးအတူ ပူအမျှ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီး ငြိမ်းချမ်းစွာ မှိတင်းနေထိုင်နေခဲ့ကြသော အမိမြန်မာ နိုင်ငံတော်ကြီးဟာ အခုလို (လဟင်ညာ) လူလိမ်တွေ လူညာတွေ ပေါ်ပေါက်လာတာနှင့်အမျှ၊ ကိုယ့်အချင်းခြင်း ထကိုက်ကုန်ကြရတဲ့အဖြစ်အပျက်တွေကို သတိမူမိစေရန် ရည်ညွှန်းတင်ပြခြင်းဖြစ်ပါတယ်။
အောင်မိုး(ကနေဒါ)

Friday, December 27, 2013

“၀န်ကြီးများအား ဌာနအပိုယာဉ် သုံးစွဲခြင်းနှင့် ဇနီး၊ သားသမီးများကို မောင်းနှင်ခွင့်မပြုရန် ညွှန်ကြား”



7day Daily - Friday, December 27, 2013

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများအား ဌာနမှ အပိုယာဉ်များ ယူဆောင်သုံးစွဲခြင်း၊ ဇနီး၊ သားသမီးများကို မောင်းနှင်စေခြင်း၊ သတ်မှတ်ချက်ထက် စက်သုံးဆီ ပိုမိုသုံးစွဲခြင်း မပြုလုပ်ကြရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများသည် သတ်မှတ်ထုတ်ပေးထားသည့် ယာဉ်အရေအတွက်၊ ယာဉ်အမျိုးအစားကိုသာ မောင်းနှင်သုံးစွဲကြရန်လည်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်လက်မှတ်ဖြင့် ၀န်ကြီးဌာနများသို့ ပေးပို့သော ညွှန်ကြားလွှာတွင်ဖော်ပြထားသည်။

ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးများသည် ရုံးသုံး၊ အိမ်သုံးနှင့် ခရီးသွားရန် မော်တော်ယာဉ်သုံး စီး အဆောင်အယောင်အဖြစ် ရရှိပြီး မော်တော်ယာဉ်တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀ စီ အခမဲ့ထုတ်ယူခွင့်ရရှိထားသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်ကို အစိုးရက အကုန်အကျခံရပြီး ပြင်ပယာဉ်မောင်းသုံးဦးအတွက် လစာငွေတစ်သိန်းခန့်စီကိုလည်း အစိုးရကထုတ်ပေးရသည်။ ၀န်ကြီးတစ်ဦးစီသည် အိမ်အကူနှင့် ခြံစောင့်တစ်ဦးစီပါ ခန့်ထားခွင့်ရရှိထားပြီး ၎င်းတို့အတွက် လစာငွေကိုလည်း အစိုးရက ကျခံရသည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ တွင် ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးများသည် အဆောင်အယောင်အဖြစ် မော်တော်ယာဉ် သုံးစီး၊ ယာဉ်မောင်းသုံးဦး၊ ယာဉ်တစ်စီးလျှင် တစ်လ စက်သုံးဆီဂါလန် ၆၀ နှင့် အမှန်တကယ်ကုန်ကျမည့် စက်ဆီ၊ ချောဆီများ ခံစားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

အစိုးရအဖွဲ့၏ ညွှန်ကြားလွှာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် ပါဂျဲရိုးမော်တော်ယာဉ်သည် စက်ဘီးစီးနင်းလာသူ နှစ်ဦးကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းတွင် တိုက်မိခဲ့ရာ ယာဉ်တိုက်ခံရသူနှစ်ဦး သေဆုံးခဲ့သည်။ ထိုယာဉ်ကို စိစစ်တွေ့ရှိချက်များအရ Unique Marine Service ကုမ္ပဏီ အကြံပေးအရာရှိ Mr. Jonathan Sivapunian ကို ငှားရမ်းထားကြောင်း ဖော်ပြထားသည်။အဆိုပါဖြစ်စဉ်တွင် ၀န်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသော အဆောင်အယောင်ယာဉ်များအပြင် ဌာနပိုင်ယာဉ်ကိုပါ အပိုယာဉ်အဖြစ်သုံးစွဲနေသည်ဖြစ်၍ တိုင်ကြားမှုများရှိပါက ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ညွှန်ကြားလွှာတွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနသို့ အဆိုပါကိစ္စကို ဆက်သွယ်မေးမြန်းရာ ဌာနများပြားသည့်အတွက် ၎င်းအနေဖြင့် မသိရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ မေးမြန်းရန် တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ““ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားပါတယ်””ဟု တာဝန်ကျအရာရှိက ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စုအဆင့် ၀န်ကြီးများသို့ ပေးပို့သော အစိုးရအဖွဲ့ ညွှန်ကြားလွှာသည် မှန်ကန်ပြီး လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညာအောင်မိုးက သုံးသပ်သည်။““အသုံးစရိတ်တွေ၊ ဆီစရိတ်တွေက စာရင်းဇယားအရ သိပ်များနေတာတွေ့ရတယ်။ နောက်တစ်ခုက နေပြည်တော်မှာ ဆီမှောင်ခိုတွေ သိပ်များနေတာ တွေ့ရတယ်””ဟု ဒေါက်တာဗညားအောင်မိုးက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးတစ်ဦးအတွက် ပေးအပ်ထားသည့် စက်သုံးဆီ အသုံးစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် အခြားအသုံးစရိတ်များအတွက် ကုန်ကျခံရငွေမှာ များပြားနေပြီး အဆိုပါအသုံးစရိတ်များမှာ သာမန်အသုံးစရိတ်အတွင်း ထည့်သွင်းထားသဖြင့် လွှတ်တော်မှ ဖြတ်တောက်၍မရကြောင်း ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၁၁ ရက် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရအဖွဲ့အတွင်းဝန်ကြီးနှင့် ဒုတိယ၀န်ကြီး စုစုပေါင်း ၉၇ ဦး ရှိသည်။ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့သည် ပြင်ပယာဉ်မောင်း နှင့် ၀န်ထမ်းများအား မခန့်ထားဘဲ ၀န်ကြီးဌာနမှ ၀န်ထမ်းများကိုသာ တာဝန်ပေးစေခိုင်းပြီး လစာငွေကို ထုတ်ယူသုံးစွဲမှုများရှိနေကြောင်း နေပြည်တော်ဝန်ကြီးဌာနနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

မြန်မာလုံထိန်း ပစ်ခတ်၍ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတစ်ဦးသေဆုံး



နစကကို ဖျက်သိမ်းပြီးနောက် နယ်စပ် လုံခြုံရေး တာဝန်ကို အစားထိုး တာဝန်ယူထားသော လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ သတင်းဖေါ်ပြသည်။

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် နယ်စပ် မှတ်တိုင် ၄၄ နှင့် ၄၅ အနီးတွင် (ဒီဇင်ဘာလ ၂၅ ရက်) ယမန်နေ့ နေ့လည်ပိုင်းက မြန်မာလုံးထိန်းတပ်ဖွဲ့မှ ပစ်ခတ်သည့်အတွက် ၎င်းဘင်္ဂလီအမျိုးသားမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်းဆိုသည်။

သေဆုံးသွားသူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်ကျောက်ဆိုးရီမြို့နယ်မှ မစ္စတာ ဂီယာအုံဒိန် (၂၇) နှစ် ဆိုသူ ဖြစ်ပြီး မြန်မာနိုင်ငံထဲ သစ်ခုတ်ရန် ၀င်ရောက်စဉ် နယ်ခြားစောင့် လုံထိန်းတပ်ဖွဲ့မှ ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Dainik coxsbazar News တွင် သတင်း ဖေါ်ပြသည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦး ပစ်သတ်ခံရသည့်အတွက် ဘင်္ဂလာဒေခ်ျ့ BGB နယ်ခြားစောင့် အမှတ် ၃၁ တပ်ရင်းမှ မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ပြီး ဖြေရှင်းရန် စီစဉ်နေကြောင်း ၎င်းသတင်းက ဆိုသည်။

ယခု ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး နယ်စပ်တွင် ပစ်ခတ်ခံရ၍ သေဆုံးမူသည် လုံထိန်းတပ်ဖွဲ့ တာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ


Aye Chan Mon# Credit To:ခေတ်သတင်း > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - ဒဿမပိုင်း


December 26, 2013 at 9:32pm
ယခင်လမှအဆက်

ဒီအေဘီ စင်ပြိုင်အစိုးရဖွဲ့ရန် အကြံ
ဒီအေဘီ အစည်းအဝေးပြီးနောက် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒီအေဘီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား သဘာပတိ တည်းခိုရာစခန်းတွင် ကျင်းပရာ ကျွန်တော် အပါအဝင် ဒီအေဘီ ဥက္ကဋ္ဌကြီးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဒီမိုကရေစီရရှိရန်အတွက် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းတည်ထောင်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းအဖြစ် သဘောတူခဲ့ကြပါသည်။
ထို့အတူ ယခင်က အဆက်အသွယ် မလုပ်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီအား ကြေးနန်းဖြင့် ပထမအဆင့်အနေဖြင့် ဆက်သွယ်၍သော်လည်းကောင်း လိုအပ်ပါက လူလွှတ်၍သော်လည်းကောင်း ဆက်သွယ်ရန် သဘောတူခဲ့ကြပါသည်။
ထို့အပြင် ABSDF ကျောင်းသားစခန်းများရှိ ကျောင်းသားရဲဘော်များ၏ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် ကျွန်တော်နှင့် ကိုသန်းဝင်း အပါအဝင် KNU မှ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီး စိုးစိုး၊ ဦးတင်မောင်ဝင်းတို့နှင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။  အောက်ဖော်ပြပါ ထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွင် ကြည့်ရှုနိုင်ပါသည်။





ထိပ်တန်းလျှို့ဝှက်

၂၉-၁၁-၈၈

ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား သဘာပတီတည်းခိုစခန်းတွင် ကျင်းပရာ အောက်ပါပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ အချို့ (စီအီးစီ) ပုဂ္ဂိုလ်များမှာ ၎င်းတို့ပါဝင်သော သီးခြားကော်မတီများ၌ ဆွေးနွေးမှုများ ပြုလုပ်ရန် တာဝန်ပေးထားသဖြင့် မတက်ရောက်နိုင်ပါ။

တက်ရောက်သူများမှာ-
(၁) ဗိုလ်ချုပ်ကြီး - မြ (သဘာပတိ)
(၂) ဥက္ကဋ္ဌကြီး - ဘရမ်ဆိုင်း
(၃) ဥက္ကဋ္ဌကြီး - နိုင်ရွှေကျင်
(၄) ဥက္ကဋ္ဌကြီး - ဗိုလ်ချုပ်ကြီးသွင်
(၅) အထွေထွေအတွင်းရေးမှူး - ကိုတင်မောင်ဝင်း
(၆) ဗိုလ်မှူးကြီးမောင်မောင် - စစ်ရေးကော်မတီအတွင်းရေးမှူး
(၇) ဗိုလ်မှူးကြီးဇော်ဆိုင်း - စစ်ရေးကော်မတီတွဲဘက်အတွင်းရေးမှူး
(၈) ဗိုလ်ချုပ်တာမလာ တို့ ဖြစ်ကြပါသည်။

(၁) အစည်းအဝေးအားခေါ်ဆိုရကြောင်းနှင့် ဆွေးနွေးမည့်အကြောင်းအရာများကို အတွင်ရေးမှူး တင်မောင်ဝင်းက ဆွေးနွေးတင်ပြပါသည်။
(၂) ကေအိုင်အို အဖွဲ့မှတင်ပြသောလက်တွေ့လုပ်ဆောင်ရမည့် ပြင်ဆင်သတ်မှတ်အတည်ပြုပေးရန် “မ-ဒ-မ-ခ” ၏ လုပ်ငန်းစီမံကိန်း၊ စီမံကိန်းစာတမ်းကို တင်ပြဆွေးနွေးကြပါတယ်။
(၃) ၎င်းစာတမ်းအား မူကြမ်းအဖြစ် လက်ခံကြပြီး ဆက်လက်ဆွေးနွေးကြပါသည်။
(၄) ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အောက်ပါအတိုင်း ဆုံးဖြတ်ကြပါသည်။
(က) စောမောင်စစ်အုပ်စု၏ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲအား (မ-ဒ-မ-ခ) အနေနှင့် လုံးဝအယုံအကြည် မရှိသည့်အပြင်၊ ပြည်သူလူထုဆန္ဒနှင့်လည်း လုံးဝဆန့်ကျင်သည့်အတွက် ဆန့်ကျင်သွားမည်ဟု ဆုံးဖြတ်သည်။
(ခ) အများပြည်သူအနေနှင့် လက်ခံနိုင်သော ကြားဖြတ်အစိုးရအနေနှင့် ပြုလုပ်ကျင်းပမှသာလျှင် တရားမျှတပြီး၊ ပြည်သူတရပ်လုံး လိုလားသည့် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးနိုင်သောအစိုးရ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် စစ်မှန်သော အများပြည်သူ ထောက်ခံနိုင်သည့် ကြားဖြတ်အစိုးရအခု ပေါ်ပေါက်ရေးအတွက် ထောက်ခံသည်။ ထိုနည်းတူစွာ (မ-ဒ-
မ-ခ) အနေနှင့် ကြိုးစား/ကူညီအားထုတ်သွားမည်ဟု ဆုံးဖြတ်သည်။
(ဂ) မ-ဒ-မ-ခသည် ပြည်တွင်း၌ရှိသော ဒီမိုကရေးစီအင်အားစုအားလုံးအနေနှင့် စောမောင်စစ်အုပ်စုအား ဖယ်ရှား ရန်တိုက်ခိုက်နေပြီး ဒီမိုကရေစီအခွင့်အရေးများ ရရှိရေးအတွက် တိုက်ပွဲဝင်နေသရွေ့ ကာလပတ်လုံး အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် - ပြည်တွင်း၌ရှိသော အဓိကကျသော အတိုက်အခံအင်အားစုများသည်၊ စစ်အုပ်စုအား ဖယ်ရှားပစ်ရေးအတွက်၊ ပြည်သူတရပ်လုံး လိုလားတောင့်တသောကြားဖြတ်အစိုးရဖွဲ့စည်းရေးတွင် နှောင့်နှေးနေရုံတွင်မက လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်သည်ကို တွေ့ရသဖြင့် (မ-ဒ-မ-ခ) အနေနှင့် ပြည်သူများ၏ကိုယ်စား စိတ်မချမ်းသာမှုဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ရန်သူစောမောင်စစ်အုပ်စု၏ နေ့စဉ်ရက်ဆက်သတ်ဖြတ်နေသော အပြုအမူများကို (မ-ဒ-မ-ခ) အနေနှင့် နေမြင့်လေး၊ အရူးရင့်လေဆိုသည့် အခြေအနေမျိုးကို ကြာမြင့်စွာ လက်ပိုက်ကြည့်နေ၍ မဖြစ်ဟု ယူဆဆုံးဖြတ်သည်။


ထိပ်တန်းလျှို့ဝှက်
-၂ -

ပြည်သူ့လှုပ်ရှားမှု အချိန်မြင့်မားနေချိန်ဝယ် ပြည်တွင်းရှိ အဓိကကျသော ဒီမိုကရေစီအင်အားစုများသည် ၎င်းတို့အချင်းချင်း ညီညွတ်ရေးကို အကောင်အထည် မဖော်နိုင်ပါက (မ-ဒ-မ-ခ) အနေဖြင့် ဒီမိုကရေစီတို့ လိုလားသော၊ ပြည်သူလူထု တစ်ရပ်လုံးနှင့် ပူးပေါင်းကာ၊ တိုင်းပြည်အကျိုးစီးပွားကို ရှေ့မှု၍ - “စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းတည်ထောင်ရန်” တခုတည်းသောနည်းလမ်းသာ ရှိပေတော့သည်ဟု ယုံကြည်သည်။

(၅) ဆက်လက်၍ ဗဟိုကော်မတီအစည်းအဝေးကျင်းပရာတွင် (မ-ဒ-မ-ခ) ၏ လုပ်ငန်းစီမံကိန်းစာတမ်း ဆွေးနွေးသည်။ ဗကပအား ဆက်သွယ်ရန် ပထမအဆင့်အနေဖြင့် - (က/န) ဖြင့်လည်းကောင်း၊ လိုအပ်ပါက လူလွှတ်၍လည်းကောင်း သဘောတူကြသည်။

(၆) တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသော၊ ကျောင်းသူ/ ကျောင်းသားများ၏ လုပ်ငန်းဆောင်တာများအား ဆောင်ရွက်ပေးရန်အတွက် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်-

(၁) ဗိုလ်ချုပ် - ရွှေဆိုင်း
(၂) ဗိုလ်မှူးကြီး - စိုးစိုး
(၃) ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး (မ-ဒ-မ-ခ)
(၄) ဆရာဦးမြင့်လှိုင် - ကျောင်းဆရာများအဖွဲ့
(၅) ကိုဇော်ထွန်း - ဗကသ
(၆) ကျောင်းသားကိုယ်စားလှယ်  (၁) ကိုထွန်းအောင်ကျော် (အေဘီအက်စ်ဒီအက်ဖ်)
(၇) ကျောင်းသားကိုယ်စားလှယ်  (၂) ကိုသန်းဝင်း (အေဘီအက်စ်ဒီအက်ဖ်)
(၈) ဗိုလ်မှူးကြီးမောင်မောင်၊ စစ်ရေးကော်မတီ (မ-ဒ-မ-ခ)
(၉) ခိုင်မျိုးဝင်း
(၁၀) နိုင်အောင်တင် (မွန်ပြည်သစ်)

မှတ်ချက်။ ဒီအေဘီ ထိပ်တန်းလျှို့ဝှက်ချက်မှတ်တမ်းကို အများဖတ်ရှုနိုင်ရန် စာလုံးပေါင်းသတ်ပုံမှအစ မူလစာသားအတိုင်း ရိုက်ထားသည်။


ဒီအေဘီကွန်မန်ဒိုသင်တန်းဆင်းပွဲ၌အမှတ်တရ
ABSDF စစ်ဝတ်စုံနှင့် ကျွန်တော်၊ ကာနယ်အလ်ဘလူးနှင့် ဆန်နီမရင်ဒါ (၁၉၈၉ ခုနှစ်၊ မတ်လအတွင်း)


ဒီအေဘီ ကွန်မန်ဒီအထူးသင်တန်းဆင်းပွဲ၌ အမှတ်တရ
ဝဲမှယာ။ အလံအလည်တည့်တည့် လေးဦးမြောက်က ကျွန်တော်၊ ကျွန်တော့်ညာဖက်ဘေးက လွယ်အိပ်နှင့်သူက ညီညီလွင် [ယမဓေါ ဦးအောင်စိန်၏သားမက်] (၃၀၃) ကရင်နီနယ်မြေ ABSDF၊ ကပ်ရက်မှသူမှာ အဘ (၃၀၃) ဟု အတိုကောက်ခေါ်သည်။
ရှေ့တွင်ထိုင်နေသော ဘယ်ဘက်မှ နှစ်ဦးမြောက် ပေါင်ပေါ်လက်ထောက်ထားသူမှာ ဌေးတင့် (နယ်သာလန်) ဖြစ်သည်။ ကျန်သူများမှ လုံခြုံရေးအရ အမည်မသိ။
[မှတ်ချက်။ အမည်သိရှိသူများ အကြောင်းကြားပေးပါက ဖြည့်စွက်ပေးပါမည်။]



ဒီအေဘီ ကွန်မန်ဒီအထူးသင်တန်းဆင်းပွဲ၌ အမှတ်တရ
မှတ်ချက်။ ထူးချွန်သင်တန်းသားများနှင့် တွဲရိုက်ထားခြင်းဖြစ်သည်။ အားလုံးက တပ်ရင်းတစ်ခုဆီမှ ၅ ယောက်လာသည့်အတွက် အမည်ရင်းများ ပြောခွင့်မရှိ။ သင်တန်းပြီးသည့်အခါ ပြည်တွင်းသို့ ယူဂျီ ဝင်ကြရမည်ဖြစ်သည့်အတွက် လုံခြုံရေးအရ ကိုယ်ရေးကိုယ်တာများ မေးခွင့်မရှိ။ နံနက် ၆ နာရီက စ၍ ပီတီပြေးပြီး တန်းစီကာ ယူနီဖေါင်းဝတ်၊ စစ်သင်တန်းတက်ပြီး နောက်ဆုံး အချိန်ကျလျှင် ကြိုးတက်ကြရသည်။ ကြိုးတက်ပြီးလျှင် တစ်ယောက်တစ်လှည့် လည်ပင်းကိုညှစ်၍ သတိမေ့ သွားသည်အထိ အသံတိတ်လူသတ်သည့်လေ့ကျင့်ခန်းကို ထပ်ကာတလဲလဲ လေ့ကျင့်ရသည်။ ယင်းသင်တန်းတွင် သတိမမေ့ဖူးသူ တစ်ယောက်မျှမရှိ။ လက်နက်ကိုင် တိုက်ပွဲအတွက် သေရဲသည်၊ သတ်ရဲသည်ဆိုသည့် စိတ်ဓါတ်ဝင်သွားအောင် လေ့ကျင့်ပေးခြင်း ဖြစ်သည်။


မာနယ်ပလောဌာနချုပ်တွင် အမှတ်တရ
ဝဲမှယာ။ ထွန်းအောင်ကျော်၊ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်း၊ ဦးတင်မောင်ဝင်း
  
မာနယ်ပလောဌာနချုပ်တွင် အမှတ်တရ
ဝဲမှယာ။ ထွန်းအောင်ကျော်၊ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်း

ခရက်ဒေးစခန်းရှိအတွေ့အကြုံနှစ်ခု 
ခရက်ဒေးစခန်းတွင်ရှိ ကျောင်းသားများ စစ်သင်တန်းတက်နေသည်ကို သွားရောက်လေ့လာသောအခါ စိမ်ခေါ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ကေအင်ယူသင်တန်းဆရာက ကျွန်တော့်အား သေနတ်ပစ်ပြိုင်ရန် စိန်ခေါ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်က တက္ကသိုလ်အရံတပ်ရင်းသို့ ဝင်ရောက်ပြီး စစ်သင်တန်းတက်ရန် စိတ်ဝင်စားခဲ့သော်လည်း ဘူမိဗေဒဘာသာ အဓိကယူထားသဖြင့် နွေကျောင်းပိတ်ရက်တွင် ဘူမိဗေဒကျောင်းသားများ ကွင်းဆင်းရခြင်းကြောင့် ဝင်ခွင့် မရခဲ့ပါ။ ထိုကြောင့် ရိုင်ဖယ်၊ ဂျီသရီး၊ အမ် ၁၆၊ အေကေ ၄၇ တို့ကို ပစ်ခတ်ခဲ့ဖူးသည့် အတွေ့အကြုံ ကျွန်တော့်တွင် မရှိပါ။

သို့သော်လည်း သာယာဝတီသို့ သွားလည်တိုင်း ကျွန်တော့်ဘကြီး၏ လေသေနပ်ကို ကောင်းကောင်း ပစ်ခတ်ခဲ့ဖူးပါသည်၊ ငယ်သူငယ်ချင်း ရဲမြင့်သိန်းနှင့်လည်း တံတားဖြူနောက်ဖက် ရေကန်တွင်းရှိ တလားပီးယားငါးများကို လေသေနတ်ဖြင့် ပစ်ခတ်ဖမ်းဖူးပါသည်။ ထိုအတွေ့အကြုံလေးနှင့် ကျွန်တော်က စိန်ခေါ်မှုကို လက်ခံလိုက်သည်။ကရင်ဆရာက နို့ဆီဗူးထောင်ပြီး ပေ ၁၅၀ ခန့် အကွာမှ ပစ်ရန်လုပ်ကြသည်။ သုံးချက်ပစ်ရန် သဘောတူကြသည်။ သူက ပထမဆုံး ပစ်သည်။ သူ့ပထမဆုံးပစ်ချက်က လွဲချော်သွားသည်။ နောက်တချက် ထပ်ပစ်တော့ ထိသွားသည်။ သုံးချက်မြောက်လည်း ကပ်လွဲသွားသဖြင့် သူက သုံးချက်တွင် တစ်ချက်မှန်သည်။ ကျွန်တော့်အလှည့်ရောက်လာသည်၊ ကျွန်တော်က အမ် ၁၆ ရိုင်ဖယ်နှင့်ပစ်ရန် ရွေးလိုက်သည်။ ပြစ်မှတ်နို့ဆီခွက်ကို သေချာချိန်၍ ပစ်လိုက်သည်။ ဖေါင်းကနဲ ယမ်းပေါက်ကွဲ ထွက်သွားသံနှင့် အတူ နို့ဆီခွက်က လေထဲတွင် လွင့်ထွက်သွားသည်။ ကျောင်းသားလေးတစ်ယောက်က “ငါတို့ဥက္ကဋ္ဌပစ်တာ ထိတယ်ကွ” ဟုအော်ပြေးပြီး နို့ဆီခွက်ကို ကောက်ပြီး ယူလာခဲ့သည်။ ကြည့်လိုက်တော့ နို့ဆီခွက်တွင် ဘေးတိုက် အပေါက်နှစ်ပေါက် ဖြစ်နေသည်။ ကရင်သင်တန်းဆရာက ကြည့်ပြီး “ခင်ဗျား ဘယ်လိုလုပ် ပစ်လိုက်သလဲ”ဟု တအံ့တသြနှင့်မေးသည်။ ကျွန်တော်ကပြုံးပြီး ပခုံးတွန့်ပြလိုက်သည်။ ထူးထူးဆန်းဆန်း တစ်ချက်တည်းနှင့် နှစ်ပေါက်၊ ပေါက်သွားသဖြင့် ကျွန်တော်လည်း အံ့သြသွားမိသည်။

နောက်တစ်ခုမှာ ကျွန်တော်ရေချိုးသွားစဉ် အသားဖြူဖြု တရုတ်ကပြားရုပ်ပေါက်သောသူတစ်ယောက်က ကျွန်တော့်ကို သူ့ကိုယ်သူ သေ့ဘောဘိုး၊ မိုးကဲစခန်းမှ တပ်ရင်းမှူး တင်မောင်ဆန်းဖြစ်ကြောင်း လာရောက် မိတ်ဆက်ခြင်း ဖြစ်သည်။ သူက “ကိုထွန်းအောင်ကျော် ကျွန်တော်နဲ့ အောင်နိုင်ဟာ ငယ်သူငယ်ချင်းတွေပါ၊ ဒါပေမယ့် ခင်ဗျားမှန်ရင် ခင်ဗျားဘက်က ကျွန်တော်ရပ်ဖို့ ဝန်မလေးဘူး၊ ခင်ဗျားမိဘတွေကိုလည်း ကျွန်တော့်မိဘတွေက သိတယ်ပြောပါတယ်။ ကျွန်တော် အောင်နိုင့်နေရာ တွဲဖက်အထွေထွေအတွင်းရေးမှူး နေရာကိုရရင် ခင်ဗျားဘယ်လို သဘောထားမလဲ၊ ခင်ဗျား သဘောတူလား” ဟု ထူးထူးဆန်းဆန်း မေးလာခဲ့သဖြင့် အံ့သြသွားမိခဲ့သည်။ ကျွန်တော်က “ခင်ဗျားကို အတွင်းရေးမှူးခန့်ဖို့လည်း ကျွန်တော့်မှာ အာဏာမရှိဘူး၊ ဒီလိုနေရာမျိုးက ညီလာခံကနေရွေးချယ်မှရတာ၊ ဒါကြောင့် ညီလာခံကနေ ခင်ဗျားကို အတွင်းရေမှုးပဲခန့်ခန့်၊ ဥက္ကဋ္ဌပဲခန့်ခန့် ကျွန်တော့်မှာ ဘာမှငြင်းစရာမရှိဘူး” လို့ ပြန်ပြောခဲ့သည်။ သူက “ညီလာခံက ရွေးတာ ကျွန်တော်ကြည့်လုပ်ပါ့မယ် ပြဿနာမရှိပါဘူး။ ခင်ဗျားသဘောထားကိုသာ သိချင်တာပါ” လို့ ထပ်ပြောတဲ့အတွက် “အားလုံး သဘောတူရွေးတဲ့သူမှန်သမျှကို ကျွန်တော်က ဘာမှကန့်ကွက်စရာမရှိ ကြောင်း” ပြောပြီးနောက် သူက “ဒီလိုဆိုရင် ကျွန်တော်ကျေနပ်တယ်” ဟု ပြောပြီး ပြန်ထွက်သွားခဲ့သည်။ တစ်ချိန်တွင် ကိုအောင်နိုင်၏ငယ်သူငယ်ချင်း တင်မောင်ဆန်းသည် ကျွန်တော့်အား ရန်သူအဖြစ်သတ်မှတ်၍ ပြဿနာအမျိုးမျိုးရှာပြီး တိုက်ခိုက်လာလိမ့်မည်ဟု ထိုစဉ်က မရိပ်စားမိခဲ့ချေ။ နောင်တွင် တင်မောင်ဆန်းသည် DSA မေမြို့စစ်တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျောင်းထုတ်ခံရသူဖြစ်ပြီး ကျောင်းသားများက သူ့အားစစ်ရေး အတွေ့အကြုံရှိသူအဖြစ် အားကိုးကာ တပ်ရင်းမှူးအဖြစ် တင်ထားသူဖြစ်ကြောင်းသိရသည်။

ရကသမှထုတ်ပြန်သည့်စာ 
ခရက်ဒေးစခန်းတွင်ဒီအေဘီဖွဲ့ပြီးနောက် ကိုသန်းဝင်းနှင့် သူ၏ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ရဲဘော်များ စုဝေးတိုင်ပင်ကြပြီး ပြည်တွင်းရှိ ရကသရဲဘော်များကို ကိုသန်းဝင်းတစ်ယောက် အေဘီအက်ဒီအက်စ် အဖွဲ့ကြီးတွင် အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရကြောင်းနှင့် ဒီအေဘီ အဖွဲ့ကြီးတွင်လည်း တွဲဘက်(၂) အဖြစ် အရွေးခံရကြောင်းကို ပြည်တွင်းမှ စောင့်မျှော်နေသော ရဲဘော်များ အားတက်စေရန် စာရေးသားထုတ်ပြန်ခဲ့ပြီး ကျွန်တော့်အား ပြသခဲ့သည်။ ထိုလုပ်ရပ်သည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သဖြင့် ကျွန်တော်က ကန့်ကွက်ခဲ့ခြင်း မပြုခဲ့ပေ။ သို့ရာတွင် ကိုဝင်းမိုးနှင့် ကိုအောင်နိုင်တို့မှ ထိုလုပ်ရပ်ကို အကြီးအကျယ် ဒေါသထွက်ပြီး ဤစာကို ကိုသန်းဝင်းက ဘာကြောင့်ဖြန့်ရသနည်းဟု ကျွန်တော့်ရှေ့တွင် လာရောက်မေးမြန်းခဲ့ကြပြီး ကိုသန်းဝင်းကလည်း သူ့ရဲဘော်များက ထုတ်ဝေလိုသဖြင့် ခွင့်ပြုလိုက်ကြောင်း ပြန်လည်ချေပခဲ့ပြီး တစ်ဖက်လုပ်သမျှကို တစ်ဖက်မှ ဘယ်လိုမှ အကောင်းမထင်ဘဲ ဖြစ်နေကြလေသည်။



R.U.S.U
Revolutiona Area
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
တော်လှန်ရေးနယ်မြေ
နေ့စွဲ။ ၁၆-၁၂-၈၈
ကျွန်ုပ်တို့ တော်လှန်ရေးနယ်မြေရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် ပြည်တွင်းရှိ (ရ၊ က၊ သ) ညီ နောင်များသို့ အကြောင်းကြားအပ်ပါသည်။
ကျွန်ုပ်တို့ ထိုင်း၊ မြန်မာနယ်စက်တစ်လျှောက်ရှိ တော်လှန်ရေးနယ်မြေတွင် ကျွန်ုပ်တို့ (ရ၊ က၊ သ) အဖွဲ့ဝင်များနှင့် ကျောင်းသူ၊ ကျောင်းသား ရဟန်းရှင်လူပြည်သူများတို့သည် စစ်စခန်းများတည်ဆောက်၊ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လျက်ရှိသည်။
စစ်စခန်းများမှနေ၍ ကိုယ်စားလှယ်များဖြင့် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) (All Burma Students’ Democratic Front) ကို (၇/၁၁/၈၈) နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ (မှတ်ချက်။ ၎င်းရက်စွဲသည် မှားနေပြီး အမှန်မှာ (၅/၁၁/၈၈) ရက်နေ့ဖြစ်သည်။ ကိုသန်းဝင်း၏ရဲဘော်များက ရေးချင်ဇောဖြင့် ကမန်းကတန်းရေးရာ၌ မှားသွားပုံရသည်။) ၎င်း (ABSDF) တွင် ကျွန်ုပ်တို့ ရ၊ က၊ သ မှ (ကိုသန်းဝင်း) မှာ အတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။
၎င်း (ABSDF) အဖွဲ့ကြီးအနေဖြင့် မည်သည့်ပါတီ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ သြဇာခံ လက်အောက်ခံမဟုတ်ဘဲ ဘုံရန်သူ မ၊ ဆ၊ လ စစ်အစိုးရ ပြုတ်ကျရေးအတွက် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူလက်တွဲကာ နိုင်ငံခြားအကူအညီ ရရှိရေး၊ စစ်ရေးတည်ဆောက်မှုများခိုင်မာရေး၊ တော်လှန်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်လှန်ရေး အင်အားစုများသည် (ကျောင်းသားတော်လှန်ရေးတွင် ပြောင်မြောက်စွာပါဝင်လာခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့်) တိုင်းရင်းသား အင်အားစု (၂၃) ဖွဲ့သည် သွေးစည်းညီညွတ်လက်တွဲကာ (၁၆/၁၁/၈၈) ရက်နေ့တွင် ပြည်လုံးဆိုင်ရာ အစိုးရဆန့်ကျင်ရေးညီလာခံကြီးကို ကျင်းပကာ (မြန်မာနိုင်ငံဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်) (Democratic Alliance of Burma) ကို ဖွဲ့စည်းလိုက်ကြသည်။

၎င်းမဟာမိတ်အဖွဲ့ချုပ်ကြီးတွင် ကျွန်ုပ်တို့ (ABSDF) အဖွဲ့သည်လည်း ပါဝင်ခဲ့ကြသည်။ ၎င်း (DBA) အဖွဲ့ချုပ်ကြီးတွင် ရ၊ က၊ သ မှ ကိုသန်းဝင်းသည် တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ်၎င်း၊ စည်းရုံးရေးတွင် ကိုဇော်ရဲထွဋ်နှင့် ရ၊ က၊ သ အဖွဲ့ဝင်များသည်၎င်း တာဝန်ယူခဲ့ကြသည်။
ကျွန်ုပ်တို့ (ABSDF) အနေဖြင့် (D.A.B) သို့ ဝင်ရောက်ခဲ့ခြင်းမှာ၊ စစ်မှန်သောဒီမိုကရေစီရရှိရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအေး၊ တိုင်းရင်းသားထုတစ်ရပ်လုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီဝါဒကို အခြေခံ၍ တည်ဆောက်ထားသော ကမ္ဘာ့အဆင့်မှီတိုးတက်သည့်စက်မှုနိုင်ငံဖြစ်ရေးကို ဦးတည်ရာတွင် တိုင်းရင်းသားညီနောင်များနှင့် လက်တွဲကာ တော်လှန်ရေးကို သွေးစည်းညီညွတ်စွာဖြင့် မဟာမိတ်ပြု တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် မကြာသောကာလတွင် တိုင်းရင်းသားပြည်သူတရပ်လုံးနင့် နိုင်ငံအညွှန့်အဖူးများအား အာဏာရှင်အုပ်စိုးသူ လူနည်းစုအကျိုးအတွက် လူမှုအခွင့်အရေးဖောက်ဖျက်၍ ရက်စက်စွာ ကြမ်းကြုပ်သော နိုင်ငံရှိ မ၊ ဆ၊ လ အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများအား၎င်း လက်ပါးစေ ဗျူရိုကရက်၊ လူတစု အကျိုးစီးပွားအတွက် အမည်အမျိုးမျိုးဖြင့် လှည့်စား၍ ထပ်မံဖွဲ့စည်းထားသော အဖွဲ့အစည်းများအား၎င်း စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းမှ သွေဖီသည့် မည်သည့်တပါတီ အာဏာရှင်စံနစ်မျိုးကိုမဆို၊ ကျွန်ုပ်တို့သည် အခြေအမြစ်မှစ၍ သုတ်သင်ခြေမှုန်းသွားမည်ဖြစ်ကြောင်း၊ အောင်မြင်သော တော်လှန်ရေးကြီးကို ဆင်နွှဲမည်ဖြစ်ပါကြောင်း ပြည်တွင်းရှိ တော်လှန်ရေး ရဲဘော်အပေါင်းအား သိစေအပ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
တော်လှန်ရေးနယ်မြေ
မှတ်ချက်။ အထက်ဖော်ပြပါ ကြေညာချက်ကို အများဖတ်ရှုနိုင်ရန် မူရင်းစာသားအတိုင်း ရိုက်ပေးထားသည်။

နောက်အပတ် ဆက်လက်ဖော်ပြပါမည်။

သူ့အတွေး သူ့အမြင်

ပီကင်းအိုလံပစ် အသေးစားလို့
သတ်မှတ်လို့ ရနိုင်တဲ့ Sea Games
ပြိုင်ပွဲကြီး ပြီး တဲ့ နောက်ပိုင်းမှာ မြစ်ဆုံ
စီမံကိန်းနဲ့ ပါတ်သက်တဲ့ အသံတွေ
ပြန်လည်ပြီး ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်လာတာကို တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ
သက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို
ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပေမယ့်
မြစ်ဆုံပြဿနာကို ပြတ်ပြတ်သားသား
ဖြေရှင်းခဲ့တာမျိုး မဟုတ်ပဲ ၂၀၁၅
နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် အစိုးရ
နှင့် လွှတ်တော်လက်ထဲကို ထိုးထည့်ခဲ့ခြင်း
သည်သာလျှင် ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းတွေကို အခွင့်
ကောင်းယူပြီး ဦးသိန်းစိန်အစိုးရရဲ့ အကူ
အညီနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
စီမံကိန်းတွေကို အောင်မြင်စွာ အကောင်
်အထည် ဖေါ်သွားနိုင်ခဲ့တယ်။ ဒါ့အပြင်
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့အတွက်
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့
သေချာနေတဲ့ NLD ပါတီက ပါတီဝင်
အချို့ကို တရုတ်နိုင်ငံသို့ မကြာခဏ
ဖိတ်ခေါ်ပြီး ချဉ်းကပ်မှု ပြုလုပ်နေသလို
၈၈ မျိုးဆက် အဖွဲ့ကိုပါ ဖိတ်ခေါ်ခဲ့တာ
တွေ့ရတယ်။
၈၈ အဖွဲ့ကတော့ မြစ်ဆုံစီမံကိန်း ပြန်စဖို့
ကို ဆန့်ကျင်တဲ့အကြောင်း အခိုင်အမာ
ပြောဆိုခဲ့တာ တွေ့ရတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့
ပါတ်သက်ပြီး နိုင်ငံတကာ နဲ့ ပါတ်သက်တဲ့
စာချုပ်စာတမ်းတွေကို လေးစားလိုက်နာ
ကြဖို့ လိုတဲ့အကြောင်း ဒေါ်အောင်ဆန်း
စုကြည် ပြောဆိုခဲ့တဲ့ စကားကို သံယောင်
လိုက်ကာ တရုတ်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်
အချို့က မြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်လို့
နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာ
ကြဖို့ လိုတဲ့အကြောင်း ဆီးဂိမ်းပွဲ နောက်ပိုင်း
မှာ ပြန်ပြီး ကျယ်ကျယ်လောင်လောင်
အော်ဟစ်လာကြတာကို တွေ့ရပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံတကာနဲ့ ပါတ်သက်တဲ့
စာချုပ်စာတမ်းတွေ ၊ ဥပဒေတွေကို လေးစား
လိုက်နာကြရမယ်ဆိုတာ မှန်ပေမယ့်
စာချုပ်တွေကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့တဲ့
နအဖ စစ်အစိုးရဟာ ပြည်သူတွေက
တရားဝင် ရွေးချယ် တင်မြှောက်ထားတဲ့
တရားဝင် အစိုးရမဟုတ်ဘူးဆိုတာကိုတော့
တရုတ်ဖက်က မသိချင်ယောင်ဆောင်နေ
ခဲ့တာ တွေ့ရတယ်။

စစ်အာဏာရှင် ကဒါဖီ အစိုးရ ပြုတ်ကျဖို့
ရက်ပိုင်းအလိုမှာ တရုတ်ရေနံကုမ္ပဏီအချို့
ဟာ တကမ္ဘာလုံးက သြချရလောက်အောင်
မျက်နှာပြောင်တိုက်ပြီး ကဒါဖီအစိုးရနဲ့
စီးပွားရေးအကျိုးတူ စာချုပ်တွေ ပြေးပြီး
ချုပ်ဆိုခဲ့တာ မှတ်မိကြမယ်လို့ ထင်ပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ
ကျင့်ထုံးတွေကို လိုက်နာဖို့ တရုတ်အစိုးရ
အနေနဲ့ အော်နေမယ့်အစား ပိုပြီးတော့
အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်တဲ့ ရေနံစာချုပ်
တွေအတွက် လက်ရှိ လစ်ဗျားအစိုးရကို
သွားအော်တာက တရုတ်နိုင်ငံအတွက်
ပိုပြီးတော့ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။