Monday, December 23, 2013

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က ဦးစီး ကျင်းပနေတဲ့ ကုန်စည် ပြပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီဇင်ဘာ ၂၀ရက်နေ့က တက်ရောက်ကြည့်ရှုခဲ့။


နိုင်ငံရေးနဲ့  စီးပွားရေးမှာ တပ်မတော်ကပါဝင်နေသ၍ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံမရောက်နိုင် ၂၀၁၃-၁၂-၂၁ တပ်မတော် ခန်းမမှာ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က ဦးစီး ကျင်းပနေတဲ့ ကုန်စည် ပြပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီဇင်ဘာ ၂၀ရက်နေ့က တက်ရောက်ကြည့်ရှုခဲ့။ မြန်မာ့ဒီမိုကရေစီအရေးဟာ ဒီအခြေအနေမှာပဲ ရှိပါသေးတယ် ဒီမိုကရေစီဆိုတဲ့ အာဏာသည် ပြည်သူ့ ထံမှဆင်းသက်ရမည်ဟု ဆိုသော်လည်း လက်ရှိမြန်မာနိုင်ငံရေး စီးပွားရေးတွင် တပ်မတော်မှပါဝင်နေပြီး ဗိုလ်ချုပ်တွေပိုင်ဆိုင်တဲ့ (ဦးပိုင်မီလီတက်)၏ စီပွားရေး ကုန်စည်ပြပွဲကို ကာကွယ်ရေး ဦးစီးချုပ်က တက်ရောက်လက်မှတ် ထိုးနေပြီး ဒီမိုကရေစီနှိုင်ငံတွေမှာ အားကစား ကဏ္ဍ (ဆီးလ်ကိမ်း) နှင့် စီပွားရေးကဏ္ဍတွေမှာ စစ်တပ်ကပါဝင်ပါတ်သက်မှုမရှိပါဘူး။အာဏာရှင်နိုင်ငံတွေမှာတော့ လုပ်လေ့ရှိပါတယ်။မြန်မာနိုင်ငံဟာယနေ့ အချိန်အထိ ဒီအဆင့်ကမကျော်သေးပါဘူး။ပြည်သူတွေဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုလို့ အထင်မကြီး ကြပါနဲ့  ဒီမိုကရေစီကို အခုမှစရမည့် သဘောသာရှိပါသေးတယ်။ ယနေ့ အချိန်အထိ ငြိမ်းချမ်းရေးအတွက်လည်း(အပစ်အခတ်ရပ်ဆဲရေး)အဆင့်သာရှိပါသေးတယ်၊ဒါလည်း အားလုံးသဘော တူညီမှုမရရှိသေးပါဘူး။ယုံကြည်မှုလည်း မတည်ဆောက်နိုင်သေးပါဘူး။ ရင်းနှီးမြုတ်နှံမှုဖွင့်ပေးတယ်ဆိုပြီးအထင်မကြီးပါနဲ့  နိုင်ငံတကာစံနှုန်းတွေနဲ့ မညီညွတ်လို့  နိုင်ငံတကာက ဝေဖန်နေကြပါတယ်။ထဲထဲဝင်ဝင် ရင်းနှီးမြုတ်နှံမှု မရှိလို့ စက်ရုံအလုပ်ရုံတွေ အများကြီးလိုအပ်နေပြီးအလုပ်သမားတွေ အလုပ် မရှိလို့  အလုပ်လက်မဲ့ပြဿနာ မဖြေရှင်းနိုင်သေးပါဘူး။ အစိုးရရဲ့ ဆင်းရဲမွဲတေမှုပပြောက်ရေး လုပ်ငန်းစဉ်ဆိုလို့  အထင်မကြီးပါနဲ့  လက်ရှိမှာ ဆင်းရဲသားတွေထမင်းနပ်မှန်အောင်မစားရသေးပါဘူး။ ရေမလာ မီးမလာ စာသင်ကျောင်းမရှိတဲ့ တောနယ်တွေအများကြီးရှိပါသေးတယ်။တိုင်းပြည်မတိုးတက်ဘဲနဲ့  ဘယ်လိုလုပ်ဆင်းရဲမွဲတေမှု ပပျောက်မှာလဲ စဉ်းစားကြည့်ပေါ့။ နိုင်ငံတကာကိုတော့ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် နည်းပညာများ ငွေကြေးအကူအညီများ ရင်နှီမြုတ်နှံမှုများ ရရှိဖို့  နိုင်ငံတကာလည့် တောင်းနေပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိထားသောလည်း ပြည်သူတွေ စားဝတ်နေရေးပြေလည် အောင် ဘာတစ်ခုမှ တိတိကျကျလုပ်ပေးတာမရှိသေးပါဘူး။အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး မပြေလည်သူများကနိုင်ငံရဲ့  လေးပုံပုံ သုံးပုံလောက်ရှိနေပါတယ်။ဒါဟာ စီပွားရေးရင်းနှီးမြုတ်နှံမည့် ကုပ္မဏီများ၏ လေ့လာချက်အရသိရှိရတာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်နေကြတဲ့  နိုင်ငံရေးသမားတွေကတော့အပြောင်းအလဲကိုအခွင့်ကောင်းယူပြီး စာဖားတွေညီညွတ်နေကြလို့ စစ်မှန်တဲ့ဒီမိုကရေစီကိုမရောက်နိုင်တာဖြစ်တယ်။အာဏာရှင် တဖြစ်လဲ အစိုးရကနိုင်ငံရေးတက်ကြွသူတွေ နိုင်ငံရေးမှာ အနစ်နာခံခေါင်းဆောင်လုပ်သူတွေကို အိမ်၊ငွေ၊ကားတွေနဲ့ဝယ်ယူပြီး အသုံးချနေတာသိသိကြီးနဲ့  တော်လှန်ရေးကို သစ္စာဖေါက်ပြီး လဒ်ပေးလပ်ယူကို လက်ခံနေကြတာတွေ့ ရပါတယ်အာဏာရှင်စနစ်ကိုမတော်လှန်နိုင်ရင်ဒီမိုတွေ ကို(လဒ်ပေးလပ်ယူ)ဆိုတာကြီးကတက်ကြွသူတွေကို မျိုသွားဖို့ ရှိပါတယ်။သမိုင်းတရားခံမဖြစ်ရလေအောင် ၂၀၁၅မှာ နိုင်ငံရေးသမားဆိုသူတွေ ပြည်သူတွေဘက်က ရပ်တည်ဖို့ လိုပြီး မတရားတဲ့ စစ်တပ်က တဘက်သတ်ရေးဆွဲခဲ့သောအခြေခံဥပဒေတွေကို ပြင်ဆင်နိုင်မှသာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နိုင်မှာဖြစ်ပြီး အာဏာရှင်တွေ ကို ဖြုတ်ချနိုင်မှသာ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မှာဖြစ်၍ ရိုးသားမှု ကြိုးစားမှု တိုင်းပြည်နဲ့  လူမျိုးအတွက် သစ္စာရှိရှိ ဆောင်ရွက်ကြရန် တင်ပြအပ်ပါသည်။ မြသိန်း

No comments: