တောင်ပုလုဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယသည် အမေရိကန်ပြည်ထောင်စုသို့ ၁၉၇၈-ခုနှစ်
သြဂုတ်လ ၁-ရက်နေ့တွင် ပထမဦးဆုံအကြိမ် အဖြစ် ပြည်ပသာသနာပြုခရီး
ကြွတော်မူပါသည်။
ပထမဆုံးအကြိမ် ဆရာတော်ဘုရားကြီး
အမေရိကန်သို့ကြွစဉ် စီးလာသောလေယာဉ်၏ စက်တလုံး ချွတ်ယွင်းကြောင်း
လေယာဉ်မှူးက ပြောပါသည်။ လေယာဉ်မှူးက ပျက်သောစက်ခေါင်းဘက်သို့ကြည့်ရာ
အ၀တ်အ၀ါရောင် ၀တ်ထားသော လူတဦးက လေယာဉ်၏ အတောင်ပံပေါ်ထိုင်ပြီး
ပျက်နေသောစက်ကို လက်ညှိုးဖြင့် ထိုးနေသည်ကို မြင်တွေ့သဖြင့် သူ၏လက်ထောက်
လေယာဉ်မှူးအား ကြည့်စမ်း၊ ဟိုမှာ လူတယောက်-ဟုပြောလိုက်သည်။ ထိုသူကကြည့်ရာ
ဘယ်သူ့ကိုမှ မမြင်ဟုပြောသဖြင့် လေယာဉ်မှူးသည် မိမိမြင်ယောင်မြင်မှား
ဖြစ်လေသလားဟု ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။
ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ချောမောစွာလေယာဉ်ဆိုက်ရောက်၍ ဆရာတော်ဘုရား
လမ်းလျှောက်လာသည်ကို လေယာဉ်မှူးမြင်တွေ့သောအခါ အနားရှိသူများအား
မိမိမြင်ခဲ့သော လေယာဉ်တောင်ပံပေး၌ ထိုင်နေသူမှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်ကြောင်း၊
မျက်မှန်အမည်းတပ်ထားသည်ကို မိမိကောင်းစွာ မှတ်မိကြောင်း ပြောပါသည်။
ဆရာတော်ဘုရား အမေရိကန်တွင်ရှိစဉ် အမေရိကန်ဆရာဝန်တဦးက သူ၏
အသည်းအသန်ဖြစ်နေသော လူနာ ငါးဦး၏ဓာတ်ပုံများ ပြပြီး
မေတ္တာပို့သဆုတောင်းပေးပါရန် လျှောက်ထားပါသည်။ ဆရာတော်က
ဓာတ်ပုံများကိုကြည့်ကာ သုံးပုံကိုယူထားပြီး ကျန်နှစ်ပုံကို
ပြန်ပေးလိုက်ပါသည်။ နောက်တနေ့တွင် ပြန်ပေးလိုက်သော ဓာတ်ပုံနှစ်ပုံရှင်
လူနာများ ကွယ်လွန်ကြပြီး ယူထားသော ဓာတ်ပုံသုံးပုံ၏ လူနာများ ရောဂါသက်သာရာ
ရရှိကြပါသည်။
တကြိမ်က အမျိုးသမီး အစိုးရအရာရှိတဦး
ကင်ဆာရောဂါရရှိကာ ဆေးရုံမှ လက်လျှော့လိုက်သဖြင့် နေအိမ်သို့
သက်ဆိုင်သူများက ပြန်ခေါ်ခဲ့ပါသည်။ နောက်ဆုံး မျှော်လင့်ချက်ဖြင့် ကုသရန်
ဆရာတော်ဘုရားကို နေအိမ်သို့ ဆွမ်းပင့်ကျွေးပြီး လူနာအား မေတ္တာပို့ပေးပါရန်
လျှောက်ထားလေသည်။ ဆရာတော်ဘုရားက လူနာခန်းသို့ ကြွပြီးအတန်ကြာကြည့်ကာ
မေတ္တာပို့ပြီး ပြန်ကြွပါသည်။ နောက်တနေ့တွင် ထိုအိမ်သို့ ၀တ်ဖြူဝင်ကြယ်ဖြင့်
အဘိုးတဦးရောက်ရှိလာပြီး လူနာအားမေးကာ ဆေးပေးသွားပါသည်။ ထိုဆေးဖြင့်ပင်
လူနာသည် လုံးဝပျောက်ကင်းသွားပြီး ဘန်ကောက်ရှိ ကုလသမဂ္ဂအစည်းအဝေးတခုသို့ပင်
လာရောက်တက်သွားဖူးပါသည်။
ဆန်ဖရန်စစ္စကိုမြု့တွင် ဆရာတော်ဘုရား
ဦးစီးပြီး တည်ဆောက်ခဲ့သော ရွှေသိမ်တော်စေတီရှိရာ တောင်ပုလုတောရ
ကမ္ဘာအေးကျောင်းတိုက်သို့ အိန္ဒိယလူမျိုး အမျိုးသမီးကြီးတဦးသည် လူအတွဲဖြင့်
ဆရာတော်ဘုရားကို လာရောက်ဖူးမြော်ပါသည်။ သူမမှာ ကင်ဆာရောဂါရှင်ဖြစ်သည်။
ဆေးရုံမှ လက်လျှော့ပြီး သေရက်နီးသူ ဖြစ်၍ ကယ်မတော်မူပါရန်
ရှိခိုးတောင်းပန်လေသည်။
ဆရာတော်ဘုရားက ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းမှ
ရောဂါနှင့်ဆိုင်ရာ ပဉ္စကကို တနေ့သုံးကြိမ် နံနက် တနာရီ၊ နေ့ တနာရီ၊ ည တနာရီ
ပထမငါးရက် အသွား (အနုလုံ)၊ ဒုတိယ ငါးရက် အပြန် (ပဋိလုံ)၊ တတိယ ငါးရက်
အသွားအပြန် (အနုလုံ ပဋိလုံ) ရွတ်ပြီး တရားအားထုတ်ရန် ညွှန်ကြားလိုက်ပါသည်။
ဆရာတော်ဘုရား အမေရိကန်မှ ပြန်မကြွမီပင် ထိုအမျိုးသမီးကြီးသည်
ကိုယ်တိုင်ကားမောင်းပြီး ကျောင်းတိုက်သို့ ရောက်လာကာ ရောဂါမှပျောက်ကင်းပြီး
သေတွင်းမှ လွတ်ခဲ့ကြောင်း လျှောက်ထားပါသည်။
မင်ေးစာထက်
တောင်ပုလုဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယသည် အမေရိကန်ပြည်ထောင်စုသို့ ၁၉၇၈-ခုနှစ် သြဂုတ်လ ၁-ရက်နေ့တွင် ပထမဦးဆုံအကြိမ် အဖြစ် ပြည်ပသာသနာပြုခရီး ကြွတော်မူပါသည်။
ပထမဆုံးအကြိမ် ဆရာတော်ဘုရားကြီး အမေရိကန်သို့ကြွစဉ် စီးလာသောလေယာဉ်၏ စက်တလုံး ချွတ်ယွင်းကြောင်း လေယာဉ်မှူးက ပြောပါသည်။ လေယာဉ်မှူးက ပျက်သောစက်ခေါင်းဘက်သို့ကြည့်ရာ
ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ချောမောစွာလေယာဉ်ဆိုက်ရောက်၍ ဆရာတော်ဘုရား လမ်းလျှောက်လာသည်ကို လေယာဉ်မှူးမြင်တွေ့သောအခါ အနားရှိသူများအား မိမိမြင်ခဲ့သော လေယာဉ်တောင်ပံပေး၌ ထိုင်နေသူမှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်ကြောင်း၊ မျက်မှန်အမည်းတပ်ထားသည်ကို မိမိကောင်းစွာ မှတ်မိကြောင်း ပြောပါသည်။
ဆရာတော်ဘုရား အမေရိကန်တွင်ရှိစဉ် အမေရိကန်ဆရာဝန်တဦးက သူ၏ အသည်းအသန်ဖြစ်နေသော လူနာ ငါးဦး၏ဓာတ်ပုံများ ပြပြီး မေတ္တာပို့သဆုတောင်းပေးပါရန် လျှောက်ထားပါသည်။ ဆရာတော်က ဓာတ်ပုံများကိုကြည့်ကာ သုံးပုံကိုယူထားပြီး ကျန်နှစ်ပုံကို ပြန်ပေးလိုက်ပါသည်။ နောက်တနေ့တွင် ပြန်ပေးလိုက်သော ဓာတ်ပုံနှစ်ပုံရှင် လူနာများ ကွယ်လွန်ကြပြီး ယူထားသော ဓာတ်ပုံသုံးပုံ၏ လူနာများ ရောဂါသက်သာရာ ရရှိကြပါသည်။
တကြိမ်က အမျိုးသမီး အစိုးရအရာရှိတဦး ကင်ဆာရောဂါရရှိကာ ဆေးရုံမှ လက်လျှော့လိုက်သဖြင့် နေအိမ်သို့ သက်ဆိုင်သူများက ပြန်ခေါ်ခဲ့ပါသည်။ နောက်ဆုံး မျှော်လင့်ချက်ဖြင့် ကုသရန် ဆရာတော်ဘုရားကို နေအိမ်သို့ ဆွမ်းပင့်ကျွေးပြီး လူနာအား မေတ္တာပို့ပေးပါရန် လျှောက်ထားလေသည်။ ဆရာတော်ဘုရားက လူနာခန်းသို့ ကြွပြီးအတန်ကြာကြည့်ကာ မေတ္တာပို့ပြီး ပြန်ကြွပါသည်။ နောက်တနေ့တွင် ထိုအိမ်သို့ ၀တ်ဖြူဝင်ကြယ်ဖြင့် အဘိုးတဦးရောက်ရှိလာပြီး လူနာအားမေးကာ ဆေးပေးသွားပါသည်။ ထိုဆေးဖြင့်ပင် လူနာသည် လုံးဝပျောက်ကင်းသွားပြီး ဘန်ကောက်ရှိ ကုလသမဂ္ဂအစည်းအဝေးတခုသို့ပင် လာရောက်တက်သွားဖူးပါသည်။
ဆန်ဖရန်စစ္စကိုမြု့တွင် ဆရာတော်ဘုရား ဦးစီးပြီး တည်ဆောက်ခဲ့သော ရွှေသိမ်တော်စေတီရှိရာ တောင်ပုလုတောရ ကမ္ဘာအေးကျောင်းတိုက်သို့ အိန္ဒိယလူမျိုး အမျိုးသမီးကြီးတဦးသည် လူအတွဲဖြင့် ဆရာတော်ဘုရားကို လာရောက်ဖူးမြော်ပါသည်။ သူမမှာ ကင်ဆာရောဂါရှင်ဖြစ်သည်။ ဆေးရုံမှ လက်လျှော့ပြီး သေရက်နီးသူ ဖြစ်၍ ကယ်မတော်မူပါရန် ရှိခိုးတောင်းပန်လေသည်။
ဆရာတော်ဘုရားက ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းမှ ရောဂါနှင့်ဆိုင်ရာ ပဉ္စကကို တနေ့သုံးကြိမ် နံနက် တနာရီ၊ နေ့ တနာရီ၊ ည တနာရီ ပထမငါးရက် အသွား (အနုလုံ)၊ ဒုတိယ ငါးရက် အပြန် (ပဋိလုံ)၊ တတိယ ငါးရက် အသွားအပြန် (အနုလုံ ပဋိလုံ) ရွတ်ပြီး တရားအားထုတ်ရန် ညွှန်ကြားလိုက်ပါသည်။ ဆရာတော်ဘုရား အမေရိကန်မှ ပြန်မကြွမီပင် ထိုအမျိုးသမီးကြီးသည် ကိုယ်တိုင်ကားမောင်းပြီး ကျောင်းတိုက်သို့ ရောက်လာကာ ရောဂါမှပျောက်ကင်းပြီး သေတွင်းမှ လွတ်ခဲ့ကြောင်း လျှောက်ထားပါသည်။
မင်ေးစာထက်
1 comment:
ဒီလိုဆရာတော်တွေကိုအပြင်မှာဖူးချင်လှပါတယ်။
Post a Comment