Saturday, December 21, 2013

ကိုကိုကြီးရဲ.စကား


ကိုကိုကြီးရဲ.စကားလေးတစ်ခု " သေချာတာတစ်ခုကတော့အန်တီ့ကိုကျော်ပြီးဘာမှမလုပ်ဘူးဆိုတာပါပဲ။ သူ့တန်ဘိုးကိုကျနော်တို့အသိဆုံးပါ။ ဘယ်တော့မှသွေးခွဲလို့မရပါဘူး " ******************************************************** ကျွန်တော်တို. ၁၉၈၈ ကနေစတင်ပြီး တိုင်းပြည်ကို ဒီမိုကရေစီစံနစ်နဲ.တည်ဆောက် ကြဖို.၊ မြန်မာ့လူ.အဖွဲအစည်းကိုလည်း ဒီမိုကရက်တစ်လူ.အဖွဲ.အစည်းသစ်ဖြစ်စေဖို. လမ်းပေါ်ထွက် သွေးမြေတွေကျပြီး တိုက်ပွဲဝင်ခဲ့ကြတာ ၂၅ နှစ်ကျော်ခဲ့ပါပြီ။ အခုလည်း ဖွဲ.စည်းပုံအခြေခံဥပဒေဆိုတာကြီး ပြင်ဆင်ဖို. ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ဆောင်နေပါပြီ။ ဒီလိုအချိန်မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အချင်းချင်း သွေးကွဲအောင် သွေးထိုးလှုံဆော်မှုတွေကိုလည်းတွေ.မြင်နေရပါပြီ။ အဆိုးဝါးဆုံးကတော့ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်း မညီညွတ်တော့ သယောင်ယောင် ပြောဆိုရေးသားလာတာတွေ တွေ.မြင်လာရပါပြီ။ အရင်ဆုံးပြန်တွေးကြည့်လိုက်ကြပါ ၈၈ ကျောင်းသားများအဖွဲ.ဆိုတာဟာ ဒီဖွဲ့စည်းပုံလက်ခံဖို့ မပြောနဲ့၊ ရေးဖို့ လုပ်တဲ့ ညီလာခံတောင် လက်မခံလို့ ထောင်ထဲ ၁၈ နှစ် သွားနေခဲ့ရတဲ့သူတွေ၊ တော်ရုံလူ NLD ရှေ့ က ဖြတ်မလျောက်ရဲတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် NLD ရှေ့ မှာ တခြိမ်းခြိမ်းဆန္ဒပြပေးတဲ့သူတွေ ၊ လမ်းလျှောက်ချီတက်ဆန္ဒပြတောင်းဆိုခဲ့သူတွေပါ။ အဲဒီအချိန်မှာ အခုလို တဖက်သတ်အမြင်ဆိုးတွေ ပြောနေရေးနေသူတွေ ဘယ်ရောက်နေကြသလဲတော့ ကျွန်တော်တို.လည်း မသိပါ။ အခုလည်း အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်နေချိန်မှာ ကိုကိုကြီးက ဖြစ်နိုင်ချေ ရှိတဲ့၊ လုပ်ဆောင်ဖို.လိုအပ်မယ်ထင်တဲ့ ( အယူအဆ ) တစ်ခုကိုဆွေးနွေးတာပါ။ ဒီမိုကရေစီကို လိုချင်ကြတယ်ဆို ဒီမိုကရေစီမြန်မာ့လူ.အဖွဲ.အစည်းကို တကယ် သွားချင်တယ်ဆိုရင် မတူညီတဲ့ အယူအဆပေါ်ပေါက်လာရင် လက်ခံရမယ်လေ။ အရေးအကြီးဆုံးက ရည်မှန်းချက်ပန်းတိုင်တူညီဖို.ပဲလေ။ ၈၈ တွေရော ကိုကိုကြီးရော အခုအချိန်ထိ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံ့ဥပဒေကို မပြင်သင့်ပါဘူး၊ ဒီအတိုင်းပဲကောင်းပါတယ်လို. ပြောနေလို.လား............. ကိုကိုကြီးအလုပ်ရုံဆွေးနွေးပွဲမှာပြောခဲ့တာက - “မြန်မာနိုင်ငံရဲ့ မဝေးတဲ့အတိတ်ကိုပြန်ကြည့်ရင် နိုင်ငံရေး အပေါ်စီးရယူထားတဲ့ အုပ်စုက သူ့စိတ်ကြိုက်ပုံစံ နဲ့ အကူးအပြောင်းကိုစီစဉ်ခဲ့တယ်။လမ်းပြမြေပုံ( ၇ )ချက် ကို အကြောင်းပြုပြီးဖြစ်လာတဲ့ ဖွဲ့စည်းပုံ ဥပဒေ ဖြစ်တယ်။ တစ်ဖက်သတ်အသွင်ကူးပြောင်းရေးရဲ့အကျိုးဆက်အဖြစ်နဲ့ ပြဿနာတွေအားလုံးကို အခုမှ ပြန်ပြီးကိုင်တွယ်နေရတာဖြစ်တယ်။ဖွဲ့စည်းပုံကို နိုင်ငံရေးသဘောတူညီမူ မပါဘဲ ရေးဆွဲခဲ့လို့ ဖွဲ့စည်းပုံ အငြင်းပွား ပဋိပက္ခ( Constitutional crisis) ဖြစ်နေ ရတာ။တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးသဘောတူညီချက်မရသေးဘူး ဆိုရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲဖို့ ချဉ်းကပ်ရာမှာအရေးပါတဲ့ အင်အားစုတွေရဲ့သဘောတူညီမူတစ်စုံတစ်ရာရပါ့မလား၊အခုရော နိုင်ငံရေးသဘောတူညီချက်တစ်စုံတစ်ရာရှိပြီလား၊ မသိဘူး။ အသိပေးလောက်အောင်ကို မရှိလို့များလား၊ မပြောတတ်ဘူး။ အခုက ဒီမိုကရေစီအရေးနဲ့ တိုင်ရင်းသားအရေးက အဓိကဖြစ်နေတယ်။ ဒီမိုကရေစီလို့ပြောရင် အရပ်ဘက်စစ်ဘက်ဆက်ဆံရေး(Civil-Military relation) အရေးပါဆုံးကိစ္စဖြစ်လာတယ်။ တိုင်းရင်းသား တန်းတူညီမျှရေးလို့ပြောရင် ဖက်ဒရယ်ပါလာပြီ။ တိုင်းရင်းသားပြဿနာကို အကြောင်းပြုပြီး စစ်တပ်ရဲ့ အခန်းကဏ္ဍကြီးထွားလာတာကို လျှော့ချဖို့ကြိုးစားနေချိန်မှာ တိုင်းရင်းသားတန်းတူ ညီမျှရေးအတွက် ကြိုးစားနေရတယ်။” ကိုကိုကြီးတင်ပြတဲ့ အယူအဆက အခြေခံဥပဒေပြင်ဆင်ရေးကိုဆောင်ရွက်နေချိန် နဲ.တပြေးညီ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ. ဖွဲ.စည်းပုံပြင်ဆင်ရေးကိုလည်း တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ. ဆွေးနွေးထားဖို. တပ်ပေါင်းစုအင်အား တစ်ခုအဖြစ် သဘောတူညီထားဖို. လိုအပ်ကြောင်း ထောက်ပြတာပါ။ ဝေဖန်တာမဟုတ်ဘူးနော် ဒီအချက်လည်းအရေးကြီးကြောင်း ကြိုတင်မလုပ်ထားရင် နောက်ပိုင်းပြသာနာပေါ်လာနိုင်ကြောင်း သူ.အယူအဆကို သူတင်ပြတာလေ။ ဘာများမှားသွားလို.လဲ၊ အဘဦးဝင်းတင်လည်း ထောက်ပြနေတာ၊ သူ.အယူအဆကို တင်ပြနေတာပဲလေ။ဒီမိုကရေစီဆိုတာ မိမိ အယူအဆ နဲ.မတူညီတာနဲ.ရန်သူ လုပ်ကြရင် ဒီမိုကရေစီ မြန်မာ့လူ.အဖွဲ.အစည်းဖြစ်ပါတော့မလား။ ကိုကိုကြီးရဲ.အမြင်အယူအဆကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ.အစည်းတွေ အနေနဲ.အခြေခံဥပဒေပြင်ဆင်ရေးအပေါ်မှာ သူတို.လက်မခံနိုင်တဲ့အချက်တွေ၊ သူတို.ပါစေချင်တဲ့အချက်တွေ အကြောင်းကြောင်းကြောင့်မပါဝင်ခဲ့လို. ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေမယ်၊ သေနတ်သံတွေ ဆက်ကြားနေမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်မှုဟာ အလုံးစုံအောင်မြင်နိုင်ပါ့မလား။ ဒါကြောင့် " ၂၀၀၈ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေကြသကဲ့သို့ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်များ၏အရေးကိစ္စများကို ဖြေရှင်းနေရခြင်း ကြောင့် တိုင်းရင်းသား တန်းတူညီမျှရေးသည်လည်း မာရသွန်ဖြစ်နေသည်။ " လို. သူ.တင်ပြခဲ့တာပါ။ ဒါကြောင့် " မတူညီသောကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ တစ်ဖက်၏ပြော စကားများကို နားထောင်ရန် တံခါးဖွင့်ထားဖို့လိုအပ်သည်။ ယုံကြည်မူ တည်ဆောက်တဲ့အဆင့်(Trust Building)ဟာငြိမ်းချမ်းရေးတည်ဆောက်မူ (Peace Building)၊ နိုင်ငံတော်တည်ဆောက်မူ(State Building)၊ အားလုံး၏ အခြေခံဖြစ်သည်" လို.တင်ပြခဲ့တာပါ။ နိဂုံးချုပ်အနေနဲ. ဒီမိုကရေစီစံနစ် နဲ. ဒီမိုကရက်တစ်မြန်မာ့လူအဖွဲ.အစည်းကို တည်ဆောက်ကြဖို.၊ အခြေခံဥပဒေကိုပြင်ဆင်ရေးမှာ တိုင်းရင်းသားပြည်သူတစ်ရပ် လုံးသဘောတူညီ လက်ခံဖို.အတွက် ပန်းတိုင်အတူတူ ချီတက်နေတာပါ။ သွေးမကွဲကြပါနဲ. သွေးလည်းမခွဲကြပါနဲ.။ ကိုကိုကြီးရဲ.စကားလေးတစ်ခုနဲ.ပဲ အဆုံးသတ်ပါရစေ ........... " သေချာတာတစ်ခုကတော့အန်တီ့ကိုကျော်ပြီးဘာမှမလုပ်ဘူးဆိုတာပါပဲ။ သူ့တန်ဘိုးကိုကျနော်တို့အသိဆုံးပါ။ ဘယ်တော့မှသွေးခွဲလို့မရပါဘူး " အားလုံးကိုကျေးဇူးတင်ပါတယ်၊ လွတ်လပ်စွာသဘောထားကွဲလွဲမှုကိုလည်း ကြိုဆိုပါတယ် ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ) Credit : Kyaw Swar Myint ပြန်လည်မျှဝေပေးပါတယ်. လေးစားလျက် Martin Swe 21-12-2013

No comments: