Friday, December 20, 2013

မြန်မာနိုင်ငံမှ နေ၍ ထိုင်းနိုင်ငံအတွင်းသို့ လာချင်နေကြသော မြန်မာများ သတိပြုမိကြစေရန်


------------------------------------
.မြန်မာပွဲစားများသည် မိမိတို့ရသော ထိုင်းငွေ ၅၀၀ လောက်ကိုပဲ့ ကြည့်ပြီး လမ်းခရီးတွက် မြန်မာအမျိုးသမီးများ မုဒိမ်းကျင့် ခံနေရသည်ကို ဂရုမစိုက်လေသလားတော့ မသိ၊ တဆင့်ခေါ်ခိုင်းသော လူများက မိန်းကလေးများကို နည်းမျိုးစုံ ဖြင့် ဖျက်ဆီးနေကြပါသည်။ တစ်ချို့က လင်ယောင်္ကျား၇ှိနေ၍ မရှက်မကြောက် ပြောပြပြီး တစ်ချို့က အပျိုဖြစ်နေပါ၍ ပြောရမှာ ၇ှက်ကြောက်ပြီး မပြောပဲ့ နေသော သူများလည်း ထောင်သောင်းမက ရှိလေပြီ ။

အခုတင်လိုက်သော မိန်းကလေးမှာ လွန်ခဲ့သော ( 1 .12.2013 ) တွင် ကော့စမွေ့ကျွန်းသို့ ရောက်ရှိလာပြီး ကျမလို မဖြစ်အောင် ကျန်သော မိန်းကလေးများကို ပြောပေးပါရန် တောင်းဆိုလာ၍ တင်ပေးလိုက်ခြင်းဖြစ်ပါသည် ။သူနဲ့ ပါလာသော မိန်းကလေး ၄ ယောက်တွင် ဗိုက်ကြီးသည် တစ်ယောက်ပဲ့ မခံရကြောင်း၊ ကျန်သော ၃ ယောက်မှာ ဖျက်ဆီးခံရကြောင်း ၊ သွားမှာက မဟာချိုင်ဖြစ်သော်လည်း စူရတ်တွင် လွတ်ထားခဲ့ကြောင့် ငို၍ပြောပြီး ကော့စမွေကျွန်းတွင် နေထိုင် လိုင်းကားမောင်းသော သူမှတဆင့် ကျနော်တို့သိ၍ ( ၅ . ၁၂.၂၀၁၃ ) တွင် မဟာချိုင်တွင် ရှိသော အမျိုးတွေထံ ပို့ပေးလိုက် ပါသည်။

သတ္တဝါ အားလုံးဘေးရန်ခပ်သိမ်းငြိမ်ကြပါစေ.....
Zaw Lwin Song FB မှ ကူးယူ ဖော်ပြပါသည်။

No comments: