Tuesday, March 26, 2013

အုတ်ဖို၊ မင်းလှ နင့် ကြို့ပင်ကောက်မြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်


=========================================

ရန်ကုန်၊မတ် ၂၆

ပဲခုးတိုင်းဒေသကြီး(အနောက်ခြမ်း)အုတ်ဖို၊မင်းလှနဲ့ကြို့ပင်ကောက် မြို့များတွင် မတ်လ ၂၆ ရက်နေံ ညနေ လေးနာရီမှ စတင်၍ ပုဒ်မ၁၄၄ကို မြိုနယ်အုပ်ချုပ်ရေးမှုးများက ထုတ်ပြန်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်လွင့်ခဲကြသည်။

ကြို့ပင်ကောက်မြို့ပေါ်တွင် မတ်လ ၂၅ရက်နေ့ညဉ့်လယ်ပိုင်းက လူနေအိမ် ၁၃လုံး၊ဈေးဆိုင်၇ဆိုင်၊ဗလီတစ်လုံးနှင့်ဘာသာရေးအဆောက်အအုံတစ်လုံးတို့ဖျက်ဆီးခံ ရကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှုး မြင့်ကြိုင်ကပြောကြားသည်။

“ပတ်ဝန်ကျင်က ကောလဟလတွေကြောင့်ဖြစ်ရတာ”ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်း အုတ်ဖိုမြို့ အိုးသည်ကုန်းကျေးရွာတွင်လည်း မတ်လ ၂၄ ရက်နေ့ ညပိုင်းက ဆူပူအကြမ်းဖက်သူတစ်စုက ဘာသာရေး အဆောက်အအုံနဲ့ ဈေးဆိုင်များကို လောက်လေးခွများ၊ ခဲများနဲ့ ပစ်ပေါက်မှုဖြစ်ပွားခဲ့သဖြင့်ဦးဆောင်ပါဝင်သူဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ face book စာမျက်နှာတွင်ဖော်ပြသည်။

No comments: