Monday, December 23, 2013

ထိုင်း၏ ရိက္ခာလျှော့ချမှုကြောင့် ကရင်နီဒုက္ခသည်များ နေရပ်ပြန်လိုသော် လည်း ပြည်တွင်းအခြေအနေကို စိုးရိမ်


Tuesday, December 24, 2013

ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသော ကရင်နီဒုက္ခသည်များ ပြန်လာနိုင် ရေးအတွက် အစိုးရနှင့် အဖွဲ့အစည်းများက အဆင်သင့်မဖြစ်သေးမည်ကို စိုးရိမ်နေပြီး ပြန်လာရန် ခက်ခဲ လျက်ရှိသည်ဟု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဒုက္ခသည်စခန်းတွင် နေထိုင်သော ဒုက္ခသည်များ က ဒီဇင်ဘာ ၂၁ ရက်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲကြောင့် ထိုင်းနိုင်ငံအစိုးရမှ ဒုက္ခသည်များကို ရိက္ခာများ လျှော့ချခြင်း ပြုလုပ်ခြင်းဖြစ်ပြီး ဒုက္ခသည်များအနေဖြင့် ခက်ခဲလျက်ရှိသည်ဟု ယင်းဒုက္ခသည်စခန်းတွင် နေထိုင်သူများက ဆိုသည်။ ထို့အပြင် အဆိုပါဒုက္ခသည်များ ပြန်လာပါက နေထိုင်ရေးနှင့် အခြားသော ကိစ္စများအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။

“ပြည်တွင်းမှာ ပြန်နေမယ်ဆိုရင် ကျွန်မတို့အတွက် လုံခြုံပါ့မလား။ သံလွင်အရှေ့ဘက်မှာ မိုင်းပတ်ပတ် လည်ရှိနေတယ်။ စားဝတ်နေရေးဘက်မှာရော၊ နေရေးထိုင်ရေးဘက်မှာရော သူတို့လုပ်ပေးမလား။ လုပ်ပေးမယ်လို့ ပါးစပ်က ပြောပြီး တကယ်လုပ်ပေးမလားဆိုတာ စိုးရိမ်တယ်”ဟု မယ်ဟောင်ခရိုင် ဒုက္ခသည် စခန်း ၁ မှ မလော်မယ်က ဆိုသည်။

အဆိုပါဒုက္ခသည်များကို စက်တင်ဘာမှစတင်ပြီး မိသားစုအတွင်း မသန်စွမ်းသူများရှိပါက တစ်ဦးလျှင် ဆန် ၁၃ ကီလို၊ အလုပ်အကိုင်မရှိသော မိသားစုမှာ တစ်ဦးလျှင် ဆန် ၁၂ ကီလိုမှ ၁၀ ကီလို ထိ လျှော့ချ ပြီး အလုပ်အကိုင်နှင့် ၀င်ငွေရှိသည့် မိသားစုများကို ရိက္ခာဖြတ်လိုက်ပြီဖြစ်သည်။

ဒုက္ခသည်များ ပြည်တွင်းပြန်လာနိုင်ရေးအတွက် အစိုးရနှင့် အပစ်ရပ်ထားသော ကရင်နီအမျိုးသား တိုး တက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးထားဆဲဖြစ်ပြီး “ကျွန်တော်တို့ နယ်စပ်ဘေး နားတပ်တွေလည်း ရှိသေးတယ်။ နောက် မိုင်းလည်း ရှိသေးတယ်ဆိုတော့ ပေးမပြန်သေးဘူး။ ဒါပေမဲ့ စံပြအနေနဲ့ မယ်လယုဂွင်ကို အိမ်ခြေလေးငါးဆယ်ထားဖို့ အစည်းအဝေးမှာ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူထားတာရှိတယ်”ဟု ကရင်နီ တိုးတက်ရေးပါတီ၏ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ဒုက္ခသည်များနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးဝန်ကြီး ၀န်ကြီးဦးတောရယ်က“ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဒုက္ခသည်တွေ ပြန်လာရေးကိစ္စကို ကူညီဖို့ရှိပါတယ်။ အခြား အဖွဲ့အ စည်းတွေကလည်း ကူညီဖို့ရှိပါတယ်။ ကျွန်တော်တို့ တကယ်လိုတာက အင်အားဘယ်လောက်၊ ဘယ် အချိန်မှာလာမှာလဲ အဲဒါသိဖို့လိုပါတယ်”ဟု ပြောသည်။

ကရင်နီဒုက္ခသည်များအနေဖြင့် ပြည်တွင်းသို့ ပြန်လာရေးအတွက် အစိုးရ၏ ဆောင်ရွက်မှုအခြေအနေ များအပေါ် စိုးရိမ်စိတ်များလည်း ဖြစ်ပေါ်လျက်ရှိသည်။ “INGO,NGO တွေရဲ့ ထောက်ပံ့မှုကိုလည်း အစိုး ရဘက်က ခွင့်ပြုထားမှဖြစ်မယ်။ အစိုးရဘက်ကလဲ တကယ်တာဝန်ယူနိုင်တယ်ဆိုတာကိုလည်း နိုင်ငံတ ကာ သို့မဟုတ် ကျွန်မတို့ကို အဓိကကူညီတဲ့ UN တွေရှေ့မှာ ပြောသင့်တာပေါ့နော်။ ဒုက္ခသည်တွေ၊ အစိုးရ၊ KNPP NGO/INGO/UNHCR၊ ထိုင်းတို့ အားလုံးသဘောတူညီမှုကို ရယူသင့်တယ်ထင်တယ်”ဟု အမှတ်(၁)ဒုက္ခသည်စခန်းက မစူးမော်က ပြောသည်။

ကရင်နီဒုက္ခသည်များမှာ ၁၉၈၄ ခုနှစ်ကတည်းက ပြည်တွင်းစစ်ပွဲများကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး ၁၉၆၆ ခုနှစ်တွင် UN မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။ ထိုင်းနိုင်ငံ မယ် ဟောင်ဆောင်ခရိုင် အမှတ်(၁)နှင့် အမှတ် (၂)စခန်းများတွင် နေထိုင်ကြပြီး လူဦးရေသုံးသောင်းခန့် နေထိုင်ရာမှ တတိယနိုင်ငံသို့ တစ်သောင်းကျော် သွားရောက် အခြေချနေထိုင်ပြီးဖြစ်သဖြင့် လက်ရှိတွင် ဒုက္ခသည်ဦးရေ ၁၆၀၀၀ ခန့် ကျန်ရှိတော့သည်။

Mizzima - News in Burmese

No comments: