မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ပွင့်လင်းမြင်သာမှုရှိလာသည့် မြန်မာ့တပ်မတော်
ယခု
မတ်လ ၂၇ ရက်နေ့ တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်
လှန်ရေးနေ့(တပ်မတော်နေ့)တွင် စစ်ရေးပြစစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက်
အလေးပြုကြမည့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက
ယခုနှစ်တွင် မြန်မာ့တပ်မတော် သုံး လေကြောင်းရန် ကာကွယ် ရေး
မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့တက်ရောက် ကြည့်ရှုကြမည့်
အများပြည်သူ များ လေ့လာကြည့်ရှုနိုင်မည်ဖြစ် သည်။ ထို့အပြင် BTR. 3 U
အမျိုးအစား စစ်သည်တင် သံချပ် ကာယာဉ်f(Armoured Personnel Carrier)များ၊
အကြီးစား ကာ ကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်သည့်
နောင်ရိုးဂျစ်များကိုလည်း ပြသ သွားမည်ဖြစ်ကြောင်း၊ Myanmar Military Power
ဖေ့စ်ဘွတ် စာမျက်နှာများတွင် ဖော်ပြထား သည်။ ယခင်က မြန်မာ့တပ်မတော်
စစ်လက်နက်ပစ္စည်းအသစ် အဆန်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ကြသော်လည်း
ယခု ကဲ့သို့ ထုတ်ပြခြင်းမှာ မြန်မာ့တပ် မတော်အနေဖြင့် ပွင့်လင်းမြင် သာမှု
ပိုမိုရှိလာခြင်းဖြစ်သည်။
ယခုပြသမည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစား မှာ S-125 Pechora
အမျိုးအစား ဖြစ်ပြီး ရုရှားသမ္မတနိုင်ငံထုတ် စစ် လက်နက်ပစ္စည်းဖြစ်သည်။
နေတိုး (NATO)က SA-3 GOA ဟု အမည်ပေးထားသည်။ လောင်စာ ခဲသုံး
တာတိုပစ်ဒုံးကျည် အမျိုး အစားဖြစ်သည်။ အလွယ်တကူ
ရွှေ့ပြောင်းသယ်ဆောင်နိုင်ပြီး ဒုံးကျည်သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲထိ
ရှိသည်။ ရေဒီယိုလမ်းညွှန်ပဲ့ထိန်းပါ မြေ ပြင်မှ ဝေဟင်ပစ်ဒုံးကျည်အမျိုး
အစားဖြစ်ကြောင်း သိရသည်။
မောင်ကျော်
No comments:
Post a Comment