Sunday, December 22, 2013

မြန်မာ့နိုင်ငံရေးဇာတ် မကြာခင် အလွမ်းခန်း ရောက်တော့မည်

 
 
 
မြန်မာ့နိုင်ငံရေးဇာတ် မကြာခင် အလွမ်းခန်း ရောက်တော့မည် မြန်မာ့နိုင်ငံရေးဇာတ်ပွဲကြီး ရှစ်လေးလုံးက ထိန်ထိန်ကြီးကခဲ့လိုက်ကြတာ.. ရှစ်လေးလုံး အရေးတော်ပုံကြီးက မဆလ အာဏာရှင် စနစ် ဘုန်းဘုန်းလဲသွားတဲ့ အော်ပရာနဲ့ စခဲ့ကြ၏ ထိုနောက် ၁၉၉၀ ရွှေးကောက်ပွဲ ပြဇာတ်အခန်းဆက်ရှည်အား ဆက်လက်ကလိုက်ကြသည်။ မြန်မာ့ နိုင်ငံရေးပြဇာတ်ကြီးတွင် သားပျေက်မိခင် ပူဆွေးခြင်းများနှင့် လူထုခေါင်းဆောင်း ကျောင်းသားခေါင်းဆောင်းများ စာရေးသူအပါဝင် လှုပ်ရှားတက်ကြွသူများ နိုင်ငံအနှံ့အကျဉ်းထောင်များတွင် ဘ၀ ပေါင်းစုံဖြတ်သန်းကြရပြန်၏။ ပြဇာတ် က အတော်ပင် ရှည်လျားပြီး ဇာတ်နာနာကိုပင် ဆက်လက်ကာ တခန်းပြီးတခန်း မရပ်မနားဆက်တိုက် တင်ဆက်လာသည်။ ပြဇာတ်ထဲတွင် ကြေကွဲမှုပေါင်းစုံ ဒဏ်ရာပေါင်းစုံတို့အပြင် ဘက်ပြောင်းသူ စိတ်ပြောင်းသူ လမ်းခွဲသူ လမ်းလွဲသူ လမ်းပြောက်သူ လမ်းမရောက်သူ လမ်းမှောက်သူ နှင့် အာဏာရှင် တို့၏ လှည့်ကွက်တွင် ကကြိုး များ တေးသွားများ သေနတ်သံများ ရဟတ်သံများဗုံသံ အမြောက်သံ နှင့် အချင်းချင်းသတ်ဖြတ် အချင်းချင်း တပ်ကွဲ စသဖြင့် တခန်းနှင့်တခန်း အံ့မခန်းဘွယ် ကိုပင် တင်ဆက်ခဲ့ကြသည်။ မြန်မာ့ နိုင်ငံရေးပြဇာတ်၏ ဇာတ်နာချက် နှင့်အတူ န၀တ၊ နအဖ တီးလုံးများကလည်း မရပ်မနား တီးခတ်ကာ မရပ်မနားကခဲ့ကြ၏။ လွှတ်တော်ထဲဝင်သူ ထွက်သူ သပိတ်မှောက်သူ ပြည်ပထွက်ပြေးသူ။ အကျဉ်းထောင်တွင်းသို့ အကြိမ်ကြိမ်ပြန်သွားသူ၊ အင်္ဂါထောင့်တွင် ဆုတောင်းသူ အောက်ပိုင်းသေသူ ထောင်းအတွင်းကြေသူ စသောစသော ဇာတ်ရှိန်များသည် နှံ့လုံးဆွေ့ဆွေ့ခုံဖွယ် ရင်တုန်ဖွယ်များဖြင့် ဆက်လက်ကခဲ့ကြ၏။ ၄င်းပြဇာတ်တွင် ကြာကူလီ။ သူခိုး ၊ လူလိမ်၊ နှစ်ဖက်ချွန်၊ သတင်းပေး၊ သတင်းရေး၊ အန်၈ျီအို၊ အလိုတော်ရိ၊ သစ္စာဖေါက်၊ ကပ်ဖား၊ မြောက်ဖား၊ လှမ်းဖား၊ အနားပြာ၊ အရက်သမား၊ ဆေးသမား ဘိန်းစား၊ လူသတ်ကောင်၊ ထောက်လှမ်းရေး၊ သစ္စာရှင်၊ အနုပညာရှင်၊ လက်လုပ်လက်စား၊လယ်သမား၊ ကျောင်းသား ၊ သူတောင်းစား၊ သံဃာ၊ ဘိန်းဌော ၊ အောက်လမ်း၊ ဘိုးတော်၊ ဆရာဝန်နှင့် လူနာ ရှု့ထောက်ပေါင်းစုံ ကွက်ကွက်ပေါင်းစုံ၊ ရကွက်ပေါင်းစုံ၊ တောင်းကွက် လှည့်ကွက် လှည့်ထွက် စတဲ့ ဇာတ်ခန်းများလဲ သူ့နေရာနှင့်သူ ပါဝင်ခဲ့၏။ မြန်မာ့ နိုင်ငံရေးဇာတ်ခုံတွင် နာဂစ် ဂီရိ ထာဝယ်ဂစ်ပိုက်လိုင်းအပြင် ခိုရာမဲ့ အလုပ်သမားများ လုပ်စားများလဲ ဇာတ်ကွက် အတွင်း ငိုချီတမျိုး ရှိုက်ချီတဖုံစုံလှသည်။ မြန်မာ့ နိုင်ငံရေးပြဇာတ်ကြီး ၂၀၁၀ တွင် ပြီးဆုံးသွားသည်ဟု ဆိုနိုင်လေသည်။ ထိုနောက် နှစ်ပါးသွားသို့ ရောက်လာလေသည်။ နှစ်ပါးသွားတွင် အတိုက်ခံပါတီကြီး ဥက္ကဌနှင့် ဇာတ်ကြမ်းကိုင်သူတို့ နှစ်ပါးသွားကြသောအခါ ဇာတ်ပို့များဖြစ်ကြသော ရှစ်ပူးတို့က ဟေလာလေ ရီးလေး တိုက် စီးမျောလိုက်သော သံဇဉ်များ ဆိုတေးများဖြင့် ကြည်နူးဖွယ် ရွှင်မြူးဖွယ်ဖြင့် ဆက်လက်ဖျော်ဖြေတော်မူကြသည်။ သို့သော် ဇာတ်၏ နောက်ဘက်ချမ်းတွင် ဖြစ်ရပ်မှန်နှင့် ဖြစ်ရမည့်ပုံစံ တခု ရှိနေလေသည်။ ၄င်းဖြစ်ရပ်မှန်သည် မြန်မာပြည်တွင်သာမက အာရှအာဏာရှင် နှင့် အင်းအားသာသူတို့ လုပ်လေ့လုပ်ထ ကလေ့ကထ ရှိသော ဇာတ်ကွက်သည် အာရှ၏ ရိုးရာ ဇာတ်ယာဉ်ကျေးမှုပင် ဆိုနိုင်သည်။ အကြောင်းမှာ ပါကစ္စတန်မှ ဘာနေဇာဘူဒို၊ ဖီလစ်ပိုင်မှ နီနို အကွီနို၊ ထိုင်းနိုင်ငံမှ စုံဆင်မလော့၊ ကမ်ဘောဒီးယားမှ ဆမ်ရစ်စီ၊ မလေးရှားမှ အန်န၀ါ၊ အင်ဒိုနီးရှားမှ ကျောင်းသားဥက္ကဌ ဖလော့ကလာတီ၊ အန္ဒိယမှ ဂန္ဒီ အင်ဒရာဂန္ဒီ ရာဂျစ်ဂန္ဒီ၊ မြန်မာပြည်မှ သခင်အောင်ဆန်း အားလုံးအားလုံး နိဂုံးမလှ ချုံးပွဲချခဲ့ရလေသည်။ သို့ကြောင့် ၂၀၁၅ တွင် အလွန်းခန်း သို့မဟုတ် အလွှမ်းခန်းကြီး စတင်ကကြလေတော့မည်။ မိမိက မည်သို့ငိုကြွေးမည်ကို မိမိ မသိသေးခင်မှာပင် သန်းရွှေ၏ ခွက်ခံ သူတောင်းစားများဖြစ်သော နေပြည်တော် ၀န်ကြီးများ ကြံဖွတ်ပါတီခေါင်းဆောင်များ၊ တပ်မတော် အရာရှိကြီးများနှင့် ဦးပိုင် ထိပ်တန်းအဖွဲ့ဝင်များကတော့ဖြင့် အဆိုပါ အလွန်းခန်းအတွက် အသင့်ပြင်ထားနှင့်ကြလေပြီ၊ ၄င်းတို့၏ အလွန်းခန်းတွင် နိုင်ငံတကာနှင့် သန်းခြောက်ဆယ် တို့ ယုံကြည်နိုင်ရန် ယောက်ကျားမိန်းမများပါမကျန် အိမ်ရှေ့ လွှတ်တော်ရှေ့ နေပြည်တော်ရှေ့ ဘုရားရှေ့ ဇရပ်ရှေ့ ဓါတ်ပုံ ရှေ့ ဗွီဒီယိုများအရှေ့ တည့်တည့်တွင် မျက်ရည်ပေါင်ကြီးငယ် မိနစ်ပိုင်းလောက်ကျပြပေလိမ့်မည်။ အချို့က ပြောကြပေလိမ့်မည်…. နိုင်ငံတကာကိုတက်တိုင်မည်…ဟု ဆိုလေမည်။ ဘယ်နိုင်ငံကမှ မိမိနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအား သူတို့၏ အကျိုးစီးပွါးမပါပဲ ၀င်ရောက် ဖျော်ဖြေတင်ဆက် ကပြသော ဇာတ်ပွဲများ မရှိခဲ့ဘူးပါ။ မြန်မာနိုင်ငံ၏ ပင်မရာဇ၀တ်ကောင်များ တရားဥပဒေ အရိပ်အောက်သို့ ၀င်ရောက်လာစေရန် ထိုနိုင်ငံတွင်းရှိ နိုင်ငံသားများ မစွမ်းဆောင်နိုင်သရွေ့ ထိုရာဇ၀တ်ကောင်များက ထိုနိုင်ငံ၏ အလွန်းခန်း အလွမ်းခန်းများဆက်တိုက် တင်ဆက်ပေးပြီး နိုင်ငံသူ နိုင်ငံသားများ မျက်ရည်ကို ဒူးနှင့်တင်မက ခေါင်းပုအစုပ် ခြုံထည်အစုပ်များဖြင့် ဆက်လက် သုတ်နေရပေမည်း ၄င်းတို့၏ လုပ်ရပ်အား မျက်ရည်ကန်ထိုးကာ ကူးခတ် ဖျောက်ဖျက်ကြပေလိမ့်မည် သို့သော် ယနေ့လူထုချစ်သော ခေါင်းဆောင် သည်ကား ကိုကျော်သူကားပေါ်တွင် ထာဝရ လဲလျောင်းနေမည်ကို …မြေကြီးလက်ခပ် မလွဲ ကြုံတွေ့ရမည်ဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေး အလွမ်းခန်းကြီးအားတင်ပြလိုက်ရပါသည်။ မြင်တာကို မြင်တဲ့ အတိုင်း ရေးတာဖြစ်ပါသည်။ ကြိုက်သလောက်ရှယ် သ၀န်မတိုဘူး မကြာခင် ဖြစ်လာတော့မည်။ ဂိုလ်ရှယ်လေး

No comments: