Sunday, December 22, 2013

ဖွဲ့ စည်း ပုံ ပြင် ဆင် ရေး ... ကို ကို ကြီး ထောက် ခံ


*****************************************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်လုပ်ကိုင်နေတဲ့
အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖေါ်ပွဲတွေကို အားပေးထောက်ခံကြောင်း
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့
ကိုကိုကြီးက DVB နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ပြောလိုက်တာပါ။

အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနဲ့ ပါတ်သက်လို့လည်း ဦးကိုကိုကြီးက အခုလို
ပြောဆိုပါတယ်။

`` ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ တရားဝင်လမ်းကြောင်းကတော့
ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၇၅ % ကျော် ၊ ပုဒ်မ ၇၄ ခု
ဆိုရင် ဒါအထူး ကန့်သတ်ထားတာ။ အားလုံးဟာ ၇၅ % ကျော်တဲ့အပြင် လူထုဆန္ဒ
ခံယူပွဲ ထက်ဝက်ကျော် မဲနဲ့မှ ရမယ်ဆိုတော့ ၊ အရမ်းတင်းကြပ်အောင် လုပ်ထားတာ
ဆိုတော့ ဒီဥပဒေအရ သွားမယ်ဆိုရင်တော့ လမ်းကြောင်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ
ကို ယာယီအားဖြင့် လက်ခံထားတဲ့အနေအထားမှာတော့ ဒီလမ်းကြောင်းကပဲ ပြင်ရမယ်။
ပြင်တဲ့အခါမှာ ဘယ်လောက်ပမာဏ ပြင်မလဲ ဆိုတဲ့ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်
ရမှာဆိုတော့ အဲ့ဒါမျိုးက အစိုးရကလည်း ပြောတဲ့ဟာပေါ့။ အခြေခံဥပဒေပြင်ချင်ရင်
လွှတ်တော်ထဲမှာ သွားပြင် ၊ လွှတ်တော်ထဲမှာ ဆွေးနွေးကြ။ အဲဒါနဲ့ အတူတူပဲလို့
ပြောချင်တာလား အခုလို ရှင်းပြတဲ့ဟာ။ အဲဒါဆိုလည်း ကျွန်တော်တို့က မေးခွန်းပဲ
ပြန်မေးရမယ့်ကိစ္စက ဒီနည်းလမ်းမဟုတ်ရင် ဘယ်လိုနည်းလမ်းရှိသလဲလို့ ကျွန်တော်
တို့က ပြန်မေးရမယ် ´´

အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရေးအင်အားစုတွေအကြား
ယုံကြည်မှုတည်ဆောက်ရေးဟာ အရေးကြီးပါကြောင်းကိုလည်း ဦးကိုကိုကြီးက
DVB နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ထောက်ပြသွားပါတယ်။

No comments: