Thursday, December 26, 2013

ထိုင်းနိုင်ငံရွေးကောက်ပွဲ ရက်အကန့် အသတ်မရှိရွေ့ ဆိုင်း

 (26/12/2013)

ထိုင်းနိုင်ငံမှာ လာမယ့်ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ရက်အကန့် အသတ်မရှိရွေ့ ဆိုင်းလိုက်တဲ့အကြောင်း ထိုင်းရွေးကောက် ပွဲကော်မရှင်က ဒီကနေ့ (26/12/2013) မွန်းလွဲပိုင်းမှာ ကြေညာလိုက်ပါတယ်။
အခုလိုရွေ့ ဆိုင်းလိုက်ရတာက ဒီကနေ့မနက်က ရွေးကောက်ပွဲကို ကန့်ကွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ တို့ ထိပ်တိုက်တွေ့ပြီး ဒဏ်ရာရသူ 66 ဦးရှိခဲ့ပြီး အဲ့ဒီအထဲမှာ ရဲတစ်ဦးသေဆုံးသွားပါတယ်။
အခုလို ရဲနဲ့ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့တာကတော့ လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ဖို့ လွှတ်တော် အမတ်လောင်း မှတ်ပုံတင်ပြီး မဲစွယ်ပွဲအတွက် နံပါတ်စဉ်ရဖို့ မဲနှိက်ပွဲကို အားကစားရုံတခုမှာ ပြုလုပ်တာကို ဆန္ဒပြသူတွေက တာမြစ်ဖို့ အားကစားရုံအတွင်းကို ဝင်ဖို့ကြိုးစားရာက ထိပ်တိုက်တွေ့ပြီး သွေးထွက်သံယိုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။
မျက်ရည်ယိုဗုံးနဲ့ရဲက ပစ်ခတ်တာမြစ်ခဲ့ပြီး အဲ့ဒီလိုရုန်းရင်းဆန်ခတ်ဖြစ် ချိန်မှာ သေနပ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ သေနပ်သံ တွေလားကြားလိုက်ရ တယ်လို့ ဆန္ဒပြပွဲမှာရှိနေတဲ့ မျက်မြင်သက်သေတွေကပြောပါတယ်။
ဆန္ဒပြသူတွေက ရွေးကောက်ပွဲကို ကန့်ကွက်နေတာကတော့ လက်ရှိနိုင်ငံရေးပြဿနာတွေကို အရင်ဖြေရှင်းပြီးမှာ ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုထားတယ်၊
အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်ကတော့ လွှတ်တော်ဖျက်သိမ်းပြီးနောက် ဖွဲ့စည်းပုံနဲ့အညီ ရွေးကောက်ပွဲလုပ်တာဖြစ်တယ်။ ရွေးကောက်ပွဲနဲ့တပြိုင်တည်း နိုင်ငံရေးပြဿနာတွေဖြေရှင်းရေးအတွက် ကော်မရှင်ဖွဲ့  ပြီးလုပ်ဆောင်သွားမယ်လို့ ကြေညာထားပြီး ၄၉၉ ဦးပါတဲ့ ကော်မရှင်တရပ်ကို အများပြည်သူ့ကိုယ်စားပြုသူတွေနဲ့ဖွဲ့စည်းဖို့ကို ထုတ်ဖေါ်ပြောကြားထားပါတယ်။
နိုင်ငံရေးပြဿနာအဖြစ် ဆန္ဒပြသူတွေက ထောက်ပြနေတာက လက်ရှိအစိုးရဟာ ရွေးကောက်ပွဲမှာ မဲဝယ်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်။ အစိုးရအဖွဲ့ထဲမှာ အကတိလိုက်စားမှုတွေရှိတယ်၊ ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ထောင်ဒဏ် ၂ အပစ်ပေးခံထားရပြီး နိုင်ငံခြားမှာ ခိုလုံနေရတာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ အစိုးရကို ထောက်ခံတဲ့ ရှပ်နီတွေ ဆန္ဒပြရင်း ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုတာဟာ လွှတ်တော်မှာ အမတ်အများစုအင်အားနဲ့ ပါတီအကျိုးနဲ့ပုဂ္ဂိုလ်ရေးကိုယ်ကျိုးအတွက် အသုံးချတယ်။ အဲ့ဒီလိုမျိုး လွှတ်တော်မှာ အမတ်အများစုနဲ့ လုပ်ချင်သလို မလုပ်နိုင်အောင် ထိန်းကျောင်းနိုင်ဖို့လိုနေတယ်။ ဒီပြဿနာတွေကို မဖြေရှင်းပွဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အရင်လိုပဲ ပြန်ဖြစ်နေမယ်။ ဒါကြောင့် ရွေးကောက်ပွဲကိုရွေ့ဆိုင်းပြီး နိုင်ငံရေးပြဿနာတွေကိုအရင်ရှင်းပါလို့ ဆန္ဒပြသူတွေက ပြောနေတယ်။
နိုင်ငံရေးပြဿနာတွေကို အရင်မရှင်းရင် ဖေဖေါ်လ ၂ ရက်နေ့ပြုမယ့် ရွေးကောက်ပွဲကို မဝင်ဘူးလို့ ဝန်ကြီးချုပ်ဟောင်း အဖိစစ် ဝေ့ချားချီဝါ့ ဦးဆောင်တဲ့ ဒီမိုကရက်ပါတီက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံရေးတင်းမာမှုအပေါ် ပညာရှင်တွေထောက်ပြတာက
နိုင်ငံရေးပြဿနာတွေရှိနေတယ်၊ လက်ရှိဖွဲ့စည်းပုံကိုလည်း ပြင်ရမယ်ဆိုတာ အားလုံးကလက်ခံထားပေမယ့် တဖက်နဲ့တဖက်က ယုံကြည်မှုမရှိပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်မယ်ဆိုပြီး အနိုင်ယူလိုစိတ်နဲ့လုပ်ဆောင်နေကြတယ်။ တကယ်လို့ တဖက်ဖက်က အနိုင်ယူလုပ်သွားခဲ့ရင် ကျန်တဲ့တဖက်ကလက်မခံပဲ ဆန့်ကျင်ဆန္ဒပြမှု တွေ ထပ်ဖြစ်လာဦးမယ်ဆိုတာလည်း သိတယ်။ ဒီလိုအခြေအနေမျိုးမှာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ တဖက်နဲ့တဖက် ဆွးနွေးနိုင်ဖို့က အရေးကြီးတယ်လို့ ထောက်ပြပြောဆိုနေပါတယ်။
ထိုင်းနိုင်ငံရေးတင်းမာမှုဟာ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ လူမှုအသိုင်းအဝိုင်း အသီးသီးမှာ စိတ်ဝမ်းကွဲမှုတွေအကြီးအကျယ်ဖြစ်နေပြီး တခိျု့ဆိုရင်လင်မယားကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

No comments: