Sunday, March 31, 2013

အသံ


  
NLDနိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်၍ဒေါက်တာရန် မျိုးသိန်း ၏ဝေဖန် သုံးသပ်မှုကို သမဂ္ဂဂျာနယ်တွင် အထက်ပါအတိုင်း ကျွန်တော်ဖတ်ရသည်။ NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ အသက်မှာ သက် ကြီးရွယ်အိုများ ဖြစ်နေမှုအပေါ် ဝေဖန်သံများကို စာနယ်ဇင်းပေါ်မှာ၊ အွန်လိုင်းပေါ်မှာ ကျွန်တော်တွေ့မြင်ကြား သိနေရ၏။
ကျွန်တော်သည် ယုဇနဥယျာဉ်မြို့တော် ပိတောက်လမ်းပေါ်မှပြည်သူ့အလင်းစာဖတ်သင်းမှာ ဂျာနယ်မှာဖတ်လေ့ရှိ၏။ပြည်သူ့အလင်းမှ
ကိုနိုင်ဝင်းက ပြောလေ့ရှိသည်မှာ -
''ကျွန်တော်က ဒေါ်စုကိုလိုလားသူတစ်ဦးပါ။ ဒေါ်စု မျက်နှာနဲ့NLDကို မဲထည့်ခဲ့တာပါ။ ကျွန်တော်တို့ ယုဇနရဲ့ NLD လွှတ်တော်ကိုယ်စား လှယ်ဦးမျိုးအောင်ဟာ ယုဇနဥယျာဉ်မြို့တော်မှာရေတွေ ဒီလောက်ခက်ခဲတာ၊ရေဆိုးမြောင်းတွေ မကောင်းတာဒီလောက် ဆူညံနေတဲ့ပြည် သူ့အသံကို မကြားဘူးလားဗျာ။ ဘယ်ကြားမှာလဲ။NLDနိုင်ပြီးကတည်းက သူ့မျက်နှာကို ကျွန်တော်တို့ မမြင်ကြရတော့ဘူး။ မဲမရခင်က တော့ ပြုံးပြုံး ပြုံးပြုံးနဲ့။ ၂ဝ၁၅ မှာ NLDကိုယ်စားပြု ဒီပုဂ္ဂိုလ်ဆိုရင် ကျွန်တော်တော့ မဲမထည့်တော့ ဘူး။ ကျွန်တော့်လိုလူတွေကလည်း အများကြီးဗျ''
အခြားတစ်ဦး၏ အသံမှာ - ''NLDလွှတ်တော်ကိုယ် စားလှယ်တွေက ဒေါ်အောင်ဆန်း စုကြည်ကိုကြောက်ရလွန်းတော့ မပြောရဲမဆိုရဲဖြစ်တာ အကျင့်ပါနေတယ်။ ကိုယ့်နယ်မြေကပြည်သူ့အသံကို ကိုယ်စားပြုပြီး လွှတ်တော်မှာ မတင်ပြရဲကြတော့ဘူး'' ''မဟုတ်ဘူးဗျ။ လွှတ်တော် ကိုယ် စားလှယ်ကိုယ်တိုင်က ပြည်သူကို စိတ်ဝင်စားတတ်မှသာ ပြည်သူရဲ့အသံကို ကြားရမှာဗျ'' ဟု တစ်ယောက်က ဝင် ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်လာသည်။ ထိုအစီရင်ခံစာအပေါ်ကျေ နပ်သံ၊ မကျေနပ်သံများ ထွက်ပေါ်လာသည်။ အွန်လိုင်းပေါ်မှာတင်လာသည့် စာသားများမှာ ပုဂ္ဂိုလ်ရေး ဆန်လွန်းလှ၏။ စာရေးဆရာကျော် ဝင်း၏ ''ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ'' ဆောင်းပါးကိုThe Voice မှာ မပါဝင်မီကပင် အင်တာနက်မှာ တွေ့နေရပါသည်။ နှစ်ဖက်မျှ တ စဉ်းစားခြင်းဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင် ပညာရှင်ဦးအုန်း၏ စကားကိုလည်း ကျွန်တော်လေးစားစွာ နားထောင်ရပါသည်။ ''အစီရင်ခံစာမှာ ပါဝင် တဲ့ အချက်တွေ မှာ တော်တော်များ များ လက်ခံနိုင်တဲ့ အချက်တွေ ပါဝင်နေပါတယ်။ သို့သော် ဘဝင်အဆိပ်ဓာတ်တွေ ပါဝင်နေတယ်။ ဒေသခံတွေ ကျေ နပ်အောင် အငြင်းပွားမှု မရှိတဲ့အခြေအနေရောက်မှ ဆက်လုပ်သင့်တယ်'' ဖရီဒါ ဦးအုန်း၏ အသံကို ကျွန်တော် ကြားရသည်။ မည်သည့်နိုင်ငံ မှာမဆို စီမံကိန်းတစ်ခုခု လုပ်ဆောင်လျှင် သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်သည်ကိုတော့ ကျွန်တော်တို့နားလည်ပေးရ မည်။ ''ရန်ကုန်မြို့မှာနေထိုင် မကျဖြစ်နေတာကတော့ ဆက်လုပ်သင့်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော့်အနေနဲ့ သိပ်သဘော မကျပါဘူး'' ဖရီဒါ ဦးအုန်းက ပြောသည်။
''ဒေသခံတွေကို ရစရာရှိတဲ့ ရပိုင်ခွင့်တွေကိုပေးရမယ်။ ဒေသခံတွေမှာ လုပ်ကွင်းလုပ်ကွက်တွေ ပျက်စီးရတယ်။ သောက်စရာ ရေတောင် စိမ့်ဝင်နေတဲ့ ရေထဲမှာသောက်ဖို့ မသင့်တော်အောင်အဆိပ်ဓာတ်တွေ ပါဝင်နေတယ်။ ဒေသခံတွေကျေနပ်အောင် အငြင်းပွားမှု မရှိတဲ့အခြေ အနေရောက်မှ ဆက်လုပ်သင့်တယ်'' ဖရီဒါ ဦးအုန်း၏ အသံကို ကျွန်တော် ကြားရသည်။
မည်သည့်နိုင်ငံမှာမဆို စီမံကိန်းတစ်ခုခုလုပ်ဆောင်လျှင် သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်သည်ကိုတော့ ကျွန်တော်တို့ နား လည်ပေးရမည်။
''ရန်ကုန်မြို့မှာ နေထိုင်ပြီး ကိုယ့်အိမ်ရှေ့က အရိပ်ရတဲ့ ဗာဒံပင်လေးကို ခုတ်လှဲခံလိုက်ရရင် ကြိုက်နိုင်မှာလား၊ လက်ခံနိုင်မှာလား။ လူတွေ မှာတောင်ဆိုတာလည်း အရေးကြီးတာပဲ။ ဒေသခံတွေအတွက်တောင် အဖြိုခံရတဲ့ ကိစ္စကို သဘောမတူတာ၊ ဆန္ဒပြတာ သဘာဝ ကျပါတယ်''
လူငယ်ကဗျာဆရာတစ် ဦးက ကျွန်တော့်ကိုပြောသည်။ ''မီးလောင်ဗုံးမှ မီး လောင်ဗုံးပါ။ မီးလောင်ဗုံးကို မီးခိုးဗုံးလို့ပြောတာ ကျွန်မတော့ဖြင့် လက်မခံနိုင်ပါဘူး'' သွဲ့သွဲ့ဝင်း၏ အသံကို ကျွန်တော် ကြားရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဒေသသို့ အရောက်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံမှုမှာဒေသခံဘက်မှ ခံစားချက်များကိုဒေါ်အောင်ဆန်းစုကြည်က ဆင်ခြင်သုံး သပ်မှုဖြင့်ဖြေကြားပေးခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်ဆန္ဒပြမှုကိုလည်းဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ခဲ့ရ၏။ ကားတံခါးပေါက်မှ ငေးကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်၏ မျက်လုံးများမှာ အလေးအနက်ရှိလှသည်။
ရန်ကုန်မြို့ပြမှ ရွာသူရွာသားများထံသို့ သွားရောက်၍ လက်ပံတောင်းအရေး ပါဝင်လှုပ်ရှားသူအချို့ကိုလည်း အပြစ်မပြောဆိုသင့်ပါ။ အင်တာ နက်ပေါ်တွင် ထိုလက်ပံတောင်းအရေး ပါဝင်လှုပ် ရှားသူ လူငယ်များကို ပြစ်တင်စွပ်စွဲထားသော စာသားအချို့ကို ကျွန်တော် ဖတ်ရှုရသည်။
လက်ပံတောင်းတောင် ဝန်းကျင်မှ ဒေသခံပြည်သူများ၏ ခံစားချက်ကို စာနာနားလည်ပေး သူ၊ ဒေသခံများနှင့်အတူ လက်ပံ တောင်းအရေး ပါဝင်လှုပ်ရှားသူ မြို့ ပြလူငယ်များစွာ အသေအချာ ရှိ နိုင်ပါသည်။ လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး ဒီမိုကရေစီဘက်တော်သား အချင်း ချင်း စိတ်ဝမ်း မကွဲပြားရန် လိုအပ်သည်ဟူသော ကိုမင်းကိုနိုင်၏စကားကို ကျွန်တော် ထောက်ခံပါသည်။
မောင်ကိုကို(အမရပူရ)
 

No comments: