Sunday, March 24, 2013

ဒီမိုကရေစီ ဇာတ်ခုံပေါ်က မှုံရွှေရည် မင်းသမီး

အရေတော်ပုံ တပြည်လုံးအုံကြွတော့ ဟိုလူက တရားဟော ဒီလူက အဘိဓမ္မာပြောနဲ့ ဘယ်လမ်းစဉ် ဘယ်စခန်း မှန်းကြရမယ်မသိ၊ မခံချင်စိတ်နဲ့ လူတိုင်းလမ်းပေါ်တက်ပြီး အုံးအုံးကြွက်ကြွက် ကမ္ဘာပျက်သလား မှတ်ရတယ်။
 
ဒီကြားထဲပေါ်လာလိုက်တဲ့ခေါင်းဆောင်တွေ ထောင်သောင်းချီနေလို့ တပ်သား၄၀ ဗိုလ် ၆၀ ဆိုတဲ့ ကာလတခုကို ဖြတ်သန်းကြရင်း တိုက်ပွဲတွင်းမှာပဲ ခေါင်းဆောင် ရှာနေကြတာ တော်တော်တန်တန် တယောက်မှကို ထွက်မလာခဲ့ပါ။ မျက်နှာဖုံးစွပ်တွေနဲ့ တရားတွေဟော ခပ်ပေါပေါတွေနဲ့ ဒီကြာထဲမှာပဲ မထူးဘူးကွ ဒါအခွင့်ကောင်းပေပြီဟ ဆိုပြီး မျက်နှာဖုံးတွေ အရင်ချွတ်ခွာချပြီး လူကြားထဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့ အချိန်လေးမှာ မင်းကိုနိုင်၊ မိုးသီးဇွန် စသဖြင့် ပေါ်လာကြပါလေရော။

၁၉၇၀ လောက်ကထင်ပါရဲ့ ရုပ်ရှင် သရုပ်ဆောင် စာရေးဆရာ ဒါရိုက်တာ ၀င်ဦးရဲ့ သရုပ်ဆောင် အကယ်ဒမီ ခင်သန်းနုနှင့် တွဲဖက် ရိုက်ကူးပြီး လျံလျံတောက် ကျော်ကြားခဲ့ တဲ့ အဖြူအမဲပိတ်ကားပေါ်က ရုပ်ရှင်ဇာတ်ကားတခု သတိရမိတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားက အခု ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေး အခြေနေနဲ့ တော်တော်တူနေလို့ပဲ။

ဇာတ်ကားအမည်က “မှုံရွှေရည်” ပါ။ ဇာတ်လမ်း ဇာတ်အိမ် သရုပ်ဆောင် အားလုံးကောင်းကြလို့ ကြည့်ရသူတွေအဖို့ အပေါ့အလေး ထသွားဖို့တောင် မေ့ခဲ့ကြရတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းက တင်ပြချက် အတော်ကို ကောင်းလွန်းသည်။ 

ဇာတ်ဆရာ အဖြစ်လုပ်သူ ၀င်းဦးက မှုံရွှေရည်ဆိုသော ခလေးမလေးအား ဆိုတဲ့ ကတဲ့ ပညာတွေ သင်ပေးပြီး “မှုံရွှေ၇ည်အငြိမ့်ပြဇာတ်” ကိုထောင်လိုက်ကြသည်။

မှုံေ၇ွရည် ဆိုသော မင်းသမီးလေး၏ ဆိုမှု ကမှု ဟန်ပန် အမူအရာတွေအားလုံးက အပြစ်ပြောဖွယ်မရှိ၊ ပွဲလာကြသူ ပူရိသအပေါင်း သောင်းပေါင်းများစွာက မှုံရွှေရည် မင်းသမီး၏ အနုပညာကို စွဲမက်သွားကြမြဲဖြစ်ခဲ့ကြသည်။ ဇာတ်ကားထဲမှာ မှုံေ၇ွ၇ည်မင်းသမီး ပြဇာတ်သည် မြန်မာပြည်အနှံ့ မသိသူမရှိအောင် သောင်းသောင်းဖြဖြ နှစ်သက်ခဲ့ကြသော ပုံရိပ်ကို တင်ပြထားသည်။

သို့သော် သိပ်ပင်မကြာလိုက်ပါ။ ဇာတ်လမ်းထဲတွင် မှုံရွှေရည်မင်းသမီးအား မိတ်ဆက်လာသူများပြား ကြောင်း တင်ပြထားပြီး ထိုမိတ်ဆက်လာသူ မှုံရွှေရည်မင်းသမီးအား ထောက်ခံသူများအကြားတွင် ရုပ်ရှင်မင်းသားကြီး အောင်လွင် မှ တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိတယောက်အဖြင့် သရုပ်ဆောင်ထားပြီး မောင်ရွှေရည် မင်းသမီးအား မိတ်ဆက် အနီးကပ် သိကျွမ်းခွင့်ရပြီး မှုံရွှေရည်မင်းသမီးနှင့် ချစ်ရည်ငံသွားကြလေ၏။

ဇာတ်ဆရာလုပ်သူ ၀င်းဦးက မောင်ရွှေ၇ည်မင်းသမီးလေး စစ်ဗိုလ်ကလေးနှင့် ချစ်ကြိုးမျှင် ယှက်ငင် နေမှုကို သိသော်ငြားလည်း ဇာတ်ခေါင်းကွဲမည်စိုးကာ အသာ လေး ကြည့်နေခဲ့ရသည်ကို တင်ပြထားသည်။
 
ထိုနောက် မောင်ေ၇ွှရည်မင်းသမီးလေး သူမချစ်သူ စစ်ဗိုလ်ကလေးနောက် လိုက်ပြေးသွားတော့သည်။ မှုံရွှေရည်ပြဇာတ်ကိုထောင်ခဲ့သော ၀င်းဦးလဲ ဘာလုပ်ရကိုင်ရမှန်းမသိ အ၇က် ဖိသောက်ကာ မောင်ရွှေရည်ဇာတ်ကြီးလဲ ပရိတ်သတ် မျက်စေ့ရှေ့မှ တဖြေးဖြေး ပြောက်ကွယ်သွားရတော့သည် ဆိုသော ကြေကွဲစရာ ဇာတ်လမ်းကိုတင်ပြထားသော ဇာတ်ကားကြီး ဖြစ်သည်။

မြန်မာပြည်တွင် ၈၈ အရေးတော်ပုံဝယ် နောက်ဆုံး တိုက်ပွဲ ခေါင်းဆောင်ကြီးအဖြစ် ရှစ်လေးလုံး ကျောင်းသားများ အရပ်ဘက်လူငယ်များ ၀န်ထမ်းများ၊ လှည်းနေလှအောက်မကျန်ပြည်သူများ၊ နယ်ပယ်အသီးသီးမှ နိုင်ငံရေးသမားများ နှင့် ဘာသာရေးခေါင်းဆောင်များ အားလုံးက သောင်းသောင်းဖျဖျ ဒီမိုကရေစီ ဇာတ်ခုံပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား မှုံရွှေရည် မင်းသမီးလေးအဖြင့် တင်မြောက်ကာ မှုံရွှေရည် ပြဇာတ်ကြီး တကယ်ပင် အရှိပင် ကပြတင်ဆက်ခဲ့ကြပါသည်။
 
မှုံရွှေရည် ဒေါ်အောင်ဆန်းစုကြည်၏ အပြော အဟောနှင့် ကကွက် များအား ဘေးပန့်ဝန်းကျင်တွင် ၀ိုင်းရံထားခဲ့ကြသော ပြဇာတ်အဖွဲ့ဝင်များက ဖေးမ ကူထောက်ကာ ၄င်းပြဇာတ်ကြီး ဟီးဟီးထီးထီးကြီးကိုပင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတလွှားတွင် လူကြိုက်များသော ဒီမိုကရေစီတိုက်ပွဲပြဇာတ်ကြီး ဖြစ်ခဲ့တော့သည်။

မြန်မာ့ ဒီမိုကရေစီ မှုံရွှေရည် ပြဇာတ်အတွက် ကျောင်းသားလူငယ် ပြည်သူ ရှင်ရဟန်းများပါမကျန် ဓားစာခံလုပ်ကာ မှုံရွေရည်ကို အကာကွယ်ပေးခဲ့ကြသည်။

 မှုံရွှေရည်အတွက် အသက် သွေး ချွေးနှင့် ဘ၀ပေါင်းများစွာတို့ မရေတွက်နိုင်အောင်ပင် ဇာတ်ခုံ အောက်တွင် အခြေခံတည်ကာ ထမ်းတင် တွန်းတင်ပေးခဲ့ကြသည်။

 မှုံရွှေရည် ဒေါ်အောင်ဆန်းစုကြည်သည်လဲ အတော်ပင် အံ့ဘွယ် ဘနန်း ကကွက် ဆိုကွက် တော်လွန်းခဲ့သည်မို့ နိုင်ငံပေါင်းများစွာမှာ သူမကို စွဲမက်ခဲ့ကြပြီး ဆုတံဆိပ်ပေါင်း ဘွဲ့ ဂုဏ်ထူးဆောင်ပေါင်း များစွာအား ချဉ်းကပ်အားပေး ချီးမြင့် ပေးအပ်ခဲ့ကြသည်။

ထိုသို့ မောင်ရွှေရည်အား ချည်းကပ်ခဲ့ကြရာတွင် ယခုနောက်ဆုံး နေပြည်တော် စစ်ဗိုလ်များပါရောက်ရှိလာကြပြီး ကျနော်တို့၏ ဒီမိုကရေစီ မှုံရွှေရည် နှင့် ရည်ငံသွားကြတော့သည်။ 
သိပ်မကြာပါ ကျနောတို့ မှုံရွှေရည်သည် နေပြည်တော် စစ်ဗိုလ်များ၏ နောက်သို့ ကောက်ကောက်ပါလိုက်သွားခဲ့လေသည်။ 

မြန်မားဒီမိုကရေစီဇာတ်ခုံကြီးသည် ယခု ကသူမဲ့ကာ တလာပြင်အဖြစ်ကျန်ရစ်နေလေပြီ။ မြန်မာ့ဒီမိုကရေစီဇာတ်ခေါင်းကြီးလဲ ကွဲသွားသလောက် ယခုဖြစ်နေလေပြီး။
 
မြန်မာ့ ဒီမိုကရေစီ ပြဇာတ်အား ထူထောင်ခဲ့ကြသော ဇာတ်သမားများ အချို့လဲ သေကုန်ပြီး အချို့ကလဲ ဆံဖြူသွားကျိုး မျက်စေ့မှိုင်းနားထိုင်းအဖြစ်သို့ရောက်ကုန်ကြလေပြီ။

ဒီမိုကရေစီ ဇာတ်ခုံကြီးလဲ မီးရှိုခံနေရလေပြီ၊ ၄င်းဇာတ်ခုံကြီးပေါ်တွင် ကပြတင်ဆက်နေခဲ့ဘူးသော ဒီမိုကရေစီမင်းသမီးဒေါ်အောင်ဆန်းစုကြည်သည်လဲ မာရှယ်လော တီးလုံးတေးသွားများပေါ်တွင် ပျော်ပိုက်နေလေပြီ။

သို့သော် ဒီမိုကရေစီဇာတ်ခုံပေါ်မှ မှုံေ၇ွှရည်အား ထောက်ခံအားပေး ပံ့ပိုးခဲ့ကြသော တိုင်းပြည်တလွှားမှ မိဘပြည်သူများလဲ စိတ်မချမ်းသာကာ ယခု စစ်တပ်နောက် ကောက်ကောက်ပါလိုက်သွားသော ဒီမိုကရေစီ မင်းသမီးလေး ဒေါ်အောင်ဆန်းစုကြည်သည် အဘယ်သို့သောအချိန်ကာလတွင် ပြည်သူများ ၀ိုင်းရံ ထမ်းပိုးထားသော ဒီမိုကရေစီဇာတ်ခုံပေါ်သို့ ပြန်လည် ရောက်ရှိလာပြီး ကပြတင်ဆက်မည်ကို ဇွဲမလျော့သော်ငြား မယုံရဲသည့် စိတ်သောက များဖြင့် စောင့်ဆိုင်းနေလျှက် ရှိနေပါသတည်း။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
၂၄ ရက် မတ်လ  ၂၀၁၃ ခုနှစ် ည ၈ နာရီ ၅၀ တွင် ရေးပါသည်။

No comments: