Monday, March 18, 2013

ဘယ်လောက်အံသြဖို့ကောင်းသလဲ?................

၂၀၀၈ ကို ဥုံဖွလုပ်ပြီး ဖုတ်သွင်းခဲ့တာမဟုတ်၊ ညောင် ၂ ပင်ချေး တွင်းထဲကနေဆွဲထုတ် ၂၀၁၀ 
ရွေးကောက်ပွဲနဲ့ မီးပြန်ဖုတ်ပြီး အနံ့ပြောင်း ပါတီးအားလုံးပူးပေါင်းအောင်ဆွဲခေါ် ရာထူးမျှော်သူများနဲ့
 ကြားဖြတ်သွင်း စစ်ဘောင်းဘီချွတ် ရင်ခွင်ကို သာယာဝတီဥသြလိုတေးသံချိုတဲ့ အမေစုက ပြေးဖက်ပြတော့ အဲဒါပြောင်းလဲတယ်လို့ နှစ်ဖက်ချွန်အေးဂျင့်တွေက နယ်စပ်မှ နိုင်ငံတကာမှ ပြေးဝင် 
 အိုးမဲဖင်အရုပ်ဆိုးကို ၀ိုင်းပြီ မိတ်ကပ်သွားလိမ်းလိုက်ကြတာ ခုတော့ တဖြေးဖြေးနဲ့ စစ်ဘီလူးရဲ့
 မာယာနွံအိုင်မှာ လှုပ်လဲမရ လုပ်လဲမရတော့တာပါ။

နိုင်ငံရေးလောကသားတွေ မှားမှန်း ခါးမှန်း သိရက်နဲ့ ဆင်ခြေဆင်လက် အတက်ပေါင်းများစွာနဲ
 မိမိအမှားကိုကာကွယ် အမှန်တရားရဲ့ သူရဲကောင်း ပညာရှင် ဆိုကရေးတီးကိုတောင်
 သြချလိုက်ပါသေးတယ်။

သနားမိသူ စာနာမိသူ အားလုံးစိတ်ထဲမှာ ဆူနေတဲ့ ဆန္ဒတွေက ၀င်မရထွက်မရတဲ့ ၂၀၀၈
 ချေမန်းကွင်းမိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သနားလာမိကြတယ်။
 
သူမက တကယ်ကို သနားဖို့ကောင်းတဲ့ သူပါ။ နိုင်ငံရေးမှာ ကျော်ကြားတာနဲ့ အာဏာပိုင်ခွင့် 
လုပ်ကိုင်ခွင့် တကယ်မရှိတာ အရှိလုပ်ပြလာနေတာ သိသာလာပြီထင်ပါတယ်။

ကျော်ကြားတာကို လက်တွေ့အသုံးချသွားသူတွေက သူမ မသိလေရောသလားတဲ့၊ သိပါတယ် သူမ ကိုယ်တိုင်က ပြောပါတယ် “တိုင်းပြည်အတွက် သူမကို အသုံးချမယ်ဆိုရင် သူမက အသုံးချခံမယ်” ဆိုတဲ့စကားက ခွေးအတွေ ၀ိုင်အုံထဖို့ အခွင့်ရေးရသွားတယ်။

ခွေးအဆိုတာသိလား? အုပ်စုနဲ့နေပြီး အုပ်စုလိုက် ကိုက်ဖဲ့ ဆွဲဖျက်စားသောက်တတ်ကြတယ်။
 တကောင်တည်း ဘယ်တော့မှ မလုပ်တတ်ကြဘူး၊ တကောင်ထဲဆိုရင် သူ့အမှီးကို သူဖင်ကြား
ကနေ ချေထောက်၂ ချောင်းအောက်သွင်းပြီး ခေါင်းငိုက်ငိုက်နဲ့ ထွက်ပြေးတတ်ကြတယ်။

ခု အဲဒီခွေးအတွေ အမြတ်ထွက်နေတယ်။ လက်ပံတောင်းက ဒေါ်အောင်ဆန်းစုကြည်ကို နာကျဉ်းလာတယ်၊ တောင်တန်းသားတွေ လက်သီးကျစ်ကျစ်ဆုပ်ပြီး မျက်ရည်တွဲခိုနေတဲ့ ခံစားချက်ပြင်းပြင်းနဲ့ သူမအသံမကြားချင်တော့ဘူးပြောနေကြတယ်။ 

လယ်တွေသိမ်းခံထားရတဲ့ လယ်သမားတွေ ၊ တိုင်းတပါးကို လှည့်ဖြားခိုးထုတ်ခြင်းခံသွားရတဲ့ 
မိန်းမပျိုလေးတွေနဲ့ သူတို့ရဲ့ မိဘတွေ၊ နေ့ခင်းကြောင်တောင် လမ်းမပေါ်မှာ ဒမြတိုက်ခံနေရတဲ့ 
တုံရွားနဲ့ ၀က်မှေးတို့က အမှန်တရားကို တိုက်ယူမှရမယ်ဆိုတဲ့ ဆရာစံဝိဥာင်တွေ ပူးကပ်ပြီး မကြာခင် ဘီးလူးဆိုင်းတီးထွက်လာရင် နေပြည်တော်ခွေးအတွေ ထပ်ပြီး အမြတ်ထွက်ကြအုံးမယ်။

ကချင်ဒေသက မြန်မာ့တပ်မတော်ခံစစ်က ဒုက္ခသယ် တသိန်းလောက်ကို နေခြင်းညခြင်း 
အဆက်မပြတ်မွေးထုတ်ပေးလိုက်တာကို ရေငုံထားသလို လုပ်နေတဲ့ ဒီချုပ်ဥက္ကဌကြီးကို
 စိတ်နာလာကြတော့ နေပြည်တော်ခွေးအတွေအဖို့ အမြတ်ရသထက်ရလာလို့ ပျော်နေကြတယ်။

ပြည်တွင်းစစ်ဆိုတာ မိန်းမသားတွေရဲ့ သားအိမ်ကင်ဆာနဲ့တူတာကို ဒေါ်အောင်ဆန်းစုကြည် မဟာ ပါရဂူဘွဲ့ပေါင်းများစွာ ဆု၇ှင်ကြီးက မှတ်ချက်ချဖို့ အရင်ထဲက ဆော်သြဖို့ မေ့နေတာတော့ 
မဖြစ်တန်ရာလောက်ပါရဲ့လို့ နိုင်ငံတကာက ကြည့်နေခဲ့ကြတယ်။ အဲဒါကိုက နေပြည်တော်ကြီး 
အမြတ်ကြီးကြီးရနေတယ်။ 

ဘယ်လောက်အံ့သြဖို့ကောင်းနေသလဲ? ပြောင်းလဲတဲ့နိုင်ငံမှာ လမ်းပေါ်ကခလေးတွေကို 
လိုက်ဖမ်းပြီး ကချင်က စစ်မီးလျံတွေမှာ လောင်စားဖြည့်တင်းနေတယ်၊၊

ဘယ်လောက်အံသြဖို့ကောင်းသလဲ? တောင်တန်းတွေကြားက စာသင်ခန်းတွေ သရဲသဘက်တွေဝင်မွေလို့ အသက်တွေကြွေခဲ့ကြရတယ်။ 

ဘယ်လောက်အံသြဖို့ကောင်းသလဲ? မိဘမဲ့ခလေးတွေ စစ်တပ်ရ့-ဲ ရဲမွန်စစ်လေ့ကျင်ရေး 
(၄၃၂) ခုမှာ စစ်သင်တန်းတွေပေးပြီး နေပြည်တော်ခွေးအတွေ ရေရှည်တည်မြဲရေး အုပ်မြစ်တွေ
 ဆောက်နေကြတယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? လူစုခွင့်ပုဒ်မကို ဖြုတ်ချပြီး လူစုခွင့်ရပေမယ့် 
လမ်းလျောက်ခွင့်မရတဲ့ တပြည်လုံးရဲ့ချေထောက်ကို ကြိုးတုပ်ထားကြတယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? သန့်ရှင်းတဲ့ အစိုး၇ထဲက ၀န်ကြီးတွေအားလုံးဟာ
 ဘောင်းဘီချွတ်တွေဖြစ်ပြီး စစ်တပ်နဲ့လုံးထွေးနေကြတယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? သံဃာတွေကို မီးလောင်ဗုံးတွေနဲ့ ဆေးပေါင်းခတဲ့
 လပြည်ညမှာ ပစ်သွင်းပြီး ဖြိုခွင်းတာကို သမ္မတ ကိုယ်တိုင်က မတော်တဆဖြစ်ရတယ်တဲ့။
ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? နောက်ကြောင်းပြန် အရေးယူလို့မရတဲ့ ဥပဒေကြောင့် 
ရာစုခေတ်အဆက်ဆက်က သန့်ရှင်းတဲ့ ကျောင်းသားပြည်သူအသက်တွေ အမျှဝေဖို့မရပဲ
 စောင့်နေကြတယ်၊ ဒါပေမယ့် ခေတ်အဆက်ဆက်က ရာဇ၀တ်သားသတ်သမားတွေရဲ့ နိုင်ငံတကာမှာ ချေးယူ သုံးဖြုန်းခဲ့တဲ့ အကြွေးတွေကို ယနေ့ပြည်သူတွေ ပြန်ဆပ်ပေးရမယ်တဲ့။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? အမိတိုင်းပြည်ထဲမှာ နေထိုင်နေသူထဲမှာ ညသန်းခေါင်မှာ
 ဧည့်စာရင်းစစ်နေတဲ့ ပြည်သူကို ယုံကြည်မှု မရှိတဲ့ အာဏာပိုင်လက်ထဲကဘ၀တွေ။

ဘယ်လောက်အံသြဖို့ကောင်းသလဲ? စစ်တပ်က ဘယ်လောက်သုံး ဘယ်လောက်ပဲဖြုန်းဖြုန်း စာရင်းစစ်ပိုင်ခွင့် မရ တောင်းဆိုပိုင်ခွင့်မရ ရေငုံနုတ်ပိတ်နေရတဲ့ လွတ်တော်ထဲက အမတ်တွေရဲ့ ဘ၀တွေ။

ဘယ်လောက်အံသြဖို့ကောင်းသလဲ? မွေးစက အ၀တ်ဗလာဖြစ်နေခဲ့တဲ့ ခရိုနီနဲ့ စစ်ဗိုလ်ချုပ်တွေက လယ်ကွင်းတွေကို မရောက်ဘူးပဲ ၊ မိုးကုတ်စက်ဝိုင်းတဆုံးမြေယာပိုင်ဆိုင်မှုတွေနဲ့ 
ဇိမ်ကျနေကြတယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? တတိုင်းပြည်လုံးမှာ နိုင်ငံသားမဟုတ်သူတွေက အခွင့်ရေးတွေ တနင်းတပိုးနဲ့ တိုင်းပြည်သားတွေကို ကျွန်လုပ် အမြတ်ထုတ်ခွင့်ရနေကြတယ်။

ဘယ်လောက်အံသြဖို့ကောင်းသလဲ? စိမ်းလန်းတဲ့တောတောင်တွေပေါ်က အဖိုးတန် သစ်တွေ 
တရုတ်ပြည်ကို ဆွဲထုတ်ခံရလို့ သလင်းပြောင်တွေဖြစ်ပြီး မုန်တိုင်းနဲ့ ရေဒဏ်မိုးဒဏ်ကို မကာကွယ်နိုင်တော့ပဲ မြို့ရွာတွေ ရေးထဲမျောနေကြ၇တယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ?  စစ်ဖြစ်နေတာ ၂ နှစ်ကြာမှ ကျမ ပါဝင် ပါရစေဆိုတဲ့ 
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ လူသိရှင်ကြား စကားသံက ဖြေဆေးမရတော့တဲ့ မြွေဆိပ်တွေနဲ့ ပြည့်လျံနေတဲ့ နောက်ဆုံးထွက်သင်ငင်နေတဲ့လူနာတွေကို နိုင်ငံရေး အကျိုးမြတ်လေးထွက်ဖို့ ကုစားဖို့ လှည့်ကွက်က သူမကိုယ်တိုင် ဆုတံဆိပ်တွေရဲ့ မာယာ အင်းကွက်နဲ့ ပိတ်မိသွားတာကို နေပြည်တော်အမြတ်ထွက်နေတယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? မရောင်းပါဘူးလို ငိုယိုတောင်းပန် အော်ဟစ် ကြေကွဲနေကြတဲ့ 
ကြားက ကာလပေါက်ဈေးပေးမယ်။ ကာလပေါက်ဈေးပေးမယ် ဆိုပြီး တောင်သူတွေကို လမ်းဘေးတွန်းပို့နေတယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? တောင်တွ ကုန်သွားမလား ကုန်သွားမယ်လို့ပြောချလိုက်တယ်။
ဘယ်လောက်အံ့သြဖို့ ကောင်းသလ? မီးလောင်ဗုံးတရာခံတွေကို အရေးယူဖို့ အနာမကျက်သေးသူ
တွေကပြောတော့ သက်သေမခိုင်လုံဘူးတဲ့ အဲဒါကြောင့် အပစ်ကင်းတယ်တဲ့၊

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ တောင်တွေဖြိုပြီး ဂျိုင့်ခွက်တွေနဲ့ ထားခဲ့မှာကို
 တိုင်းပြည်တိုးတက်ရေးအတွက်တဲ့၊

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? နေတိုင်းထမင်းစားပြီး ထမင်းတွေရလာအောင် 
ကျွဲနွားတွေနဲ့ ဖက်ရုန်း နေတဲ့ တောင်သူ၊လယ်သမားတွေကို ခုလိုဆုံးဖြတ်တာ မပြင်နိုင်ဘူးတဲ့၊
ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? နိုင်ငံရေးလုပ်တာ လူအများကြိုက်ဖို့လုပ်တာမဟုတ်ပဲ 
ရွေးကောက်ပွဲဝင်ပြီး အမတ်လုပ်ခဲ့တယ်။

ဘယ်လောက်အံ့သြဖို့ကောင်းသလဲ?
 ဘယ်လောက်အံ့သြဖို့ကောင်းသလဲ? 
ဘယ်လောက်အံ့သြဖို့ကောင်းသလဲ?

ကုန်ကုန်ပြောလိုက်မယ် ၂၀၁၅ နိုဝင်ဘာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကြံဖွတ်ခွေးအနဲ့ 
၂၅ ပြားသား စစ်သားအမတ်တွေ မသာချပြီး ရွေူးကောက်ပွဲရဲ့ နောက်ဆုံးညမှာ 
အပျော်ဆုံးဘ၀တွေဖြစ်လာကြလို့ နေပြည်တော် သန်းခေါင်ယံညမှာ ထထ အူနေကြမှာ
 မလွဲပါသတည်း။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

No comments: