Sunday, March 24, 2013

ဒုတိယဗိုလ်မှုးကြီးကျော်ဆန်းကွယ်လွန်


ဒုဗိုလ်မှူးကြီးဦးကျော်ဆန်း အသက် (၈၁) နှစ်
ကြည်း/၇၆၁၉၊OTSဗိုလ်သင်တန်းအပတ်စဉ် (၁၈)
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(တန့် ဆည်မြို့ နယ်)(၁၉၉၀)
စစ်ကိုင်းတိုင်း၊ဗဟိုဦးစီးအဖွဲ့ ဝင်(ဟောင်း) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊
မန္တလေးမြို့ နေ( ဦးလာမြ၊ဒေါ်အုန်းခင်)တို့ ၏သား၊မော်လမြိုင်မြို့ နေ( ဦးဟုန်ကြည်၊ဒေါ်သိန်းယဉ်)တို့ ၏သားမက် ၊(ဦးကျော်သန်း
ဒေါ်ခင်တုတ်) တို့ ၏ ညီ  (ဦးမြင့်ဆွေ) ဒေါ်ခင်အေးပိုင် ၊ ဒေါ်ခင်အေးကြိုင်၊ ဦးဝင်းမောင် ဒေါ်တင်တင်ဝင်း တို့ ၏ အကို
ရန်ကုန်တိုင်းအင်းစိန်မြို့ နယ်၊ ရွာမအရှေ့ ရပ်ကွက်၊ သီရိမင်္ဂလာ ၁၅ လမ်း၊ ခြံအမှတ် ၂၀ နေဒေါ်မေနွယ်(အထက်တန်းပြဆရာမ)ငြိမ်း၏ ခင်ပွန်း၊
ဦးကျော်သူနိုင်၊ဒေါ်တင်တင်အုန်း၊ဦးကျော်မျိုးနိုင်၊ဒေါ်ခင်စန္ဒာထွန်း၊(မဆန်းမြတ်မွန်) တို့ ၏ဖခင်၊ မောင်သြရထွန်း(အထက(၂) ကမာရွတ်)၊မအမရာဦး(PISM) တို့  ၏အဘိုး ဒုဗိုလ်မှူးကြီး ဦးကျော်ဆန်း သည် သုခကမ္ဘာဆေးရုံကြီး၌ ၂၂ .၃ . ၂၀၁၃ (သောကြာနေ့ ) ည ၁၁နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သွားပါသဖြင့် ၂၆.၃.၂၀၁၃ (အင်္ဂါနေ့ ) နံနက် ၁၁နာရီတွင် ရေဝေးသုသာန်သို့ သဂြိုလ်မည်ဖြစ်ပါသောကြောင့် ရပ်ဝေး၊ရပ်နီး မိတ်ဆွေအပေါင်းတို့ အား အကြောင်းကြားပါသည်။



ကောလင်းပါဝါ(လ်) ကဲ့သို့ သော ဒုဗိုလ်မှုးကြီးကျော်ဆန်း

သူရဲကောင်းတစ်ယောက် ထွက်ခွါ
ကျန်ရစ်သူတွေမှာတော့ နှလုံးကြေကွဲ
ဒီပွဲမပြီးသရွေ့ အံကြိတ်ကာ တံတွေးမျိုချ
အင်းးးးးးးးး   သွားလေသူကတော့ ငြိမ်းလေပြီ
                                                                                     
အန်ကယ် ရေ သမီး ကန်တော့လိုက်ပါတယ်
သမီးယူကျုံ့ မရ ရှစ်ခိုးဦးချလိုက်ပါတယ်။
အန်ကယ် ကျောခိုင်းသွားတာ
သမီးတို့ ဦးတည်လျောက်နေတဲ့ ရည်ရွယ်ချက်ခရီးရဲ့
ပဲ့ကိုင်တစ်ဦး ဆုံးရှုံးရတာပဲ မို့ 
သမီးအတွက် အမိအဖ ဆုံးရှုံးရသလို ကြေကွဲရပါတယ် ။

သူများတွေ က အသက်ရှစ်ဆယ် ကျော်
သေပျော်ပါတယ် လို့  မြင်ကောင်းမြင်နိုင်မယ်
သမီးတို့ အတွက် တော့ အန်ကယ် ရဲ့တစ်နေ့ တစ်ရက်
တစ်မနက်ဟာ အဖိုးမဖြတ်နိုင်တဲ့ အချိန်ကာလတွေ ပါ။
မိနစ်တိုင်း စက္ကန့် တိုင်း အန်ကယ့်ကျော်ဖြတ်မှုတွေ
အယူအဆတွေ အတုယူဖို့ အန်ကယ့်တရားတွေ လိုက်နာဖို့ 
အဲဒီအတွက် အန်ကယ်ရှင်သန်ခြင်း ရဲ့ အကျိုး သမီးမျော်ကိုးမိတယ် ။

ဒါပေမဲ့ ထောင်တွင်း နှစ်နှစ်ဆယ် ကျော်ဖြတ်ခဲ့ရတဲ့ အန်ကယ်
ကိုယ့်အသက် ကို ဒီလောက်ပဲ ထိမ်းနိုင်တော့မပေါ့

မေ့ မရတဲ့ အဖြစ်အပျက်တိုင်းမှာ ခိုင်မာစွာ ရဲရင့်ခဲ့တဲ့ အမှတ်တရတွေထဲ က
ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ ဦးအောင်ရွှေပါတီက ထုတ်ပြစ်တဲ့ အခါ
ဦးအောင်ေ၇ွှ ကိုရဲဝံ့စွာ အန်ကယ် ကန့် ကွက်ခဲ့တယ် ။ ဒီလို လုပ်ရဲသူရှိလား ?

ဒေါ်အောင်ဆန်းစုကြည် ကို  နိုဗယ်ငြိမ်းချမ်းရေးဆုပေးတဲ့ အခါ
ဒါဟာ ဒေါ်စု နဲ့ ထိုက်တန်တဲ့ ဆုမို့  အန်ကယ် ထောက်ခံခဲ့တယ် ။
ဒါမျိုး ပါတီ ထိပ်သီးများ ရဲဝံ့ဖူးသလား ?

ဒီအတွက် ထောင် ထဲ မှာ နှစ်ပေါင်းများစွာ စံမြန်းရတဲ့ အခါ
ထောင်ညွှန်မှုး တွေ ကို အမိန့် ပြန်ပေး
ထောင်ကျဘ၀မှာတောင် သြဇာရှိသေးတဲ့ ဒုဗိုလ်မှုးကြီးဖြစ်ခဲ့တာ
သူစာရိတ္တ ၀ါရိတ္တ ဘယ်လောက် ခိုင်မာခဲ့သလဲ ?
ဒါမျိုး တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ရှိနိုင်ရိုးလား ?

ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတာ ဒါပဲ သူသေတဲ့အခါ
သူ့ စကားတွေ ကျန်ခဲ့တယ်
သူ့ တရားတွေ ကျန်ခဲ့တယ်
အံ့မခမ်းတဲ့ သူ့ အစွမ်းတွေ
ရိုးသားဖြောင့်မတ် ရောင့်ရဲတည်ကြည်
ရဲရင့်ပြတ်သားတဲ့ သူရပ်တည်ချက်တွေ
ကျမ နားထဲ ရင်ထဲ တင်မက
သူ့ ကိုလေးစားကြတဲ့ သူတွေ အားလုံး
ပါတီဝင်  ရဲရဲတောက်တွေ
ယုံကြည်ချက် အကျဉ်းကျတွေ
ထောင်နံရံ ကြီးတွေ
လူကြီး လူငယ် လူလတ်
တော်လှန်ရေးအတုအယောင်မဟုတ်သူ မှန်သမျှ
သူ့ ကို ဆို သြချလောက်အောင်လေးစားကြတယ် ။

ကျမ ကို သူ့ လက်အောက်ငယ်သားလို သဘောမထား
သူ့  တပည့်လို့ သဘောမရှိ ရဲဘော်ရဲဘက်ဆိုတဲ့ အသိနဲ့ ဆက်ဆံ
ဆိုးတာထောက်ပြ ကောင်းတာလမ်းညွှန် သူသင်ပြ ပြောပြသမျှ တန်ဖိုးရှိတာကြည့်ပဲ ။
အတွေးအခေါ် ရင့်ကျတ်ဖို့ လိုအပ်နေသေးတဲ့ ကျမတို့ အတွက် သူပေးခဲ့ချင်သေးတယ်။

သူလည်း  မသွားချင် သွားချင်  နဲ့ သွားရမှာ ပါ ။
တော်လှန်ရေးမှ မပြီးသေးပဲ ကိုးးးးးးးး
ဒီမိုကရေစီ ရသေးတာမှမဟုတ် ပဲ
သူစိတ်ချပြီး ဘယ်လို သွားနိုင်ပါ့မလဲ ?

ဒါပေမဲ့ တရားကို သိ ကိုယ်တိုင်လည်းကျင့်ကြံ
လောက နိတိကို ကိုကား
ဗုဒ္ဒတရားတွေကို အားထား
မြင့်မြတ်တဲ့ နှလုံးသားနဲ့ သူမို့ သေသော်ငရဲမလား
တကယ့် အာဇာနည် သားကောင်းတစ်ယောက် အဖြစ်
သူလျောက်တဲ့လမ်း တည့်မတ်ဖြောင့်တန်းခဲ့ပါလားရယ်လို့ 
ဂုဏ်ယူလေးစားရပါတယ် အန်ကယ်

ဗုဒ္ဒရဲ့ လောကတ္တစရိယ အကျင့် လူတိုင်းကျင့်ရမှာမို့ 
လောကကောင်းဖို့ ကြိုးစား အဲဒီနိုင်ငံရေးသမားဟာ
ပါရမီကောင်းတွေ ဖြည့်ကျင့်နေတာပဲ လို့  သူအထပ်ထပ်ဆိုခဲ့ဖူးတယ်
အဲဒီ့လိုလူတွေကို သူချစ်တယ် အဲဒီ့လိုလူတွေ သူဝေမျှတယ်
သူ့ ရဲ့ အသိ သူ့ ရဲ့ခွန်အား သူ့  တရားတွေ
ကျမတို့ အတွက် အားတစ်ခု ဖြစ်တာမို့ သူရှိနေချင်သေးတယ်။
ကျမတို့ ကလည်း သူ့ ကို ပဲ့ကိုင် သူတစ်ဦးအဖြစ် ရှိနေစေ့ချင်သေးတယ် ။
ဒါပေမဲ့  သေမင်းကမညှာ ထောင်ဒဏ်က မငဲ့
ကျမတို့ ကို သူ ထားရစ်ခဲ့ပြီ ။။။။။။။။

တပ်မတော်သူရဲကောင်းအဖြစ်
ထောင်အသက် ဆယ့်ကိုးနှစ်
သူရဲ့ ရဲစွမ်းသတ္တိ က သူများနဲ့ မတူ တစ်မူထူးခြား
ရှာမှ ရှားတဲ့ စိတ်ဓါတ်စွမ်းအားပိုင်ရှင်
အချောင်သမားဆို  အလိုမရှိ
အူကြောင်ကြောင် အရောင်သမားတွေ ကို လည်း အထာမရှိ
တိုင်းပြည်ကောင်းစားဖို့ ပြည်သူ့ ဘ၀တိုးတက်မြှင့်မားဖို့ သာသူသိ
ကောလင်းပါဝါ(လ်) ကဲ့သို့ နိုင်ငံ့သားကောင်း စစ်သား  
ပြည့်သူ့  ဖက် က ရပ်တဲ့ တကယ့်တော်လှန်ရေးစစ်ဗိုလ်မှုးကြီး ပါလား ဟု
ဝမ်းနည်းကြေကွဲစွာနှင့်  ဂုဏ်ပြု တင်ပြရင်းးးးးးးးးးးးးးးး
အန်ကယ် ကောင်းရာသုဂတိလားပါစေ။။။။။။။။။။။။။။။။။။။။။။
                                                                                  မေအိခင်(လယ်ဝေး)
ကျမအိရွှေစင်သည် အန်ကယ့်ဆိုဆုံးမမှုများ သင်ကြားပေးမှုများကို ငယ်စဉ်ကတည်း က လက်ခံရရှိခဲ့သည့်
နည်းတူ အန်ကယ့် ကို တူအောင်မတုနိုင်ပေမဲ့ အန်ကယ် ယုံကြည် မျော်လင့်တဲ့ ရိုးသား ဖြောင့်မတ် ရဲရင့်
တည်ကြည်တဲ့ စိတ်ဓါတ်များနှင့်အတူ ဒီမိုကရေစီ ပန်းတိုင်ရောက်သည် အထိ လျောက်လှမ်းပါ့မည်ဟု သံဓိဌါန်ချ ဂတိပြုအပ်ပါသည်။ ဆရာသမားကောင်းခေါင်းဆောင်ကောင်းတစ်ဦး ဆုံးရှုံးရသည့်အတွက် ကြေကွဲရပါသည်။

No comments: