Monday, December 23, 2013

AK 47

 
 
ကမ္ဘာပေါ်မှာ သေနတ်အမျိုးစားပေါင်း များစွာရှိတဲ့အထဲမှာ နာမည်အကျော်ဆုံး လူသုံးအများဆုံး သေနတ်ကိုပြောပါဆိုရင် AK 47 ဆိုတဲ့ သေနတ်ကို လက်ညိုးထိုးပြရမှာပဲ။ မောင်းပြန်ခြေမှုန်းရေးရိုင်ဖယ်လို့ ဆိုတဲ့ ဒီ AK 47 ကို မီခေးလ် ကလပ်ရှ်နီကော့ဗ် ဆိုတဲ့ ရုရှားလက်နက်ပညာရှင်တစ်ယောက်က ၁၉၄၇ မှာတီထွင်ခဲ့တယ်။ အခု သူ့ကိုမွေးဖွားခဲ့တဲ့ မီခေးလ် ကလပ်ရှ်နီကော့ဗ်ဟာ အသက် ၉၄ နှစ်နဲ့ ကွယ်လွန်သွားပြီ ဖြစ်ပေမဲ့ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ အေကေ ၄၇ ကတော့ ကျန်းမာရွှင်လန်း ဖြတ်လတ်ဆဲ မျိုးဆက်သစ်တွေ ပွားစည်ဆဲပဲ။ လေ့လာသူတွေအဆိုအရ တနှစ်တနှစ် ကမ္ဘာပေါ်က လူပေါင်း နှစ်သိန်းခွဲလောက် အေကေ ၄၇ ရဲ့ ပယောဂနဲ့ သေဆုံး ဘ၀ပျက်နေကြရသတဲ့၊ ကမ္ဘာသူကမ္ဘာသားတွေက အနုမြူလက်နက်ကို ကြောက်စရာကောင်းတဲ့လက်နက် ကမ္ဘာဖျက်လက်နက်အဖြစ် ကြောက်ရွံထိပ်လန့်ကြပေမဲ့ ၆၆ နှစ်အတွင်း အေကေ၄၇ သတ်လို့ သေဆုံးခဲ့ရသူ ဘ၀ပျက်ခဲ့ရသူ လူလုံးမလှဖြစ်ရသူတွေရဲ့ အရေအတွက်နဲ့ ယှဉ်ကြည့်ရင် နာကာစကီးနဲ့ ဟီရိုးရှီးမားမှာ အနုမြူဗုံးကြောင့် သေဆုံးဘ၀ပျက်ခဲ့ရသူတွေရဲ့ အရေအတွက်က စာမဖွဲ့လောက်တဲ့ ပမာဏလို့ ပြောရမလို။ သန်းနဲ့ချီတဲ့ လူတွေဟာ အေကေ၄၇ ကြောင့် ဒုက္ခရောက်ခဲ့ရတယ်၊ ရှေ့လျှောက်လည်း ဒုက္ခရောက်ကြရဦးမယ်။ ဒါနဲ့ပတ်သက်ပြီး မီခေးလ် ကလပ်ရှ်နီကော့ဗ်က ကျူပ်တည်ထွင်ခဲ့တဲ့ အေကေ၄၇ နေရာမှာ လယ်ထွန်စက်တစ်လုံးဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ လို့ ၀မ်းပန်းတနည်း ညည်းညူဖူးသတဲ့။ သဘာဝတရားက လူသားတွေနဲ့အတူ ဖန်းတီးခဲ့တဲ့ ပဒိုင်းသီးကိုတော့ လူတွေမုန်းကြတယ် ရွံကြတယ် ရှောင်ကြတယ် သဘာဝတရားက ဘာလုပ်ဖို့ ဒီအသီး လောကမှာ ရှိနေစေသလဲမသိဘူးလို့ အပြစ်တင်ကြတယ် ဒါပေမဲ့ လူသတ်လက်နက်ကိုတော့ အမြတ်တနိုးတီထွင်ကြရော။ သြော် ကျနော်တို့ လူသားတွေ

No comments: