Thursday, March 21, 2013

ယနေ့ နေ့လည် မိထ္တီလာအခြေအနေ ကိုမင်းကိုနိုင်၏ ပြောကြားချက်။

"ကျနော်တို့နဲ့အတူအရှင်ဝီရသူလည်း ရောက်နေတယ်။ ရွှေည၀ါ
ဆရာတော် လည်း ရောက်တယ်။ ကျနော်တို့တွေ အကြမ်းဖက်မှု
ဖြစ်နေတဲ့ နေရာထဲ အထိရောက်ပါတယ်။ အခြေအနေကို
အတက်နိုင်ဆုံးထိန်းသိမ်းကြဖိုမေတ္တာ ရပ်ခံတယ်။ အများကြီး ကြိုးစား
ခဲ့တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥက္ကဋ္ဌ နဲ့လည်း တွေ့ခဲ့ပါတယ်။

အခြေအနေတွေကို အမြန်ဆုံးထိန်း သိမ်းဖို့၊ ကူးစက်ပြန့်ပွားမှုမဖြစ်အောင် ပြီးတော့ တရားဥပဒေစိုးမိုးရေးအတွက် အထပ်ထပ် ဆွေးနွေးပါတယ်။ သူတို့ကလည်း သဘောတူကြပါတယ်။ အားလုံးက စွမ်းသမျှတော့ လုပ်ကြပါတယ်။ အသက်တွေ ကယ်တင်နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အကြမ်းဖက်ဖြစ်တဲ့အထဲမှာ အဖိတ်အစဉ်တွေလည်း ရှိခဲ့ပါတယ်။

နောက်ထပ်မဖြစ်အောင်၊ နောက်ထပ် မပြန့်ပွားအောင် အားလုံး အတက်နိုင်ဆုံး ၀ိုင်းဝန်းထိန်းသိမ်းကြပါ။ ကျွန်တော်တို့ အသက်တွေနဲ့ ရင်းခဲ့ရတဲ့ လမ်းကြောင်း ပျောက်သွားလို့ မဖြစ်ပါဘူး။ အခု သွားနေတဲ့ လမ်းကြောင်း မပျက်သွားအောင် အားလုံး ၀ိုင်းထိန်းကြရမှာပေါ့။

နောက်တစ်ခါ ညက မီးလောင်ထားတဲ့အတွက် အိမ်ခြေရာမဲ့သွားတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ၅၇၀ ရှိပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ကျနော်တော်တို့ လိုက်အားပေးတယ်။ သူတို့ ထမင်းစားနိုင်အောင် အလှူခံပေးခဲ့ တယ်။ ဆေးရုံကိုရောက်ခဲ့တယ်။
ဆေးရုံကို ဒဏ်ရာရလို့ရောက်လာတဲ့သူတွေကို အားပေးတယ်။
ဆေးရုံကလည်း ကျွန်တော်တို့နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။
သေနတ်နဲ့ ပစ်ခတ်လို့ ခြေထောက်မှာ ကျည်ဆံ မှန်တဲ့လူတွေ လည်းရှိပါတယ်။

အခြေအနေတွေကို ထိန်းလိုက်နိုင်တဲ့ အနေအထားရောက်လာတဲ့
အတွက် အခု ကျွန်တော်တို့ ရန်ကုန်ကို ပြန်မယ်။ တပြည်လုံးမှာ မပြန့်ပွားအောင် ဆက်ပြီးတော့ ထိန်းကြရမယ်။ ရန်ကုန်ရောက်ရင် သက်ဆိုင်ရာ သံရုံးတွေကိုရော၊ အသိပေးရမယ့် လှုပ်ရှားတက်ကြွတဲ့
သူတွေရော၊ သြဇာတိက္ကမ ရှိတဲ့သူတွေရော မေတ္တာရပ်ခံမယ်။
ဒီကိစ္စကို အဆက်မပြတ် နိုးနိုးကြွားကြွားနဲ့ ထိန်းသိမ်းရမှာပေါ့။ ကျွန်တော်တွေ့ခဲ့တာ ဒဏ်ရာရတဲ့သူတွေ ဆေးရုံမှာရောက်နေတာ
၁၀ ဦး မပြည့်ခဲ့ပါဘူး။

အသက်ဒဏ်ရာ စိုးရိမ်ရတာ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ ကျွန်တော် မသိတဲ့အပိုင်းတွေမှာတော့ မပြောတတ်ဘူးပေါ့။ ခြေထောက်နဲ့
ပေါင်တွေမှာ ဒဏ်ရာရကြတယ်။ လူတွေလည်း ရွှင်ရွှင်လန်းလန်း
ရှိကြတယ်။ ဆေးရုံက တော်တော် ဂရုစိုက်ကြပါတယ်။
သေဆုံးတာတွေတော့ အတိအကျ ကျွန်တော်မကြားဘူး။

ဒီသတင်းတွေကို ပုံဖော်တဲ့နေ ရာမှာလည်း ကျွန်တော် မေတ္တာရပ်
ခံချင်တယ်။ ပဋိပက္ခ ထပ်မဖြစ်အောင် ပုံဖော်ကြဖို့ပါ" ဟု ဧရာဝတီသို့ ပြောသည်။

"ကျနော်တို့နဲ့အတူအရှင်ဝီရသူလည်
း ရောက်နေတယ်။ ရွှေည၀ါ

No comments: