Sunday, March 31, 2013
တရားဥပဒေနှင့်အညီအမြန်ဆုံးအရေးယူပေးပါ
 မူဆလင်ဘာသာဝင်သုံးဦးမှ တရားထိုင်နေသောသံဃာတော်အားကိုယ်ထိလက်ရောက်စော်ကား
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ဓမ္မမဏ္ဍိုင်ကျောင်းတိုက်အတွင်း တရားထိုင်နေသော ဦးပညာသီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားသဖြင့် အဆိုပါတရားခံသုံးဦးအား ဘူးသီးတောင်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဘူးသီးတောင်မြို့ သင်္ဘောဆိပ်မြင်ကွင်းဘူးသီးတောင်မြို့ သင်္ဘောဆိပ်မြင်ကွင်း
ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ်တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့မှာ မတ်လ(၂၈)နေ့ ညနေ(၇)နာရီခွဲအချိန်ခန့်တွင် ဓမ္မမဏ္ဍိုင်ကျောင်းတိုက်သို့ ဝင်ရောက်လာပြီး ဦးပညာသီရိ တရားထိုင်နေစဉ် ဆေးလိပ်မီးတောင်းရာ စကားပြန်မပြောသသဖြင့် ဆရာတော်၏ ပါးအား တအားလွှဲရိုက်လိုက်ခဲ့ကြောင်း သိရသည်။
ဆရာတော်လဲကျသွားခိုက် ကျောင်းတိုက်မှ တခြားကိုယ်တော် တကာများ ထွက်လာစဉ် အဆိုပါကုလားများ ထွက်ပြေးသွားပြီး ဆရာတော်ပါးပြင်ပေါ်ဝယ် ညိုမဲနေသော လက်ဝါးရာကို မြင်တွေ့ကြသော တကာများ မှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
ဦးပညာသီရိမှာ သက်တော်( ၃၅)နှစ် သိက္ခါတော်(၁၀)ဝါ ရှိပြီး ဓမ္မမဏ္ဍိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာတော် တစ်ပါးဖြစ်သည်။
ဦးပညာသီရိအား စော်ကားသောသတင်းမှာ ဘူးသီးတောင်မြို့ သူမြို့ သားများထံ ချက်ချင်းပြန့်နှံ့သွားသောကြောင့် ဘူးသီးတောင်ရဲတပ်ဖွဲ့ဝင်များမှ အချိန်မှီ ဆူပူမှုမဖြစ်ရန် ရပ်မိရပ်ဖများကိုတားမြစ်ခဲ့ကြောင်း ဘူးသီးတောင်ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ဆိုသည်။
" သတင်းကြားတာနဲ့ ဒေါ်သထွက်ကြတာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားဗုဒ္ဓဘာသာဝင်တွေကို အတတ်နိုင်ဆုံးတားကြတာပေါ့ ၊ဥပဒေနဲ့အညီ ဘူးသီးတောင်ပြည်သူ့ရဲတွေက တာဝန်ကျေပါတယ် မကြာခင်တရားခံတွေကို ဖမ်းမိပြီလို့ ရဲကအတည်ပြုပြောပါတယ်။ " ဟု ဘူးသီးတောင်မှ ရခိုင်လူငယ်တစ်ဦးက ပြောပါသည်။
ဖမ်းဆီးရမိထားသော တရားခံမူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှာ ငယ်ငယ်ကတည်းက အဆိုပါကျောင်းနှင့် ရင်းနှီးမှုရှိနေပြီး မူဆလင်ဘာသာဝင် ဘင်္ဂလီငယ်များ မမြဲတမ်း ဝင်ထွက်သွားလာနေကြပြီး ဆရာတော်များဖြင့် ရင်းနှီးနေကြကြောင်း သိရသည်။
ဆရာတော်အား ကိုယ်ထိကာယကျူးလွန်သည်မှာ မှန်ကန်ကြောင်းကို တရားခံများ ထွက်ဆိုထားသဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅)တပ်ကာ ရဲ စွဲချက်တင်မည်ဟု ဘူးသီးတောင်ရဲတပ်သားတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်
ဆီးအောင့်ရောဂါ အတွက်မြန်မာ့ဆေးမြီးတို
မြန်မာ့တိုင်းရင်းဆေး
တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ
ဆီးအောင့်ရောဂါ အတွက်......
ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ချောင်းဆိုး (တီဘီ)ရောဂါ..............
ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........
သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ရေနွေးပူ ၊ ဆီပူလောင်လျှင် .......
ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)
အညောင်းအကိုက်အတွက်ဆေးတစ်လက်........
အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မသယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။
ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........
ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော
သံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း
တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့်
မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်
ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။
အရွက်မှာ ချဉ်သောအရသာရှိပါသည်။
၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍
သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်း
တို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။
၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊
ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်
ဖြစ်ပါသည်။
၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှာ
ထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊
မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်း
ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။
(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။
လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......
ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော
လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ
သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။
ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့်
ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။
သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။
ညည်းတွားနေရသည်။
ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်
ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီး
သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။
ပုံသဏ္ဍာန်
ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်
ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်
ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။
ကြွက်နို့ ပျောက်ဆေး .......
ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။
ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို
တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ
ဆီးအောင့်ရောဂါ အတွက်......
ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ချောင်းဆိုး (တီဘီ)ရောဂါ..............
ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........
သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ရေနွေးပူ ၊ ဆီပူလောင်လျှင် .......
ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)
အညောင်းအကိုက်အတွက်ဆေးတစ်လက်........
အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မသယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။
ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........
ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော
သံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း
တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့်
မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်
ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။
အရွက်မှာ ချဉ်သောအရသာရှိပါသည်။
၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍
သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်း
တို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။
၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊
ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်
ဖြစ်ပါသည်။
၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှ
ထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊
မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်း
ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။
(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။
လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......
ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော
လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ
သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။
ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့်
ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။
သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။
ညည်းတွားနေရသည်။
ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်
ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီး
သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။
ပုံသဏ္ဍာန်
ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်
ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်
ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။
ကြွက်နို့ ပျောက်ဆေး .......
ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။
ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို
ဂျော်ဒန်နိုင်ငံမှာ အခွင့်အရေး ချိုးဖောက်ခံရသူများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
2013-03-31
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံရဲ့ မြန်မာအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သောကြာနေ့က မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမား တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားပါတယ်။
" အခုဟာက ကုမ္ပဏီနဲ့ အလုပ်သမားဖြစ်တဲ့အတွက် ကျွန်တော်တို့ လူကြီးတွေကို အရမ်းအားကိုးတယ်၊ လူကြီးတွေလာရင် ကျွန်တော်တို့မှာ မိဘတွေလိုပဲ အရမ်းအားကိုပြီး စောင့်မျှော်ခဲ့တယ်၊ တစ်လခွဲထိနေခဲ့ရတဲ့အခါမှာ ကျွန်တော်တို့ဘက်မှာ ကူညီမှုလဲဘာမှမရှိခဲ့ဘူး၊ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းရတဲ့ပုံစံမျိုး ကျရောက်ပါတယ်၊ ကျွန်တော်တို့က အရမ်းအခက်အခဲတွေ ကြုံခဲ့ရတယ်၊ ကိုယ့်အခက်အခဲပဲကိုယ်သိတာပေါ့နော်"
အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မသက်သက်အောင်ကလည်း ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
" ဂျော်ဒန်က ကျွန်မတို့ အတွက် ကောင်းဆုံး သာဓက တစ်ခုဖြစ်ခဲ့တယ်၊ မှတ်ပုံမတင်ထားတဲ့ တရားမဝင်တဲ့ အေဂျင်စီကလွှတ်လို့ လုပ်ရကိုင်ရ ခက်တယ်ဆိုသော်လည်း၊ လက်ရှိမြန်မာနိုင်ငံသားတွေ တခြားနိုင်ငံမှာ ခံစားနေရတာ ဖြစ်တဲ့အတွက် လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် ဘယ်လိုကာကွယ်မှု ပေးနိုင်မလဲဆိုတာ မျိုးတွေတော့ ဒီအချိန်မှာ စဉ်းစားရတော့မယ်"
အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား တစ်ထောင်လောက်အလုပ်လုပ်ကိုင်ကြပြီး၊ အလုပ်ရှင်ရဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
လာမယ့် မေလအတွင်းမှာလည်း အလုပ်သမားတချို့ မြန်မာနိုင်ငံကို ပြန်လာဖို့ရှိတယ်လို့ သိရပါတယ်။
ဇီးရိုးမှ ဟီးရိုးဖြစ်လာတဲ့ အီသိယိုးပီးယား
၁၉၈၄ ခုနှစ်နောက်ပိုင်း မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ခံခဲ့ရတဲ့ အီသီယိုးပီးယားနိုင်ငံဟာ အစာရေ စာပြတ်လပ်ပြီး ကမ္ဘာမှာ အဆင်း ရဲဆုံးနိုင်ငံလို့ သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ်။ အဆိုတော် Bob Geldof က အီသီယိုးပီးယားနိုင်ငံနဲ့ ပတ် သက်ပြီး ''အဲဒီနိုင်ငံမှာ ဘာပင်မှ လည်း စိုက်ပျိုးလို့မရ၊ မိုးလည်း မရွာ၊ မြစ်တွေလည်း ခန်းခြောက်။ သူတို့တစ်တွေ ခရစ္စမတ်ပွဲ ရောက် တာတောင် သိကြပါ့မလား'' လို့ သီချင်းတစ်ပုဒ် စပ်ဆိုပြီး သီဆိုခဲ့ဖူး ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း အီသီယိုးပီး ယား အစိုးရနဲ့ ပြည်သူတွေရဲ့ ကြိုး ပမ်းအားထုတ်မှုကြောင့် ယခုအခါ အာဖရိကတိုက်မှာ ကြယ်တစ်ပွင့် ဖြစ်လာပြီး တောင်အာဖရိက၊ နိုင် ဂျီးရီးယားနဲ့ အင်ဂိုလာနိုင်ငံတွေ ပြီးရင် စတုတ္ထမြောက် စီးပွားရေး အတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။
ဆူဒန်နယ်စပ်မှာရှိတဲ့ မက်တီမာမြို့ကနေ အသစ်ဖောက် လုပ်ထားတဲ့ အဝေးပြေးလမ်းမကြီး အတိုင်း တောင်ဘက်ကို လာရင် လမ်းဘေးတစ်ဖက်တစ်ချက်မှာ နှမ်းစိုက်ခင်းကြီးတွေကို တစ်မျှော်တစ်ခေါ်ကြီး တွေ့မြင်နိုင်ပါတယ်။ နှမ်းသီးနှံဟာကော်ဖီပြီးရင် အီသီယိုပီး ယား နိုင်ငံရဲ့ ဒုတိယအများ ဆုံး ပို့ကုန်သီးနှံ ဖြစ်ပါတယ်။ မြို့ တော် အဒစ်အဘာဘာမြို့ကနေ တောင်ဘက်လမ်းအတိုင်းသွားရင် လည်း အရင်ဆုံး အစ္စရေး စတော် ဘယ်ရီခြံကြီးတွေကို လမ်းဘေး တစ်ဖက်တစ်ချက်မှာ မြင်တွေ့နိုင် ပါတယ်။ စတော်ဘယ်ရီသီး ခူး ဆွတ်တဲ့ အလုပ်သမားတွေက ၅ဝဝ ဂရမ် ပလတ်စတစ်ကွန်တိန်နာ တွေထဲ ထည့်သွင်းပြီး လေကြောင်း နဲ့ ဥရောပမှာရှိတဲ့ စူပါမားကတ် ကြီးတွေကို တင်ပို့ရောင်းချနေပါ တယ်။ တောင်ပိုင်း ဇီဝေမြို့ရောက် တော့ ဒတ်ခ်ျလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ Sher Flowers ရဲ့ စတုရန်း မိုင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ မြေ ကွက်ကြီးမှာ ဖန်လုံးအိမ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ပန်းစိုက်ခင်းတွေ ကို တွေ့နိုင်ပါတယ်။ အလုပ်သမား ပေါင်း ၁၂ဝဝဝ နဲ့ ကိုင်းကူး၊ ကိုင်း ဆက် နှင်းဆီပန်းအမျိုးမျိုးကို စိုက် ပျိုးပြီး ဥရောပက စူပါမားကတ် တွေကို တင်ပို့ရောင်းချနေပါတယ်။
၁၉၈ဝ ပြည့်နှစ် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်အာဏာရှင် မင်ဂျစ်စတူကို ဖြုတ်ချပြီး မီရီးစ်ဇင်နာဝီ- MelesZenawi ခေါင်း ဆောင်တဲ့ အီသီယိုးပီးယားပြည်သူ တော်လှန်ရေး ဒီမိုကရက်တစ်တစ် ဦး (EPRDF) ဟာ အာဏာရရှိလာ ပါတယ်။ မီရီးစ်ဇင်နာဝီ ဝန်ကြီး ချုပ်အဖြစ် တာဝန်ယူတဲ့ အီသီယိုး ပီးယားအစိုးရဟာ နိုင်ငံရဲ့ စီးပွား ရေးကို အစိုးရက တာဝန်ယူပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချတဲ့စနစ်ကို ကျင့်သုံးလာခဲ့ ပါတယ်။ တချို့ ဝေ ဖန်သူတွေက တရုတ်နိုင်ငံရဲ့ ပုံစံကိုယူပြီးဆောင်ရွက်နေ တယ်လို့ ထောက်ပြခဲ့ပါတယ်။ အရင်ဆုံး အလုပ်သမားအင်အားစု ၇၉% ရှိပြီး နိုင်ငံ GDP ရဲ့ ၄၆% ကို ထုတ်လုပ်ပေးနေတဲ့ လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကြီး တိုးတက် ကောင်းမွန်လာအောင် အာရုံစိုက် ကာ ဆောင်ရွက်လာခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ မှာ ထုတ်လုပ်မှုတိုးတက်ရေးနဲ့ ရရှိ လာတဲ့ အကျိုးအမြတ်တွေကိုလယ် သမားတွေအတွက် ခွဲဝေပေးရေးအတွက်လယ်ယာစိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေးအေဂျင်စီ- Agricultural Transformation Agency ကို အစိုးရက ဖွဲ့စည်းပေး ခဲ့ပြီး ဝေါလ်စထရိက ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးလည်း ဖြစ်၊ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး လည်းဖြစ်တဲ့ ကာ ရစ်ဘွမ်ဘာကို ဦးဆောင်ကြီးကြပ် ဆောင်ရွက်စေခဲ့ပါတယ်။ ကာရစ် ဘွမ်ဘာရဲ့ အရာရှိတွေဟာ လယ် သမားတွေကို စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးနည်းပညာတွေ ပြသပေးပြီး သမဝါယအသင်းတွေ ဖွဲ့စည်းဖို့ စည်းရုံးခဲ့ပါတယ်။ မျိုးစေ့တွေ ဖြန့် ဖြူးပေးပြီး စိုက်ခင်းတွေမှာ ရေရရှိ ရေး စီစဉ်ပေးခဲ့ပါတယ်။ သီးနှံတွေ ရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်သတင်း အချက်အလက်တွေ သိရှိနိုင် အောင်လည်း စီစဉ်ပေးခဲ့ပါတယ်။ ကာရစ်ဘွမ်ဘာက ''ယခုအခါ အီ သီယိုးပီးယား နိုင်ငံမှာ နွားကောင် ရေ သန်း ၅ဝ ရှိတဲ့အတွက် အာဖရိ ကတိုက်မှာ အကြီးမားဆုံး တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းကြီး ရှိနေပါ တယ်။ ဒါကြောင့် လာမယ့် ၅ နှစ် အတွင်းအီသီယိုးပီးယားနိုင်ငံဟာ အစားအစာ ဖူလုံတဲ့ နိုင်ငံ ဖြစ်လာ နိုင်တယ်'' လို့ ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု (ဂျီဒီပီ) ဟာ တစ်နှစ်ကို ၁၁% ရှိတယ်လို့ အစိုးရက တရားဝင် ကြေညာခဲ့ပေ မယ့် ဝေဖန်ဆန်းစစ်သူတွေကအဲဒီရာခိုင်နှုန်းရဲ့ထက်ဝက် ၅.၇% ခန့် ရှိနိုင်တယ်လို့ခန့်မှန်းပြီး အဲဒီတိုးတက်မှုနှုန်းဟာလေးစား လက်ခံ နိုင်တယ်လို့ ဆိုပါတယ်။ အစိုးရက စိုက်ပျိုးရေးကဏ္ဍမှာ တစ်နှစ်ကို ၅.၆% တိုးတက်လာတယ်လို့ ဆို ပေမယ့် အဲဒီထက်ဝက် ၂.၃% တိုးတက်ရင်တောင် ချီးကျူးသင့် တယ်လို့ ဆိုပါတယ်။ အီသီယိုးပီး ယားနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တက္ကသိုလ် ၂ ခုသာ ရှိခဲ့ပေ မယ့် ယခုအခါ ၃၂ ခုအထိ ရှိလာ ပါတယ်။ ကျေးရွာတိုင်းလိုလိုမှာ စာသင်ကျောင်း၊ ဆေးပေးခန်းတွေဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်ပ ထောက်ပံ့ရေး အဖွဲ့အစည်းတွေရဲ့ အဆိုအရ မီးတွင်းကလေးသူငယ် သေဆုံးမှုနှုန်းဟာ ၂ဝဝဝ ပြည့်နှစ် က စပြီး ၄ဝ% ကျဆင်းခဲ့ပြီး ၅ နှစ်အောက် ကလေးငယ် သေဆုံးမှု လည်း ၄၅% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ အီသီ ယိုးပီးယားပြည်သူတစ်ယောက်ရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ် လာ ၄ဝဝ ခန့်သာ ရှိတဲ့အတွက် တခြား ဆာဟာရသဲကန္တာရအောက် ပိုင်း အာဖရိကနိုင်ငံတွေမှာရှိတဲ့ ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၁၄၆၆ ထက် နည်းပါးနေပါတယ်။ ဒါပေ မယ့် အီသီယိုးပီးယားနိုင်ငံမှာ အောက်ခြေ ဆင်းရဲနွမ်းပါးသူတွေ ရဲ့ ဝင်ငွေကို အလျင်အမြန် တိုး တက်လာအောင် ဦးစားပေးဆောင် ရွက်နေတဲ့အတွက် ချီးကျူးစရာ ကောင်းပါတယ်။
တစ်နိုင်ငံလုံးမှာ လမ်းတွေ ဖောက်လုပ်တဲ့ အစီအစဉ်အရ မြောက်ဘက်မှ တောင်ဘက်ကို စီး ဆင်းနေတဲ့ နိုင်းမြစ်ကြီးနဲ့အပြိုင် အဝေးပြေးကတ္တရာလမ်းမကြီးကို ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ မိုးခေါင် ရေရှားမှုကြီးတုန်းက အဲဒီလမ်းမ ကြီးမျိုး မရှိခဲ့တဲ့အတွက် အစာရေ စာ ငတ်မွတ်ခေါင်းပါးတဲ့ ဒေသတွေ ကို ရိက္ခာတွေ ပေးပို့ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာမျိုး မဖြစ်ရအောင် ဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလမ်းမကြီးဟာ လမ်းတစ်ဖက်တစ်ချက်ရှိဒေသခံလူဦးရေ ၁၈ သန်းအတွက်များစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။မြို့တော်အဒစ်အဘာဘာမြို့ရဲ့တောင်ဘက်မှာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ စက်မှုဇုန်ကြီးတစ်ခုကို တည်ဆောက် ဖွင့်လှစ်ထားပါတယ်။ အဲဒီဇုန်မှာ အလုပ်အကိုင်သစ်ပေါင်း နှစ်သောင်း ရရှိနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ ယခုအခါ နိုင်ငံရဲ့မြောက်ပိုင်းမှာ ရေနံတွေ တွေ့ရှိထားတဲ့အတွက် နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုအတွက် လိုအပ်နေတဲ့ အရင်းအနှီးတွေကို ပိုမိုရရှိဖို့ အလားအလာရှိပါတယ်။ ရေကာတာကြီးတွေကိုလည်း တည်ဆောက်နေတဲ့အတွက် အဲဒီရေကာတာကြီးတွေပြီးရင် ဒေသတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနိုင်တဲ့ နိုင်ငံလည်း ဖြစ်လာနိုင်ပါတယ်။
နိုင်ငံရေးအနေနဲ့တော့ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက နိုင်ငံရဲ့တိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အသက် ၅၇ နှစ် အရွယ်ရှိ ဝန်ကြီးချုပ် မီရီးစ်ဇင်နာဝီဟာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပေမယ့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားဝန်ကြီးဖြစ်ခဲ့သူ အသက် ၄၇ နှစ်အရွယ်ရှိ ဟေးရီမာလီယမ်ဒီဆေးလက်ခ်ျကို အေးချမ်းစွာ အာဏာလွှဲပြောင်းပေးခဲ့တာတွေ့ရပါတယ်။ မီရိးစ် သေဆုံးပြီးလပေါင်းများစွာကြာတဲ့အထိ အဒစ်အဘာဘာမြို့လယ်မှာ ကြီးမားတဲ့ ပိုစတာကြီးတွေကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ အဲဒီပိုစတာကြီးတွေထဲမှာ ''ကျွန်ုပ်တို့ဟာသင်ရဲ့ မပြီးဆုံးသေးတဲ့ အလုပ်တွေကို ဆက်ပြီး လုပ်ဆောင်သွားပါမယ်''။ ''သင့်ကို ကျွန်ုပ်တို့ ဘယ်တော့မှမမေ့ဘူး'' လို့ ပါရှိကြောင်းပါခင်ဗျား။
Ref : Special Report (EmergingAfrica) The Economist,March 2nd-8th, 2013)
မောင်ပုဆိုးကြမ်း
အသံ
NLDနိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်၍ဒေါက်တာရန် မျိုးသိန်း ၏ဝေဖန် သုံးသပ်မှုကို သမဂ္ဂဂျာနယ်တွင် အထက်ပါအတိုင်း ကျွန်တော်ဖတ်ရသည်။ NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ အသက်မှာ သက် ကြီးရွယ်အိုများ ဖြစ်နေမှုအပေါ် ဝေဖန်သံများကို စာနယ်ဇင်းပေါ်မှာ၊ အွန်လိုင်းပေါ်မှာ ကျွန်တော်တွေ့မြင်ကြား သိနေရ၏။
ကျွန်တော်သည် ယုဇနဥယျာဉ်မြို့တော် ပိတောက်လမ်းပေါ်မှပြည်သူ့အလင်းစာဖတ်သင်းမှာ ဂျာနယ်မှာဖတ်လေ့ရှိ၏။ပြည်သူ့အလင်းမှ
ကိုနိုင်ဝင်းက ပြောလေ့ရှိသည်မှာ -
''ကျွန်တော်က ဒေါ်စုကိုလိုလားသူတစ်ဦးပါ။ ဒေါ်စု မျက်နှာနဲ့NLDကို မဲထည့်ခဲ့တာပါ။ ကျွန်တော်တို့ ယုဇနရဲ့ NLD လွှတ်တော်ကိုယ်စား လှယ်ဦးမျိုးအောင်ဟာ ယုဇနဥယျာဉ်မြို့တော်မှာရေတွေ ဒီလောက်ခက်ခဲတာ၊ရေဆိုးမြောင်းတွေ မကောင်းတာဒီလောက် ဆူညံနေတဲ့ပြည် သူ့အသံကို မကြားဘူးလားဗျာ။ ဘယ်ကြားမှာလဲ။NLDနိုင်ပြီးကတည်းက သူ့မျက်နှာကို ကျွန်တော်တို့ မမြင်ကြရတော့ဘူး။ မဲမရခင်က တော့ ပြုံးပြုံး ပြုံးပြုံးနဲ့။ ၂ဝ၁၅ မှာ NLDကိုယ်စားပြု ဒီပုဂ္ဂိုလ်ဆိုရင် ကျွန်တော်တော့ မဲမထည့်တော့ ဘူး။ ကျွန်တော့်လိုလူတွေကလည်း အများကြီးဗျ''
အခြားတစ်ဦး၏ အသံမှာ - ''NLDလွှတ်တော်ကိုယ် စားလှယ်တွေက ဒေါ်အောင်ဆန်း စုကြည်ကိုကြောက်ရလွန်းတော့ မပြောရဲမဆိုရဲဖြစ်တာ အကျင့်ပါနေတယ်။ ကိုယ့်နယ်မြေကပြည်သူ့အသံကို ကိုယ်စားပြုပြီး လွှတ်တော်မှာ မတင်ပြရဲကြတော့ဘူး'' ''မဟုတ်ဘူးဗျ။ လွှတ်တော် ကိုယ် စားလှယ်ကိုယ်တိုင်က ပြည်သူကို စိတ်ဝင်စားတတ်မှသာ ပြည်သူရဲ့အသံကို ကြားရမှာဗျ'' ဟု တစ်ယောက်က ဝင် ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်လာသည်။ ထိုအစီရင်ခံစာအပေါ်ကျေ နပ်သံ၊ မကျေနပ်သံများ ထွက်ပေါ်လာသည်။ အွန်လိုင်းပေါ်မှာတင်လာသည့် စာသားများမှာ ပုဂ္ဂိုလ်ရေး ဆန်လွန်းလှ၏။ စာရေးဆရာကျော် ဝင်း၏ ''ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ'' ဆောင်းပါးကိုThe Voice မှာ မပါဝင်မီကပင် အင်တာနက်မှာ တွေ့နေရပါသည်။ နှစ်ဖက်မျှ တ စဉ်းစားခြင်းဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင် ပညာရှင်ဦးအုန်း၏ စကားကိုလည်း ကျွန်တော်လေးစားစွာ နားထောင်ရပါသည်။ ''အစီရင်ခံစာမှာ ပါဝင် တဲ့ အချက်တွေ မှာ တော်တော်များ များ လက်ခံနိုင်တဲ့ အချက်တွေ ပါဝင်နေပါတယ်။ သို့သော် ဘဝင်အဆိပ်ဓာတ်တွေ ပါဝင်နေတယ်။ ဒေသခံတွေ ကျေ နပ်အောင် အငြင်းပွားမှု မရှိတဲ့အခြေအနေရောက်မှ ဆက်လုပ်သင့်တယ်'' ဖရီဒါ ဦးအုန်း၏ အသံကို ကျွန်တော် ကြားရသည်။ မည်သည့်နိုင်ငံ မှာမဆို စီမံကိန်းတစ်ခုခု လုပ်ဆောင်လျှင် သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်သည်ကိုတော့ ကျွန်တော်တို့နားလည်ပေးရ မည်။ ''ရန်ကုန်မြို့မှာနေထိုင် မကျဖြစ်နေတာကတော့ ဆက်လုပ်သင့်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော့်အနေနဲ့ သိပ်သဘော မကျပါဘူး'' ဖရီဒါ ဦးအုန်းက ပြောသည်။
''ဒေသခံတွေကို ရစရာရှိတဲ့ ရပိုင်ခွင့်တွေကိုပေးရမယ်။ ဒေသခံတွေမှာ လုပ်ကွင်းလုပ်ကွက်တွေ ပျက်စီးရတယ်။ သောက်စရာ ရေတောင် စိမ့်ဝင်နေတဲ့ ရေထဲမှာသောက်ဖို့ မသင့်တော်အောင်အဆိပ်ဓာတ်တွေ ပါဝင်နေတယ်။ ဒေသခံတွေကျေနပ်အောင် အငြင်းပွားမှု မရှိတဲ့အခြေ အနေရောက်မှ ဆက်လုပ်သင့်တယ်'' ဖရီဒါ ဦးအုန်း၏ အသံကို ကျွန်တော် ကြားရသည်။
မည်သည့်နိုင်ငံမှာမဆို စီမံကိန်းတစ်ခုခုလုပ်ဆောင်လျှင် သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်သည်ကိုတော့ ကျွန်တော်တို့ နား လည်ပေးရမည်။
''ရန်ကုန်မြို့မှာ နေထိုင်ပြီး ကိုယ့်အိမ်ရှေ့က အရိပ်ရတဲ့ ဗာဒံပင်လေးကို ခုတ်လှဲခံလိုက်ရရင် ကြိုက်နိုင်မှာလား၊ လက်ခံနိုင်မှာလား။ လူတွေ မှာတောင်ဆိုတာလည်း အရေးကြီးတာပဲ။ ဒေသခံတွေအတွက်တောင် အဖြိုခံရတဲ့ ကိစ္စကို သဘောမတူတာ၊ ဆန္ဒပြတာ သဘာဝ ကျပါတယ်''
လူငယ်ကဗျာဆရာတစ် ဦးက ကျွန်တော့်ကိုပြောသည်။ ''မီးလောင်ဗုံးမှ မီး လောင်ဗုံးပါ။ မီးလောင်ဗုံးကို မီးခိုးဗုံးလို့ပြောတာ ကျွန်မတော့ဖြင့် လက်မခံနိုင်ပါဘူး'' သွဲ့သွဲ့ဝင်း၏ အသံကို ကျွန်တော် ကြားရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဒေသသို့ အရောက်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံမှုမှာဒေသခံဘက်မှ ခံစားချက်များကိုဒေါ်အောင်ဆန်းစုကြည်က ဆင်ခြင်သုံး သပ်မှုဖြင့်ဖြေကြားပေးခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်ဆန္ဒပြမှုကိုလည်းဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ခဲ့ရ၏။ ကားတံခါးပေါက်မှ ငေးကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်၏ မျက်လုံးများမှာ အလေးအနက်ရှိလှသည်။
ရန်ကုန်မြို့ပြမှ ရွာသူရွာသားများထံသို့ သွားရောက်၍ လက်ပံတောင်းအရေး ပါဝင်လှုပ်ရှားသူအချို့ကိုလည်း အပြစ်မပြောဆိုသင့်ပါ။ အင်တာ နက်ပေါ်တွင် ထိုလက်ပံတောင်းအရေး ပါဝင်လှုပ် ရှားသူ လူငယ်များကို ပြစ်တင်စွပ်စွဲထားသော စာသားအချို့ကို ကျွန်တော် ဖတ်ရှုရသည်။
လက်ပံတောင်းတောင် ဝန်းကျင်မှ ဒေသခံပြည်သူများ၏ ခံစားချက်ကို စာနာနားလည်ပေး သူ၊ ဒေသခံများနှင့်အတူ လက်ပံ တောင်းအရေး ပါဝင်လှုပ်ရှားသူ မြို့ ပြလူငယ်များစွာ အသေအချာ ရှိ နိုင်ပါသည်။ လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး ဒီမိုကရေစီဘက်တော်သား အချင်း ချင်း စိတ်ဝမ်း မကွဲပြားရန် လိုအပ်သည်ဟူသော ကိုမင်းကိုနိုင်၏စကားကို ကျွန်တော် ထောက်ခံပါသည်။
မောင်ကိုကို(အမရပူရ)
မျက်နှာကြီးနှင့်မျက်နှာငယ်
''အဲသည့်အကောင် မျက်နှာကြီးရာဟင်းဖတ်ပါချင်တဲ့ အကောင်ပဲ'' ဟုပြောသူက သြဇာအရှိန်အဝါကြီးသူ၊ ဓနငွေကြေး ကြွယ်ဝသူ၏အလိုကို လိုက်လျောရန်အသင့်ရှိနေတတ်သည့် အဖားအလျားကောင်းသူကိုရည်ညွှန်းပါသည်။ 'တော်တော်ဖားတဲ့ကောင်'ဟုပြောလိုက်လျှင်လည်းကိစ္စ ပြီးပါ သည်။ ပုထုဇဉ်များပီပီ 'အဖားခံရ ခြင်း' ၌မွေ့လျော်သာယာတတ်ကြသည်။ အိမ်ကြီးရှင်သူဌေးမင်းကို အိမ်ဖော်အစေခံက ဖော်လံဖား ဆက်ဆံခြင်းကိုမဆိုနှင့်။ ကယ်ပါသူတောင်းစားပင်လျှင်သူ၏တဲကုပ်မှာ မှီခိုနေထိုင်သောခွေးဝဲစား ကလေးကအမြီးနှံ့၍ဖားခြင်းကိုကျေနပ် ပီတိဖြစ်ပေလိမ့်မည်။ အလှူအကျွေးအမွေးပွဲတွင် ဂုဏ်ရှိန်မြင့်သူ၏ဟင်းခွက်ထဲသို့ဟင်းလိုက်ပွဲဖြည့်ဆည်းသူက အသားဖတ်များများ ပါအောင် ဂရုတစိုက် ထည့်ပေးခြင်းသည် (မျက်နှာကြီး ရာ ဟင်းဖတ်ပါခြင်း) ပင်ဖြစ်သည်။ အလွယ်ပြောသော် ဖားခြင်းဟူလို။
ဖားခြင်းသည်အဖားခံရသူကျေနပ်သလို ဖားသူအတွက်အဖားခံကမျက်နှာသာ အခွင့်အရေးပေးနိုင်ခြင်းကြောင့်ကောင်းသော အကျင့်ဟုမဆို
နိုင်ပြီလော။
ဝန်မင်း၏ ခြေသလုံးကို အစေအပါးကဖက်ပြီး ''ညောင်း တော်မူရင် ကျွန်တော်မျိုး နှိပ်နယ် ပေးပါရစေ'' ဟု ဖားလိုက်၏။ ဝန် မင်းက ''အိမ်း- နှိပ်ပြီးရင် ငါစားလို့ မကုန်သေးတဲ့ ရွှေငှက်ပျောသီး ယူ စားစေ'' ဟု အခွင့်အရေး ပေးလိုက် လေသည်။ အပေးအယူ ဘယ်က လောက် အဆင်ပြေချောမွေ့ပါ သနည်း။ မျက်နှာကြီး ဝန်မင်းကို ဖားခြင်းအတွက် အစေအပါးမှာ ဘာအပြစ်ရှိပါသနည်း။ သူတို့နှစ် ယောက်စလုံး ထူးထူးထွေထွေတော့ အပြစ်မရှိ။ ဝန်မင်းမှာ မာန တည်း ဟူသော အကုသိုလ်တရား၌ မွေ့ လျော်လိုက်သဖြင့် ငရဲသို့ ထိုးကျ သွားပါသည်။ အစေအပါးမှာ အ ခွင့်အရေး မျှော်ကိုးပြီး အလိုက်သိ တတ် ဟန်ဆောင်သော မုသား အ ကုသိုလ်ကြောင့် ငရဲအိုးမှာ ဂျိုး (ချိုး) ကပ်သွားပါသည်။
ဝန်မင်းရုံးတော်မှဆင်းလာသောအခါ အစေအပါးကားဒရိုင်ဘာသည် ကားတံခါးကို အသင့်ဖွင့်ပေးသည့်ပြင် ခါးကလေးကိုပါ ရို့ရို့ကလေး ညွှတ်ထားလေသည်။ ဝန်မင်းကားပေါ်ရှိ ဆိုဖာမှာထိုင်လိုက်စဉ် အစေအပါးဒရိုင်ဘာက ဖုန်မရှိသောဝန်မင်း၏ခြေအစုံကို ဖုန်ရှိလေဟန် အဝတ် စုတ်ဖြင့် ပွတ် သုတ်သန့်ရှင်းသည်။
''ဂန်းမသား တော်တော် ဖားတဲ့ကောင် လိုတာထက်ပိုနေပြီ'' ဟု ဝန်မင်းကမြည်တွန်တောက်တီးလေသည်။ မျက်နှာကြီးကို ဖားရာတွင် မျက်နှာ မရဘဲ ခြေထောက် ရတတ်ကြောင်းသတိချပ်ရန်လိုပေသေးသည်။ သို့သော် အဖားအလျား အပင့်အမြှောက်မကြိုက် သူမျက်နှာကြီးမှာ လူတစ် သန်းမှာ တစ်ယောက်မျှသာ ရှိတတ်သည်။ မျက်နှာကြီးစဉ် အဖို့အဖားခံရ ခြင်းသည် နတ်စည်းစိမ်နှင့်တူပေသည်။
''မျက်နှာကြီး အသုဘမို့ထင်တယ်။ ရေဝေးသုသာန်မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးပဲ'' ဟုပြောလာသောအခါ ''ဒါပေါ့။ မျက်နှာကြီးအ သိုင်း အဝိုင်းက မျက်နှာကြီးတစ်ယောက်ဆိုတော့ မျက်နှာကြီးတွေကိုဖားတဲ့သူတွေပါ လိုက်ပို့ကြတာပေါ့'' ဟူသောဝေဖန်သံပေါ်လာသည်။မျက်နှာ ကြီးတစ်ယောက်မှာ သေသွားသည့်တိုင်မျက်နှာကြီး နေဆဲဖြစ်ကြောင်းနားလည်ရမည်။
''ဟင်း- ကြည့်စမ်းပါဦး တော့။ အသုဘလိုက်ပို့တဲ့လူကလည်းခြောက်တီးခြောက်ကပ်နဲ့ နှစ်ယောက်နဲ့တစ်ပိုင်းပဲ ရှိတယ်။ မျက်နှာမွဲ အသုဘနဲ့ တူပါရဲ့'' ဟု မှတ်ချက်ချတတ်သည်။
''ဟင်း- ကြည့်စမ်းပါဦးတော့။ အသုဘလိုက်ပို့တဲ့လူကလည်း ခြောက်တီးခြောက်ကပ်နဲ့ နှစ်ယောက်နဲ့တစ်ပိုင်းပဲ ရှိတယ်။ မျက်နှာမွဲ အသုဘနဲ့ တူပါရဲ့'' ဟု မှတ်ချက်ချတတ်သည်။
မှန်သည်။ မျက်နှာမွဲ (ဝါ) မျက်နှာငယ်ရသူကို ရှင်တုန်းကလည်း လူအများက ဂရုမစိုက်ကြပါ။ သေသွားတော့လည်း အ မှိုက်တစ်စ လွင့်သွား သလိုဥပက္ခာ ပြုလိုက်ကြသည်။
စာရေးသူတို့ မြန်မာစာပေမှာ သူဌေးကြေးပံ့ဟူသော ဆိုရိုးစကားတစ်ပုဒ်လည်း ရှိသေးသည်။ ငွေကြေးပြည့်စုံကြွယ်ဝနေသူ ကိုငွေကြေး ပံ့ပိုးခြင်းအားရှုတ်ချခြင်းဖြစ်သည်။ ''ဒီအကောင် သူဌေးကြေးပံ့ လုပ်နေပြန်ပြီ။ သူ့အိမ်မှာအလျှံပယ် စားသောက်နိုင်တဲ့သူကို ဟိုတယ်မှာခေါ် ပြီး ထမင်းကျွေးသတဲ့။ အလကားသူဌေးကြေးပံ့ငဖားကောင်''ခေတ်စကားဖြင့်ပြောရလျှင်တော့ သူဌေးကြေးပံ့သူမှာ ခရိုနီ- Crony တွေ များ ဖြစ်နေမလား မသိ။ ခရိုနီတွေကို သူဌေးကြေးပံ့လုပ်သူ အောက်တန်းစား ငဖား အချို့လည်း ရှိကြပါသေးသည်။ သူ တို့ကို ဘယ်လို နာ မည်ပေးရမှန်း မသိတော့ပါ။
''ဘယ်လိုမှ ခေါ်မနေနဲ့။ မျက်နှာကြီးရာ ဟင်းဖတ်ပါတာ ဟာ လောကဓမ္မတာပဲ'' ဟု တစ်စုံ တစ်ဦးက စာရေးသူကို ဆုံးမပါ သည်။ သူ၏ ဆုံးမစကားကို လက် မခံနိုင်ပါ။ မရိုးသား မဖြောင့်မတ် ခြင်းကို အားပေးထောက်ခံခြင်း မ ပြုလိုပါ။ ငဖားတွေကတော့ သူတို့ ၏ အရှက်မရှိ မျက်နှာသွေးသပ် အပြောအဆိုတွေကို သတိပြုမိဟန်မရှိကြချေ။ခေတ်ဟောင်းသီချင်း တစ်ပုဒ်တွင်ငွေ ရှာနိုင်သောယောက်ျား တစ်ယောက် အတွက် 'ယောက္ခမကြီးက မျက်နှာချိုတယ်။ ကိုယ့်မယားက စေတနာပိုတယ်' ဟု ဖော်ထုတ်ပါသည်။ ထိုသီချင်း စာသားက အကြွင်းမဲ့ အမှန်တရားတော့ မဟုတ်။ တည်ကြည်ဖြောင့်မတ်သော ယောက္ခမမျိုးနှင့်တွေ့လျှင် ထိုငွေအရှာကောင်းသော သမက်အား ''ဟဲ့အကောင်၊ နင့်ငွေတွေက ထောင်စော်နံတယ်'' ဟု ပြောလာမှာ သေချာသည်။ ထိုအခါ သမက်ခမျာ မျက်နှာကောင်း မရရှာတော့ဘဲ ဆင်ဖြူ့မျက်နှာ ဆင် မည်းမကြည့်ဝံ့ ဖြစ်သွားမည်။
''ငါတို့ဆရာမက မျက်နှာလိုက်တယ်ကွာ။ သူဌေးသား သမီးတွေကျ သိပ်မျက်နှာသာပေး တာပဲ။ အဲဒီတော့ ငါတို့လို ငမွဲသားသမီးတွေ မျက်နှာ ငယ်ရတာ ပေါ့'' ဟု စာသင်သားကလေး တစ်ယောက် ညည်းညူသံကို စာ ရေးသူ ကြားဖူးခဲ့သည်။
မျက်နှာလိုက်ခြင်းမှာ ဘက်လိုက်ခြင်းဟုဆိုသော် မမှားနိုင်။ငွေကြေးဓနပကာသနဘက်ကိုလိုက်ပါယိမ်းညွတ်ခြင်းကို မှားယွင်းသည် ဟုပြောနိုင် ပါမည်လော။ငွေကို လူသား၏ သည်းခြေကြိုက်ပစ္စည်းဟု ဆိုကြသည်မဟုတ်ပါလော။ ထို့ကြောင့်လည်းနိုင်ငံတော်၏ မျက်နှာကို မကြည့် ဘဲ ငွေမျက်နှာကိုသာ ကြည့်သူတွေ ရိုက်သတ်လို့ မကုန်အောင် ပေါများနေခြင်း ဖြစ်သည်။
ငွေမျက်နှာအပြင် လူပြိန်းတို့သည် အဆောင်အယောင် ပကာသန၏ မျက်နှာကိုလည်းတငေးတမော ကြည့်တတ်ကြပါသေးသည်။ တစ် ခါသော် ခမ်းနားသိုက်မြိုက်စွာကျင်းပနေသော အဒေါ်အရင်းဖြစ်သူ၏ ရှင်ပြုအလှူတော်မင်္ဂလာပွဲသို့ စာရေးသူသည်အိမ်နေရင်း ဝတ်သော အဝတ်အစားများဖြင့် ခန့်ညားသားနားမှုကင်းမဲ့စွာ တက်ရောက်ခဲ့သည်။ စာရေးသူကိုကြည့်ပြီး အလှူရှင်သည် မသိမသာမျက်နှာပျက်နေခဲ့ ပါ သည်။ အလှူရှင်ရဲ့ တူ တော်မောင်က စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ပြီးလာရကောင်းလားဟု ထုတ်မပြောရုံတစ်မည်သာရှိသည်။
''ဟေး- စာရေးဆရာကြီး စားပါကွ။ ကြက်သားတုံးကြီးတွေ ကိုင်ပစ်လိုက်စမ်းပါ'' ဟု ထမင်း ဝိုင်းတွေမှာ စားပွဲထိုးနေသော အလှူရှင်၏ အိမ်နီး ချင်းတစ်ယောက် က စာရေးသူအနားကပ်ပြီး ''အလှူ လက်ဖက်နှင့်မျက်နှာလုပ်'' နေခဲ့ပါ သည်။
စိန်နားကပ်ကြီး တဝင်းဝင်းနှင့် စာရေးသူ၏ ညီမကတော့ ရွှေရောင်စိန်ရောင် ဖိတ်ဖိတ်လက် နေသော အလှူပွဲထဲမှာ မပြောင်မ ရောင်နှင့် အနုတ်စုတ်ကုပ်စုတ်ဖြစ်နေသည့် စာရေးသူအား ကြည့်ပြီး ငိုမဲ့မဲ့မျက်နှာထားဖြင့် ''ကောင်းကောင်းမွန်မွန် ဝတ်စားမလာဘူး လား။ အင်္ကျီကုပ်ပြဲ ပုဆိုးဖင်ပေါက် ကြီးနဲ့ သရုပ်ပျက်လိုက်တာ အစ် ကိုရယ်၊ ညီမတော့ ရှက်လွန်းလို့
ကိုယ့်မျက်နှာကိုယ် ဓားနဲ့လှီးပစ် လိုက်ချင်တော့တာပဲ'' ဟု စာရေးသူအားနားပူနားဆာလုပ်ပါသည်။ ''နင်မျက်နှာတင်မလှီးနဲ့ လည်ပင်း ပါ ဖြတ်ပစ်လိုက်ဟေ့'' ဟု စာရေးသူက အငေါ်တူးခဲ့မိသည်ဟု ထင်ပါသည်။
''ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့'' ဟု စကားပုံရှိသည်။ သီလဖြူစင်သူကို ဒုစရိုက်သမားက လိပ်ပြာသန့်သန့်ဖြင့် မဆက်ဆံရဲဟု စာရေး သူ နားလည်သည်။ခေတ်ကာလကား ပြောင်းပြန်ဖြစ်နေသည်။ မျက်နှာပြောင်တိုက်နေသော ဒုစရိုက်သမား ဆင်မည်း မျက်နှာကိုသီလဖြူစင် သူတွေက မကြည့်ဝံ့ကြဘဲ ရှေ့မျက်နှာ နောက်ထား၍ ဆင်မည်းတွေ အစားရှက်အားပိုနေရပါသည်။
ဒုစရိုက်သမားသည် သူတော်စင်မျက်နှာဖုံးကြီးတပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ လက်ထဲမှာ ကြာပွတ် သို့မဟုတ် သံဆူးတင်းပုတ်ကြီးကို ကိုင်ထားတတ်ပါသည်။ သမာဓိမျက်နှာဖုံးကြီးနှင့် ပုဂ္ဂိုလ်ကြီး၏ မျက်နှာရိပ်မျက်နှာကဲကို မျက်နှာမွဲတွေက မျက်နှာငယ်လေးတွေဖြင့် မော့ ကြည့်နေကြရရှာသည်။ မျက်နှာဖုံး ရှင်ကြီး လောဘ၊ ဒေါသ၊ မောဟ တွေ ဖိစီးလာလျှင် သူ၏ မျက်နှာဖုံးကြီးက အလိုလို ကွာကျသွားကာ ဆယ်ပြည်ထောင်ချော့လို့ မပျော့တဲ့ မျက်နှာထားကြီးပေါ်လာတတ်သည်။ သူမျက်နှာကြောတင်းနေလျှင် မျက်နှာမွဲ မျက်နှာငယ်တွေ သတိ သာထားကြပေရော့။
လူပြိန်း လူ့ဗာလတို့သည် ငွေမျက်နှာ၊ ဂုဏ်မျက်နှာ၊ အာဏာမျက်နှာတို့ကိုသာ ကြည့်မြင်လေ့ရှိကြပါသည်။ ရိုးဖြောင့်မှန်ကန်ခြင်း ၏ မျက်နှာ၊ ပရဟိတမျက်နှာ၊ မိမိနိုင်ငံ၊ မိမိအမျိုးတို့၏ မျက်နှကို ကြည့်မြင်လေ့မရှိပါ။ ထို့ကြောင့် သူတို့၏ မျက်နှာများမှာ ဂျပန်ဒဏ္ဍာရီအချို့မှာ ပါလေ့ ရှိသော မကောင်းဆိုးဝါးများလို မျက် နှာရှိပြီး မျက်လုံးမပါ၊ နှာခေါင်းမပါ၊ ပါးစပ်ပေါက်မပါသော မသတီစရာ မျက်နှာမျိုးကြီးတွေ သာဖြစ်နေလေ့ ရှိပါသည်။
ကြူးနှစ်
ပညာနဲ့ ကယ်တင်ပါ
လူတစ်ယောက် ဆင်းရဲနေရင်၊ ဒုက္ခရောက်နေရင် ဘာကြောင့်လဲလို့ မေးကြည့်ပါ။ ပထမဆုံးသိရမယ့် အဖြေက ပညာမတတ်လို့ပဲ။ ပညာမတတ်တော့ အကြားအမြင် ဗဟုသုတနည်းမယ်။ အကောင်းနဲ့အဆိုး၊ အမှား နဲ့အမှန်ကို မခွဲခြားတတ်ဘူး။ အဲဒီ ကတစ်ဆင့် ဆုံးဖြတ်ချက်တွေ မှားမယ်။ လုပ်ဟန်တွေမှားမယ်။ နောက်ဆုံးတော့ ကုန်းကောက်စရာ မရှိအောင် မွဲသွားလိမ့်မယ်။
မွဲတဲ့အခါ၊ ဆင်းရဲတဲ့အခါ ဘာကြောင့်မွဲရတယ်၊ ဆင်းရဲရတယ်ဆိုတာကို ကောက်ချက်မဆွဲတတ်ဘူး။ ဘယ်လိုကောင်းအောင် ဆက်ပြီး လုပ်ရမယ်ဆိုတာလည်း မသိဘူး။ သူ့ရဲ့နိမ့်ကျတဲ့ စဉ်းစားတွေးခေါ်မှုက ဘဝဆိုးကနေ လွတ်မြောက်နိုင်မယ့် ထွက်ပေါက် ကိုရှာမတွေ့ဘဲဖြစ်နေလိမ့်မယ်။ ဒါကလည်း သဘာဝကျပါတယ်။ ပညာမတတ်တော့ ပညာရဲ့ အကူအညီနဲ့ တွေးဆလုပ်ကိုင် ဆောင် ရွက်ရမယ့်ကိစ္စတွေနဲ့ အလှမ်းဝေးနေလိမ့်မယ်။ အကြံကုန် ဂဠုန်ဆားချက်ရမယ့် အခြေအနေရောက်လာပြီဆိုရင်တော့ မိဘ ဘိုးဘွားပိုင် အမွေအနှစ်ကလေးတွေကို ဈေးပေါပေါနဲ့ ရာင်းစားတော့မယ်။ ပေါင်နှံသင့်ရင်လည်း ပေါင်နှံမှာပေါ့လေ။ သူ့ အတွက် လောလောဆယ် အဆင်ပြေဖို့က အဓိကမဟုတ်လား။
ပညာမတတ်တော့ ဘယ်ပစ္စည်းက ဘယ်လောက်တန် တယ်ဆိုတာလည်း သိချင်မှသိလိမ့်မယ်။ ရမ်းကြိတ် မှန်းကြိတ်ပြီး ဘိန်းစားဈေးနဲ့ ရောင်းချင်လည်း ရောင်းလိမ့်မယ်။ ဘိန်းစားဈေးဆိုတာ သိရဲ့လား။ ဘိန်းစားဈေးဆိုတာက ဘိန်းစား တစ်ယောက် ဟာ 'ယင်း' ထလာတဲ့အချိန်မှာ ဘိန်းစားဖို့အတွက် ဘိန်းဖိုးလေးရဖို့အတွက် တန်တာ မတန်တာ၊ သင့်တာ မသင့်တာ မတွေးတော့ ဘဲ ထင်ရာမြင်ရာ လုပ်တတ်တယ်။ စကားရိုင်းရိုင်းပြောရရင် ဘနဖူးကို တောင် သိုက်တူးလိမ့်ဦးမယ်။
ပညာမတတ်တဲ့ လူတွေက အဲဒီနိုင်ငံ၊ အဲဒီဒေသမှာ အကြီးအကဲဖြစ်နေရင် ပိုဆိုးလိမ့်ဦးမယ်။ ပညာမတတ်ရတဲ့အထဲ အကျိုး အကြောင်းအမျိုးမျိုးနဲ့ လုပ်ပိုင်ခွင့် တွေ ဘာတွေရနေရင်တော့ 'မျောက်လက်ထဲကို စက်သေနတ် ထည့်ပေးလိုက်သလို' ဖြစ်သွား တတ်တာ အမှန်ပဲ။ နဂိုကမှ ခပ်ဆော့ဆော့ မျောက်ဟာ စက်သေနတ်လို အဆက်မပြတ် ပစ်ခတ်လို့ရတဲ့ လက်နက်မျိုး လက်ထဲကို ရောက်လာမှတော့ ငြိမ်ငြိမ်ကလေး ထိုင်နေမှာ မဟုတ်တော့ဘူး။ ထင်ရာလုပ်တော့မှာ သေချာတယ်။ မဟုတ်တာ လုပ်တာများလေလေ အများစုမှာ အကျိုးယုတ်လေလေ ဖြစ်မှာကတော့ အလွန်သေချာတယ်။
ဒီတော့ အဲဒီတိုင်းပြည်မျိုးကို ဘယ်လိုကယ်တင်နိုင်မလဲ။ ရိုးရှင်းတဲ့အဖြေကတော့ ပညာနဲ့ကယ်တင်ရလိမ့်မယ်။ အပေါ်ဆုံး ကနေ အောက်ခြေအထိ ပညာတတ်အောင် သင်ရလိမ့်မယ်။ ပညာရပ်ပေါင်းမြောက်များစွာထဲက ကိုယ်ဝါသနာပါရာ စိတ်ဝင်စားရာ တစ်ခုခုကို လေ့လာသင်ယူရမယ်။ ကျွမ်းကျင်တတ်ပွန်ရမယ်။ ဒါမှသာ ပညာရဲ့ အသီးအပွင့်တွေနဲ့ ဘဝလမ်းကို လှပစေလိမ့်မယ်။ ပညာရဲ့ အလင်းရောင်နဲ့ လမ်းမှန် ကမ်းမှန်ကို ရောက်ရှိလိမ့်မယ်။
အရင်တုန်းက တိုင်းပြည်တစ်ပြည်ကို တာဝန်ယူအုပ်ချုပ်ကြ မယ့် လူတွေဟာ အဋ္ဌာရသတစ် ဆယ့်ရှစ်ရပ်ကို တတ်မြောက်အောင် သင်ယူထားကြတယ်။ ကျွမ်းကျင်လိမ္မာအောင် ဆောင်ရွက်လေ့ရှိတယ်။ ဒါမှသာ သူတာဝန်ယူတဲ့အခါ ယိုပေါက်ဟာ ပေါက်တွေ ကင်းမဲ့စွာ ချို့ယွင်းအား နည်းချက်တွေ ကင်းမဲ့စွာနဲ့ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်။  မှန် ကန်တရားစွာ ဆောင်ရွက်နိုင်လိမ့် မယ်။ ဒါကတစ်ဆင့် တိုင်းသူပြည် သားတွေဟာ ပျော်ရွှင်ချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နိုင်ခဲ့ကြတယ်။ တိုင်းပြည်ဟာလည်း စည်ပင်သာ ယာပြီး ချမ်းသာကြွယ်ဝလာခဲ့ရတာ အမှန်ပါပဲ။ ပညာရပ်အသီးသီးက တိုင်းပြည်ကို မြင့်မားတဲ့အဆင့် တစ်ခုကို တွန်းတင်ပေးလေ့ရှိ တယ်။ ဒါကို အသေအချာ သိရှိနိုင်ပါတယ်။
သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်၊ နားလည်ကျွမ်း ကျင်သင့်တဲ့ ကိစ္စရပ်တွေကို တတ်သိနားလည်ကြတဲ့ ပညာတတ်တွေ ဟာ အမြော်အမြင် ရှိတာကြောင့် မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်တတ်လိမ့်မယ်။ သင့်တင့်မျှတစွာ ဆောင်ရွက်လုပ်ကိုင်နိုင်လိမ့် မယ်။ အနာဂတ်သစ်ဆီသို့ လက် တွဲခေါ်ဆောင်သွားလိမ့်မယ်။ ဒါကို ယုံပါ။
ပညာမတတ်သူများရဲ့ ခရီးဟာ အကန်းလမ်းလျှောက်နေတာနဲ့ တူတတ်တယ်။ ခလုတ်ကံ သင်းမှန်းမသိ၊ ကျင်းချိုင့်မှန်းမသိ ဖြစ် လိမ့်မယ်။ အဆင်မသင့်ရင် ချောက်ထဲအထိအောင် ကျွမ်းထိုးမှောက်ခုံပြုတ်ကျလိမ့်မယ်။ ဒုက္ခရောက်လိမ့်မယ်။ အင်မတန် ကြောက် စရာကောင်းတယ်။ ကိုယ် ကိုယ်တိုင်က ပညာမတတ်တာပဲ ဖြစ်ဖြစ်၊ ပညာမတတ်တဲ့လူက ဦးဆောင်နေတဲ့ လမ်းခရီးကို လိုက်ပြီး လျှောက်နေရတာပဲဖြစ်ဖြစ် အင်မတန် အန္တရာယ်များတတ်တယ်။
တိုင်းပြည်တစ်ပြည် ဆင်းရဲတာ၊ ချမ်းသာတာကို အကဲဖြတ်အဖြေရှာရင် ပညာက အဖြေပေးလိမ့်မယ်။ ပညာမတတ်တော့ စဉ်းစားတွေးခေါ်မှု တိမ်တတ်တယ်။ မှားယွင်းတဲ့ အစီအမံတွေ လုပ်မိတတ်တယ်။ ဒီကတစ်ဆင့် မမျှော်လင့်ဘဲ ပဋိပက္ခတွေကို ကြို ဆို ဖိတ်ခေါ်မိတတ်တယ်။ နောက် ဆက်တွဲက မငြိမ်းချမ်းတဲ့၊ ဆင်းရဲတဲ့ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ တိုတိုလေး ချုပ်လိုက်ရင် ပညာမျက်စိ မရှိတော့ ဒါက ငရဲသွားတဲ့လမ်းလား၊ နိဗ္ဗာန်ရွှေပြည်သွားတဲ့လမ်းလား မသိတော့ဘူး။ ဒီတော့ ရွေးချယ်မှား ပြီး ဒုက္ခပင်လယ်ဝေရတော့တာ ပေါ့။
''အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား'' ဆိုတဲ့ ဓာတ်ပြားရ ရေဒီယိုသီချင်းတစ်ပုဒ် ရှိ တယ်။ အတိတ်က အဖြစ်အပျက် တွေကို မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်တော့ဘူး။ တောက်ပရွှန်း လက်နေတဲ့ အနာဂတ်ကိုပဲ မြင်ချင်တယ်၊ လိုချင်တယ်။ ဒါကြောင့် ပစ္စုပ္ပန်မှာ အလင်းတစ်စရအောင် ကြိုးစားကြရလိမ့်မယ်။ ပညာဆီမီး ခွက်ကို မီးထွန်းပေးရလိမ့်မယ်။ အဲဒီတာဝန်ဟာ လူငယ်တွေက ကြိုး စားလုပ်ဆောင်ရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေပြီး ခေတ်နောက်ကျနေတဲ့ တိုင်းပြည်တွေ ကမ္ဘာပေါ်မှာ အများကြီး ရှိတယ်။ အဲဒီတိုင်းပြည်တွေမှာ ဒုက္ခရောက်နေတဲ့ သန်းပေါင်းများစွာသော ဆင်းရဲသားတွေ ရှိနေကြတယ်။ အာဟာရချို့တဲ့နေတဲ့ ကလေးတွေ ရှိတယ်။ သူတို့ကို ကယ်တင်ချင် တဲ့စိတ်စေတနာရှိရင် ပညာနဲ့သာ အဲဒီကယ်တင်မှုကို လုပ်ဆောင်နိုင် တယ်ဆိုတာ နားလည်ကြရမယ်။ တိုင်း ပြည်ကို ပညာနဲ့ကယ်တင်ပါ။
ကိုယ့်ထက်ရှေ့ကို ရောက်နေတဲ့သူတွေဟာ ဘယ်လို လူတွေလဲ၊ နတ်သိကြားရဲ့ သား သမီးတွေလား၊ မဟုတ်ပါဘူး။ နတ် သိကြား မဟုတ်တဲ့ လူသာမန်တွေရဲ့ သားသမီးတွေပါပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ သူတို့ဟာ ပညာတတ်ကြတယ်။ သင်ယူလေ့လာ ထားတဲ့ ပညာရပ်တွေကို ကျွမ်းကျင်လိမ္မာစွာကိုပဲ တတ်ကြပါတယ်။ အဲဒီပညာတွေနဲ့ သူတို့ဟာ သူတို့တိုင်းပြည်ကို ချမ်းသာကြွယ် ဝအောင်၊ ကမ္ဘာမှာ ရှေ့တန်းကို ရောက်အောင် ကြိုးစားဆောင်ရွက်နေကြတယ်။ ဘယ်လောက်အား ကျစရာ ကောင်းသလဲ။
နံပါတ်တစ် ပညာ၊ နံ ပါတ်နှစ် ပညာ၊ နံပါတ်သုံး ပညာ လို့ သဘောထားနိုင်ကြရင် အင်မတန် ကောင်းပါတယ်။ ပညာသာ အဓိကမို့ ပညာနဲ့ပဲ တိုင်းပြည်ကို ကယ်တင်နိုင်လိမ့်မယ်။
''ပညာနဲ့ တိုင်းပြည်ကို ကယ်တင်ပါ''
ထက်ကျော်
Religious, civic organisations issue statement over riots
Published on Sunday, 31 March 2013 18:13
Following an interfaith meeting, leaders of over 50 religious and civic organisations issued a 10-point statement, including an insertion the the four major religions (Buddhist, Muslim, Christian, Hindu) be incorporated into school curriculums, as well as swift action against those behind the country's recent riots.
The interfaith meeting, organized by the National Social and Economic Advisory Council to the President and Myanmar Peace Center (MPC), took place at the peace center in Yangon yesterday.
In the statement, the religious leaders said they strongly support the televised speech made by President Thein Sein on Thursday. It is the duty of all the citizens to make Myanmar a democratically-flourished society in which people of different cultures, races and faiths coexist peacefully, the statement said.
As Myanmar embraces the right to freedom of religion, every citizen is duty-bound to have mutual respect among their different religions. The religious leaders also denounced the riots that broke out in Meikhtila and other parts of the country and described them as a barrier to Myanmar's democratic reform.
The statement highlighted cooperation of not only the government and regional authorities but also religious leaders, civic societies and local people in preventing further violence. Therefore, the religious leaders and those responsible from various organisations, which were all present at the meeting, have vowed to cooperate each other, the statement added.
The statement also called on the government to take severe action against those involved in the violence as it has earlier promised.
All those in attendance at the meeting will cooperate with authorities as it is very urgent to prevent the ongoing riots from spreading. Mutual trust and reconciliation will be built between different religious communities to heal their doubts, misunderstanding and emotional wounds.
The statement also includes other points such as holding community dialogues, organizing the people to accept that people of different faiths live peacefully in the country and prescribing facts about peaceful coexistence of different religions in school curriculums.
Venerable Buddhist monk Dr Ashin Hsekeinda, who graced the meeting, said: "When I was in riot-hit Meikhtila, I was distressed to see everything. I don't want to see such situation any more. Those discussing at the meeting are trying to solve the problem as they cherish the country. We discussed the insertion of the four major religions in school curriculums because we want to let next generations know the essence of those religions and avoid similar conflict."
ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား
သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်။
အသံ
ဗွီအိုအေ (မြန်မာဌာန)
သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။
တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။
တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်းအနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ချေးငွေတွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အားအဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန်ရဲ့ ရေဒီယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။
Myanmar Peace Center ငွေကြေး အရှုပ်တော်ပုံ စတင်ကြားနေရခြင်း
ဟုတ်၍ ကျော်သော MPC  ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။
ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း
 စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။
ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊
 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။
MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က
 ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor
 များက အကူအညီ ပေးလျက်ရှိနေပါတယ်။
ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation  က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့
 သိရှိရပါတယ်။
ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး
 စာရင်းဇယား 
ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့
 ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။
NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်
 နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။ 
အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း
 ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။
NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့
 ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။
ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က
 နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ        Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။
 လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။ 
ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို  စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။
 ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -
- MPC အဖွဲ့ဝင် ဒါရိုက်တာများ
 လစာငွေမြင့်မားနေခြင်း။
- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။
- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project  များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။
- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို
 သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း
 အကြံပြုလိုပါတယ်။ 
ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။
မောင်နိုင်အောင် (အမိမြေ)။
ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။
ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။
ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။
MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။
ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။
ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား
ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။
NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။
အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။
NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။
ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။
ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -
- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။
- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။
- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။
- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။
ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။
မောင်နိုင်အောင် (အမိမြေ)။
Saturday, March 30, 2013
အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ
အပိုင်း (၄) 
သြဂုတ်လ ၃ ရက်ကနေ လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာလေတော့ ဦးရွှေမန်း က ပုဒ်မ (၁၈) နှင့် ပုဒ်မ (၅၀၅) ခ ကို လွှတ်တော် မှာ ထပ်ပြီး သိသာမြင်သာဖို့ ထပ်မံအဆိုတင်သွင်းပြီး ပိုခိုင်မာအောင်လုပ်ခဲ့ကြသည်။ 
ဦးအောင်မင်းတို့ လက်ပံတောင်းသို့ ရောက်သွားသော ကာလ မတိုင်ခင်တွင် စီမံကိန်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းယူထားသော အရာများအား ဆန့်ကျင်ဘက်လုပ်သူ ပါဝင်သူ ဦးဆောင်သူတွေအားလုံးအား ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးကာ တရားရုံးတွင် အနဲဆုံး ဒဏ်ငွေ ၁၀ သိန်းမှ သိန်း ၅၀ အထိ ချမှတ်ရန် သက်ဆိုင်ရာတရားရုံးများသို့ လျှို့ဝှက်ညွန်ကြားခိုင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား မွဲပြာကျသွားအောင် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် ကိုကိုအား လွှတ်တော် ဥက္က ဦးရွှေမန်းနှင့် ငြိမ်းပွဲစားကြီး ဦးအောင်မင်းတို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဦးအောင်မင်း ၏ အချိန်းချက်နှင့် နေပြည်တော်၏ (…) ရိပ်သာတွင် ည ၉ နာရီမှ ည ၁၁း ၃၀ ထိ အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြ၏။ 
ထိုကြောင့် လက်ပံတောင်း ပွဲနှင့် ပတ်သက်သော ကိုအောင်စိုး ဒေါ်နော်အုံးလှတို့ မည်မျှ အာမခံကြေးပေးဆောင်ရသည်ကို မေးမြန်းလျှင် အဖြေပိုရှင်းသွားပေလိမ့်မည်။
 မြစ်ဆုံးကိစ္စသည် သမ္မတ ဦးသိန်းစိန်၏ ရိုးရှင်းပြတ်သားသော ဆုံးဖြတ်ချက်မဟုတ်ပဲ ကစားကွက်တခုသာ ဖြစ်ကြောင်းနှင့် အနောက်အုပ်စုများ၏ သဘောကျမှုကို ပထမဆုံးရယူရန်လုပ်ခဲ့ကြောင်း ကမ္ဘာ့ဆိုရှယ်လစ် နေစဉ်သတင်း ၀က်ဆိုက်က အောက်ပါအတိုင်းတင်ပြခဲ့သည်။ သို့သော လက်ပံတောင်းကတော့ ငယ်ထိပ်မြွေပေါက်ခံရမည်ကို စိုးသောကြောင့် နိုင်ငံတော်က ပါဝင်ပတ်သက်ပြီး အကြမ်းဖက်မှု (State of Terrorism) အား ပြုလုပ်ခဲ့ကြောင်း ထင်း၇ှားပြီး ဒေါ်အောင်ဆန်းစုကြည်အား အကာကွယ်ယူ ရှောင်ထွက်ခဲ့ကြသည်မှာ ငြင်းချက်ထုတ်စရာ လိုလောက်မည်ဟု မထင်မိပါ။
The grievances of people involved in the Letpadaung protest are similar to those raised against the massive Chinese-funded Myitsone Dam hydro-electric project. The government suspended the dam in September 2011, not primarily to appease angry locals, but to send a signal to the US and its allies that it was looking to move away from China and toward the West. The Obama administration, which been encouraging such a shift, responded with a series of official visits, culminating in last month’s trip by the US president.( http://www.wsw/en/artical/2012/12/03/bur-d03 နှင့် 
Weak democracy hurts Myanmar business
Global Times | 2012-11-29 1:20:04 
By Global Times
http://www.globaltimes.cn/content/747170.shtml 
တို့အားပြန်လည်ဖတ်၇ှု့ပါကအဖြေ ရှင်းသွားလိမ့်ည်။
ဒီဇင်ဘာလ ရ ရက် နေ့စွဲဖြင့် ရှေ့တန်းစခန်းနှင့် ကချင်ဒေသ တပ်ရင်းတပ်ဖွဲ့များသို့ မြန်မာ့ကာကွယ်ရေးရုံးချုပ်မှအစီစဉ်ကြီးတခုအခိုင်မာချမှတ်လိုက်သော အစီစဉ်ကြီးတခု ကြောက်ခမန်းလိလိထွက်လာသည်။ 
အကြောင်းမှာ ကချင်ဒေသ စစ်ဆင်ရေးသည် ၁၉ လကျော်ရောက်လာပြီး မည်သည့်နယ်မြေတခုမှ အမိအရ သိမ်းယူနိုင်မှု မရှိပဲ ဖြစ်ရကာ လက်ပံတောင်းဖြိုခွင်းမှုတွင် ပါ အရှက်ဟက်တက်ကွဲရသောကြောင့် ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃၀ အတွင်း ကချင်ဒေသ စစ်ပွဲများ အပြီးသတ် ဆင်နွဲပြီး ဇန်နာဝရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အား ကချင်ပြည်နယ် လှိုင်ဇာမြို့ တွင် ကျင်းပမည်ဟု ဖေါ်ပြပါရှိသည်။
ထိုကြောင့်  ၈၈ ကျောင်းသားများ အဖွဲ့ မှ လှိုင်ဇာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံအပြီး ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ခြေလျှင်တပ်၊ အမြောက်တပ်နှင့် ဝေဟင် စစ်ဆင်ရေးတို့အား ပုံအောအသုံးပြုတိုက်ခိုက်စေပြီး ကချင်ဒေသ အမိရ ဆုပ်ကိုင်မိအောင် ကြိုးစာသော်ငြား မင်းအောင်လှိုင်တို့အဖို့ အချဉ်းနှီးဖြစ်ရပြီး နောက်ဆုံး နိုင်ငံတကာမှ ကျယ်လောင်သော စစ်ပွဲရပ်တန့်ရေး သတင်းများသာလွှမ်းမိုးသွားခဲ့ရသည်။
 နောက်ဆုံး စစ်ပွဲသတင်းများအား ကာကွယ်ရေ ၀န်ကြီးဌာနမှချပေးသလောက်ကိုသာ ပြောခွင့်ရသော သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ မှူးဇော် အား ( ပြည်တွင်းစစ်တွင် တိုက်လေယဉ်သုံးခွင်ပ မရှိကြောင်း သတင်းဌာန AFP)သို့ ပြောဆိုမိရာမှ၊  ပြောရေးဆိုခွင့် ရာထူးမှ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဌ်၏ တောက်တိုမယ်ရ အကူအဖြစ်သို့ ပြောင်းရွှေလိုက်သည်။
သို့သော် ကကချုပ်ရုံးမှ ၁၉ လကျော်ကြာ စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းအား အသုံးပြုပြီးကြောင်း ပြေစာရှင်းတမ်းအား သမ္မတရုံးသို့ တင်သွင်းပေးလိုက်သည်။ အကြောင်းမှာ ငြိမ်းချမ်းရေး ဆရာကြီး ဦးအောင်မင်းအား ထိုငွေအားပြန်လည်ရှာပေးရန် ဒီဇင်ဘာ ၃၀ တွင် ရာဇသံတခု ဖြစ်ခဲ့ရသည်။ (နောင်တွင် ဗဟုအဖွဲနှင့်  ဦးအောင်မင်းတို့ နော်ဝေ၊ သြစတေးလျှ နှင့် ဂျပန်၊အီးယူမှပေးသော ငြိမ်းချမ်းရေးအထောက်ပံ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀အကြောင်း ကျနော် တင်ပြပါမည်။)
၂၀၁၃ ဇန်နာဝရီလ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် တပ်မတော်မှ စီစဉ်ပေးသော လွတ်လပ်ရေးနေ့အား အကျဉ်းရုံး စီစဉ်ပြီးနောက် ဇန်နာဝရီလ (၆) ရက်နေ့မှ လက်ဂျားယန်ဒေသသို့ အကြီးအကျယ်ဗုံးကျဲစစ်ဆင်ရေးစတော့သည်။ 
ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် ဖိတ်ခေါ်ခံရလျှင် ငြိမ်းချမ်းရေးအတွက် ပါဝင်ပတ်သက်ဆောင်ရွက်မည်ဟု ဇန်နာဝရီလ ၁၀ ၇က်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သောကြောင့် စာရေးသူမှ ကေအိုင်ကေသို့ ဆက်သွယ်ခဲ့ရာ ကေအိုင်အေမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တောင်းခံစာပေါင်း ၂၂ ခုအား ၂၀၁၂ ဇန်နာဝရီလမှစပြီး ၂၀၁၃ ဇန်နာဝရီလ (၂) ရက်နေ့အထိ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အခိုင်မာဆိုခဲ့သည်။
ရှေ့တန်းမှ ရဲဘော်နှင့် အရာ၇ှိများက ကကရုံးအား ဖေစုံမောင်စုံ တိုင်းထွာ ဆဲဆိုကြသည်ဟု ပေါ်တာအဖြစ် လိုက်ပါရသော ဗန်မော်မြို့သားတဦးမှ နောက်ပိုင်းတွင် သတင်းပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဇန်နာ)ရီလ၂၄ ရက်တွင် ရန်ကုန်မှ ဟာဝိုင်ယီ (အမေ၇ိကန်ပြည်ထောင်စု) အား ထပ်မံခရီးစတင်သော နေ့သည် ကချင်တို့၏ ခါရာတောင်တန်းအား ဗုံးမိုး အကြီးမားဆုံး ရွာသွန်းဖြိုးခဲ့သောနေ့ ဖြစ်သည့်အပြင် ခါရာတောင်တန်း ဗုံး ဟောင်ဝေဇာ အမြောက်လှိုင်းအောင်တွင် ဇန်နာဝရီ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့သည်။
မြန်မာစစ်တပ်ဘက်မှ ၃၆၈ ယောက်သေဆုံးပြီး ၁၂၁၄ ယောက် ဒဏ်ရာရသော အဖြေထွက်ခဲ့ပြီး ကချင်ဘက်မှ ၄၆ ယောက်ကျဆုံးကာ ၂၃၃ ယောက် လှိုင်ဇာ ဆေးရုံရောက်သွားခဲ့၏။
ဖေဖေါ်ဝါ၇ီလ ၁ ရက် ၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီမှ ရန်ကုန်သို့ ပြန်ရောက်ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကကကြီးနှင့် နောက်ချန် လက်ပံတောင်းကော်မရှင်တို့ ရေးသားထားပြီးသော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံပြသခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစားအား အသေခြာပင်မဖတ်တော့ပဲ သဘောတူလက်ခံခဲ့သည်ဟု ကော်မရှင် အတွင်းရေးမှုး မှ ပြောသည်။ သို့သေည် မတ်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်း အစီရင် ခံစားအား ပြန်လည်ဖတ်ရှု့ခဲ့ပြီး အချို့သော အချက်များအား ပြင်ဆင်လိုသော်လည်း သူမ လက်ခံပြီးသားမို့ ဆက်လက် ရှေ့မတိုးတော့ပဲ ထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့၏။
သို့သော်အစီရင်ခံစားထုတ်ပြန်ရန်အတွက် အကြီးအကျယ် စဉ်းစားရသော အခြေနေမှာ အစီရင်ခံစာပါအကြောင်းရာများ မဟုတ်ရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံအတွက် လုံခြုံရေး တည်ငြိမ်ရေးနှင့် အထမြောက် အေးချမ်းစွာ ဆောင်ရွက်နိုင်ရေးတို့အား ဦးစားပေး စဉ်းစားခဲ့ကြပြီး ဒီချုပ်ညီလာခံ ပြီးမှသာလျှင် လက်ပံတောင်း အစီရင်ခံစားအား ထုတ်ပြန်ရန် နေပြည်တော်နှင့် တိုင်ပင် ဆုံးဖြတ်ခဲ့သည်ကို  ဒီချုပ်မှ ငြင်းဆိုလျှင် ငြင်းဆိုသော သမိုင်းတရပ် ကျန်ရစ်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းကော်မရှင်မှ အစီရင်ခံစာထုတ်ပြန်ရန် လုံခြုံရေး ထောက်လှမ်းရေးအစီစဉ်များအား ရဲချုပ်မှ တင်သွင်းသော မတ်လ ၈ ရက် ၂၁၀၃ တွင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပြီး မတ်လ ၁၂ ရက်တွင် ဂျာနယ်များသို့ပေးပိုပြီး ကော်မရှင် ဥက္ကဌမှ မတ်လ ၁၃ ရက် ကိုဖုန်းမော်ကျဆုံးသောနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်ရေးနေ့ဟု အတိုက်ခံတို့ဘက်မှ တောင်းဆိုထားသော နေ့တနေ့အား ပြက်ပြယ်ရန် ဦးအောင်မင်းနှင့် ဦးရွှေမန်း၊ ရဲချုပ် ကိုကိုအပြင် ဦးခင်ရီပါသော အစည်းဝေး မတ်လ ၃ ၇က်နေ့တွင် အကျင်းရုံးနေပြည်နော်ဝယ် ပြုလုပ်ကာ တမင်သကာ ချမှတ်ပြီး အကွက်ဆင်၍ လုပ်ခဲ့ကြ၏။
မှတ်ချက် အပိုင်း(၅) နိဂုံးပိုင်းတွင် မိတ္ထီလာ အကြောင်း အဖြစ်မှန်နှင့် အကြံစည်များအား တင်ပြပေးပါမည်။
ဂိုလ်ရှယ်လေး
စာဖတ်မိတ်တွေများအား အထူးကျေးဇူးတင်ပါသည်
အပိုင်း (၄)
သြဂုတ်လ ၃ ရက်ကနေ လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာလေတော့ ဦးရွှေမန်း က ပုဒ်မ (၁၈) နှင့် ပုဒ်မ (၅၀၅) ခ ကို လွှတ်တော် မှာ ထပ်ပြီး သိသာမြင်သာဖို့ ထပ်မံအဆိုတင်သွင်းပြီး ပိုခိုင်မာအောင်လုပ်ခဲ့ကြသည်။
ဦးအောင်မင်းတို့ လက်ပံတောင်းသို့ ရောက်သွားသော ကာလ မတိုင်ခင်တွင် စီမံကိန်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းယူထားသော အရာများအား ဆန့်ကျင်ဘက်လုပ်သူ ပါဝင်သူ ဦးဆောင်သူတွေအားလုံးအား ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးကာ တရားရုံးတွင် အနဲဆုံး ဒဏ်ငွေ ၁၀ သိန်းမှ သိန်း ၅၀ အထိ ချမှတ်ရန် သက်ဆိုင်ရာတရားရုံးများသို့ လျှို့ဝှက်ညွန်ကြားခိုင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား မွဲပြာကျသွားအောင် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် ကိုကိုအား လွှတ်တော် ဥက္က ဦးရွှေမန်းနှင့် ငြိမ်းပွဲစားကြီး ဦးအောင်မင်းတို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဦးအောင်မင်း ၏ အချိန်းချက်နှင့် နေပြည်တော်၏ (…) ရိပ်သာတွင် ည ၉ နာရီမှ ည ၁၁း ၃၀ ထိ အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြ၏
ထိုကြောင့် လက်ပံတောင်း ပွဲနှင့် ပတ်သက်သော ကိုအောင်စိုး ဒေါ်နော်အုံးလှတို့ မည်မျှ အာမခံကြေးပေးဆောင်ရသည်ကို မေးမြန်းလျှင် အဖြေပိုရှင်းသွားပေလိမ့်မည်။
မြစ်ဆုံးကိစ္စသည် သမ္မတ ဦးသိန်းစိန်၏ ရိုးရှင်းပြတ်သားသော ဆုံးဖြတ်ချက်မဟုတ်ပဲ ကစားကွက်တခုသာ ဖြစ်ကြောင်းနှင့် အနောက်အုပ်စုများ၏ သဘောကျမှုကို ပထမဆုံးရယူရန်လုပ်ခဲ့ကြောင်း ကမ္ဘာ့ဆိုရှယ်လစ် နေစဉ်သတင်း ၀က်ဆိုက်က အောက်ပါအတိုင်းတင်ပြခဲ့သည်။ သို့သော လက်ပံတောင်းကတော့ ငယ်ထိပ်မြွေပေါက်ခံရမည်ကို စိုးသောကြောင့် နိုင်ငံတော်က ပါဝင်ပတ်သက်ပြီး အကြမ်းဖက်မှု (State of Terrorism) အား ပြုလုပ်ခဲ့ကြောင်း ထင်း၇ှားပြီး ဒေါ်အောင်ဆန်းစုကြည်အား အကာကွယ်ယူ ရှောင်ထွက်ခဲ့ကြသည်မှာ ငြင်းချက်ထုတ်စရာ လိုလောက်မည်ဟု မထင်မိပါ။
The grievances of people involved in the Letpadaung protest are similar to those raised against the massive Chinese-funded Myitsone Dam hydro-electric project. The government suspended the dam in September 2011, not primarily to appease angry locals, but to send a signal to the US and its allies that it was looking to move away from China and toward the West. The Obama administration, which been encouraging such a shift, responded with a series of official visits, culminating in last month’s trip by the US president.( http://www.wsw/en/artical/2012/12/03/bur-d03 နှင့်
Weak democracy hurts Myanmar business
Global Times | 2012-11-29 1:20:04
By Global Times
http://www.globaltimes.cn/content/747170.shtml
တို့အားပြန်လည်ဖတ်၇ှု့ပါကအဖြေ ရှင်းသွားလိမ့်ည်။
ဒီဇင်ဘာလ ရ ရက် နေ့စွဲဖြင့် ရှေ့တန်းစခန်းနှင့် ကချင်ဒေသ တပ်ရင်းတပ်ဖွဲ့များသို့ မြန်မာ့ကာကွယ်ရေးရုံးချုပ်မှအစီစဉ်ကြီးတခုအခိုင်မာချမှတ်လိုက်သော အစီစဉ်ကြီးတခု ကြောက်ခမန်းလိလိထွက်လာသည်။
အကြောင်းမှာ ကချင်ဒေသ စစ်ဆင်ရေးသည် ၁၉ လကျော်ရောက်လာပြီး မည်သည့်နယ်မြေတခုမှ အမိအရ သိမ်းယူနိုင်မှု မရှိပဲ ဖြစ်ရကာ လက်ပံတောင်းဖြိုခွင်းမှုတွင် ပါ အရှက်ဟက်တက်ကွဲရသောကြောင့် ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃၀ အတွင်း ကချင်ဒေသ စစ်ပွဲများ အပြီးသတ် ဆင်နွဲပြီး ဇန်နာဝရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အား ကချင်ပြည်နယ် လှိုင်ဇာမြို့ တွင် ကျင်းပမည်ဟု ဖေါ်ပြပါရှိသည်။
ထိုကြောင့် ၈၈ ကျောင်းသားများ အဖွဲ့ မှ လှိုင်ဇာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံအပြီး ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ခြေလျှင်တပ်၊ အမြောက်တပ်နှင့် ဝေဟင် စစ်ဆင်ရေးတို့အား ပုံအောအသုံးပြုတိုက်ခိုက်စေပြီး ကချင်ဒေသ အမိရ ဆုပ်ကိုင်မိအောင် ကြိုးစာသော်ငြား မင်းအောင်လှိုင်တို့အဖို့ အချဉ်းနှီးဖြစ်ရပြီး နောက်ဆုံး နိုင်ငံတကာမှ ကျယ်လောင်သော စစ်ပွဲရပ်တန့်ရေး သတင်းများသာလွှမ်းမိုးသွားခဲ့ရသည်။
နောက်ဆုံး စစ်ပွဲသတင်းများအား ကာကွယ်ရေ ၀န်ကြီးဌာနမှချပေးသလောက်ကိုသာ ပြောခွင့်ရသော သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ မှူးဇော် အား ( ပြည်တွင်းစစ်တွင် တိုက်လေယဉ်သုံးခွင်ပ မရှိကြောင်း သတင်းဌာန AFP)သို့ ပြောဆိုမိရာမှ၊ ပြောရေးဆိုခွင့် ရာထူးမှ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဌ်၏ တောက်တိုမယ်ရ အကူအဖြစ်သို့ ပြောင်းရွှေလိုက်သည်။
သို့သော် ကကချုပ်ရုံးမှ ၁၉ လကျော်ကြာ စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းအား အသုံးပြုပြီးကြောင်း ပြေစာရှင်းတမ်းအား သမ္မတရုံးသို့ တင်သွင်းပေးလိုက်သည်။ အကြောင်းမှာ ငြိမ်းချမ်းရေး ဆရာကြီး ဦးအောင်မင်းအား ထိုငွေအားပြန်လည်ရှာပေးရန် ဒီဇင်ဘာ ၃၀ တွင် ရာဇသံတခု ဖြစ်ခဲ့ရသည်။ (နောင်တွင် ဗဟုအဖွဲနှင့် ဦးအောင်မင်းတို့ နော်ဝေ၊ သြစတေးလျှ နှင့် ဂျပန်၊အီးယူမှပေးသော ငြိမ်းချမ်းရေးအထောက်ပံ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀အကြောင်း ကျနော် တင်ပြပါမည်။)
၂၀၁၃ ဇန်နာဝရီလ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် တပ်မတော်မှ စီစဉ်ပေးသော လွတ်လပ်ရေးနေ့အား အကျဉ်းရုံး စီစဉ်ပြီးနောက် ဇန်နာဝရီလ (၆) ရက်နေ့မှ လက်ဂျားယန်ဒေသသို့ အကြီးအကျယ်ဗုံးကျဲစစ်ဆင်ရေးစတော့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် ဖိတ်ခေါ်ခံရလျှင် ငြိမ်းချမ်းရေးအတွက် ပါဝင်ပတ်သက်ဆောင်ရွက်မည်ဟု ဇန်နာဝရီလ ၁၀ ၇က်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သောကြောင့် စာရေးသူမှ ကေအိုင်ကေသို့ ဆက်သွယ်ခဲ့ရာ ကေအိုင်အေမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တောင်းခံစာပေါင်း ၂၂ ခုအား ၂၀၁၂ ဇန်နာဝရီလမှစပြီး ၂၀၁၃ ဇန်နာဝရီလ (၂) ရက်နေ့အထိ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အခိုင်မာဆိုခဲ့သည်။
ထို့နောက် နောက်ဆုံး စစ်ရာဇသံတခု ထပ်မံထွက်လာသည် ၊ ဇန်နာဝရီလ ၁၂ ၇က်နေ့ဖြစ်ပြီး၊ ၄င်း စစ်ရာဇသံသည် ဖေဖေါ်ဝါရီလ ၁၂ ၇က်နေ့မတိုင်ခင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင့် လှိုင်ဇာ အပြီးပြတ်သိမ်းရန် ဆိုထားသည်။ ပြည်ထောင်စုနေ့အား တောင်တန်းဒေသအတွက် လှိုင်ဇာတွင် ကျင်းပမည့်အကြောင်း ထည့်သွင်းထားခဲ့၏။
ရှေ့တန်းမှ ရဲဘော်နှင့် အရာ၇ှိများက ကကရုံးအား ဖေစုံမောင်စုံ တိုင်းထွာ ဆဲဆိုကြသည်ဟု ပေါ်တာအဖြစ် လိုက်ပါရသော ဗန်မော်မြို့သားတဦးမှ နောက်ပိုင်းတွင် သတင်းပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဇန်နာ)ရီလ၂၄ ရက်တွင် ရန်ကုန်မှ ဟာဝိုင်ယီ (အမေ၇ိကန်ပြည်ထောင်စု) အား ထပ်မံခရီးစတင်သော နေ့သည် ကချင်တို့၏ ခါရာတောင်တန်းအား ဗုံးမိုး အကြီးမားဆုံး ရွာသွန်းဖြိုးခဲ့သောနေ့ ဖြစ်သည့်အပြင် ခါရာတောင်တန်း ဗုံး ဟောင်ဝေဇာ အမြောက်လှိုင်းအောင်တွင် ဇန်နာဝရီ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့သည်။
မြန်မာစစ်တပ်ဘက်မှ ၃၆၈ ယောက်သေဆုံးပြီး ၁၂၁၄ ယောက် ဒဏ်ရာရသော အဖြေထွက်ခဲ့ပြီး ကချင်ဘက်မှ ၄၆ ယောက်ကျဆုံးကာ ၂၃၃ ယောက် လှိုင်ဇာ ဆေးရုံရောက်သွားခဲ့၏။
ဖေဖေါ်ဝါ၇ီလ ၁ ရက် ၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီမှ ရန်ကုန်သို့ ပြန်ရောက်ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကကကြီးနှင့် နောက်ချန် လက်ပံတောင်းကော်မရှင်တို့ ရေးသားထားပြီးသော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံပြသခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစားအား အသေခြာပင်မဖတ်တော့ပဲ သဘောတူလက်ခံခဲ့သည်ဟု ကော်မရှင် အတွင်းရေးမှုး မှ ပြောသည်။ သို့သေည် မတ်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်း အစီရင် ခံစားအား ပြန်လည်ဖတ်ရှု့ခဲ့ပြီး အချို့သော အချက်များအား ပြင်ဆင်လိုသော်လည်း သူမ လက်ခံပြီးသားမို့ ဆက်လက် ရှေ့မတိုးတော့ပဲ ထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့၏။
သို့သော်အစီရင်ခံစားထုတ်ပြန်ရန်အတွက် အကြီးအကျယ် စဉ်းစားရသော အခြေနေမှာ အစီရင်ခံစာပါအကြောင်းရာများ မဟုတ်ရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံအတွက် လုံခြုံရေး တည်ငြိမ်ရေးနှင့် အထမြောက် အေးချမ်းစွာ ဆောင်ရွက်နိုင်ရေးတို့အား ဦးစားပေး စဉ်းစားခဲ့ကြပြီး ဒီချုပ်ညီလာခံ ပြီးမှသာလျှင် လက်ပံတောင်း အစီရင်ခံစားအား ထုတ်ပြန်ရန် နေပြည်တော်နှင့် တိုင်ပင် ဆုံးဖြတ်ခဲ့သည်ကို ဒီချုပ်မှ ငြင်းဆိုလျှင် ငြင်းဆိုသော သမိုင်းတရပ် ကျန်ရစ်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းကော်မရှင်မှ အစီရင်ခံစာထုတ်ပြန်ရန် လုံခြုံရေး ထောက်လှမ်းရေးအစီစဉ်များအား ရဲချုပ်မှ တင်သွင်းသော မတ်လ ၈ ရက် ၂၁၀၃ တွင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပြီး မတ်လ ၁၂ ရက်တွင် ဂျာနယ်များသို့ပေးပိုပြီး ကော်မရှင် ဥက္ကဌမှ မတ်လ ၁၃ ရက် ကိုဖုန်းမော်ကျဆုံးသောနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်ရေးနေ့ဟု အတိုက်ခံတို့ဘက်မှ တောင်းဆိုထားသော နေ့တနေ့အား ပြက်ပြယ်ရန် ဦးအောင်မင်းနှင့် ဦးရွှေမန်း၊ ရဲချုပ် ကိုကိုအပြင် ဦးခင်ရီပါသော အစည်းဝေး မတ်လ ၃ ၇က်နေ့တွင် အကျင်းရုံးနေပြည်နော်ဝယ် ပြုလုပ်ကာ တမင်သကာ ချမှတ်ပြီး အကွက်ဆင်၍ လုပ်ခဲ့ကြ၏။
မှတ်ချက် အပိုင်း(၅) နိဂုံးပိုင်းတွင် မိတ္ထီလာ အကြောင်း အဖြစ်မှန်နှင့် အကြံစည်များအား တင်ပြပေးပါမည်။
ဂိုလ်ရှယ်လေး
စာဖတ်မိတ်တွေများအား အထူးကျေးဇူးတင်ပါသည်
မနူဟာဘုရင်ကြီးကို ပူဆာမယ်
ဖိုးထက်
မတ်လ ၃၀၊ ၂၀၁၃
ပြီးခဲ့တဲ့ တစ်ပါတ်က ဆရာချစ်ဦးညိုရဲ့ “ သုဝဏ္ဏဘူမိဝေဒနာ” ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်တယ်။ ဆရာရေးတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ သဘင်ပညာနဲ့ ပါတ်သက်တဲ့ စာတမ်းတွေ အများကြီး ရှိတယ် လို့သိပါတယ်။ ဒါပေမယ့် အကုန် မဖတ်ဖြစ်သေးဘူး။ ဆရာ့ စာအုပ်တွေ ဖတ်ထားမိခဲ့တာ လက်ဆယ်ချောင်းတောင် ပြည့်မယ် မထင်ပါဘူး။ ဒီစာအုပ်လေးတောင်မှ ပီဒီအက်ဖ် တွေ့တာနဲ့ ဖတ်ဖြစ်လိုက်တာ။
ဆရာက စာရေး အလွန်ကောင်းသလို စာပေဟောပြောပွဲတွေမှာလဲ တကယ့် ကဝေကြီး တစ်ယောက်လို ဟောနိုင်၊ ပြောနိုင်၊ ဆိုနိုင်သူပါ။ ဆရာရေးတဲ့ “လင်္ကာဒီပချစ်သူ” ဆိုတဲ့ စာအုပ်ကတော့ စာဖတ်ဝါသနာပါသူရော၊ မပါသူတွေပါ ဖတ်ဘူးကြသူများပါတယ်။ လူအများစု မြင်နေကြ မြင်ထောင့်နဲ့ မတူနဲ့ အမြင်ထောင့်တွေနဲ့ ခံစားပြီး ရေးဖွဲ့တတ်သူ။ လည်လည်ပါတ်ပါတ် သိပြီးသား အကြောင်းအရာတွေကို ဆရာရေးဖွဲ့လိုက်ရင် အသိ၊ အမြင် အသစ်တိုးစေတာ ဆရာ့ရဲ့ ပညာဥာဏ် ပါရမီလို့ ပြောရ မလားပါဘဲ။  အမေကြီးရဲ့ ညအိပ်ရာဝင်ပုံပြင်တွေထဲက ကျွန်တော့်ဇာတ်လိုက်ကြီး ရာမကိုကျော်ပြီး ဆရာ့ လင်္ကာဒီပ ဖတ်ပြီးမှဘဲ ဘီလူး မဖြစ်ရတာ နာချက်ကွာလို့ တွေးမိတယ်။
အခုလဲ ဆရာ့ရဲ့ သုဝဏ္ဏဘူမိ ဝေဒနာ စာအုပ်လေးကို ဖတ်ပြီး မွန်ဘုရင်ကြီး မနူဟာ မင်းကြီးကို ပိုမိုခံစား ကိုယ်ချင်းစာမိလာတယ်။ မွန်တွေဆိုတာ အခု ကျွန်တော်တို့ ခေတ်မှာသာ ကျယ်ကျယ်လောင်လောင် အသံမကြားရတဲ့ လူမျိုးတွေ ဖြစ်နေတာမို့လား။ ကျွန်တော်ဆိုလိုတာက ကရင်ဆိုရင် KNU၊ DKBA၊ မာနယ်ပလော စတဲ့ နာမည်တွေနဲ့ ပါတ်သက်ပြီး ပိုပြီးတော့ သတိထားမိတယ်။ ရခိုင်ဆိုရင် ရိုဟင်ဂျာ အရေးအခင်းကြီးနဲ့ ပါတ်သက်ပြီး လူတွေ ပိုသတိထားမိလာတယ်။ ကယားလူမျိုးနဲ့ မွန်လူမျိုးဆိုတာ အခု လက်ရှိ အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ သတိမထားမိလောက်အောင် နားအေး၊ ပါအေး ငြိမ်းငြိမ်းချမ်းချမ်းရှိနေပါတယ်။
ဆရာ့ စာအုပ်လေးကို ဖတ်ပြီး မွန်လူမျိုးတွေ သမိုင်းကို ဥာဏ်မှီသလောက်တွေးမိတယ်။ မြန်မာနိုင်ငံမှာ မွန်တွေဆိုတာ ဟိုး ရှေးရှေးကတည်းက ယဉ်ကျေးမှုမှာ ရှေ့တန်း အကျဆုံးလို့ ပြောလို့ရမည်။ ကုန်းတွင်းပိုင်းမှာ ရှိတဲ့ ဗမာလူမျိုးတွေနဲ့ ဆယ်စုနှစ် တွေ ချီပြီး သူတပြန်၊ ကိုယ်တပြန် စစ်တိုက်လာခဲ့ကြတဲ့ လူမျိုးတွေ။ သူရဲကောင်းဘုရင်တွေ၊ ပညာရှင်တွေ အလွန်ပေါများခဲ့တယ်လို့ စာတွေထဲမှာ ဖတ်ဘူးခဲ့တယ်။
ပထမမြန်မာနိုင်ငံတည်ထောင်သူ အနော်ရထာဘုရင်ကြီး ပုဂံမှာ အရည်းကြီးတွေရဲ့ ဘာသာကို ကိုးကွယ်နေရချိန်မှာ မွန်တိုင်းဌာနီမှာတော့ ဗုဒ္ဓဘာသာက ခိုင်ခိုင်မာမာကြီး အခြေတည်နေပြီ။ ပိဋ္ဋိကတ်သုံးပုံ ဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသဘောပေါက်နေခဲ့ ကြပြီးပြီ။ ကျွန်တော်တို့ရဲ့ ကျောင်းသုံး သမိုင်းစာအုပ်တွေထဲမှာ သထုံကို ပိဋ္ဋိကတ်သုံးပုံ ကော်ပီတောင်းတော့ မပေးလို့ အနော်ရထာတို့ စစ်ပြုခဲ့ရပါတယ်လို့ ဗမာလူမျိုးတွေ ရေးတဲ့ သမိုင်းကို ဖတ်ပြီး ဗမာလူမျိုး ကျွန်တော်က နှစ်ထောင်းအားရ ဖြစ်ခဲ့ဘူးတယ်။ ဒါပေမယ့် အခု ဆရာ့စာအုပ်လေးကို ဖတ်ပြီးမှ “သြော်..ဒါသဘာဝကျပါတယ်လေ” ဆိုတဲ့ အတွေးကို ရစေပါတယ်။
ဆရာချစ်ဦးညိုကြီး (ချစ်လွန်းလို့ ကြီး ထည့်မယ်ဗျာ) ရဲ့ စာအုပ်လေးထဲမှာ တကယ့်သမိုင်းနဲ့ ဆရာ့ လက်ရာကို တွဲဖက်ပြီး ဖတ်ရတာ အရသာ အလွန်ရှိပါတယ်။ ပုဂံကို ကျွန်တော် မကြာခဏ ရောက်ဘူးပါတယ်။ မနူဟာဘုရားကို ရောက်တိုင်းလဲ ဖူးဖြစ်ပါတယ်။ ကျဉ်းကျဉ်းကျုပ်ကျုပ် ဘုရားကြီးကို ကြည့်၊ ဘေးက ကလေးလေးတွေ ရှင်းပြတဲ့ စကားသံစာစာလေးတွေကို နားထောင်ပြီး ကိုယ်သိမ်းပိုက်လာခဲ့တဲ့ ဘုရင်ကိုတောင် ဘုရားတည်ခွင့်ပေးတဲ့ အနော်ရထာကြီးပါလား ဆိုတဲ့ အတွေးက ပိုမိုနေမိခဲ့တယ်။ ပါတော်မူ ဘုရင်တစ်ပါးရဲ့ စိတ်ခံစားမှုကို ခပ်ရေးရေး၊ ခပ်ဖော့ဖော့သာ တွေးမိခဲ့တယ်။
တကယ့် သမိုင်း အဖြစ်အပျက်တွေ နဲ့ မဖြစ်နိုင်တဲ့ ပါးစပ်ရာဇ၀င်တွေကိုပါယ်ပြီး ယုတ္တိကျတဲ့ အဖြစ်အပျက်တွေကို ရောယှက်ဖွဲ့သီသွားတဲ့ ဆရာ့ စာအုပ်ကို ဖတ်ပြီးချိန်မှာတော့ ပုဂံကို နောက်တစ်ခေါက် သွားချင်စိတ်တွေဖြစ်လာတယ်။ မနူဟာ ဘုရားကြီးကို ပိုင်ပိုင်နိုင်နိုင်ကြီး ထပ်ဖူးချင်လာတယ်။ ပြီးတော့ ဆက်စပ်ပြီး အတွေးတွေက တသီတသန်းကြီး ပေါ်လာတော့တယ်။
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း စာတွေထဲမှာ မကြာခဏဆိုသလို ကျွန်တော် ဖတ်ဘူးတယ်။ နိုင်ငံတစ်နိုင်ငံကို အားကြီးတဲ့ နိုင်ငံ တစ်နိုင်ငံက သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်မယ်။ ဒါပေသိ စစ်ရှုံးနိုင်ငံရဲ့ အနုပညာ၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု က အရမ်းကြီး အားကောင်းနေရင် လူ့သဘာဝအရ စစ်နိုင် နိုင်ငံရဲ့ လူမျိုးတွေဆီကို အဲဒီ ယဉ်ကျေးမှုတွေက အလိုလို ကူးစက်သွားတယ်။ သိမ်းပိုက်လိုက်တယ်လို့ ဖတ်ဘူးတယ်။ မွန်တွေကို အနော်ရထာတို့ စစ်နိုင်ခဲ့တာဘဲ ဖြစ်မှာပါ။ တစ်ချိန်တည်းမှာဘဲ မွန်ဘာသာ၊ စာပေ၊ ကိုးကွယ်ရာ ဘာသာ တရားတွေက နွားသတ်ပြီး ယဇ်ပူဇော်နေတဲ့ ပုဂံသားတွေကို သိမ်းပိုက်လိုက်တာဘဲ မို့လား။ ပိုပြီး ယဉ်ကျေးတဲ့လူတွေ၊ အနုပညာခံစားမှု မြင့်မားလာအောင် မွန်တွေက ပြန်ပြီး သင်ပြပေးခဲ့တာဘဲမို့လား။
လူပိုပီသစေတဲ့ ဘာသာရပ်တွေကို အကူးအစက်ခံခဲ့တဲ့ ပုဂံသားတွေရဲ့ စိတ်ထားကလဲ အလွန်လှခဲ့လို့လဲ ပါမှာပါလေ။ ကျွန်တော်တို့ရဲ့ ခေတ်ကြီးမှာရော ဘယ်လိုပါလိမ့်လို့ အတွေးနယ်ချဲ့ မိပြန်တယ်။ လုံလုံခြုံခြုံ၊ ဖုံးဖုံးဖိဖိ ၀တ်စားရမယ်လို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ရှိနေပါလျက်နဲ့ ဖော်လိုက်ရမှ၊ ပြလိုက်ရမှ စားဝင် အိပ်ပျော်ကြတဲ့ အတ္ထိယ တွေကြတော့ အနောက်ယဉ်ကျေးမှုက အရမ်းဘဲ အားကောင်းနေပြန်လို့လား။ ဒီလိုတော့လဲ ဟုတ်မယ် မထင်။ “ဟဲ့ နင်တို့ ယောင်္ကျားတွေ လက်မောင်းအိုးကြီးတွေ၊ ရင်အုပ်ကြီးတွေ ကြီးတာကို စွပ်ကျယ် လက်ပြတ်ဝတ်ပြီး ကြွားချင်သလို ငါတို့လဲ ငါတို့ရှိတာ ငါတို့ကြွားတာ ဘာဖြစ်သလဲ” လို့ ပြောကြလေမလား။ ကြွားချင်ကြတာ များလား။
ဒီလိုဆိုပြန်တော့ ကောင်းတာ၊ မကောင်းတာ အပထား။ အားကြီးသော ယဉ်ကျေးမှုက ကိုယ်ခံအားနည်းသော လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို အလို အလျောက် စီးဝင်လာတာ ဖြစ်မည်။ ကျွန်တော့်အတွေးတွေက တောင်ရောက်၊ မြောက်ရောက်။ အစီအစဉ်မကျ ဆက်လက် ဖြစ်နေသည်။
ဘာသာတရားမှာကျတော့ရော။ မွန်တွေရဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုက မြန်မာနိုင်ငံကြီးရဲ့ အဓိက ဘာသာတရားကြီး အဖြစ် ပြောင်းလဲလာခြင်းက ဗုဒ္ဓဘာသာ ကျွန်တော့်အတွက်တော့ အလွန်ကောင်းသည်ပေါ့။ လူသူ အရောက်အပေါက်နည်းပြီး လူနေမှုနိမ့်ကျရှာသည့် တောင်တန်းတွေပေါ်က ကျွန်တော်တို့ သွေးသားတွေဆီသို့ မစ်ရှင်တွေ၊ ခရစ်ယာန်ဘုန်းတော်ကြီး တွေနဲ့အတူ ယေရှူခရစ်တော် ကိုးကွယ်ယုံကြည်သည့် လူတွေများလာတာလဲ အငြင်းပွားစရာ၊ ရန်ဖြစ်စရာ မလိုဘူး ထင်ပါသည်။
အခု လက်ရှိ ပြဿနာတက်နေသည့်၊ လူစုတ်ပဲ့တွေ ပုံဖော်ဖို့ ကြိုးစားနေသည့် မွတ်ဆလင်ဘာသာနဲ့ ဗုဒ္ဓဘာသာ အရေးအခင်းကြီးကို ကျွန်တော့် အတွေးတွေက နယ်ကျွံလာသည်။ မွတ်ဆလင်ဘာသာကရော မြန်မာနိုင်ငံကို ဘယ်လို ရောက်လာပါလိမ့်။ ကျွန်တော် ဥာဏ်မှီသလောက်သာဆိုလျှင် အာရပ်တွေ ကိုးကွယ်ယုံကြည် အားထားသော ဘာသာကြီးဟု ဆိုကြသည်။
ပုဂံ အာနန္ဒဘုရားရဲ့ စေတီအောက်ခြေ ခါးပါတ်တစ်နေရာမှာ ကုလားအုပ်ပုံ စဉ့်ခွက် ရှိနေတာကို တိုးဂိုက်တစ်ယောက်က နိုင်ငံခြားသား တွေကို ရှင်းပြနေတာကို မယောင်မလည်ဖြင့် ကျွန်တော် ခိုးနားထောင်ဘူးသည်။ ကုလားအုပ်ဆိုတာ ကျွန်တော်တို့ အရှေ့တောင် အာရှက သတ္တ၀ါမဟုတ်။ သဲကန္တာရတွေထဲမှာ ရေမသောက်ဘဲ အကြာကြီး ခရီးသွားနိုင်သော သတ္တ၀ါတွေ။ အာရပ်တွေရဲ့ အသဲစွဲ သတ္တ၀ါ။ ထိုင်းတွေ၊ မြန်မာတွေ ဆင် ဆိုသည့် သတ္တ၀ါကို သံယောဇဉ်ရှိသလို အာရပ်ကြီးတွေလဲ ကုလားအုပ်တွေကို တန်ဖိုးထားကြသည်။ အာနန္ဒာဘုရားမှာ ကုလားအုပ်ပုံရောက်နေတာ ပုဂံခေတ်ကတည်းက အာရပ်တွေနဲ့ အဆက်အသွယ်ရှိနေပြီလို့ သတ်မှတ်ရမည်လား။ ဒီလိုသာဆိုလျှင် အာရပ်တွေကိုးကွယ်သော အလ္လာအရှင်မြတ်ရဲ့ ဘာသာတရားကြီးက မြန်မာနိုင်ငံနှင့် အဆက်အသွယ်ရှိနေပြီပေါ့။ ကျွန်တော့် အတွေးတွေက ကြောင်တောင် တောင် ဖြစ်လာသလား မသိ။
ကိုရီးယားတွေ၊ တရုတ်တွေက သူတို့ကိုယ်သူတို့ Buddhism လို့ ပြောကြသည်။ ထေရ၀ါဒ ကိုးကွယ်သော မြန်မာ၊ ထိုင်း၊သီရိလင်္ကာ လူမျိုးတွေက အောင့်သက်သက်နှင့် သိပ်မကြည်ကြ။ ခရစ်ယာန်ဘာသာမှာလဲ ဂိုဏ်းကွဲတွေ၊ အသင်း အဖွဲ့တွေ အလွန်များတာ ကျွန်တော် သတိပြုမိသည်။ သမ္မာကျမ်းအဟောင်းနှင့် အသစ်။ မွတ်ဆလင် ဘာသာကြီးမှာရော ရှိသလား မရှိသလား ကျွန်တော် ထပ်လေ့လာအုံးဖို့ လိုပါလိမ့်မည်။ သို့သော် အာရပ်တွေကိုးကွယ်သော မွတ်ဆလင်ဘာသာနှင့် ဥရောပဖက် ပိုနီးသော တူရကီတွေ ကိုးကွယ်သည့် မွတ်ဆလင် ဘာသာ မတူခြင်းကိုတော့ ကျွန်တော်သိသည်။ တူရကီတွေက မွတ်ဆလင် ဘာသာ ကိုးကွယ် ယုံကြည်ရာမှာ နူးနူးညံ့ညံ့ ရှိသည်။ အာရပ်တွေ ကိုးကွယ်ပုံကြတော့ နည်းနည်း ပြင်းထန်လွန်းသည်ဟု ဘာသာ ခြားတစ်ယောက်အမြင်နှင့် ကျွန်တော် မြင်မိသည်။
Youtube ပေါ်မှာ အင်တာနက်ပေါ်မှာ မွတ်ဆလင် ဘာသာဝင်တွေ ကိုယ့် ကိုယ် ကိုယ် သံဆူးကြီးတွေနှင့်ရိုက်ပြီး ဘာသာတရားအတွက် ပြုမူနေတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိသည်။ ဒီလောက်ကြမ်းတမ်းတဲ့ အယူသီးမှုမျိုး မကြိုက်နှစ်သက်ခြင်းမှာ အလာအရှင်မြတ်နှင့် ကျွန်တော်နှင့် သဘောထား တူညီမည် ထင်သည်။ “ချစ်သား.. ငါနဲ့ မင်းနဲ့ အတူတူဘဲကွ” လို့ ပြောမှာ အသေအချာဖြစ်သည်။ လောင်းကြေးထပ်ချင်စိတ်တွေ ပေါက်လာ၏။
စိတ်သဘောထားကြီးသော မွတ်ဆလင် ဘာသာဝင်တစ်ယောက်ကို စိတ်ဆိုးကာမှ ဆိုးရော ဘာကြောင့် အစ်နေ့ဆိုရင် အကောင်တွေသတ်နေတာလဲလို့ မေးဘူးသည်။ သတ်ချင်ရင်တောင် ကလေးတွေရှေ့မှာ မသတ်ပါနဲ့တော့လားဟယ်ဟု ပြောမနော ဆိုမနာ တွေပီပီ အထွန့်ဆက်တက်မိခဲ့ သည်။ သို့သော် သူ၏ ယထာဘူတကျကျ ဖြေပုံလေးကို ကျွန်တော့် စိတ်ထဲ စွဲနေခဲ့သည်။
သူဖြေပုံက…“တစ်ခြား ဘာသာတွေလိုပါဘဲဗျာ။ လူတွေက ကိုယ်လိုရာ ကိုယ်ဆွဲပြီး လုပ်ကြတာနဲ့ တူပါတယ်။ ဗုဒ္ဓဘာသာမှာလဲ လူတွေ ငတ်နေတာကို ပြစ်ထားပြီး ဘုရားအကြီးကြီးတွေ တည်မှ ကုသိုလ်ရတယ်လို့ ထင်ကြသလိုမျိုးနေမှာပေါ့။ ကျွန်တော်တော့ အကောင်တွေသတ်ပြီး အစ်လုပ်ရတာ ဘယ်တော့မှ မလုပ်ဘူး။ အဲဒီနေ့ ဗလီသွား ဘုရား ၀တ်ပြုတာဘဲ လုပ်တယ်ဗျ။ ဖြစ်နိုင်တာက ကျွန်တော်တို့ ဘာသာက အာရပ်တွေဖက်ကနေ ကူးစက်လာတာမို့လား။ အာရပ်တွေဆိုတာ စိတ်ကြမ်း၊ လူကြမ်း၊ အမြဲစစ်တိုက်၊ လူသတ်နေတဲ့ လူတွေလေ။ ဒီတော့ သူတို့ ကလေးတွေကိုလဲ တိုက်ရဲ၊ ခိုက်ရဲလာအောင် ကလေးတွေ ရှေ့မှာ သတ်ပြ၊ ဖြတ်ပြရင်း၊ တစ်လွဲယူကြရင်း အကျင့်ကြီး ဖြစ်လာတယ် ထင်တယ်ဗျ။ ခင်ဗျား လျှောက်မပြောနဲ့နော်။ ကျုပ်ထင်တာ ကျုပ်ပြောတာဗျ။ စာဖတ်ပြီးမှ သေချာ ပြန်ဖြေမယ်ဗျာ” ဟု ဆိုကာ ကျွန်တော့်ကို ဆန့်တငန့်ငန့် ထားပြစ်ခဲ့သည်။
ကျွန်တော့် အတွေးတွေကို အဆုံးသတ်ဖို့ လိုမည်ထင်ပါသည်။ ကိုယ်မမှီတာတွေ တွေးရင်း ဂေါက်သွားပြီဟု အပြောခံလာရကိန်းရှိသည်။ ဒီတစ်ခေါက် မြန်မာနိုင်ငံ ပြန်ဖြစ်လျှင် ဆရာချစ်ဦးညိုကို ကြိုးစားသွားတွေ့ပြီး ကန်တော့ချင်သည်။ ပြီးတော့ ဆရာ့ဆီမှာ သုဝဏ္ဏဘူမိဝေဒနာ စာအုပ် လက်ကျန်ရှိသေးရင် ရောင်းဖို့ ပူဆာရအုံးမည်။ ပြီးလျှင် စာအုပ်လေးကို ဆွဲပြီး ပုဂံမှာ ရှိသော မနူဟာ ဘုရားကို သေသေချာချာ ထပ်ဖူးချင်သည်။ စာအုပ်လေး ဖတ်လိုက်၊ ဘုရားကြီးကို မော့ကြည့်လိုက်။ ဘယ်လောက်များ အရသာ ရှိလိုက်လေမလဲ။
ပြီးလျှင် လူသူရှင်းလင်းသည့် ဘုရားထောင့်တစ်နေရာမှာ သွားပြီး အတွေးတွေ ဆက်ချင်ပါသေးသည်။ ပြီးတော့ တစ်ယောက်ထဲ ခပ်တိုးတိုးလေး ဆုတောင်းရအုံးမည်။
“အာရပ်တွေ ကိုးကွယ်တဲ့ မွတ်ဆလင်ဘာသာကို မြန်မာနိုင်ငံ မယူခဲ့ကြပါစေနဲ့ ဘုရား။ စိတ်ကြမ်းလူကြမ်း မူဆလင်တွေ မဖြစ်ကြပါစေနဲ့ ဘုရား။ မေတ္တာထားတော်မူသည့် အလ္လာရှင်တော်မြတ်ရဲ့ သားတော်၊ သမီးတော်တွေ ဖြစ်ကြပါစေဘုရား။ လူသတ်၊ မီးရှို့ကြသည့် ဗုဒ္ဓဘာသာဝင်တွေ မဖြစ်ကြပါစေနဲ့ ဘုရား။” ဟု ဆုတောင်းရပေအုံးမည်။
ကောင်းရာ ဘုံဘ၀မှာ ရောက်ရှိနေမည့် မနူဟာ ဘုရင်မင်းမြတ်ကြီးကတော့ ကျွန်တော့်ဆုတောင်းကို သဘောကျနေမှာလား။ ကူညီဖို့ စဉ်းစားနေမည်လား။ ဒါမှမဟုတ် “အို..ရှုပ်ရှုပ်ရှက်ရှက် လာမလုပ်နဲ့” ဆိုပြီး သူ့ဘုရားပေါ်ကများ မောင်းချ လေမလား။