Monday, December 23, 2013

FIFA World Cup ဆုဖလားကြီး သုဝဏ္ဏအားကစားကွင်း သို့ ရောက်ရှိ ပြသရာတွင် အစီအစဉ်ပေါင်း များစွာ ထည့်သွင်း ကျင်းပသွားမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၃

ဘောလုံး လောကတွင် ဂုဏ်ရှိန် ထည်ဝါမှု အမြင့်မားဆုံး ဖြစ်သည့် FIFA ကမ္ဘာ့ဖလား ကြီးကို ဒီဇင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း၌ ပရိသတ်များ ကို ပြသရာတွင် အစီအစဉ် ပေါင်းများစွာ ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သို့ ပထမဆုံး အကြိမ် ယူဆောင် လာမည့် FIFA ကမ္ဘာ့ဖလားကြီး နှင့် မြန်မာ ပရိသတ် တွေ့ဆုံပွဲတွင် မြန်မာ ပရိသတ်ပေါင်း ၁၆၀၀၀ ကျော် ပါဝင် ဆင်နွှဲမည် ဟု မျှော်မှန်း ထားပြီး ပွဲသို့ တက်ရောက်သူ များအနေဖြင့် ကမ္ဘာ့ဖလား ကို အနီးကပ် ကြည့်ရှု နိုင်မည့်အပြင် ကမ္ဘာ့ဖလား နှင့်အတူ ဓာတ်ပုံများ ရိုက်ယူ နိုင်ကြပြီး အံ့သြ မင်တက် လောက်မည့် 3D ဟော်လိုဂရမ် တင်ဆက်မှု များ ၊ ကစားပွဲ အစီအစဉ်များ ၊ ဂီတ ဖျော်ဖြေ တင်ဆက်မှုများ ၊ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းနှင့် တွေ့ဆုံ နှုတ်ဆက် နိုင်မည့် အစီအစဉ် များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများ မျှော်လင့် စောင့်စား နေကြသော 2014 FIFA World Cup ၏ ဆုဖလား ခရီးစဉ် အတွင်း ကမ္ဘာ တစ်ဝန်းမှ လူတစ်သန်းကျော် သည် ဘောလုံး လောက၏ တန်ဖိုး အထားဆုံး ဆုတစ်ဆု ကို ကိုယ်တိုင် မြင်တွေ့ခွင့် ရရှိမည် ဖြစ်ကာ ယင်း ဆုဖလားကို ယခင်က တစ်ကြိမ်မှ လက်ခံ ပြသခဲ့ ဖူးခြင်း မရှိသေးသော မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၅၀ သို့ ပထမဆုံး အကြိမ် လှည့်လည်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Credit = Themyawadydaily

Aye Chan Mon# Credit To: Football Café> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments: