Wednesday, March 27, 2013

မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ဇီးကုန်းမြို့တွင်း မြင်ကွင်းများ

မတ်လ ၂၈ ရက်နေ့ ဇီးကုန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို သက်ဆိုင်
ရာမှ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဇီးကုန်းမြို့ စည်ပင်သာယာဈေး
အတွင်းရှိ ဈေးဆိုင်အချို့သာ ဖွင့်လှစ်ခြင်းမရှိဘဲ အများစုမှာ ပုံမှန်အတိုင်း ရောင်း
ဝယ်လျက်ရှိကြောင်း သိရသည်။ ဇီးကုန်းမြို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဇီးကုန်းမြို့တွင် ရောက်ရှိ
နေသော Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ထားသည်။

Eleven Media Group
— မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ဇီးကုန်းမြို့တွင်း မြင်ကွင်းများ

No comments: