Tuesday, March 26, 2013

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီး(၉)



မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 26 Mar, 2013

( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ကျမရဲ့ အမြင်နဲ့ ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင် ဘဲ ဒေါက်တာနိုင်အောင် ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)

အပိုင်း(၉)

ကျနော် ရှင်းပေးနေတယ်ဆိုတာကလည်း အဖွဲ့အစည်းထဲမှာ လုပ်သင့်လုပ်ထိုက်တာတွေကို ကျနော်လုပ်ခဲ့တယ်။ ရှင်းရှင်းပြောမယ်ဆိုရင် အဲဒီတုန်းက အဖွဲ့ထဲမှာ စီရင်ချက် ဥပဒေဆိုတာ မရှိဘူး။


ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်ဆိုတာရှိတယ်၊ ရဲဘော်တွေ မူးရင်အချုပ်ချမယ်။ ကျနော်တို့မှာ ပစ်မှု ပစ်ဒဏ်ဆိုတာမျိုးတွေ မရှိဘူး။ပြစ်မှု ပြစ်ဒဏ်မရှိတဲ့အခါကျတော့ စခန်းတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ခုံရုံးဖွဲ့ပြီးတော့ လုပ်ကြတာမျိုးပဲ ရှိတယ်။ ကျနော်က အဲဒါတွေကို တပြေးညီဖြစ်အောင်ဆိုပြီး ဥပဒေပြပေးရတယ်။ နောက်တခုက စစ်ပြစ် စစ်ဒဏ်ပေးတယ်ဆိုရင် တပ်ရင်းတွေကပဲ ပေးတာပဲ၊ ကျနော်က စစ်တပ်က မဟုတ်တဲ့ အရပ်သားတွေပေါ့ ကျနော်တို့အဖွဲ့ဝင်တွေကပဲ တရားစီရင်ရေး စနစ်လေး လုပ်ခဲ့တာပေါ့၊ တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်နဲ့ပတ်သက်လို့ လုပ်ခဲ့တယ် ။ နောက်မှတ်မှတ် ရရ ပြောရရင်တော့ အဲဒီအချိန်က စပြီး အဖွဲ့ထဲမှာ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီးတော့ ပညာပေး သင်တန်းတွေ စဖွင့်ရတာပဲ။

http://myitmakhamediagroup.com/detail.php?newid=4306
 
ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီး(၉)
မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 26 Mar, 2013



 ( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ကျမရဲ့ အမြင်နဲ့  ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ဒေါက်တာနိုင်အောင် ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)
 အပိုင်း(၉)
  ကျနော် ရှင်းပေးနေတယ်ဆိုတာကလည်း အဖွဲ့အစည်းထဲမှာ လုပ်သင့်လုပ်ထိုက်တာတွေကို ကျနော်လုပ်ခဲ့တယ်။ ရှင်းရှင်းပြောမယ်ဆိုရင် အဲဒီတုန်းက အဖွဲ့ထဲမှာ စီရင်ချက် ဥပဒေဆိုတာ မရှိဘူး။
 
 ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်ဆိုတာရှိတယ်၊ ရဲဘော်တွေ မူးရင်အချုပ်ချမယ်။ ကျနော်တို့မှာ ပစ်မှု ပစ်ဒဏ်ဆိုတာမျိုးတွေ မရှိဘူး။ပြစ်မှု ပြစ်ဒဏ်မရှိတဲ့အခါကျတော့ စခန်းတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုံရုံးဖွဲ့ပြီးတော့ လုပ်ကြတာမျိုးပဲ ရှိတယ်။ ကျနော်က အဲဒါတွေကို တပြေးညီဖြစ်အောင်ဆိုပြီး ဥပဒေပြပေးရတယ်။ နောက်တခုက စစ်ပြစ် စစ်ဒဏ်ပေးတယ်ဆိုရင် တပ်ရင်းတွေကပဲ ပေးတာပဲ၊ ကျနော်က စစ်တပ်က မဟုတ်တဲ့ အရပ်သားတွေပေါ့ ကျနော်တို့အဖွဲ့ဝင်တွေကပဲ တရားစီရင်ရေး စနစ်လေး လုပ်ခဲ့တာပေါ့၊ တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်နဲ့ပတ်သက်လို့ လုပ်ခဲ့တယ်။ နောက်မှတ်မှတ်ရရ ပြောရရင်တော့ အဲဒီအချိန်က စပြီး အဖွဲ့ထဲမှာ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီးတော့ ပညာပေး သင်တန်းတွေ စဖွင့်ရတာပဲ။
 
 ဒါ ကိုယ်ကိုယ်တိုင် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးလို့ ကျွေးကျော်ပြီး တောထဲရောက်နေတဲ့ သူတွေ တောင်မှ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို သေချာ နားမလည်သေးပါလား ဆိုပြီးတော့ အဲဒီလို ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူပြီးတော့မှ ဒါမျိုးတွေ ထပ်မဖြစ်အောင် လုပ်ခဲ့တာပါ။ နောက်အဲဒီ မြောက်ပိုင်း ကိစ္စတွေနဲ့ပတ်သက်လို့ မှတ်တမ်း မှတ်ရာတွေကို လုံခြုံတဲ့ နေရာတွေမှာ ကျနော်တို့ သိမ်းထားပေးတာတွေ ရှိတယ်။
 
နောက် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ရှင်းလင်းချက်တွေကို ထုတ်ခဲ့တာတွေ ရှိတယ်၊ ABSDF အဖွဲ့ကလည်း ဒီကိစ္စကို အဖြစ်မှန်ပေါ်ဖို့အတွက်  စုံစမ်း စစ်ဆေးရေးကော်မရှင်ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ်။ ကျနော်လည်း အဲဒီအပေါ်မှာ ပူးပေါင်း ပါဝင်မယ်လို့ ပြောထားတာတွေရှိတယ်။ဒါကတော့ ကျနော့်အနေနဲ့ တာဝန်ရှိတဲ့ အပိုင်းမှာ တာဝန်ယူ ဆောင်ရွက်တာပေါ့။
 
နောက် အဲဒီတုန်းက ပါဂျောင်သွားတာကလည်း တကယ်ကို တတ်နိုင်တာ ဖြေရှင်းပေးဖို့သွားခဲ့တာပဲ။ အဲဒီတုန်းက တွေ့ခဲ့တဲ့ သူတွေက ကိုရော်နယ်အောင်နိုင်၊ ကိုသံချောင်း၊ ကိုကျော်ကျော်၊ ကိုလှဆိုင်း၊ ကိုအောင်ဆွေဦး၊ ကိုသန်းဇော် တို့နဲ့ တွေ့ခဲ့တယ် သူတို့ကတော့ ထောက်လှမ်းရေးတွေပါလို့ ယုံကြည်ပြီး ပြောတာပဲ။
  
နောက်သူတို့က စစ်ချက်အချို့ကို ပြတယ်။ ပြီးတော့သက်သေခံတွေ ဆိုပြီးတော့ မဟာမိတ်တွေကို ပြထားတဲ့ ဓါတ်ပုံတွေလည်းပြတယ်။ ပစ်စတိုသေနတ်၊ စကားပြောစက်၊ အဆိပ်တို့ နောက် သင်္ကေတ၀ှက်တဲ့ စာအုပ်တို့ အဲဒါတွေကို ပြတယ်။
 
 သူတို့ ပြောတဲ့အပေါ်မှာ ကျနော် ယုံကြည်လား ဆိုတော့ ကျနော် ခုဏပြောသလိုပဲလေ ကျနော်တို့ ထဲမှာသတင်းပေးတွေ မရှိနိုင်ဘူးလား ဆိုတော့ ရှိနိုင်တယ်။ သူသူကိုယ်ကိုယ် သူ့အဖွဲ့စည်း ကိုယ့်အဖွဲ့စည်းကို ခွဲမယ်ဆိုရင် အဖွဲ့ထဲဝင်ပြီး သတင်းပေးချင်ပေး အပေးရင်လည်း ကွဲအောင်လုပ် ပေါ့၊ဒါကတော့ ဘယ်မှာမဆို ရှိနိုင်တာပေါ့။ဒါပေမဲ့ အဲဒါတွေ မှန်သလား မှားသလားဆိုတာကိုကျနော့်အနေနဲ့ ဘယ်လိုမှ သိနိုင်စွမ်းမရှိဘူး။ နောက် ခုဏ ကျနော်ပြောသလိုပဲ လွှတ်ရင်လည်း အဲလောက်အများကြီးတော့ သူတို့မလွှတ်ဘူး ထင်ပါတယ်။
 
 နောက်သူတို့ ပြောကြတဲ့ ပုံဆန်ကို နားလည်တာကလည်း အစည်းဝေးလို ဖြစ်ကြတဲ့အချိန်မှာ အဆိပ်ခတ်ပြီးတော့ လုပ်ကြံမယ်ပေါ့၊ ABSDF ပွဲမှဖြစ်တဲ့အတွက် ဒီလိုလုပ်တာ ABSDF ကလုပ်တာဖြစ်ပြီး မဟာမိတ်နဲ့ ဆက်ဆံရေးတင်းမာသွားမယ်ပေါ့။  ဟိုဟို ဒါမျိုးတွေကလည်း ၀တ္ထုဆန်တယ်လို့ ပြောပေမဲ့လည်း   ဖြစ်လည်းဖြစ်နိုင်တယ်ပေါ့လေ။
 
ဒါမျိုးတွေပေါ့ဗျာ နောက်တစ်ချက်က ABSDF မြောက်ပိုင်းကို ရောက်သွားတဲ့ ကျောင်းသားတွေက တော်တော်များများက ရှမ်းနီတွေဗျ။  ရှမ်းနီဆိုတာ မိုးညင်းမိုးကောင်းဘက်မှာ နေတဲ့ ရှမ်းနီတွေ။ ကချင်လူမျိုးနဲ့ ရှမ်းနီဆိုတာက သိတဲ့အတိုင်းပဲ သိပ်ပြီးတော့ အဆင်မပြေကြဘူး။ နောက်ခံ သမိုင်းကျောင်းအခံလေးတွေနဲ့ ဆိုတော့ ကျောင်းသားတပ်မတော်မှာလည်း ရှမ်းနီတွေများတော့ တကယ်လို့များ တစ်ခုခုကြောင့် တင်းမာသွားခဲ့ရင်ဆိုပြီးတော့ လုပ်ပြကြတာလည်း ပါတယ်။ စစ်ရေးအရ ပြတ်ပြတ်သားသားလုပ်ပြမှ ငါတို့ ကို သိပ်ပြီး အမြင်မလွဲမှ ဆိုပြီးတော့လည်း ရှိပုံရတယ်။
 
  ကျနော် သိသလောက်က မြောက်ပိုင်းက ကျောင်းသားတွေက စစ်ရေးမှာ တော်တော်ကို ထူးထူးချွန်ချွန်လုပ်ကြတာတွေ ရှိတယ်။ ပြောချင်တာက နဂို မခံချင်စိတ်နဲ့ လုပ်တာလည်း ရှိသလို၊ မဟာမိတ်ရဲ့ ယုံကြည်ကိုးစားမှု ရအောင် လုပ်ပြတာလည်း ရှိတော့ ခုဏပြောသလို အချိန်မရွေးမှာ ပြဿနာတတ်နိုင်မဲ့ အလားအလာကလည်း ရှိတော့ စိုးရိမ်ပုံရတယ် အဲဒီအခံလေးတွေလည်း ပါမယ်။ ကိုနိုင်အောင် ယုံလား မယုံလား ဆိုရင်တော့ ဖြစ်နိုင်ချေတွေ ရှိသလို၊ မဖြစ်နိုင်တာတွေလည်း ရှိနိုင်မယ်။
 
 ကျနော် သွားခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကိုက ဒါတွေကို ထပ်ပြီး မဖြစ်အောင် တားဆီးဖို့အဓိက ရည်၇ွယ်ချက်ပဲ၊ ဘာလို့လဲ ဆိုတော့ ပြီးတာလည်း ပြီးသွားပြီ အဲဒါကိုလည်း ပြန်ပြီးတော့ လုပ်လို့မရတော့ဘူး။ ကျနော့်မှာ စီမံပိုင်ခွင့်လည်းမရှိဘူး၊ စုံစမ်း ပိုင်ခွင့်လည်း မရှိဘူး။
 
ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျနော် သိရသလောက်တော့ သူတို့ ထပ်ပြီး ဖမ်းဆီးတာတော့ထပ်သတ်တာတို့ ဘာမှ မရှိတော့ဘူး။
 
အဲဒီနောက်မှာတော့ ကိုဝင်းမင်းတို့၊ ကိုအောင်သူငြိမ်းတို့၊အခု ဒီဗီဘီက ကိုခင်မောင်ဝင်းတို့ပေါ့ သူတို့ကို ခေါ်သွားပြီးတော့ ဟိုဘက်မှာ ခုနပြောတဲ့ လူ့အခွင့်ရေး သင်တန်းတို့ အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုကိစ္စတို့ကို သင်တန်းတွေ သွားတက်ကြတယ်။
  
အဲအဲဒီအချိန်မှာ တောင်ပိုင်းမှာ ကိုနေ၀င်းတို့ ကိုစိုးလင်းတို့ကို ဖမ်းထားသလဲ ဆိုတာကတော့. ဟို အဲဒါက  နောက် တောင်ပိုင်းမှာကလည်း အဲဒီမြောက်ပိုင်းကနေ ပြန်လာပြီးတော့လား၊ မသွားခင်လား ကျနော် သေချာတော့ မမှတ်မိတော့ဘူးဗျာ။ မသွားခင်ထင်တယ်။
 
မှတ်မိတာကတော့ ကိုစိုးလင်းနဲ့ ပတ်သက်ြ့ပီးတော့ မြောက်ပိုင်းက အကြောင်းကြားလာတာ ရှိတယ်။ ကိုစိုးလင်းက တော်တော်များများရဲ့ ထွက်ချက်ထဲမှာ ပါနေတယ်။ အဲဒီတုန်းကတော့ ကိုစိုးလင်းကို ဘယ်မှ မသွားစေနဲ့ ဆိုပြီး အကျယ်ချုပ်ထားပြီးတော့မှ ကျနော်က မြောက်ပိုင်းကို ထွက်လာခဲ့တာ။
 
ကျနော်တို့ တောင်ပိုင်းမှာက စစ်ကော်မရှင် ရှိတယ်၊ စစ်မကော်ရှင်က စစ်ကြောရေးအဖွဲ့ကို ဖွဲ့တယ်။ စစ်ကြောရေးကို အဖွဲ့က သီးသန့်စစ်တယ်။ စစ်ကြောရေးအဖွဲ့က စစ်ပြီးလို့ရှိရင် သူတို့တွေ့ရှိချက်တွေကို ပြီးသွားလို့ရှိရင် ကျနော်က တာဝန်ရှိသူတယောက်အနေနဲ့ သွားပြီးတော့မှ ခင်ဗျား ဒီလိုပြောထားလား ဆိုပြီး အတည်ပြုချက်ယူပေးတာ ရှိတယ်။ ကျနော့်အနေနဲ့ နေ့စဉ် သူတို့စစ်ကြောရေးထဲမှာတော့ မပါပါဘူး။ အတည်ပြုချက်ထဲမှာ ပါတယ်။
 
 နောက်ပြီးတော့ အားလုံး စစ်ပြီးတော့ အမှု ပုံဆန်ထွက်လာတယ်ဆိုရင်တော့ ကျနော်တို့က သူတို့ကို စစ်ကြောရေးအဖွဲ့ကို တာဝန်ခြံ့ပီးတော့ တရားသူကြီးအဖွဲ့ကို ရုံးတင်ပေးတယ်။ တရားသူကြီးအဖွဲ့ကနေ သူတို့ကို ပြန်မေးတယ်။ အဲလို မေးတာကလည်း ABSDF ခေါင်းဆောင်တွေ ရှေ့မှာပဲ သူတို့ကို မေးတယ်။ နောက်တရားသူကြီးက ဆုံးဖြတ်ချက်ချတယ်။ အဖွဲ့အစည်းအနေနဲ့ ပြောရင်တော့ကျနော်တို့အဖွဲ့က တရားသူကြီးကပဲ ဆုံးဖြတ်တာပဲ။
 
 စစ်ကြောရေးမှာတော့ ကိုလှဋ္ဌေး၊ တောင်ပိုင်းက ကိုမျိုးဝင်းတို့၊ကိုဋ္ဌေးအောင်တို့ပါတယ် ။ တောင်ပိုင်းမှာ   သေသွားတဲ့ ဌေးတင့်ကိစ္စက ကျနော်နဲ့ မဆိုင်ဘူး။ အဲဒါက ကိုမိုးသီးတို့ဘက်မှာ ဖြစ်တာ။ ကိုမိုးသီးတို့နဲ့ ကျနော်တို့ ကွဲပြီးမှ  သူတို့ဘက်မှာ ဖြစ်တာ။
 
ကျနော်တို့ဘက်မှာက ကိုစိုးလင်း ထွက်ချက်ပေါ်မှာ မူတည်ပြီးတော့ ကိုနေ၀င်းအောင် ပါလာတာ။ ကိုနေ၀င်းအောင်ကို ဖမ်းဖို့လည်း ကျနော်တို့မှာ တော်တော်လေး ချီတုံ ချတုံဖြစ်ပါတယ်။ ချီတုံချတုံ ဖြစ်တယ်ဆိုတာကလည်း ပြဿနာက ဒီလို တကယ်တမ်းကြရင် ကိုယ်က စလိုက်ပြီးရင်လည်း တော်တော်ဆုံးဖို့ ခက်တယ်ဆိုတာကလည်း ပြဿက သူက နာမည်တွေ တန်းစီပြီး ပြောတာ။ ကိုစိုးလင်းက နာမည်တွေ တန်းစီပြောတော့ နားထောင် နားထောင်နေရင်းနဲ့ သူတို့ ဒါကိုပဲ ရည်ရွယ်ချက် ရှိရှိ လုပ်နေသလား ဆိုပြီးတော့ ဖြစ်လာတယ်။ နဂိုက ဒီလို ထင်ချင်လည်း ထင်မယ် ထင်ချင်မှလည်း ထင်မယ်။ ဒါပေမဲ့ အဲလို တန်းစီပြီး ပြောတော့ ဟုတ်တဲ့ သူလည်း ပါနိုင်မယ် မဟုတ်တဲ့ သူလည်း ပါနိုင်မယ်။ကိုယ်နဲ့ သိတဲ့ သူတွေရဲ့ နာမည်တွေလည်းပါတယ်။ ကိုယ်မထင်ထားတဲ့ သူတွေရဲ့ နာမည်တွေလည်းပါတယ်။
 
တကယ်တမ်းဗျာ ကျနော်တို့လည်း မဆင်မခြင်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ တောင်ပိုင်းက မြောက်ပိုင်းထက် အများကြီး ဆိုးသွားမှာပေါ့။
 
 အဲလိုနဲ့ သူပြောတဲ့ ထဲမှာကိုနေ၀င်းအောင်ပါလာတော့ ကျနော်တို့လည်း စုံစမ်းတီးခေါက်ြ့ပီးတော့ သံသယဖြစ်နိုင်လောက် တယ်ဆိုတာလည်း ခိုင်လုံလာတော့  သူ့ကိုလည်း ဆက်ဖမ်းလိုက်ရတော့တာပဲ။ အဲဒီမှာလည်း ပြောတဲ့ နာမည်တွေက အများကြီးပဲ အများကြီးပဲ။အဲတော့ ကျနော်တို့က ဒီပုံအတိုင်းတော့မဖြစ်ဘူး နောက်ဆိုရင်တော့ကိုယ့်နာမည်ပါ ပါပြီး ကိုယ်ပါ အဖမ်းခံရနိုင်တယ်ဆိုပြီးတော့ကို ဖြစ်လာရော အဲလောက်ထိကို ဖြစ်ကြတာ။
 
 အဲဒီတော့ ကျနော်တို့က သူတို့က ငါတို့ ပြိုကွဲအောင် လုပ်ချင်တဲ့ ရည်၇ွယ်ချက်အတိုင်းတော့ ငါတို့ အဖြစ်ခံလို့ မဖြစ်ဘူး ဆိုပြီးတော့  ကိုယ့်လုံခြုံရေးစည်းကို ကိုယ်ချ၊ ကိုယ့်သတင်းတွေ မပေါက်ကြားဖို့ ဘယ်လိုလုပ်မလဲ။ လူဖမ်းပွဲကြီး လုပ်နေလို့ကတော့ အားလုံးအမျိုးပြုတ်သွားတာတွေ ရှိမယ် ဆိုပြီးတော့ အဖွဲ့အစည်းတွေမှာ ဖြစ်တတ်တာတွေကို ရှင်းပြပြီးတော့ ပါးစပ်ဟောင်ဖွာ ဟောင်ဖွာ လုပ်တတ်တဲ့ သူတွေကိုလည်း ကိုယ့်ပါးစပ်စည်းလေး ကိုယ်ထိန်းကြ ဆိုပြီး လုပ်ခဲ့ကြတယ်ပေါ့။
 
 ကိုအောင်သူက ဘယ်လိုလဲ ဆိုတော့ သူက ကိုနေ၀င်းအောင်ပြီးမှ ဖမ်းဖြစ်တာပါ၊ သူသေဆုံးသွားတယ်ဆိုတာကလည်း သူက နဂိုကတည်းက ကျောက်ကပ်သိတ်မကောင်းဘူး။ သူက ချူချာပါတယ်။ သူက  ငှက်ဖျားနဲ့ သေဆုံး သွားတာပါ။ ဆေးမှူးတွေဘာတွေနဲ့ စစ်ချက်တွေ ဘာတွေယူပါတယ်။ ထောင်ထဲမှာ အဖမ်းခံနေရနေတုန်း ငှက်ဖျားနဲ့ ဆုံးသွားတာပါ။ သူက နဂိုကတည်းက အခံလည်း ရှိပုံရတယ်။
 
သူက ရဲလားတော့ မသိဘူး၊ ကျနော့်စိတ်ထင်ပြောတာပါ၊ သူက ကျနော်သေချာတော့ မသိပါဘူး ဒါပေမဲ့ကျနော် ထင်တာပြောတာပါ၊ ထစ်ကနဲရှိရင် ဒီလူတွေက ရဲ ဘယ်နားထားရမလဲ ဆိုတာမျိုးတွေလည်း ရှိတော့ဗျာ ဘယ်လိုပြောရမလဲ နောက် နောက်နောက်ပြောင်ပြောင်နဲ့လည်း ရန်သူ့လူ ရန်သူ့လူ ဆိုပြီးတော့ နောက်ပြောင်ပြော တာမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ လက်နက်ကိုင်တွေကြားမှာ ဟိုနားထားမရ ဒီနား ထားမရဆိုတာမျိုးတွေလည်း တော်တော်လေး အခက်အခဲဖြစ်တယ်။
 
 
နောက် ဂလိုဘယ်ပို့စ်မှာ ကိုနေ၀င်းအောင်နဲ့ကိုစိုးလင်းကို ထောက်လှမ်းရေးလို့် ထင်ခဲ့တယ်ဆိုတာ ကျနော်ပြောခဲ့တာက ကျနော်တစ်ယောက်တည်းရဲ့ အမြင်ပေါ့နော်၊ သူတို့ နှစ်ယောက်ကို စစ်ကြောရေးအဖွဲ့က စစ်တုန်းက ခွဲစစ်တဲ့အခါမှာ ဥပမာဆိုပါတော့ဗျာ … ဟို ရှင်းရှင်းပြောမယ်ဗျာ ကျနော်တို့ဆိုရင် ထောက်လှမ်းရေးနဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံတွေ ဘာတွေ ကျနော်တို့ဆိုရင် မသိဘူး။ တကယ်ကို မသိဘူး။ ဟိုဆိုတော့ကိုနေ၀င်းအောင်က နိုင်ငံရေးလုပ်လို့ ကျောင်းဆရာလုပ်လို့ သိတယ်ထားဦးဗျာ၊  ကိုစိုးလင်းဆိုရင်လည်း သူက RIT ကျောင်းသားဗျာ။ ကျနော်တို့ ကျောင်းသားဘ၀တွေမှာ ထောက်လှမ်းရေး ဖွဲ့စည်းပုံတွေနဲ့ လူနာမည်တွေနဲ့ကို ဟိုဗျာ သိဖို့ ဆိုတာ ကျနော် ထင်တယ် တော်တော် ခက်တယ်လို့ ထင်တယ်။
 
နောက် အဲဒီတုန်းက သတင်းစာတွေထဲမှာဗျာ ဌာန အကြီးအကဲတွေလောက်သာ ပါတာပါ အဲဒီလို ဖွဲ့စည်းပုံတွေကို လူနာမည်တွေနဲ့ ရှင်းပြနိုင်တယ်ဆိုတာကတော့ …တော်ရုံတန်ရုံလောက်တော့ မသိလောက်ဖူးလို့ ကျနော်တော့ အဲလို အောက်မေ့တာပဲ။ နောက်ပြီးတော့ သူတို့ နှစ်ယောက်ခွဲစစ် ပေမဲ့ နှစ်ယောက် ပြောတာတွေမှာ တူတာတွေ ရှိတယ်။
 
နောက်တခုက သူတို့ သင်တန်း တက်ရတယ်လို့ ပြောတယ်။ ကျနော်လည်း သူတို့ သင်တန်းတက်တဲ့ အကြောင်းတွေကို မေးတဲ့အခါမှာ သူတို့ သင်ရိုးညွှန်းတမ်းတွေကို စစ်ကြောရေးအဖွဲ့ကို ပေးထားတယ်လို့ ပြောတယ်။ ကျနော် ထင်တာကတော့ ဒီလိုသင်ရိုးညွှန်းတမ်းဆိုတာကလည်း လက်တန်းကြီး ဖန်တီးပြီး လုပ်လို့ရတဲ့ သင်ရိုးညွှန်တမ်း မျိုးမဟုတ်ဘူးလို့ ကျနော်ထင်တယ် ကျနော် ဘယ်လောက် ၀တ္တုရေးကောင်းကောင်း ပေါ့ဗျာ။ အဲလို ဟာလေးတွေပေါ်မှာတော့ ကျန်တာတွေကတော့ ဗျာ။ သာမန်နိုင်ငံရေးအခြေအနေမှာတောင်မှ တယောက်နဲ့ တယောက်အတင်းပြောတာ အုပ်စုဖွဲ့တာကတော့ ရှိစမြဲပါ။ နိုင်ငံရေးမှာ တယောက်နဲ့ တယောက် သုံးသပ်တာတွေ တယောက်နဲ့ တယောက်အချွန်နဲ့ မတာတွေ ရှိတာပါပဲ။
 
 ကိုမိုးသီးတောင်မှ ယာယီကော်မတီ ဖွဲ့သေးတာပဲပေါ့။ သွေးခွဲတဲ့ လုပ်ရပ်လား သွေးခွဲစေတဲ့ လုပ်ရပ်လား ဆိုတာကတော့ ဘယ်ဟာမဆို ပြောလို့ရတာပဲ မလွတ်ပါဘူး။ ရန်သူမှ မဟုတ်ပါဘူး ကိုယ့်အထဲမှာတောင် လုပ်နေကြတာပဲလေ။
 
နောက်တချက်က ကိုနေ၀င်းအောင်က သူ့အမျိုးသမီး ပါလာတယ်လေ။ သူ့အမျိုးသမီးဆိုရင်လည်း သူကိုယ်တိုင်ချစ်လို့ ယူထားတာ သူလည်း မယုံပါဘူး။ သူ့အမျိုးသမီးကိုလည်း အမြဲတွေ့ခွင့်ပေးတာပဲလေ သူလည်း ကျောင်းဆရာမလုပ်ရင်းနဲ့ လာတွေ့တယ်၊ ဖမ်းထားတယ်ဆိုတဲ့အချိန်မှာလည်း သူ့အမျိုးသမီးနဲ့သူ့ကို တစ်လတစ်ခါ တွေ့ခွင့်ပေးတယ်။
 
နောက်ပိုင်း ကိုနေ၀င်းအောင်တို့ကိုစိုးလင်းတို့လည်း ထွက်ပြေးပြီးတော့မှ လွတ်သွားတော့လေ သူတို့မိသားစုဝင်တွေကိုယ်တိုင်ကကို သူတို့စိတ်ထဲမှာ ယုံလာရတဲ့ ကိစ္စလေးတွေ ရှိတယ်လို့ ပြောတယ်။ ဘယ်လို ကိစ္စမျိုးလဲဆိုတာတော့ ကျနော်တို့တော့ မသိဘူး ဒါပေမဲ့ သူတို့စိတ်ထဲမှာ ကျနော်တို့ ထင်သလိုမျိုး ထင်လာရတဲ့ ကိစ္စလေးတွေ ရှိတယ်လို့တော့ ပြောတယ်။ သူတို့ ပြောတာပဲလေ။
 
 ရှေ့ဆက်ဖော်ပြပေးပါမည်။
 

No comments: