Friday, February 28, 2014

မရောက်လာတာကောင်းပါတယ်.

မရောက်လာတာကောင်းပါတယ်...ဦးသိန်းစိန်ရွေးပေးထားတဲ့သူတွေကိုသာ လာဘ်ပေးလာဘ်ယူပပျောက်ရေးအဖွဲ့ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပေးလိုက်လို့ ကတော့ "လာဘ်ပေးလာဘ်ယူသမားတွေကို ကာကွယ်ရေးအဖွဲ့ " ဖြစ်သွားမှာသေချာပါတယ်....
သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်များ မလာ၍ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အဖွဲ့ဝင်များ လွှတ်တော်တွင် ကတိသစ္စာပြုခြင်း အစီအစဉ် ပျက်ပြယ်

ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်ငါးဦး မလာရောက်သဖြင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင်များ ကတိသစ္စာပြုခြင်း အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အခမ်းအနား အစီအစဉ်တွင် မူလက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တွင် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပုဂ္ဂိုလ်များက ပြည်ထောင်စု လွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း အစီအစဉ် ပါဝင်ခဲ့သည်။

သို့ရာတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စတင်သည့်အခါ ၎င်းအစီအစဉ်မှာ ဆောင်ရွက်ခြင်း မပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက,က ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ရွေးချယ်ထားသည့် အဖွဲ့ဝင် ငါးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ ရွေးချယ်ထားသည့် အဖွဲ့ဝင်ငါးဦးမှာ လာရောက်ခဲ့သော်လည်း နိုင်ငံတော်သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်ငါးဦးမှာ လာရောက်ခဲ့ခြင်း မရှိသဖြင့် ထိုကဲ့သို့ အစီအစဉ်ပျက်ပြယ် ခဲ့ရခြင်းဖြစ်ကြောင်း လွှတ်တော်မှ စုံစမ်းသိရှိရသည်။

လွှတ်တော်တွင် ကတိသစ္စာပြုခြင်း မပြုခြင်းမှာ လွှတ်တော်နာယက၏ ဆုံးဖြတ်ချက် အရသာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်များ ကတိသစ္စာပြုမှု အစီအစဉ်မှာ ရက်ရွှေ့ဆိုင်းခြင်း သို့မဟုတ် လွှတ်တော်၌ ကတိသစ္စာပြုခြင်း မပြုလုပ်တော့သည်ကို မသိရှိကြောင်း လွှတ်တော်သို့ တက်ရောက်လာသော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာညီညီထွန်းက ပြောကြားသည်။

နိုင်ငံတော် သမ္မတရွေးချယ်ထားသော အဖွဲ့ဝင် ငါးဦးအနက်အချို့မှာ နေပြည်တော်သို့ ရောက်ရှိနေသော်လည်း ၎င်းတို့အား လွှတ်တော်တွင် သွားရောက်ကျမ်းသစ္စာ ကျိန်ဆိုရန် မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သိရှိရသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဖွဲ့ဝင်ငါးဦးစီ ရွေးချယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖွဲ့စည်းရန်အတွက် နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အငြိမ်းစား ၀န်ထမ်းများမှာ ဦးမြ၀င်း(စစ်မှုထမ်း)၊ ဦးတင်ဦး(သံအမတ်ကြီး)၊ ဦးကျော်ကျော်(ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန)၊ ဦးစိုးတင့်(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)တို့ဖြစ်သည်။

(ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင်များအား တွေ့ရစဉ်)

Eleven Media Group

ပြောတာပဲ



ပြောတာပဲ
==============
ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီး က မြေသိမ်းယာသိမ်းကိစ္စတွေမှာ
ပြည်သူတွေ နစ်နာဆုံးရှုံးမှုမရှိအောင် လုပ်ရမယ်လို့ပြောပါတယ်။
နိုင်ငံတော် သမ္မတကြီးကလည်း မိဘပြည်သူများ ခင်ဗျားဆိုပြီး ရိုသေကျိုးနွံစွာနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောလေ့ရှိပါ တယ်။
ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တပ်မတော်ဟာ အတတ်နိုင်ဆုံး စိတ် ရှည်သည်းခံပြီး ဆောင်ရွက်နေတယ် လို့ နိုင်ငံတကာကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ် တွေထဲက ၁၆၀ ကျော်ဟာ လွှတ်တော် သက်တမ်း ၃ နှစ်အတွင်း ဘာမေးခွန်း မှ မမေးခဲ့ပါဘူး။ အစိုးရအဖွဲ့အတွင်းမှာ လည်း အကျင့်ပျက်ခြစားမှုကြောင့် အရေးယူခံရတဲ့
ဝန်ကြီးမရှိပါဘူး။ လက်ရှိ အာဏာရထားတဲ့ ပါတီထဲက ပုဂ္ဂိုလ်တစ်ချို့ဟာ
ပြုပြင်ပြောင်းလဲရေး တွေကို ခုခံဖို့အတွက် အရင်အစိုးရရဲ့လက်ရာအတိုင်း
ဗြောင်ကျကျလှုပ်ရှား နေဆဲပါပဲ။

ရာသီဥတုကပူတယ်။ ပြည်သူ တွေက ဆင်းရဲတယ်။ ဘတ်စ်ကားကြီး တွေက နိုင်ငံတော်ပိုင်လမ်းပေါ်မှာ စိတ်ထင်သလို
မောင်းနေကြတယ်။ ရုပ်ရှင်တွေကလည်း မကောင်းဘူး။ သရုပ်ဆောင်တွေက အခန်းတစ်ခန်း ထဲမှာစုရပ်ပြီး စကားတွေပဲပြောနေ ကြတယ်။ ပြဇာတ်သာသာပဲ။ ဟာသ ကားတွေပဲများနေပြီး အတွေးအခေါ် တွေက မြင့်မားမလာတော့ဘူး။ အရင် တုန်းက ရုပ်ရှင်သမားတွေ ပြောနေကျ စကားကြီးနှစ်ခွန်းရှိပါတယ်။ အဲဒါ ကတော့ ကျွန်တော်တို့ဆီက စက်ပစ္စည်းတွေ ခေတ်မမှီတော့လို့၊ ကျွန်တော်တို့ရဲ့ ဆင်ဆာမူဝါဒ တင်းကြပ်လွန်းလို့ ဆိုပြီး မြန်မာ ဇာတ်ကားတွေ
အရည်းအသွေးကျဆင်း တာကို ဆင်ခြေပေးလေ့ရှိပါတယ်။ အခုဆင်ဆာလည်းမကြပ်တော့ပါဘူး။ စက်တွေလည်း ထိုက်သင့်
သလောက် ရှိလာပါပြီ။ ဒါပေမယ့်ဇာတ်ကားတွေကတော့နာမည်တွေ
ကရော၊ အတွေး အခေါ်တွေကရော၊ အောက်တန်းကျ တုန်းပါပဲ။

မြန်မာ့လက်ရွေးစင်ဘောလုံး အ သင်းကလည်း ပွဲတိုင်းရှုံးနေတယ်။
လစာဖြတ်တောက်ခြင်းခံရတဲ့ ဘောလုံး သမားတွေရဲ့ခြေစွမ်းကလည်း
ကောင်း မလာတော့ဘူး။ ဘောလုံး အကယ်ဒမီ မှာရှိတဲ့ကျောင်းသားလေး
တွေကလည်း ဆယ်တန်းအောင်အောင် မဖြေနိုင် ဘူး။
ကစားသမားတွေရဲ့ အပြုအမူ တွေဟာ ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ မီဒီယာတွေက မှတ်ချက်ပြုတယ်။ ဒါ့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကို လည်း ပရိသတ်တွေ လာမကြည့်တော့ဘူး။

ယာဉ်ကြောပိတ်ဆို့နေတာ လမ်း တွေချည်းကိုပဲ အပြစ်ပြောလို့မရ၊
ကား တင်သွင်းခွင့်ပေးတာချည်းပဲ အပြစ် ပြောလို့မရ၊ လိုင်းနှစ်လိုင်းကို ခွမောင်း တဲ့မော်တော်ကားတွေညာဘက်ယာဉ် ကြောကဘယ်ဘက်
ယာဉ်ကြောအထိ ပြောင်းပြီးမောင်းချင်တဲ့ ဒရိုင်ဘာတွေ ဘယ်သူ့ကားကိုမှ အလျှော့မပေးလို တဲ့ မြန်မာ့စိတ်ဓာတ်တွေက မီးပွိုင့်မှာ တစ်နေတယ်။

မြန်မာ့ပညာရေးအဆင့်အတန်း က နှစ် ၃၀ အတွင်း လုံးဝပျက်စီးသွားပြီး ကလေးတွေကလည်း လောက နီတိဆိုတာကို မသိတော့ပါဘူး။ တိုင်း ပြည်ချစ်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးလို စိတ်တွေ နည်းပါးပြီး အချောင်ရတဲ့ အခွင့်အရေးတွေကို မက်မောလာကြ တယ်။

သစ်ထုတ်လုပ်ရေးက ဒီနှစ် ဧပြီမတိုင်ခင် သစ်အားလုံးကို ခုတ်နေ တယ်။ မြန်မာပြည်ရဲ့သစ်တောဧရိယာ က စာရွက်ထဲမှာ
၁၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်ဆိုပေမယ့် သစ်တော တွေကို ကာကွယ်တားဆီးနေတဲ့ တော အုပ်ကြီးတွေကို ခြုံအုပ်ကြီးတွေလို
ပြောင်ပြီးခေါ်နေကြပြီ။ တလောက ပလပ်စတစ်အိတ်တွေဟာ မြေဆီလွှာ ပျက်သုဉ်းတယ်ဆိုပြီး ကြပ်ကြပ်အိတ် အစား စက္ကူအိတ်တွေကို အစားထိုးဖို့ပလတ်စတစ်လုပ်ငန်းရှင်တွေကို ခေါ် ပြောခဲ့ပေမယ့်
နောက်ဆုံးတော့ ဒုံရင်း က ဒုံရင်းပါပဲ။ ဧရာဝတီမြစ်ကို လမ်းလျှောက်
ကူးလို့ရပြီး ပန်းလှိုင်မြစ်ကို တော့ မြေပုံထဲက ဖျက်ပစ်လို့ရပါပြီ။

ရွာသူရွာသားတွေက လယ်မြေ တွေ အသိမ်းခံရလို့ မလေးရှားကို
သွားပြီး အလုပ်လုပ်ကြရတယ်။ တံငါသည် တွေက ငါးတွေကို ဘက်ထရီနဲ့ရှော့ တိုက်ပြီး ဖမ်းတယ်။ ပညာရေးဝန်ထမ်း ဆရာမတွေက အိမ်မှာကျူရှင်သင် တယ်။ ရှေ့နေတွေက တရားသူကြီး တွေအတွက် အမှုပွဲစားလုပ်ပေးပြီး တရားဥပဒေကို ဖျက်ဆီးတယ်။ ဂေါပကတွေက စီးပွားရေးလေလံပစ် တတ်ကြပြီး ကျောင်းဆရာတွေကချဲဒိုင်လုပ်
တတ်တယ်။ အထူးကု တွေကလူနာတစ်ယောက်ကို ငါးမိနစ် ပဲကြည့်တာ ဘယ်သူမှမပြောရဲဘူး။ ဆရာဝန်ကြီးက ဆွေးနွေးပညာပေး တယ်
ဆိုတာ မြန်မာ့အသံကရေဒီယို ဇာတ်လမ်းထဲမှာပဲရှိတယ်။ အထူးကု ဆေးခန်းတွေကလည်း ဆရာဝန်ကြီး တွေကိုအလို
လိုက်နေရပုံပါပဲ။

သတင်း ထောက်တွေက ဂျာနယ်ရောင်းကောင်း ဖို့အတွက် စာနယ်ဇင်းကျင့်ဝတ်တွေ ချိုးဖောက်နေကြပြီး ပြည်ထဲရေးက လည်း ကျွံလာတဲ့ သတင်းသမားတွေ ကို သင်ခန်းစာပေးချင်နေတယ်။
ယာဉ် တိုက်မှုတွေကြောင့် မနှစ်က လူပေါင်း ၃၅၀၀ သေဆုံးခဲ့ပေမယ့် ဆိုက်ကား သမားတွေက ဆိုင်ကယ်တက္ကစီ ဆွဲ နေကြပြီ။

တပ်မတော်ရဲ့ကာကွယ်ရေး အသုံးစရိတ်ကို လွှတ်တော်က လျှော့ချ လိုက်ပေမယ့် အရာရှိစစ်သည် ၃၀၀၀ကတော့ နှစ်စဉ်တိုးပွား
နေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ် ဆိုတဲ့ ဆောင်ပုဒ်က လူတွေရယ်စရာ ပျက်လုံးဖြစ်ခဲ့ပေမယ့် မြန်မာ့ကင်ဆာ အမျိုးမျိုး
ကမ္ဘာမှာ တိုးစေရမည်ဆိုတဲ့ ဆောင်ပုဒ်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးမှန်ကန်လာပါတယ်။ ကမ္ဘာ့ကင်ဆာ အဖြစ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာ
က အဆင့် ၃ ချိတ်သတဲ့။ ဒီနှစ်ပိုင်းမှာ ရွှေဆိုင်အတော်များများ
လုယက်ခံ ရပြီး ရဲတွေက တရားခံတိုင်းကို မဖမ်း နိုင်ခဲ့ပါဘူး။

ပြည်သူတွေ မကြည်ညိုတဲ့ ခရိုနီ တွေက သူတို့ရှင်သန်မှုအတွက်
အတိုက် အခံ နိုင်ငံရေးပါတီတွေရဲ့ လူမှုရေးလှုပ်ရှားမှုတွေမှာ ငွေတွေ
လှူနေပေမယ့် နောက်ထပ်အခွင့်အရေးတွေမရ တော့လို့ဝမ်းနည်း
နေပါတယ်။ အတွင်း သိတွေကတော့ နောက်ထပ် အခွင့်အ ရေးတွေ မရတော့ဘူးဆိုတာ ဘယ်သူ ပြောလဲလို့ဆိုပါတယ်။ အာဏာရှင် အစိုးရလက်ထက်က ကရုဏာကြီး ချင်ယောင်ဆောင်ထားတဲ့ အမျိုးသမီး ပရဟိတအဖွဲ့အစည်းတွေကလည်း အခုတော့လူမှုရေးမလုပ်ကြတော့ဘူး။ အနုပညာသမားတွေကတော့ လူမှု ဂုဏ်ထူးဆောင်လက်မှတ်ရဖို့
နာရေး ကူညီမှုအသင်းက လူသေတွေကို သင်္ဂြိုဟ်ပေးနေပေမယ့် အနုပညာ လောကအတွင်း မူးယစ်ဆေးသုံးစွဲမှု ကတော့ အရင်အတိုင်းပါပဲ။

လူငယ် တွေကြားထဲမှာ လက်ဖက်ရည် သောက်တဲ့သူနည်းလာပြီး အရက် သောက်တဲ့သူ များလာပေမယ့် ဘယ် စတိုးဆိုင်ကမှ ၁၈ နှစ်အောက် အရက် မ၀ယ်ရလို့ ကြေညာချက်မထုတ်သေးပါဘူး။ ဘယ်အရက်ကောင်တာမှ လည်း အချိန်ပိုင်းနဲ့ ရောင်းမယ်ဆိုတာ မျိုး မရှိပါဘူး။ အရက်ကုမ္ပဏီတွေ သိန်းပေါင်းသောင်းချီ ချမ်းသာလာပေမယ့် အသည်းကင်ဆာနဲ့ သေတဲ့သူ တွေကလည်း သိန်းပေါင်းသောင်းချီနဲ့ အပြိုင် ချီတက်လာပါပြီ။

မြန်မာနိုင်ငံ သားတွေအားလုံးဟာ ပင်လယ်၊ တော တောင်၊ သစ်ပင်၊
ကျေးငှက်တိရစ္ဆာန် တွေကို ချစ်ပုံမရတဲ့အတွက် တိုင်းပြည် ရဲ့ သဘာဝ
ပတ်ဝန်းကျင်က အဆိုးဝါး ဆုံးအခြေအနေကို ရောက်ရှိလာ ပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ အိမ်ထောင်ပြုမှုနှုန်း ကျလာသလို အိမ်ထောင်ကွဲမှုနှုန်းကလည်း မြင့်တက်ခဲ့တဲ့အတွက် ဖခင်မဲ့ကလေး ဦးရေကလည်း ပိုပြီးတိုးပွားလာပါ တယ်။ ဆင်ဆာမဲ့အပြာဗွီဒီယိုခွေတွေ ဟာ လမ်းဆုံလမ်းခွနဲ့ လက်ဖက်ရည် ဆိုင်တွေမှာ ပေါ်ပေါ်တင်တင်
ရောင်းချနေပေမယ့် ဖမ်းဆီးမယ့်သူ မရှိသေး ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဖတ်လို့ ကောင်းအောင် ရေးထားတဲ့ စာအုပ်ထဲက စာသားတစ်ခုသာ ဖြစ် ပါတယ်။ ဒီအပြာခွေတွေရဲ့ ရိုက်ခတ် မှုကြောင့် အသိဉာဏ်ချို့တဲ့တဲ့ ဗုဒ္ဓ ဘာသာကျေးလက်တွေမှာ ကိုယ့်သား သမီးတွေကို အဓမ္မကျင့်ကြံတဲ့အမှု မျိုးတွေ မကြားစဖူး ပေါ်ပေါက်လာ ပါတယ်။

မြန်မာပြည်ရဲ့သူဌေးအား လုံးက အာဏာပိုင်တွေကို လာဘ်ထိုး ဖို့လက်မနှေးပေမယ့် အခွန်ရှောင်ဖို့ကျ တော့ ညီတူညာတူ ယိမ်းကနေကြ တယ်။ ဆေးတက္ကသိုလ်က မွေးထုတ် ပေးလိုက်တဲ့ ဆရာဝန်တွေက
စာပေ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်း ကျောင်းပြုကြပြီး စစ်ဗိုလ်တွေက စီးပွားရေးလုပ်တယ်။ လယ်သမားတွေ က ဆန္ဒပြနည်း တတ်မြောက်
သွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏ ခွင့်ယူတတ်တယ်။ တရား သူကြီးတွေက ငွေတိုးပေးပြီး ဗိုလ်ချုပ် ကတော်တွေက လုံးချင်းအိမ်တွေ ငှား စားကြတယ်။ စာရေးမတွေက ညွှန် ကြားရေးမှူး
ရဲ့ အငယ်အနှောင်းဖြစ် သွားပြီး ရပ်ကွက်ထဲက ကောင်မလေး တစ်ယောက်ပျောက်ပြီးပြန်ပေါ်လာ ရင် ဂျာနယ်လစ်ဖြစ်နေတတ်တယ်။

လွှတ်တော်က ဥပဒေတွေအမျိုးမျိုး ပြဌာန်းနေပေမယ့် ကိုယ်စားလှယ်တွေ က သူ့မဲဆန္ဒနယ်မြေတွေဆီကိုလည်း မသွားကြပါဘူး။ နိုင်ငံရေး
ယဉ်ကျေးမှု သစ်ဖြစ်လာပြီလို့ သမ္မတကြီးကပြော ပေမယ့်အဖွဲ့အစည်း
တွေနဲ့ အတွေးအခေါ်တွေကတော့အဟောင်းတွေ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်း ရေးမရသေးပေမယ့် လက်နက်ကိုင်အဖွဲ့ တွေကတော့
မော်တော်ကားပါမစ်ရ သွားပါပြီ။ လွှတ်တော်နဲ့အစိုးရအဖွဲ့ ရန်ဖြစ်
နေပေမယ့် ချမ်းသာပုံခြင်းက တော့ အတူတူပါပဲ။

အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ကမ္ဘောဒီးယားခြင်းအဖွဲ့ကို
ရွှေတံဆိပ်ရစေရမယ်လို့ ကတိပေးဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးတော့
မြန်မာ တွေက ကတိဖျက်ခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးကြေးကြော်
ခဲ့တဲ့ ဆင်းရဲသား မွဲတေမှုတိုက်ဖျက်ရေးက မအောင်မြင် ဘဲ
ပြည်သူတွေခမျာ နွားနို့တောင် မသောက်နိုင်ပါဘူး။

အစိုးရ၀န်ကြီးတွေ သုံးနှစ်အတွင်းပြောတဲ့မိန့်ခွန်းတွေက မြန်မာပြည်
သမိုင်းမှာ ထာဝရတွင်ကျန် ရစ်ခဲ့ပါပြီ။ ပြည်သူတွေ ထမင်းတစ်နပ်
လျှော့စားပါ။ ဖယောင်းတိုင်ထွန်းပြီး နေပါ။ တရုတ်ရဲ့ ကျေးဇူးသစ္စာကို
စောင့်သိရိုသေပါ။ လိုအပ်ရင် ပါး အရိုက်ခံပါ။

ကလေးတွေအတွက် အားကစားကွင်းတွေ ပျောက်ကွယ် သွားပြီး စည်ပင်သာယာနဲ့ အဆင်ပြေ တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ အတွက်ဈေးတွေဖြစ်လာတယ်။ ကျေးလက်မှာ ယောက်ျားတွေ ပြည်ပသွား အလုပ်လုပ်နေလို့ မိန်းမတွေက လယ် ထွန်နေကြတယ်။ အမျိုးသား အစွန်း ရောက်တွေက လူတွေကို စည်းရုံးဖို့ ဘာသာရေးကို ခုတုံး
လုပ်တယ်။ ဗုဒ္ဓ ဘာသာကိုကိုးကွယ်ယုံကြည်ကြပေ မယ့်
လောဘ၊ ဒေါသ၊ မောဟတွေ ကတော့ ကြောက်ခမန်းလိလိပဲ။

တိုင်းပြည်မှာတော့
သဘာဝ ဓာတ်ငွေ့တွေရှိသေးတယ်လို့ပြောတာ ပဲ။
ရေနံတွေရှိသေးတယ်လို့ပြောတာ ပဲ။ ကျွန်းသစ်တွေရှိသေးတယ်လို့ ပြောတာပဲ။
ကျောက်စိမ်းတွေရှိသေး တယ်လို့ပြောတာပဲ။

ဂုဏ်သိက္ခာတွေရှိသေးတယ်လို့ ပြောတာပဲ။

ပြောတာပဲ...........

( ဇော်သက်ထွေး )
Tomorrow သတင်းဂျာနယ်မှဆောင်းပါး။

အရေပြားသုတေသန

ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ပြင်ဆင်ရေးအတွက် ဟူသော အကြောင်းပြ
ချက်ဖြင့် လူထုကို လမ်းမပေါ် ရောက် လာစေခဲ့သည်။နိုင်ငံရေး အကျဉ်သားကိစ္စဖြင့် ထူထုကို လူထုကို လမ်းမပေါ်ရောက် စေခဲ့ပြီ။
၁၉၈၈ ကလို လူထုက လှုပ်လှုပ်ရှားရှားဖြစ် မလာ။၅၉ ကိုရော ၁၈ ကိုပါ လူထုက ရင်မခုန်တော့ချေ။လူထုက အပြောင်းအလဲတစ် ခုကို အမှန်တစ်ကယ်မြင်ချင် နေကြသည်။ဘယ်သူယူလာ လာ သူတို့မြင်ချင်တာ သေချာသော အပြောင်း အလဲဖြစ်နေသည်။
လူထုကို ပြန်ခိုင်းသောလူထုကို ပြန်ပြီး တာဝန်ပေးသော အပြောင်းအလဲ ဟုတ်ဟန်မတူတော့ချေ။
ကိုဇာဂနာ ရေးတဲ့
အရေပြားသုတေသန
================================
(၁)

တစ်နေ့က နိုင်ငံခြား ခရီးသည်တင် ဘတ်စ်ကား တစ်စင်း ဒေါ်အောင်ဆန်း
စု ကြည် အိမ်ရှေ့မှာရပ်ထား သည်။ဧည့်လမ်းညွှန်က ဦး ဆောင်ပြီး
နိုင်ငံခြားခရီးသည် များကို ဓာတ်ပုံရိုက်စေသည်။ ခြံဝင်းတံခါးကို
ကျောခိုင်းပြီး ဓာတ်ပုံရိုက်နေကြတော့သည်။တက္ကသိုလ်ရိပ်သာ လမ်းမ ပေါ်မှာ တဖျပ်ဖျပ်။လွန်ခဲ့ သော ၅ နှစ်ခန့်က ထိုနေရာ ကို လမ်းဖြတ်လျောက်ဖို့ တောင်မဖြစ်နိုင်။ခုဘယ်သူ လာလာဖြစ်နေသော
အချိန်မှာ ဒီဓာတ်ပုံတွေက မြန်မာပြည် ကြီး အပြောင်းအလဲဖြစ်နေပြီ
ဟု ဆိုကြတော့လေမလား။

တစ်နေ့က လူ့အခွင့်အ ရေး တာဝန်ခံ သောမတ်အို ဟေးကင်တာနားက ၈၈ ငြိမ်း ပွင့်ရုံးခန်းထဲမှာ လာစကား ပြောသွားသည်။ငြိမ်းပွင့် ရုံးခန်းရှေ့မှာ သတင်း ထောက်တွေရော တွေပါခြေ ချင်းထပ်။မီးရောင်တစ် ဖျပ် ဖျပ်။လွန်ခဲ့သော ၅ နှစ်ခန့်က ဒီနေရာမှာ ရှစ်ဆယ့်ရှစ်လို့တောင် ကျယ်ကျယ်လောင်ျလောင်ပြောဖို့မဖြစ်နိုင်ခဲ့။ခု ဒီလိုတွေ့ဆုံနေသည့် ဓာတ်ပုံ က မြန်မာပြည်ကြီး ပြောင်းလဲ သွားပြီဟု ဖော်ညွှန်း
နေလေ သလား။

မြန်မာပြည်မှာ လက်တလော ဘာစီးပွားရေးတွေ လုပ်လို့ အကောင်းဆုံး
ဖြစ်နေ သလဲဆိုတာကို နိုင်ငံခြားသားတိုင်းမေးလေ့ရှိတယ်။
ဘယ်နေရာမှာ ရင်းနှီမြှုပ်နှံ သင့်သလဲဆိုတာ နိုင်ငံခြားသားတိုင်း
လေ့လာလေ့ရှိကြ တယ်။အီးယူကလည်း လေ့ လာရေးအဖွဲ့တွေလွှတ်၊
အမေရိကားကလည်း စစ် တမ်းကောက်မည့်အဖွဲ့တွေ လွှတ်ထားသည်။
လပိုင်း အတွင်းမှာပင် အော်ရေဒူးနှင့် တယ်လီနော ဖုန်းကဒ်တွေနှင့်
ပြောကြရတော့မည်။လွန်ခဲ့ သော ၅ နှစ်ခန့်က လက်ကိုင် ဖုန်းဆိုတာ အယောင်ဆောင် လိုဖြစ်ခဲ့သော မြန်မာပြည်ကြီး တကယ်ပြောင်းလဲ
သွားပြီဟု ပြောလို့ရလေပြီလား။

၁၉၆၉ ခုနှစ်က နောက်ဆုံးရောက်လာခဲ့သော အရှေ့တောင်အာရှ
အားက စားပွဲကြီးကို ၄၄ နှစ်အကြာ မှ တစ်ခါပြန်ဆုံလိုက်ရသည်။ ယခုထက်ထိ ဟိုတယ်၊ အခန်း ခတွေ မရသေးဘူး၊ တောင်း နေရဆဲပင်၊ လူငယ်စာရေးဆ ရာ လင်းသိုက်ညွန့်က ကိုမင်းကိုနိုင်တို့ ကိုဇာဂနာတို့ စာပေဟောပြောပွဲတွေမှာ ဟောနေပြောနေကြတာကို ဒါဟာ တိုင်းပြည်ပြောင်းလဲ တာပဲပေါ့ဟု မှတ်ချက်ပြု သည်။

၁၉၈၈ ခုနှစ်မှာ နှစ်နှစ် သားသာရှိသေးသော လူငယ် လေးတစ်ယောက်
ကို ပြစ်တင် စကားမဆိုချင်။သို့သော် ၁၉၇၄ ခုနှစ်ကတည်းက ဇာဂနာစာပေဟောပြောပွဲတွေ ဟောနေခဲ့တာတွေကို ထိုလူ ငယ်
သိဟန်မတူ။ စာပေ ဟောပြောပွဲနှင့် တိုင်းပြည် အပြောင်းအလဲကို
ဆက်စပ် မရနိုင်။ပျော်ဘွယ်စာပေနှင့် မြောက်ဥက္ကလာစာပေပွဲတို့က သက်သေပြလိုက်ပြီ။ကိုမြ အေးကို စင်ပေါ်တက်မဟော ရဆိုပြီး ဘုန်းကြီးတွေကတား ဆီးသည်ဆို၏။ဒါတွေက ပွင့် လင်းလာသည်ဟု ဆိုရမှာတဲ့ လား။ဇာတ်ညွှန်းလား။ရှစ်ဆယ့်ရှစ် ငြိမ်းပွင့်အဖွဲ့ ဘယ်လို
တုံ့ပြန်မည်နည်း။ ကို ဘုန်ကြီးတွေနှင့်တည်ပေးထား ပေးခဲ့ဖူးပြီ။
ခုတစ်ခါ ရှစ်ပူးဖက် လှည့်လာချေပြီ။

ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ပြင်ဆင်ရေးအတွက် ဟူသော အကြောင်းပြ
ချက်ဖြင့် လူထုကို လမ်းမပေါ် ရောက် လာစေခဲ့သည်။နိုင်ငံရေး အကျဉ်သားကိစ္စဖြင့် ထူထုကို လူထုကို လမ်းမပေါ်ရောက် စေခဲ့ပြီ။
၁၉၈၈ ကလို လူထုက လှုပ်လှုပ်ရှားရှားဖြစ် မလာ။၅၉ ကိုရော ၁၈ ကိုပါ လူထုက ရင်မခုန်တော့ချေ။လူထုက အပြောင်းအလဲတစ် ခုကို အမှန်တစ်ကယ်မြင်ချင် နေကြသည်။ဘယ်သူယူလာ လာ သူတို့မြင်ချင်တာ သေချာသော အပြောင်း အလဲဖြစ်နေသည်။
လူထုကို ပြန်ခိုင်းသောလူထုကို ပြန်ပြီး တာဝန်ပေးသော အပြောင်းအလဲ ဟုတ်ဟန်မတူတော့ချေ။

၂၀၁၂ခုနှစ် နှစ်အစမှာ တက်ကြွ ထောင်ထခဲ့သော နိုင်ငံရေး
အဖျားတက်ရှိန်က ၂၀၁၄ ခုနှစ် နှစ်အစမှာ ထိုး ကျသွားလေပြီ။
ပွဲလမ်းသဘင် တွေနှင့် အချိန်တွေကုန်ခဲ့ သော အတိုက်အခံနိုင်ငံရေး အင်အားစုတွေ ပွဲပန်းချေပြီ။ စကားလုံးတွေလည်း အငွေ့ ပျံကုန်ပြီ။
ရေရှည်တိုက်ပွဲအ တွက် သက်လုံလို၏။ခွန်အား လို၏။ပြန်လည်
ဖြည့်တင်းဖို့လို ၏။မြင်သာသောအစီအမံ တွေကိုမတွေ့ရချေ။

သိန်းတန် (မြန်မာပြည်) သီချင်းလို မျှော်သာမျှော်သည် မယုံကြည်
ဖြစ်လာကြသည်။မြန်မာ့နိုင်ငံရေးသည် ဖေ့စ်ဘွတ်ခ်ပေါ်က ဂယက် ဖြစ်သွားသည်။ဗျူဟာအခင်း အကျင်းတွေမတွေ့ကြရတော့
ပြည်သူက ဘာကိုယုံလို့ယုံရ မှန်းမသိတော့။ အိမ်ကွင်း အဝေးကွင်း ဘယ်ကွင်းမှာမှ ခြေစွမ်းမပြနိုင်လျင် နည်းပြ ကို အပြစ်တင်ရမည်လား။ ကစားသမားကို အပြစ်တင်ရ မည်လား။မြန်မာပြည်သူပြည် သားများ
သည်အရှေ့တောင် အာရှအားကစားပွဲကြီးမှာ မြန်မာဘောလုံးအသင်း
ကောင်းကောင်းကြီး ရှုံးနိမ့်ခဲ့ တာကို ခါးခါးသီးသီး ခံထား ရရှာဖူးပြီ။

၂၀၁၅ကို မြန်မာပြည် ၏ အပြောင်းအလဲတစ်ခုကို မျှော်ပြီး စောင့်နေ
ခဲ့သူများ များများလွန်းနေသည်။ ၂၀၁၅ ကျမှ အလုပ်စမည့်သူ တွေ
လည်းများလွန်၏။ကြေ ငြာချက်တွေ ပလုံစီနေသော မြန်မာနိုင်ငံရေးကို မှန်မှန် ကန်ကန်ဆန်းစစ်ဖို့လိုလာပြီ။ပြည်သူက ဘာတွေလုပ်မည် ဆိုတာကိုပဲ သိချင်နေသည်။လူနာနှင့်ဆေးကားခုထိမတည့် သေး။
ဘယ်ဆေးဆရာကမှ လည်း ဆေးမဖော်နိုင်ကြ သေး။

အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေက တစ်ခွန်းပြော လိုက်၊ ပြည်သူတွေရော
နိုင်ငံ ရေးသမားတွေကပါ ၀န်ကြီး စကားနောက် လိုက်ပါသွား ကြ၏။
လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်က တစ် ခွန်းပြောလိုက်
ပြည်သူတွေ ရော နိုင်ငံရေးသမားတွေပါ အဲဒီနောက်လိုက်ပါသွားပြန်သည်။

တကယ်တော့ ကျွန် တော်တို့ အတိုက်အခံတွေဖက်မှာ သေချာ
တိကျသော

၁။လုပ်ငန်းစဉ်
၂။ဗျူဟာ
၃။ရည်မှန်းချက်နှင့်
၎။အချိန်ကာလသတ် မှတ်မှုမျိုး မတွေ့ရသေးချေ။

ကြေငြာချက်တွေ ပူးတွဲ ကြေငြာချက်တွေသာ အလျှံ ပယ်နေ၏။ ရလာဒ်ကို ဦးတည်သော အဖြေစစ်စစ် မတွေ့ရသေး။တိုင်းသူပြည်သား
တွေက အဖြေမထွက် တာမျိုးမကြိုက်တော့ချေ။ စောင့်ခဲ့ရတာ ကြာပြီ။ ပွဲ တွေကိုလည်း ခွာလာကြပြီ။ ရန်ပုံငွေပွဲတွေမှာ ပရိတ်သတ် ပါဝင်မှု
လျော့နည်းလာတာ သတိပြုဖို့လိုလာပါပြီ။

ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးဖြစ်စဉ်၊ အသွင်ကူး ပြောင်းရေးဖြစ်စဉ်၊ တင်းကျပ် မှုဖြေလျော့သည့်ဖြစ်စဉ်များ တွင် အတိုက်ခံနိုင်ငံရေးသ မားတို့၏ ပါဝင်မှုအောင်မြင် မှုကို ဒီနေ့ထိ သဲသဲကွဲကွဲမ တွေ့ရသေး။
ကိုယ့်ပြိုင်ဘက် တွေ ဆင်သည့်ခွင်ထဲမှာသာ ၀င်ပြီးကနေကြတာ
တွေ့ရတယ်။ပြိုင်ဘက်ရွှေ့သည့် အကွက် ထဲမှာသာလိုက်ကစား
နေရ သည်။သတိပြုဖို့ကောင်း သည်က ပြည်သူတို့၏ မျှော် လင့်ချက်၊ ယုံကြည်ချက်မ ကွယ်ပျောက်စေလိုခြင်းပင်။ စကားအရသာလှသော ကိုယ်လိုချင်ကိုယ်တိုင်လုပ် ဟူ သည်မှာ ယနေ့မြန်မာပြည်သူ များနှင့် လားလားမှမအပ်စပ် တော့။ ပြည်သူကခေါင်း ဆောင်တွေကို
မျှော်နေကြ သည်။ခေါင်းဆောင်တွေက ဘာတစ်ခုမှ သေချာသော
လုပ်ရပ် လုပ်မပြနိုင်ကြသေး။ ပြည်သူ၏ မျှော်ကိုးမှုကို တန်ဖိုး
ထားကြစေချင်သည်။ ဆန်ရင်းနာနာဖွတ်ဟူသော စကားနှင့်အညီ
ကိုယ်ပေါင်ကိုယ် လှန်ထောင်ရသော် ကျွန် တော်တို့ဖက်မှာ ဗျူဟာ
မရှိလို့ဟု တည့်တည့်စွပ်စွဲရ တော့မည်။
သည်တော့ဒီစာ ဖြင့် မေတ္တာဖြင့် ရပ်ခံလိုပါ သည်။

အဝေးကွင်းရော အိမ် ကွင်းပါ မျက်နှာပန်းလှစေဖို့

၁။ သိသိသာသာ အ ဖြေထွက်သည့် လုပ်ရပ်တစ်ခုကို လုပ်ပြခြင်း၊ ပြီးဆုံးအောင် မြင်အောင် တာဝန်ယူခြင်းြ့ဖင့် ပြည်သူကို
ဝမ်းမြောက်ခွင့် ပေးနိုင်ကြပါစေ။

၂။ ဘက်စုံလေ့လာ ခြင်း၊ အကျယ်အပြန့်သုံးသပ်ခြင်းဖြင့်
ပွဲမပန်ပဲ အမြဲလန်း နိုင်ကြပါစေ။

၃။ ဖြစ်နိုင်ခြေရှိသည် များကို ကြိုတင်ပြင်ဆင်ခြင်း အားဖြင့် အမြဲတစေအဆင် သင့် ဖြစ်နိုင်ကြပါစေလို့ စေတနာ ရှေ့ထား
စာလွှာပါး လိုက်ရပါတော့သည်။

ဇာဂနာ
( Tomorrow သတင်းဂျာနယ်မှဆောင်းပါး )

ထိုင်းဘုရင်၏သြဝါဒ အမှာစကား 36 **ချက်

 
 
ထိုင်းဘုရင်၏သြဝါဒ အမှာစကား 36 **ချက်
မှတ် သား လောက် ပါ တယ်
------------------------------

၁။ ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ

၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့်အစွမ်းသတ္တိကိုသာတောင်းယူပါ

၃။ သူငယ်ချင်းအသစ်သည် ကိုယ်အတွက်လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက်တန်ဖိုးမဖြတ်နိုင်ပါ

၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖက်ပါ

၅။ မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီလုပ်ပေးပါ

၆။’ ကျေးဇူးတင်ပါတယ်’ဆိုသောစကားကို အမြဲများများပြောပေးပါ

၇။ သူတပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကားတို့အား မိမိအနေဖြ**့ထိမ်းသိမ်းပါ

၈။ ခွင့်လွှတ်စိတ်ရှိပါ

၉။ နားထောင်သည့်အလုပ်ကိုဦးစားပေးပါ

၁၀။ အမှားရှိလျှင်ဝင်ခံနိုင်ရမည်

၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့်

၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက်လေးနက်မှုရှိလေလေ

၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်

၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့်

၁၅။ တောင်းပန်ရန်ဝင်မလေးပါနှင့်

၁၆။ မသိပါကမသိကြောင်းဝန်ခံပါ

၁၇။ ကီလို ၁၀၀၀ (မိုင်ထောင်ချီခရီး)အားချောမွေ့သည်ဟူ၍မရှိနိုင်ပါ

၁၈။ မွေးကတည်းက မည်သူမျှမပြေးတက်သေးပါ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ

၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ (ဘဝကိုချစ်တဲ့သူ)

၂၀။ ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူကြီးပွားဖို့မမျှော်လင့်သူ

၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွားသူကပညာရှိပါ

၂၂။ သသက်လုံးအလုပ်လုပ်ရက်မရှိပါ နားရက်တွေပါဘဲ

၂၃။ ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လဲဖြစ်မယ် ပျော့ကွက်ကိုအနိုင်မယူမိပါစေနှင့်

၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတက်ပါစေ

၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင်မျက်နှာနှစ်ခု ရှိတယ်ဒီလိုဘဲ ဘဝဟာအနိုင်/အရှုံး- အောင်မြင်မှု /ကျရှုံးမှုတွေရှိမယ်

၂၆။ မိမိစိတ်ကိုအလိုမလိုက်ပါနှင့်

၂၇။ သွားဟာဘာဖြစ်လို့ကြိုးလဲ(မာလို့) လျှာကကြိုးပါသလား?

၂၈။ အပင်ငယ်တက်ခါစ ကိုမြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့် အမြစ်ပါကြွသွားမည်

၂၉။ မိမိကိုယ်တစ်နေ့လျှင်သုံးကြိမ် သေရမည်ကိုစဉ်းစားပါအားလုံးပြင်ဆင်ပြီးသားဖြစ်မယ်

၃၀။ ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါဘဲ

၃၁။ အလုပ်တစ်ခုကိုပြီးမြောက်ဖို့ ရက်ချိန်းတစ်ခုသက်မှတ်ပါ

၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသောရေဖြစ်ပါစေ

၃၃။ ကြယ်နှင့်လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ကိုလှမ်းပါ

၃၄။ လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ

၃၅။ စာအုပ်တွေဟာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့် ဗဟုသုတအရဆုံးပညာရှိတစ်ဆူဖြစ်တယ် တစ်လလျှင်တစ်အုပ် ဖက်နိုင်အောင်လုပ်ပါ

၃၆။ အရာရာသက်မှတ်ချက်ရှိပါစေ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ စည်းကမ်းသည်လူ၏တန်ဖိုး

ရေးသားတင်ပြသူ min zaw oo

ခရမ်းလွန်ရောင်ခြည် သတိပေးချက်


မြောက်ဖက်ရန်ကုန်မြို့အထိ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ မြင့်တက်လာနေပါတယ်။
ဒေါက်တာထွန်းလွင်

28-2-2014

(၁) ၂၈-၂-၂၀၁၄ ရက် (သောကြာနေ့)မှ စတင်ကာ ၃-၃-၂၀၁၄ ရက် (တနင်္လာနေ့ အထိ) ကာလ အတွက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း တန်ဘိုးများခန့်မှန်းရာတွင် မြန်မာ နိုင်ငံတောင်ပိုင်း ဒေသ များမှအစပြုကာ အထက်ဖက် ရန်ကုန်မြို့ အပါ အ၀င် မြစ်ဝကျွန်း
ပေါ်တောင်ပိုင်းဒေသများအထိ နေ့စဉ် နံနက် (၁၁)နာရီမှ နေ့ (၁) နာရီ အတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဘိုးများဟာ လွန်ကဲ အဆင့် (extreme level) ကို ရောက်ရှိနှိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(၂) ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဘိုး လွန်ကဲအဆင့်ရောက်ရှိနေချိန် တွင် နေပူထဲတွင် အချိန်ကာလကြာမြင့်စွာ အကာအကွယ်မဲ့နေထိုင်ပါက ကျန်းမာရေး အန္တရာယ်ရှိမှု အလွန်မြင့် မားနှိုင် (Health serious risk) ကြောင်း သတ်မှတ်ထား ပါတယ်။

(၃) ကာကွယ်မှုအနေဖြင့် လုပ်ဆောင်သင့်ကြောင်း အကြံပြုချက်များမှာ အထူးသဖြင့် နံနက်(၁၁)နာရီ မှ နေ့(၁)နာရီအတွင်းကာလဟာ အဆိုးဆုံးဖြစ်တဲ့အတွက် အဲဒီအချိန် များမှာ နေရိပ်အောက်ထဲတွင် နေထိုင်ဖို့လိုပါတယ်။ သဘာဝနေရောင်ခြည်ထဲတွင် အကာအကွယ်မဲ့အချိန်ကြာမြင့်စွာ မနေသင့်ပါ။ အကယ်၍ မဖြစ်မနေ နေရပါကလည်း အကာအကွယ်အဖြစ် ရောင်ခြည်ကာမျက်မှန်၊ လုံခြုံတဲ့ အ၀တ်အထည် နဲ့ အနား ကျယ်ပြန့် တဲ့ ဦးထုပ် စတာတွေကို ၀တ်ဆင်ပြီး အကာအကွယ်ပြုသင့် ပါတယ်။

(၄) အထက်ပါလမ်းညွှန်ချက်များမှာ ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်(World Meteoro -logical Organi -zation-WMO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(World Health Organization-WHO) တို့ရဲ့ လမ်းညွှန်ချက်းများအတိုင်း ဖြစ်ပါတယ်။

(၅) ခရမ်းလွန်ရောင်ခြည်သင့်မှုအတိုင်းအတာဆိုးဝါးမှုဟာ လူမျိုး၊ အသား အရောင်၊
နေထိုင် ရာဒေသ လတ္တီတွဒ်၊ မြေပြင်အထက်အမြင့် စတာတွေအပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။

(၆) ခရမ်းလွန်ရောက်ခြည်သင့်မှုဟာလက်ရှိမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ အပေါ် အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ နေနဲ့အတူ မြောက်ဖက်ဒေသများဆီ မြစ်ကြီးနား နဲ့ ပူတာအိုမြို့များအထိ ရွေ့လာမှာဖြစ်တဲ့အတွက် လာမယ့် မေလ မိုးမကျမီအထိ ခရမ်းလွန်
ရောင်ခြည်သင့်မှုကို ဆက်လက် သတိပြုကြဖို့ လိုပါတယ်။

(၇) အခြားသောမြို့တော်ကြီးများ အတွက်လည်း ဆက်လက် ဖေါ်ပြပေးသွားပါ့မယ်။

ဒေါက်တာထွန်းလွင်

Popular Myanmar News Journal

ဘိတ်ငပိ

ဖော်ဖော်ဝါရီလ ၁၈ ရက် နေ့မနက်မှာ မင်္ဂလာဒုံလေယာဉ်ကွင်းကနေ Sun Far လေ ကြောင်းလိုင်းက လေယာဉ်နဲ့ တနင်္သာရီတိုင်းကို ခရီးထွက်ခဲ့ပါတယ် ။ ၈၈မျိုးဆက် ငြိမ်းချမ်းရေှးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ ကိုဂျင်မီနဲ့ ကျနော်တို့ကို တနင်္သာရီတိုင်းက ဖိတ်ခေါ်တဲ့ စာပေ ဟောပြောပွဲ ခရီးစဉ်ဖြစ်ပါတယ် ။ ခရီးစဉ်က ၁၇ ရက်နေ့မှာ စတင်တာဖြစ်ပေမဲ့ အဲဒီနေ့ညနေမှာပဲ ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းက Western Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အမေထွား ပဲဆီသန့် မိသားစုရဲ့ စာပေပညာရှင် ၁၂ ဦးဂုဏ်ပြုပွဲမှာ ပါနေခဲ့လေတော့ ၁၇ ရက်နေ့မှာအတူမလိုက်လာနိုင်ခဲ့တော့ပဲ ၁၈ ရက်နေ့ကို ခရီးစဉ်ပြောင်းခဲ့ရတာဖြစ်ပါတယ် ။
ထားဝယ်လေဆိပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကအချို့နဲ့ ရပ်ရွာလူငယ်အချို့ လာရောက်ကြိုဆို နေခဲ့ကြပြီး အဖွဲ့ချုပ်ရုံးကိုရောက်ခဲ့ပါတယ် ။ လောင်းလုံကိုသွားရောက်ဟောပြောနေကြပြီဖြစ်တဲ့ ၈၈ ပွင့်လင်း အဖွဲ့ ပြန်မရောက်လာသေးခင် ခဏစောင့်ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ် ။ တစ်နာရီခွဲ လောက်အကြာ မှာတော့ လောင်းလုံကိုသွားတဲ့အဖွဲ့ပြန်ရောက်လာပါပြီ ။ ထားဝယ်မြို့ကမ်းနားလမ်း က ကျောက်နီမော် ကုမ္ပဏီရုံးခန်းကိုသွားရပါတယ် ။ အဲဒီမှာအားလုံးဆုံကြပြီးတဲ့နောက် သရက်ချောင်းမြို့နယ်ကို ချီတက်ကြပါ တယ် ။ ၁၈ ရက်နေ့ညဟောပြောပွဲကို သရက်ချောင်းမြို့နယ်မှာ ကျင်းပမှာမို့ပါ ။ ထားဝယ်မြို့အထွက်မှာတော့ လမ်းတိုးချဲ့ဖောက်လုပ်ဖို့လုပ်ဆောင်နေတာကိုတွေ့မြင်ရပါတယ် ။ ကျိုက်မရောမြို့အ၀င်ကလိုပဲ ထားဝယ်မြို့ အ၀င်က သာယာလှပလှတဲ့ ထန်းပင်တန်းကတော့ လမ်းမြေတို့ချဲ့ရာမှာ အနိစ္စတရားနဲ့ကြုံတွေ့သွားခဲ့ပါပြီ ။
သရက်ချောင်းမှာ ဟောကြပြောကြပြီး တစ်ညအိပ်ခဲ့ပါတယ် ။ နောက်တစ်နေ့ဟောပြောမဲ့ ပုလောနဲ့ လမ်းကရွာတွေက အကြိုထောက်သူတွေရောက်လာကြပါတယ် ။ နောက်တစ်နေ့မနက်စောစောထွက် ၁၁ နာရီလောက်မှာ ၀မ်းကဖော်ရွာ ဘုန်းတော်ကြီးကျောင်းမှာ တစ်ပွဲဟောရပြန်ပါတယ် ။ အဲဒီမှာ တိုင်းရင်းသား ကရင်အမျိုးသား အမျိုးသမီးလေးတွေက ဒုန်းယိမ်းအကနဲ့ကြိုဆိုကြပါတယ် ။ ၀မ်းသာစရာကောင်းတာက ရေအိုးလေးလုံးကိုခေါင်းပေါ်မှာတင်ရွက်ပြီး ထားဝယ်ရိုးရာ ဒိန်းသံနဲ့ ကပြခဲ့တဲ့ ထားဝယ်သူလေးကိုမြင် တွေ့ခဲ့ရတာပါပဲ ။ ရိုးရာဓလေ့ကိုထိမ်းသိမ်းထားသေးတဲ့ ဒီလိုလုံမပျိုတွေ လုလင်ပျိုတွေ နိုင်ငံမှာရှိပါသေး တယ်ဆိုတာကို မြင်ရတွေ့ရတာကြည်နူးလိုက်တာများ ပြောမပြတတ်အောင်ပါပဲ ။
မဟောပြောခင်မှာ ဒေသခံတွေနဲ့ စကားစမြည်ပြောကြဆိုကြ တင်ပြကြဆွေးနွေးကြနဲ့ လဘက်ရည် ၀ိုင်းလေး တည်ခဲ့ပါတယ် ။ တစ်လောကမှ နိုင်ငံကို ပါးကြိမ်းနားကြိမ်း ကြိမ်းသွားခဲ့တဲ့ မင်းလက်ဝါး လက်သစ် ဘွဲ့ခံ ၀န်ကြီးမင်းက ဒီဒေသမှာလဲ မင်းမူသွားခဲ့တယ်ဆိုတာကို ကြားသိခဲ့ရပါတယ် ။ ရှေ့မီနောက်မီ ဘိုးကြီးတစ်ဦးရဲ့ပြောပြချက်အရ ဒီဒေသမှာ ထင်ရာစိုင်းခဲ့ကြတဲ့ အတိတ်က အာဏာရှင်တို့ရဲ့ တရားမဲ့လုပ်ရပ် တွေကို ကြားသိရပါတယ် ။ ကျနော်တို့ရွာကလေး အခြေတကျနေရတာ ဆယ်နှစ်ပဲရှိပါသေးဗျာ ၊ အဲဒီအရင်ကဆို တော်ကြာ ဟိုဘက်ပြောင်း ၊ တော်ကြာ ဒီကိုရွှေ့နဲ့လုပ်ခဲ့တာ သောင်ပြင်လွှတ်တဲ့ ခွီး (ခွေး) လိုပါပဲ .. တဲ့ ။ တစ်ရွာလုံးကယောင်္ကျားတွေပေါ်တာအဆွဲခံရလို့ မိန်းမချည်းပဲကျန်တဲ့ မုဆိုးမ ရွာတောင်ရှိ ပါတယ် … တဲ့ ။ ခုလဲ သူတို့တွေက ဒီနေရာတွေမှာ သြဇာအာဏာသုံးနေတုန်းပါပဲတဲ့ ရိုးသားတဲ့ ပညာအား နည်းတဲ့ ရွာသူရွာသားတွေ ကိုချိမ်းခြောက်နေတုံးပါပဲတဲ့ အဲဒါကြောင့် ဆရာတို့ရောက်တုန်းရောက်ခိုက် ရွာသူရွာသားတွေကို အားပေးစကားပြောပေးခဲ့ဖို့ မကြောက်ကြဖို့ ဟောပြောပေးခဲ့ပါတဲ့ဗျာ (ဟောခဲ့ပြောခဲ့တဲ့ မကြောက်တရားဆောင်းပါးလေးကိုတော့ နောက်မှပဲရေးပါတော့မယ်)။
အဲဒီကနေ ဟောပြောပြီး နေ့လည်(၁) နာရီမှာ ပုလောမြို့နယ်ကိုထွက်ခွာခဲ့ပါတယ် ။ လမ်းခရီးမှာ ထူးထူးဆန်းဆန်း အမည်ပေးထားတဲ့ ထမင်းမစား ရွာဆိုတာကိုတွေ့ခဲ့ရပါတယ် ။ မေးမြန်းစုံစမ်းကြည့်တော့ ယိုးဒယားကို စစ်ချီရာက အပြန် အလောင်းမင်းတရားကြီးက ဒီနေရာကို ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ် ။ ဒီရွာကိုရောက်တော့ ထမင်းစားချိန်ဖြစ်ပေမဲ့ မင်းတရားကြီးက ဒီနေရာမှာမစား ရှေ့ရွာကျမှ နားပြီးစားမယ်လို့ မိန့်ကြားခဲ့တဲ့အတွက် ထမင်းမစား ရွာလို့ အမည်ရခဲ့ကြောင်း ၊ ရှေ့ရွာ (ကျနော်တို့ဖြတ်ခဲ့ပြီးတဲ့ရွာ)ရောက် တော့မှ တပ်ချပြီး ထမင်းစားကြတော့ ဆာလောင်မွတ်သိပ်လွန်းတဲ့အတွက် အလွန်စားဝင်ကြတော့ ထမင်း တောင်မလောက်တော့တဲ့အတွက် မလောက်ရွာ လို့ခေါ်ကြောင်း ဒေသိယ ပါးစပ်ရာဇ၀င်ကို ပါကြားနာ မှတ် သားခဲ့ရပါတယ် ။
ပုလောမှာ လယ်ဝိုင်းကျောင်းတိုက်မှာ နားခိုကြပါတယ် ။ အဲဒီကျောင်းတိုက် ဓမ္မာရုံမှာပဲ ဟောပြောရမှာ ဖြစ်ပါတယ် ။ ကျောင်းတိုက်ဆရာတော်က အမှိုက်ပုံထဲကနေ ကျောင်းတိုက်တည်ထောင်ခဲ့သူ တကယ့်ပုဂ္ဂိုလ် တစ်ပါးပါပဲ ။ ဒေါက်တာဘွဲ့ရ ရဟန်းတစ်ပါးလဲ ဖြစ်ပါတယ် ။ ကွန်ပြူတာသင်တန်း ၊ အင်္ဂလိပ်စာ သင်တန်း များကို ကိုယ်တိုင်ပို့ချသင်ကြားပေးသူလည်းဖြစ်ပါတယ် ။ Dhamma School သင်တန်းများဖွင့်လှစ် သင်ကြားပေးနေပြီး ကျောင်းသားကျောင်းသူများကို CCA စနစ်နဲ့ ပို့ချသင်ကြားပေးနေသူ သာသနာ့ အာဇာနည်တစ်ပါးလဲဖြစ်ပါတယ် ။ နာမကျန်းသူများကို ဆေးဝါးကုသပေးဖို့ ကူညီမှုအသင်းကိုလည်း ထူထောင် ထားတဲ့အပြင် ၊ ကျောင်းတိုက်အတွင်းမှာ စာကြည့်တိုက်ကြီးတစ်ခုကိုတည်ထောင်ဖို့ အဆောက်အအုံကို တည်ဆောက်နေတာကိုလည်း မျက်မြင်တွေ့ခဲ့ရပါတယ် ။ ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက် ဖို့ဆိုတာ အခြေခံခိုင်မှဖြစ်မယ် ဒကာကြီးလို့ မိန့်ကြားတဲ့ ဆရာတော်ရဲ့ သြ၀ါဒကို နာခံရင်း ၊ မြတ်ဗုဒ္ဓ ရဲ့သာသနာတံတိုင်းကို အခိုင်အမာတည်ဆောက်မဲ့ ကျောက်စိုင်ကျောက်သားပါလားလို့ ပီတိသော မနဿ ဖြစ်ခဲ့ရပါတယ် ။
ထူးခြားတာက အဲဒီနေ့ညဟောပြောပွဲကို အမေးအဖြေကဏ္ဍထည့်ပေးဖို့ ပရိသတ်ကလာရောက် မေတ္တာရပ်ခံခဲ့ကြတာပါပဲ ။ ဦးကိုကိုကြီးက ကျနော့်ကို အဲဒါကောင်းတယ် ကိုထင်လင်းဦးလို့ ပြောလာတော့ ကျနော်ကလည်း ထောက်ခံခေါင်းငြိမ့်ခဲ့ပါတယ် ။ အဲဒီလိုနဲ့ဟောပြောပြီးတဲ့နောက် ဦးကိုကိုကြီး ၊ကိုဂျင်မီနဲ့ ၊ ကျနော်တို့ (၃)ယောက်ထိုင်ပြီး ပရိသတ်ရဲ့မေးခွန်းတွေကိုဖြေခဲ့ပါတယ် ။ အဓိက ဒိုင်ခံဖြေတာက ဦးကိုကိုကြီးပါပဲ ။ ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်လို့ မရဖူးဆိုရင် ဘယ်လိုဆက်လုပ်ကြရမလဲ ဆိုတဲ့ မေးခွန်းတစ်ခုကိုပဲ ဖြေခဲ့တာဖြစ်ပါတယ် ။ ပုလောပရိသတ်ဟာ ကိုယ့်ကိုကိုယ် ရှည်လျားထွေပြားမိတ်ဆက်ခြင်းမပြုဘဲ လိုရင်းကို ကွက်တိခွင်ကျ မေးခွန်းထုတ်ခဲ့ကြတဲ့ အပြင် မေးလာတဲ့ မေးခွန်းတွေကလည်း တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ပတ်သက်တဲ့မေးခွန်း ၊ ဒီမိုကရေစီစနစ်မှာ အချုပ်အခြာအာဏာပိုင်ရှင်ဟာ ဘယ်သူပါလဲ ဆိုတဲ့ မေးခွန်း ၊ ရွေးကောက်ပွဲပြီးရင် ရွေးကောက် တင် မြှောက်ပေးလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မမြင်ရတော့ဘူး ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မေးခွန်းတွေဖြစ်တာမို့ အံ့သြလေးစားခဲ့ရပါတယ် ။ မြန်မာ့နိုင်ငံရေး ရေချိန်မြင့်တက်စပြုလာတယ်လို့လဲ တွေးမိပြီး ပီတိဖြစ်ခဲ့ရပါတယ် ။
ပုလောက ပြည်သူတွေရဲ့ မေးမြန်းမှုတွေကိုကြားသိရတဲ့အခါမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး ၊ တရား စီရင်ရေး အာဏာပိုင်ဆိုတဲ့လူတွေနဲ့ ပြည်သူတွေအကြား ဘယ်အရာကခြားနားနေသလဲ ဆိုတာ ကွင်းကွင်း ကွက်ကွက် မြင်လာရပါတယ် ။ အဲဒီလူတွေနဲ့ ၀န်ထမ်းတွေဟာ ကိုယ့်ကိုကို ပြည်သူ့ဝန်ထမ်းအဖြစ် စိတ်မပိုင်းဖြတ်နိုင်သေးတာ ၊ ပြည်သူက ပေးထားတဲ့ လစာကြေးငွေကိုခံစားနေပြီး ၊ အစိုးရက လစာပေး တယ်လို့ ထင်မြင်မှုတွေ အရိုးစွဲနေတာ ၊ ပြည်သူကို အလုပ်အကျွေးပြုရမဲ့သူများဖြစ်ပါလျက် ၊ ပြည်သူကို ကျေးဇူးပြုနေသူများလို့ အထင်ခံ အလေးစားအရိုအသေခံချင်နေကြတဲ့ စိတ်ဓါတ်အဟောင်းအမြင်းများကို ဖွတ်လျော်သန့်စင်ခြင်းမပြုနိုင်ကြသေးခြင်းဟာ အဓိကခြားနားကွဲပြားနေမှုပဲ ဆိုတာကို သိသာလာရပါတယ် ။ သူ့ဆန်စားရဲမှ ဆိုတဲ့ အတွေးမျိုးကိုတွေးနေသေးတာ အပြစ်မဆိုပေမဲ့ အဲဒီ ၀န်ထမ်းတွေ စားနေတဲ့ ဆန်ဟာ ဘယ်သူကျွေးတဲ့ဆန်လဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးတာက အတော်ဆိုရွားတဲ့အချက်ဖြစ်ပါတယ် ။ ဒါဟာ ၀န်ထမ်းတွေကို ပြည်ထောင်စုက ရွေးချယ်လေ့ကျင့်ခန့်အပ်နေခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ဖြစ်ပါတယ် ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူက တိုက်ရိုက်ခန့်ထားနိုင်တဲ့ စနစ်တစ်ခုကို အမြန်ဆုံး တည်ဆောက်ဖို့လိုအပ်နေတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေတဲ့ အချက်လဲဖြစ်ပါတယ် ။
ပုလောကအထွက် သမုတ်ရွာမှာ ခဏနားတော့ လော့လော့ ကျောက်မီးသွေး လျပ်စစ် ဓါတ်အား ပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းအကြောင်းကို ကြားရပါပြီ ။ သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားရရှိရေး ဆိုတဲ့ စာတမ်းကိုရိုက်နှိပ်ထားတဲ့ တီရှပ်ဝတ်လူငယ်တွေကို မြင်တွေ့ရပါတယ် ။ အကျိုးအကြောင်း မေးမြန်းကြည့်တော့ သူတို့ကလည်း ကျနော်တို့ကို ဒီအကြောင်းတွေရှင်းပြတိုင်တမ်းဖို့ လာရောက် စောင့်ကြို နေကြတာဖြစ်တယ်လို့ သိရပါတယ် ။ ကျနော်တို့ကတော့ စတင်ပြောဆိုကြရမှာ ဒီလိုလျပ်စစ်ဓါတ် အားပေး စက်ရုံတွေဟာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ် ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဆန္ဒပြမယ် ဆိုတာမျိုး မဖြစ်စေဖို့ သတိပေးပြောဆိုခဲ့ကြပါတယ် ။ ဒီဆန္ဒပြပွဲကို အဓိကခေါင်းဆောင်လုပ်ရှားနေတဲ့ သမုတ် ကျေးရွာက ကိုထိန်လင်းက ရှင်းလင်းပြောပြရာမှာတော့ သူတို့အနေနဲ့ ဒီအချက်ကိုလက်ခံကြပါတယ် ။ ဒါပေမဲ့ ကျောက်မီးသွေးစက်ရုံကို ဘယ်လို Mechanisim နဲ့ တည်ဆောက်မယ်ဆိုတာ လုံးဝမသိရပါဘူး ၊ ဒီစက်ဟာ စက်သစ်လား ၊ သူများနိုင်ငံက အကျလားဆိုတာမသိရပါဘူး ၊ ဘယ်လို သန့်စင်ရေး စနစ်တွေ အသုံးပြုမယ်ဆိုတာ လုံးဝမသိရပါဘူး ၊ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေးအတွက် EIA , SIA အစီ ရင်ခံချက် များကိုလည်း တောင်းခံခဲ့ပေမဲ့ လုံးဝအသိ မပေးခဲ့ပါဘူး ။ ဒါကြောင့် ဒီလိုဆန္ဒပြနေရတာဖြစ်ပါတယ် လို့ အသေးစိတ်ရှင်းပြခဲ့ပါတယ် ။
ကျနော်တို့နိုင်ငံမှာ အစိုးရနဲ့ ပြည်သူကြား မဖြစ်သင့်ပဲ ဖြစ်နေရတဲ့ ပြဿနာတွေက ဒီလိုပွင့်လင်း မြင်သာမှုမရှိတာတွေကြောင့်ပဲဖြစ်ပါတယ် ။ စေတနာမှန်ကန်မှုဟာ မှတ်ကျောက်တင်ခံနိုင်ရပါမယ် ။ ဒီမိုကရေစီနိုင်ငံသစ်ရဲ့ အစမှာ ပွင့်လင်းမြင်သာသော ဆောင်ရွက်ချက်များကသာလျှင် ကောင်းမွန်သော အစိုးရ ၊ သန့်ရှင်းသောအစိုးရကို ဖြစ်တည်စေနိုင်ပါလိမ့်မယ် ။ ဒီကျောက်မီးသွေးစက်ရုံရဲ့ လုပ်ဆောင်မဲ့ လုပ်ဆောင် ချက်များနဲ့ အသုံးချနည်းပညာများကို ဒေသခံပြည်သူတွေ ကို ပွင့်လင်းစွာ အသိပေးရပါလိမ့်မယ် ။ ဒီစက်ရုံကြောင့် ဘာတွေ အကျိုးရှိမယ်ဆိုတာပဲ အသံလွှင့်နေပြီး ၊ ဘာတွေအကျိုးပျက်ပြားနိုင်တယ်ဆိုတာကို ထုတ်ဖော်မပြောဖူးဆိုကတည်းက တစ်ခုခုကို ဖုံးကွယ်တယ်လို့ ပြည်သူတွေက အထင်ရောက်စရာဖြစ်သွားပါပြီ ။ ကျောက်မီးသွေးနဲ့လည်ပတ်တဲ့ ဓါတ်အားပေးစက်ရုံတည်တယ်ဆိုတာဟာ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ် သောကများစွာမကင်းဖွယ် ဖြစ်ပါတယ် ။ အဲဒီစိုးရိမ်သောကတွေကို ပွင့်လင်းမြင်သာမှုနဲ့ ဖြေဖျောက် မပေးဘဲ ထင်ရာမြင်ရာလုပ်ရင်တော့ အစိုးရနဲ့ ပြည်သူအကြား ပဋိပက္ခဟာ ပိုမိုကြီးထွား လာစရာ အကြောင်း ရှိပါတယ် ။ ဒီအချက်ကို ဒေသခံပြည်နယ်အစိုးရအဖွဲ့က အထူးသတိထားပြီး ကိုင်တွယ်ဖြေရှင်းပါလို့ သတိပေးချင်ပါတယ် ။ နောက်တစ်ချက်ကတော့ ဒီ ကျောက်မီးသွေးစက်ရုံတည်ဆောက်တာကို ဒေသခံများက ထောက်ခံပွဲဆိုပြီး လာရောက်လုပ်ဆောင်သွားခဲ့ပါတယ် ။ အဲဒီထောက်ခံပွဲကိုလာရောက်သူတွေထဲမှာ သမုတ် ၊ လော့လော့စတဲ့ အနီးဝန်းကျင်ရွာများက ဒေသခံတစ်ယောက်မှ မပါပါဘူး ၊ အဲဒီလို မလိမ့်တစ်ပါတ်လုပ်တဲ့ ညဉ်ဆိုးကိုမဖျောက်နိုင်တာကိုလည်း ဒေသခံတွေက အတော်ကိုပဲ စိတ်ဆိုးစိတ်ပျက်နေကြပါတယ် ။ အခု အဲဒီအတွက်ပဲ ဒေသခံတွေကိုယ်တိုင် လက်မှတ်ရေးထိုးကန့်ကွက်မှုများကို စတင်လုပ်ဆောင်နေပါပြီ ။ ဒါဟာ မကောင်းတဲ့ အလားအလာတွေပါ ။ အစိုးရရဲ့ စီမံကိန်းတွေကို ပြည်သူတွေက လက်မခံသဘောမတူဘူးဆိုရင် ဘာလုပ်မှာလဲ အတင်းအဓမ္မဆက်လုပ်မှာလား ၊ ဖျက်သိမ်းမှာလား ၊ ပြည်သူတွေလက်ခံလာနိုင်အောင်ပွင့်လင်း မြင်သာ ဆွေးနွေးဖြေရှင်းတဲ့နည်းလမ်းနဲ့ဆက်လုပ်မှာလားလို့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ ဒေသခံ ပြည်နယ်အစိုးရအနေနဲ့ ကိုယ့်ပြည်နယ်တွင်း အေးချမ်းစွာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ဖို့အတွက် ပွင့်လင်းမြင်သာ၍ မှတ်ကျောက်အတင်ခံရဲသော စေတနာစိတ်နဲ့ ပြည်သူတွေကိုထွေးပွေ့ပါလို့ လေးစားစွာ မေတ္တာရပ်ခံခဲ့ချင်ပါတယ် ။
တင်္နသာရီမြစ်ကိုဖြတ်အကူးမှာ ကြားရတဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အတော့ကိုရင်နာစရာပါပဲ ။ ဘိတ်(မြိတ်)မြို့ဟာ စိမ်းစားငပိ (မျှင်ငပိ) ၊ ငံပြာရည်ချိုတို့ နဲ့တွဲဖက်ပြီးထင်ရှားတဲ့မြို့တစ်မြို့ဖြစ်ပါတယ် ။ မြန်မာ့ရုပ်ရှင်လောကမှာထင်ရှားလှတဲ့ ဒါရိုက်တာကြီးတစ်ဦးဟာ သူရဲ့နာမည်ကို ဘိတ်ကလာတဲ့ ငံပြာရည် လို့ အမည်နာမတပ်ခဲ့တဲ့အထိ ဘိတ်ငပိ ငံပြာရည်ရဲ့ ဂုဏ်သတင်းက ကျော်စောခဲ့တာပါ ။ အဲဒီလိုထင်ရှား ကျော်ကြားလှတဲ့ ဘိတ်မြို့ဟာ အခုဆိုရင် ငပိကို ပြန်ဝယ်စားရတော့မဲ့ အခြေဆိုက် နေပါပြီလို့ မိတ်ဆွေ ဘိတ်သားများက ပြောပြကြပါတယ် ။ စပါးထွက်တဲ့ အရပ်က ဆန်ဝယ်စားရ ၊ မြေပဲ ၊ နှမ်းထွက်တဲ့ အရပ်က ဆီဝယ်သုံးရ ဆိုတဲ့ အဖြစ်မျိုးလို ငပိအလွန်နာမည်ကြီးတဲ့ ဒေသတစ်ခုက ငပိကို ပြန်ဝယ်စားရပါတော့မယ်လို့ ပြောလာရတဲ့ အဖြစ်ကတော့ အတော့်ကို ဆိုးရွားတဲ့ အဖြစ်ပါပဲ ။
ဘိတ်ငပိကို ဂွေး လို့ ခေါ်တဲ့ ပုစွန်ဆိတ်သေးသေးကလေး ၊ မျှင်ကောင်ကလေး များကနေ ထုတ်လုပ်ရရှိပါတယ် ။ ဂွေးကောင်ကလေးများဟာ ဘိတ်ကျွန်းစုဒေသမှာပဲ တွေ့မြင်နိုင်တဲ့ ဇီဝသတ္တ၀ါ တစ် မျိုးလဲ ဖြစ်ပါတယ် ။ ဂွေးထောင်တဲ့ စန္ဒားပိုက်တန်းများကိုလည်း ဂွေးစန္ဒားလို့ ခေါ်ကြပါတယ် ။ နီကျင်ကျင် အရောင်အဆင်းရှိတဲ့ ဒီဂွေးကောင်များ အုပ်လိုက်ကျလာပြီဆိုရင် ပင်လယ်ရေပြင်ဟာတောင် နီမြန်းနေတယ်လို့ ဆိုကြပြောကြပါတယ် ။ အခုတော့ ဘိတ်သားများမှာ ဂွေး ပျောက်တော့မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ ။
ဒီအင်မတန်သေးငယ် နုနယ်လှတဲ့ ရေနေသတ္တ၀ါကလေးများဟာ မြို့အနီးတစ်ဝိုက်မှာ ပေါ်ပေါက် လာတဲ့ လှေဒေါက် (လွန်းကျင်း) များ နဲ့ ငါးဖမ်းသင်္ဘောများက စွန့်ပစ်တဲ့ ဒီဇယ်ဆီ ၊ အင်္ဂျင်ဝိုင်စတဲ့ ရေထုညစ်ညမ်းစေသော စွန့်ပစ်ပစ္စည်းများကြောင့် တစ်စထက်တစ်စလျော့နည်းလာရတာဖြစ်တယ်လို့ မြို့ခံများက ပြောပြကြပါတယ် ။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ လူသားတွေကို အမြဲတမ်း စိမ်ခေါ်နေတဲ့ အန္တရာယ်ဖြစ်ပါတယ် ။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေရှိလာတိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်လာတတ်တာဖြစ်ပေမဲ့ ၊ ဖွံ့ဖြိုးမှုတိုးတက်မှု အများဆုံးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ဖို့ ကိုတော့ နည်းလမ်းရှာကြံကြရပါလိမ့်မယ် ။ ဂေဟဗေဒ ဆက်နွယ်မှုသဘောတရားအရ သက်ရှိတစ်မျိုး မျိုးသုဉ်းပျောက်ကွယ်ခြင်းဟာ လူသားမျိုးနွယ် ကွယ်ပျောက်ခြင်းရဲ့ နိဒါန်းလို့ ဆိုနိုင်ပါတယ် ။ ဒါကြောင့်မို့ ဘိတ်ကျွန်းစုက နာမည်ကျော် မျှင်ငပိရဲ့ အဓိက ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ဂွေးကောင်များ လျော့နည်းလာရာက လုံးဝမျိုးသုဉ်းပျောက်ကွယ်သည်အထိ ဖြစ်မလာစေဖို့ ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ဒေသခံများ လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ အသိပေးနှိုးဆော်ချင်ပါတယ် ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘိတ်သားတွေ ဂွေးပျောက်တဲ့ အန္တရာယ်နဲ့ ကြုံရပါလိမ့်မယ် လို့ အလေးအနက် သတိပေးလိုက်ပါတယ် ။
လူသားတွေမှာ ယောင်္ကျားနဲ့ မိန်းမအိမ်ထောင်ဘက်ပြုကြပြီး လင်ရယ်မယားရယ် ဘ၀တစ်ခုကို ထူထောင်ကြရာမှာ သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ် ။ သာယာတဲ့ အိမ်ထောင်တစ်ခုကို ပွင့်လင်းရိုးသားမှုနဲ့ထူထောင်ရပါတယ် ။ ယောင်္ကျားနဲ့ မိန်းမတို့အကြား အတိတ်က အကြောင်းအရာများကို မလျို့မ၀ှက် ပွင့်လင်းစွာအသိပေးထားသင့်ပါတယ် ။ အဲဒီလိုမှ မဟုတ်ရင် နောင်တစ်ချိန်လျို့ဝှက်ချက်ပေါ်ပေါက်လာတဲ့အခါ အိမ်တွင်းရေး မပြေလည်မှုတွေ ပေါ်ပေါက်ပြီး မိသားစုဘ၀ ပြိုကွဲသည်အထိဖြစ်တတ်ပါတယ် ။ တစ်ယောက်ရဲ့ အကြိုက်နဲ့ စရိုက်လက္ခဏာများကို တစ်ယောက်က ကြိုသိထားရပါမယ် ။ ဒါမှ အပေးအယူတူမျှတဲ့ လင်မယားဘ၀ကို ထူထောင်နိုင်ပြီး သာယာတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။ အဲဒီလိုမဟုတ်ဘဲ လင်ကိုယ်မယား ဘ၀ကိုထူထောင်ပြီးကာမှ ငယ်ကျိုးငယ်နာ တွေပေါ်ပေါက်လာ ၊ အကြိုက်မတူတာ စရိုက်မတူတာတွေပေါ်ပေါက်လာမယ်ဆိုရင်တော့ နေ့တကျက်ကျက် ၊ ညတကျက်ကျက်နဲ့ ပြဿနာတွေတက်တော့မှာပါပဲ ။ အဲဒီအခါမျိုးမှာ တစ်ချို့တစ်လေမှာ တစ်ဖက်က နိုင်စားလို့ တဖက်က ကြိတ်မှိတ်ခံရင်း မကြည်ဖြူသော်လည်း ဆက်လက်တွဲသွားကြရတဲ့ အဖြစ်မျိုးတွေရှိသလို ၊ လင်က အိမ်ကဆင်းလိုက် ၊ မယားက အိမ်ကဆင်းလိုက်နဲ့ နောက်ဆုံး အိမ်ထောင်တစ်ခုပြိုကွဲရတဲ့အထိလဲ ဖြစ်သွားတတ်ပါတယ် ။ အပျော်ထမ်း လင်မယားလုပ်တမ်းမကစားကြပဲ ၊ တကယ်သာယာခိုင်မြဲတဲ့ အိမ်ထောင် တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင်တောင် ပွင့်လင်းမှုနဲ့ ကြိုတင်ညှိနှိုင်းမှုဟာ အလွန်အရေးပါတယ်ဆိုတာ ဒီလောက်ဆိုရင် နားလည်နိုင်ကြပါလိမ့်မယ် ။
နိုင်ငံတစ်ခုမှာ အစိုးရနဲ့ ပြည်သူကြားမှာ ပွင့်လင်းမြင်သာမှုနဲ့ ကြိုတင်ညှိနှိုင်းမှုများဟာ နိုင်ငံတစ်ခု သာယာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အရေးကြီးပါတယ် ။ အစိုးရက ပြည်သူကို ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ဆောင်ချက်တွေလုပ်နေရင် ပြည်သူတွေက မကျေမနပ်နဲ့ ဆန္ဒပြတာတွေ ကန့်ကွက်တာတွေ ဖြစ်လာမှာ မလွဲမသွေပါပဲ ။ အဲဒီလိုဖြစ်လာကာမှ အာဏာအားကိုးနဲ့ နှိပ်နင်းမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဆီကို ရှေးရှုသွားမှာ မလွဲမသွေပါပဲ ။ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံ အဆောက်အအုံတွေများစွာ လိုအပ်ပါတယ် ။ ဒါပေမဲ့ အဲဒီအခြေခံအဆောက်အအုံများဟာ ပြည်သူတွေအတွက် အကျိုးတရားထက် အဆိုးမများဖို့ အစိုးရက တာဝန်ယူရပါမယ် ။ အဲဒီလို အကျိုးရှိနိုင်မယ်ဆိုတာကိုလဲ ပြည်သူကို ဒိုးလျှိုပေါက် ပွင့်လင်းမှုများနဲ့ ပွင့်လင်းမြင်သာစွာ အသိပေးရပါလိမ့်မယ် ။ အဲဒီလိုမဟုတ်ခဲ့ တဲ့အတွက် မြစ်ဆုံစီမံကိန်းကြီးဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေခဲ့ရတာမဟုတ်လား၊ ဒီလိုသိသာ ထင်ရှားလှတဲ့ အချက်ကိုတောင် သင်ခန်းစာမယူပဲ လော့လော့ ကျောက်မီးသွေး လျှပ်စစ်ဓါတ် အားပေးစက်ရုံနဲ့ အလားတူလုပ်ရပ်တွေကို လက်သည်းဖွက် လုပ်ဆောင်နေတာကတော့ ပြည်သူနဲ့ အစိုးရကြား နားလည်မှု တွေခြားနားပြီး ပဋိပက္ခတွေကို လက်ယပ် ခေါ်နေတဲ့ လုပ်ဆောင်ချက်တွေလို့ ဆိုရပါလိမ့်မယ် ။ ပြည်သူတွေက အစိုးရရဲ့ လင်မယားလုပ်တမ်း ကစား သလို လုပ်ဆောင်နေတာကို ခံနေရတာများလှပါပြီ ။ ပြည်သူတွေကို တန်ဖိုးထားပြီး အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရိုးရှင်းစွာ ဖြောင့်မတ်စွာနဲ့ ပေါင်းသင်းဆက်ဆံမဲ့ အစိုးရမျိုးကိုပဲ ကျနော်တို့ ပြည်သူတွေက အလိုရှိပါတယ် ။ မရခင်ဖျာလိုလိပ်ထိပ်ပေါ်တင် ရကာမှ ဖျာလို ခင်းနင်းပြီး ကွယ်ရာကွယ်တိုင်း ထင်ရာစိုင်းတတ်တဲ့ အစိုးရမျိုးကိုတော့ လုံးဝအလိုမရှိကြောင်း အသိပေး လိုက်ရပါတယ်ဗျာ ။

ဖက်ဆစ်စစ်အုပ်စု မွေးစားသား -


လွယ်မော်မှဟိုမိန်း၊ဟိုမိန်းမှလွယ်တိုင်းလျန်း ရောက်လာပြီလား
 
 
ဗိုလ်နေဝင်းဟ တိုင်းပြည်၊ လူမျိုး၊အဖွဲ့အစည်းသပ်သျှိုဖြိုခွဲရာမှာ အကြံပက်စက် ဉာဏ်နီဉာဏ်နက် အလွန်များတဲ့ဖက်ဆစ်အာဏာရှင်ကောင် ဖြစ်တယ်။
 
ပြည်ထောင်စုမြန်မာနိုင်ငံလို့ ဖြစ်ပေါ်လာရတဲ့ပင်လုံစာချုပ်အရဘဲကြည့်ကြည့်၊ ဒေသန္တရပထဝီအနေအထားဘဲကြည့် ကြည့်၊ ရှမ်းပြည်ဟာအလွန်အရေးပါတယ်ဆိုတာ ငြင်းစရာရှိမယ် မဟုတ်ပါ။ ရှမ်းပြည်မှာ ရှမ်း၊ ဝ၊ ပလောင်၊ပအိုဝ့်၊ ကိုး ကန့်၊ ကချင်၊ ဓနု၊ အင်းသား၊ လားဟူ စတဲ့တိုင်းရင်းသားလူမျိုးစုများဟာ ရောင်စုံပွင့်တဲ့ပန်းဥယျာဉ်တခုလို သာယာလှ ပပြီးရှမ်းပြည် အမျိုးသားစိတ်ဓာတ်မှာလည်း အင်မတန် သွေးစည်းညီညွတ် ခိုင်မာခဲ့ကြောင်းသမိုင်းမှာ တွေ့ရှိရတယ်။
 
ဒါကြောင့် ဗိုလ်နေဝင်းဟာ ဗကပရန်ကာကွယ်ဖို့ အကြောင်းပြပြီး ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းရင်းသားလူမျိုးစုများကို တရားဥပဒေနဲ့ဆန့်ကျင်တဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးချက်လုပ် ရောင်းဝယ်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်လုပ် စေပြီးမိမိလက်နက် မိမိဖာသာဝယ်ယူစေတဲ့ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းစေခဲ့တယ်။ အဲဒီထဲကဘိန်းဘုရင် ခွန်ဆာ ဦးဆောင်တဲ့ လွယ်မော်ကာကွယ်ရေးတပ်ဟာ ထိပ်ဆုံးကပါ။ မဆလခေတ်ကာလမှာခွန်ဆာကာကွယ်ရေးတပ်ဟာ ရှမ်းပြည်မြောက်ပိုင်းကနေ မန္တလေး-တောင်ကြီး-ကျိုင်းတုံဘက်ကိုကားအစီးပေါင်း ၄၀-၅၀ ပါတဲ့ ကားတန်းကြီး လာပြီ ဆိုရင် ဂိတ်အားလုံးကြိုတင်ဖွင့်ထားရတယ်။ သယ်လာတဲ့ ကျောက်မျက်ရတနာတွေ၊ ဘိန်းမဲ ဘိန်းဖြူတွေကိုထိုင်းနိုင်ငံ နယ်စပ်ဘက် ရောင်းချပြီး ကားအပြည့်လက်နက်မျိုးစုံလွတ်လပ်စွာပြန်လည်သယ်ဆောင်လာကြတယ်။
 
အဲဒီလို ၁၀ နှစ်ကျော် မဆလခေတ်ကာလမှာခွန်ဆာရဲ့ လွယ်မော်ကာကွယ်ရေးအဖွဲ့ဟာ အင်အား ၄-၅ ထောင်ရှိလာ တော့ရှမ်းပြည်အလယ်ပိုင်းကနေ ထိုင်းနယ်စပ် ဟိုမိန်းဒေသကို ဌာနချုပ် ချထားလိုက်တယ်။ကမ္ဘာ့နိုင်ငံတကာက ဘိန်းဘုရင်ခွန်ဆာလို့ သတ်မှတ်လာလို့ ဗိုလ်နေဝင်းနဲ့ဘိန်းဘုရင်ခွန်ဆာ နားလည်မှုလန်ကြုပ်လုပ်ရပ်တခုအဖြစ် ခွန် ဆာကိုဖမ်းထားပြီးရုရှားပါရဂူတွေနဲ့ လဲလှယ်လုပ်ခဲ့တယ်ဆိုတာလည်း အားလုံးသိကြပြီးဖြစ်တယ်။နိုင်ငံရေးခေါင်း ဆောင်များကနေပြီး ဘိန်းဘုရင်ခွန်ဆာဟာ ဗိုလ်နေဝင်းရဲ့မွေးစားသားဘဲလို့ သတ်မှတ်ပြောဆိုကြတာကိုလည်း ရှေ့မှီ နောက်မှီသူတိုင်းကြားခဲ့သိခဲ့ကြပါတယ်။
 
အဲဒီလို ဘိန်းဘုရင်ခွန်ဆာအင်အားကြီးလာတာနဲ့အမျှ အခြားတိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ဝ၊ ကချင်၊ ပလောင်၊ပအိုဝ့်၊ လားဟူလူမျိုးစုများအပေါ် ဗိုလ်ကျစိုးမိုးသွေးခွဲစနစ်ဖြစ်တဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေ ကျင့်သုံးလာတာကိုလည်း အားလုံးအသိဖြစ်တယ်။ ဒါ့အပြင် ဗိုလ်နေဝင်းကြိုးဆွဲတဲ့အတိုင်းဗကပ တင်မက ရှမ်းပြည်တော်လှန်ရေးမှာ အဓိကဖြစ် တဲ့ SSPP-SSAရှမ်းအမျိုးသားတော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံရေး-စစ်ရေးတာဝန်ခံဗိုလ်မှူးကြီး ဆိုင်မိန်း၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးပန်းအောင်၊ အတွင်းရေးမှူးဗိုလ်မှူးကြီးဆိုင်ဟန်၊ ဥက္ကဌစဝ်ဘွမ်တိုင်း နဲ့ နောက် ဆုံးဥက္ကဌ စိုင်းလိတ် တို့ကိုလုပ်ကြံသတ်ဖြတ်သွားခဲ့တာ အားလုံးအသိပင်ဖြစ်တယ်။ ဝသပ ကိုလည်း အကြောင်းမရှိလွယ်လန်းတောင်မှာ တိုက်ခိုက်ခဲ့တယ်။ မြန်မာနိုင်ငံသမတဟောင်း ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ရဲ့သား ယူဂျင်းသိုက်ကိုလည်း လုပ်ကြံဖို့ နှစ်ခါတောင်ကြိုးစားခဲ့သေးတယ်။
 
အဲ့သလို ဗိုလ်နေဝင်းမွေးစားသားဘိန်းဘုရင်ခွန်ဆာဟာ ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများဖြိုခွဲရေးလည်းလုပ်၊ ရှမ်းအမျိုးသားတော်လှန်ရေးခေါင်းဆောင်များကိုလည်း လုပ်ကြံသတ်ဖြတ်တဲ့တာဝန်တွေပြီးဆုံးသွားတော့ ရှမ်းပြည် သမတ ခံယူထားတဲ့ ခွန်ဆာဟာ မဆလစစ်အုပ်စုတဖြစ်လဲ နဝတထံအကြွင်းမဲ့လက်နက်ချလိုက်တယ်။ အဲ့လိုနဲ့ ကမ္ဘာ နိုင်ငံတကာနဲ့ တိုင်းရင်းသားများကိုလှည့်စားခဲ့တဲ့အပြင် ရှမ်းလူမျိုးတို့ကို အရှက်ခွဲခဲ့တာ အားလုံအသိဖြစ်တယ်။
 
အဲ့လို ဘိန်းဘုရင်ခွန်ဆာ အကြွင်းမဲ့လက်နက်ချခဲ့ပေမဲ့ရန်သူ့စီမံချက်အရ ဗိုလ်မှူးရွစစ်ဟာ ရှမ်းမျိုးချစ်ဆိုပြီး SURA ကို ပြန်တည်ထောင်လိုက်တယ်။၁၉၉၆ စက်တင်ဘာ-အောက်တိုဘာလမှာ ဗိုလ်ချုပ်ဆေထင်ဦးစီးတဲ့ SSPP-SSA ၊ ဗိုလ်မှူးကြီးကန်းရွက်ဦးစီးတဲ့ SSNA နဲ့ ရွစစ်ဦးစီးတဲ့ SURA တို့ဟာ ရှမ်းအမျိုးသားခေါင်းဆောင် SNLDဥက္ကဌ ခွန်ထွန်းဦးရဲ့ ကမကထပြုမှုနဲ့ SSNO-SSA အဖြစ် ပေါင်းစည်းဖို့ သဘောတူခဲ့ကြတယ်။ဒါကို နဝတက ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ အတွက် ပေါင်းစည်းရေးအစီအစဉ်ပျက်သွားခဲ့ရတယ်။ ဒါပေမဲ့ ပေါင်းစည်းရေးသဘောတူညီချက်အရ SURA ဟာ SSA တံဆိပ်တွေပြောင်းတပ်ပြီး SSA တပ်အဖြစ် နာမယ်ပြောင်း ပုံမှားရိုက်နိုင်ခဲ့တယ်။နိုင်ငံရေးတောင်ပံ အဖြစ်တော့ RCSS ကို တည်ထောင်လိုက်တယ်။
 
ခွန်ဆာလက်ထက်တုံးက မဆလကိုရောနဝတကိုရော စစ်ရေးတိုက်ခိုက်တာ မရှိခဲ့ဘူး။ ရပခ တိုင်းမှူးနဲ့ ပုံမှန်အဆက် အသွယ်လုပ်နေခဲ့တယ်။ဘယ်တပ်ပေါင်းစုနဲ့မှလည်း မဟာမိတ်မပြုခဲ့ဘူး။ အင်အားစုအုံးမယ်၊ အင်အားပြည့်မှချက်ခြင်းအပြုတ်တိုက်မယ်လို့ ဟစ်အော်ခဲ့တယ်။ ၈ လေးလုံးပြီးတော့တောခိုလာတဲ့ကျောင်းသားတွေကိုလည်း သတ် ခဲ့တယ်။
 
အခု ရွစစ်ကလည်း ဘယ်တပ်ပေါင်းစုထဲမှမပါဘူး။ နဝတ/နအဖ နဲ ဟန်ဆောင်တိုက်တာဘဲ ရှိတယ်လို့ ထင်မြင်ကြ တယ်။ ၂၀၁၁ တုံးကSSPP-SSA ဝန့်ဟိုင်းဌာနချုပ်ကို ဗမာစစ်တပ် ထိုးစစ်ဆင်တဲ့အချိန်မှာ SSPP-SSA ကိုကူညီမယ် အသံကောင်း ဟစ်ပြီး ပျောက်ကျားတိုက်ပွဲလေးတပွဲလောက် တိုက်ပြခဲ့တယ်။ရှမ်းပြည်မှာရှိတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကိုငါတို့ညီအစ်ကိုချင်း ဆိုပြီး ဖြိုခွဲအနိုင်ကျင့်နေတာ အားလုံးအသိဖြစ်တယ်။ ဗိုလ်ချုပ်ဆေထင်ကိုတောင်သူ့စကားပြန် အလုပ် လုပ်ခိုင်းလိုက်သေးတယ်။ ဗမာအစိုးရက မွေးထားတယ်လို့ဘဲ ရှမ်းပြည်သူ တွေကသံသယရှိနေတာကြာပြီ။ ရွစစ်ကို ရှမ်းပြည်ရဲ့သူရဲကောင်းလို့ ထင်လာအောင်၊ ရှမ်းပြည်မှာတကယ်တန်းနိုင်ငံ ရေးသြဇာကြီးတဲ့ မူလလက်ဟောင်း SSPP-SSA ကိုမှေးမှိန်ပျောက်ကွယ်သွားအောင်ဗမာအစိုးရက လုပ်နေတာလို့ ယူဆရတယ်။
 
အခု ရွစစ်ဟာအရပ်သားအရေခြုံစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ကချင်၊ပလောင်၊ SSPP တို့ကို သဲသဲမဲမဲကြီးတိုက်နေတဲ့အပေါ် နယ်မြေတဆက်တစပ်တည်း ရှိနေလို့RCSS ရွစစ်အဖွဲ့နဲ့လည်း မကောင်းတတ်လို့ တိုက်ဟန်ဆောင် တယ်၊ ဆင်လုံးတွေလုပ်တယ်လို့အများကသုံးသပ်ကြတယ်။
 
ခွန်ဆာ့မျိုးဆက်သစ် ရွစစ်ဟာဘိန်းဆန့်ကျင်ရေးကို အသံကောင်းဟစ် ဝါဒဖြန့်ပြနေပေမဲ့ အမေရိကန် နဲ့ ထိုင်း မူးယစ် အဖွဲ့တွေကRCSS-SSA ရဲ့ ဗီဇသရုပ်အမှန်ကို ကောင်းကောင်းသိနေကြတယ်။
 
အထူးသဖြင့် ခွန်ဆာဟာ မဆလကိုမတိုက်၊တိုင်းရင်းသားအဖွဲ့အစည်းတွေကိုသာ တိုက်ခိုက်ခဲ့သလို ဒီနေ့ RCSS က လည်းဘယ်တပ်ပေါင်းစုမှမပါဝင်၊ လိုင်ဇာမှာ သဘောတူညီချက် လက်မှတ်မထိုး၊ လော်ခီးလာမှာရှောင်ထွက်သွားတာ တွေဟာ ဖြိုခွဲရေးလုပ်ရပ်ဘဲဖြစ်တာ ထင်ရှားလွန်းပါတယ်။ ဒါကြောင့်လည်း ဖက်ဆစ်အစိုးရရဲ့ ကျွန်ပွဲစား လောက်ကောင်ဟန်ယောင်ဝှေနဲ့ လည်ပင်းဖက်နေတာ ဖြစ်တယ်။
 
ဒါကြောင့် RCSS ရွစစ်ဦးဆောင်တဲ့အဖွဲ့အပေါ် တိုင်းရင်းသားအဖွဲ့အစည်းများက ဘယ်လိုဆက်လက် ဆက်စပ်ကြအုံး မှာလဲ။ရှမ်းအမျိုးသားတို့ကလည်း ရွစစ်အပေါ် မိမိတို့ရှမ်းအမျိုးသားကိုကယ်တင်မယ့်ခေါင်းဆောင်လို့ မြင်ကြမှာလား၊ ဒါမှမဟုတ် ခွန်ဆာကို ရှမ်းပြည်ကို ပြန်လည်ကယ်တင်လွတ်လပ်ရေးပြန်ယူမယ့် အရှင်သခင်ကြီးအဖြစ် ယုံကြည်ခဲ့ကြ ပေမဲ့ ရှမ်းအမျိုးသား အတွက်ရှက်စရာသမိုင်းအဖြစ်သာကျန်ခဲ့တဲ့ သင်ခန်းစာအပေါ်ကိုရော ရွစစ်အပေါ်ကိုရော ရှမ်း အမျိုးသားများအတွက်အလေး အနက်ဝေဖန်သုံးသပ် ပေါ်လစီချမှတ်ရန် လိုအပ်ပြီဖြစ်ကြောင်း။
 
(တိမ်ကြားမင်းခေါင် တင်ပြသည်)

MPC ကဲ့သို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ထပ်မံပေါ်ပေါက်လာပြန်



28.2.2014

MPC (Myanmar Peace Center) ကဲ့သို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်ပြီး အဆိုပါအဖွဲ့၏ ရုံးခန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။

Pyidaungsu Institute (PI) ဟု အမည်ပေးထားသော ထိုအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များ၌ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ MPC တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

“ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး လုပ်မှာပါ။ MPC နဲ့ အပြိုင်လုပ်မှာ မဟုတ်သလို သူတို့နဲ့လည်း ရန်သူမဟုတ်ပါဘူး။ အပြိုင်လုပ်စရာလည်း မလိုပါဘူး။ ပူးပေါင်းလုပ်ဖို့ပဲ လိုပါတယ်”ဟု PI ၏ မန်နေဂျင်း ဒါရိုက်တာ ဦးခွန်ဆိုင်းက ဖေဖော်ဝါရီ ၂၇ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။ PI ၏ ရပ်တည်ချက်သည် သမ္မတ ဦးသိန်းစိန် ပြောကြားထားသော ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်သုံးဆင့် ဖြစ်မြောက်ရေးကိုသာ ဦးတည်မည်ဖြစ်ကြောင်း သိရသည်။ ထိုအဆင့်သုံးဆင့်အနက် ပထမအဆင့်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲခြင်းကို သဘောတူခြင်းဖြစ်ပြီး ဒုတိယအဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များချမှတ်ခြင်းဖြစ်သည်။ တတိယအဆင့်မှာ နိုင်ငံရေးစကားဝိုင်း စတင်ခြင်းဖြစ်သည်။

အဖွဲ့၏ ဒါရိုက်တာအဖွဲ့တွင် သုံးဦးပါဝင်ပြီး ချင်းအမျိုးသား တပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏အကြံပေးအရာရှိ ဗိုလ်မှူးကြီး စောတူးတူးလေးနှင့် ဦးခွန်ဆိုင်းတို့ ဖြစ်ကြသည်။ ဦးခွန်ဆိုင်းသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ၏ အကြံပေးဖြစ်ပြီး ရှမ်းသံတော်ဆင့် သတင်းဌာန၏ အယ်ဒီတာ ဖြစ်သည်။

ယေဘုယျအားဖြင့် PI အဖွဲ့တွင် ပါဝင်သူများသည် တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (WGEC) တွင် အဓိကတာဝန်ရယူခဲ့ကြသူများ ဖြစ်သည်။

“ဒီအချိန်မှာ WGEC က မရှိတော့ဘူး။ ရပ်နားလိုက်ပြီ။ သူ့ရဲ့ လုပ်ငန်းတွေလည်း ပြီးသွားပြီ”ဟု ဦးခွန်ဆိုင်းက ဆိုသည်။

PI အဖွဲ့လက်အောက်တွင် ဌာနသုံးခု ထားရှိမည် ဖြစ်ကာ အဖွဲ့တွင်း ရုံးလုပ်ငန်းဌာန၊ သုတေသနဌာနနှင့် မဟာဗျူဟာရေးဆွဲရေးဌာနတို့ ဖြစ်သည်။

“မဟာဗျူဟာ ရေးဆွဲရေးဌာနက စစ်ရေးနဲ့ သက်ဆိုင်နေသလို ဖြစ်နေတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေမှာ မိမိတို့ရဲ့ လိုလားချက်တွေကို ဘယ်လိုတောင်းဆိုမလဲဆိုတဲ့ ကိစ္စတွေရေးဆွဲဖို့ ဖြစ်ပါတယ်”ဟု ဦးခွန်ဆိုင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် MPC သည် ဥရောပသမဂ္ဂ (EU) နှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ အလှူရှင်အဖွဲ့များဖြစ်သော MPSI နှင့်PDSG တို့၏ ကူညီထောက်ပံ့မှုနှင့် အလှူငွေကတိကဝတ် ပြုမှုများ ရရှိထားသည်။ PI မတိုင်မီက ဖွဲ့စည်းခဲ့သော WGEC ကို ဥရောပမြန်မာရုံး (EBO) က ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်။ PI အဖွဲ့ကို ငွေကြေးအားဖြင့် ကူညီထောက်ပံ့သည့် အဖွဲ့များကို အသေးစိတ်ပြောဆိုရန် ဦးခွန်ဆိုင်းက ငြင်းဆိုခဲ့သည်။

“ဥရောပ နိုင်ငံတချို့က ကျွန်တော်တို့ကို ထောက်ပံ့တယ်။ ဒါပေမဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းတာဟာ တစ်ဦးတစ်ယောက်က စေခိုင်းလို့ လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့လိုလားတဲ့၊ တိုင်းရင်းသားတွေ လိုလားနေတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ ဖွဲ့စည်းတာပါ”ဟု ဦးခွန်ဆိုင်းက ဆိုသည်။ ထို့အပြင် PI အဖွဲ့သည် MPC နှင့် ပူးပေါင်းဆောင်ရွက်မည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(NCCT) နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရာ၌ PI အဖွဲ့၏ ကြားဝင်ကူညီဆောင်ရွက်မှုများကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ငြင်းဆန်မည်ဟု မထင်ကြောင်း ဦးခွန်ဆိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် MPC ကို အစိုးရဘက်က အကျိုးဆောင်အဖွဲ့အနေဖြင့် သိရှိထားကြသည်။ ထိုအဖွဲ့၏ ဘဏ္ဍာငွေ ကျောထောက်နောက်ခံကိစ္စမှာ လက်ရှိအချိန်အထိ ရှင်းလင်းမှုမရှိသေးသည့်နည်းတူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်းလည်း မရှိသေးပေ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကို ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေးရှင်းက ကူညီထောက်ပံ့မှုများ ပေးထားသည်။ ထိုနည်းတူ နိုင်ငံတကာ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့(IPSG) ၊ ငြိမ်းချမ်းရေးကူညီထောက်ပံ့မှုများအဖွဲ့(PDSG) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပံ့ပိုးမှုအဖွဲ့(MPSI) နှင့် ဦးဟန်ညောင်ဝေ၏ ဥရောပမြန်မာရုံး(EBO) တို့ကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များတွင် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်တွင်း ငြိမ်းချမ်းရေးအကျိုးဆောင်များအဖြစ် ထားဝယ်မင်းသမီးကုမ္ပဏီသည် KNU နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌ ငွေကြေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ထောက်ပံ့မှုများ ပေးခဲ့သည်။ ကချင်ပြည်နယ်မှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ထောက်ပံ့ကူညီမှုများ ပေးခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ကိစ္စမှာ လက်ရှိအချိန်အထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးဘဲ လာမည့် မတ်လ ဒုတိယပတ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ရန်ကုန်မြို့ရှိ MPC ၌ တွေ့ဆုံရန် စီစဉ်ထားသည်။

လူဟောင်းများဖြင့် အသစ်ပေါ်ပေါက်လာသော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Pyidaungsu Institute (PI) ကို ထိုင်းနိုင်ငံ ချင်းမိုင်းတွင် သာမက ရန်ကုန်ရှိ ဗိုလ်တထောင်မြို့နယ်၌လည်း ရုံးခန်းဖွင့်မည် ဖြစ်သည်။

Eleven Media Group

Thursday, February 27, 2014

လက်ပံတောင်းဒေသ ဘာသာရေးအဆောက်အအုံတွေ ရွှေ့ရမယ်


Thursday, February 27, 2014 / ဧရာဝတီ
လက်ပံတောင်းဒေသ သိမ်အနီးမှ ကြေးနီစီမံကိန်း ဝန်ထမ်းများ၊ ယန္တယားကြီးများ
(ဓာတ်ပုံ – ညိမ်းပြည့်စုံ / ဧရာဝတီ)

ဘာသာရေးဆိုင်ရာ အဆောက်အအုံတချို့ လက်ပံတောင်းဒေသ ကြေးနီစီမံကိန်းနယ်မြေထဲရောက်နေတဲ့အတွက် နေရာရွှေ့ဖို့ အစိုးရက ပြင်ဆင်နေတဲ့အတွက်
ဒေသခံတွေရဲ့ မကျေနပ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။

ဒီအကြောင်း Govt Plan to Move Pagoda in Letpadaung Area Angers Villagers ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဝက်ဆိုက်မှာ ရေးထားပါတယ်။ ဆက်သွယ်မေးမြန်းချက်အပြည့်အစုံ ပါဝင်တဲ့ သတင်းကို
http://www.irrawaddy.org/burma/govt-plan-move-pagoda-letpadaung-area-angers-villagers.html မှာ ဖတ်ရှုနိုင်ပါတယ်။

ရွှေ့ရမယ့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ
- စေတီတဆူ
- သိမ်
- ၇၂ ပေပတ်လည် မဟာရံအုတ်တံတိုင်းနှင့်
- အ၀င်မုခ်ဦး

ဆားလင်းကြီးမြို့၊ ကျော်ရွာရဲ့ တောင်ဘက် ပေ ၃၀၀ ခန့်အကွာ ညောင်ပင်ကြီး - ယင်းမာပင်ကားလမ်းအနီးကို ပြောင်းမယ်။
အဲဒီနေရာက အလျား ပေ ၄၀၀ အနံ ပေ ၂၀၀ ရှိတဲ့ မြေနေရာ ဖြစ်တယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ခွင့်ပြုပြီးပါပြီ တဲ့။

နေရာရွှေ့ရေးအစီအစဉ်ကို အာဏာပိုင်တို့က သံဃာတချို့နဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တာပါ။
သံဃာတော်တွေထဲမှ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌလည်း ပါဝင်ပါတယ် တဲ့။
သို့သော်လည်း အဲဒီဒေသမှာသီတင်းသုံးတဲ့ သံဃာတွေ မပါဘူးလို့ ဆိုပါတယ်။

ဆက်စပ်

လက်ပံတောင်း ဖြစ်စဉ် အကျဉ်း
http://burma.irrawaddy.org/၀_natural-resources/2012/11/30/26970.html

မိုင်းခွဲစဉ် လယ်တီ သိမ်တော်ကို ပျက်စီးမှုရှိ မရှိ ကြည့်ခွင့်မရသဖြင့် လက်ပံတောင်း သပိတ်စခန်း ပြန်ဖွင့်
http://burma.irrawaddy.org/news/2013/11/05/50534.html

လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီ မဖျက်ရေး လတ်တလော သဘောတူညီချက်ရ
http://burma.irrawaddy.org/၀_buddhist/2013/09/30/48800.html

Govt Plan to Move Pagoda in Letpadaung Area Angers Villagers
http://www.irrawaddy.org/burma/govt-plan-move-pagoda-letpadaung-area-angers-villagers.html

ဧရာဝတီ Facebook / ဧရာဝတီ Twitter

By== Sa Maung

မခင်ဦး>ပြောပြချင်တဲ့ စကားတွေ


မခင်ဦး>ပြောပြချင်တဲ့ စကားတွေ
M-Media Facebook ပေါ်မှ ပြည်သူအသံ
ပြောပြချင်တဲ့ စကားတွေ။
မခင်ဦး။
( ၂၂၇)မနေ့က မစိုးရိမ်တိုက်က ဦးဝီရသူရဲ.အငြင်းပွားဖွယ်ရာပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဦးဝိရသူကို ဘုန်းကြီး မဟုတ်ဘူးပြောတာ ဘယ်ကောင်တွေလဲဆိုတဲ့ post တခုတက်လာတယ်။ မစိုးရိမ်တိုက်မှာနာယကဖြစ်ဘို့ စာတတ်ပေတတ်မှ ဖြစ်နိုင်ကြောင်းလဲ ပါပါတယ်။ဦးဝိရသူဟာ ကျောက်ဆည်ဘာသာရေးအဓိကရုန်းနဲ့ဆက်စပ်ပြီး စစ်အစိုးကိုယ်တိုင် ထိန်းသိမ်းထားခဲ့သူ ဆိုတာတော့ ငြင်းနိုင်မယ်မထင်ပါဘူး။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖမ်းခံရတဲ့ သံဃာတော်တွေ၊ သီလရှင်တွေ ထောင်ကထွက်လာရင် ဘယ်ကိုယ်တော်၊ ဘယ်သီလရှင်မှ ကိုယ်ကျောင်းကိုယ် ပြန်နေခွင့်မရှိခဲ့တာ သတိရမိတယ်။
၁၉၉၃ခုနှစ်ကတဲက ကျောင်းသားသမဂ္ဂနဲ့တွေ့ဆုံဆွေးနွေးခဲ့လို့ အမှုဆင် အဖမ်းခံရတဲ့ ဦးဇ၀နကိုယ်တော်၊ ဦးစန္ဒောဘာသတို့ဆိုရင် ထောင်ထဲမှာ ၁၆နှစ်လောက်နေပြီး ပြန်ထွက်လာတော့ ဆရာတော်တို့ရဲ. မူလကျောင်းမှာတောင် ပြန်နေခွင့်မရဘူး။ ရဟန်းမှတ်ပုံတင်ပြန်မရလို့ မြန်မာပြည်ထဲမှာ မနေနိုင်ဘဲ နိုင်ငံခြားထွက်နေရတယ်။ရွေဝါရောင်မှာ အဖမ်းခံရတဲ့ သီလရှင်ကြီးတွေ သီလရှင်ပြန်ဝတ်ခွင့်မရလို့ လူဘ၀နဲ့စက်ချုပ်ပြန်သင်ပြီး အသက်မွေးရတယ်။ အတော်လေးဒုက္ခရောက်ကြရတယ်။ထောင်ကထွက်လာပြီး ကိုယ်ကျောင်းမှာကိုယ် ဇိမ်နဲ့ ပြန်သီတင်းသုံးနိုင်တာ ဦးဝီရသူတပါးဘဲ ကြားဘူးတာတော့အမှန်ဘဲ။ ထူးတယ်ပြောရမှာပေါ့။ အခွင့်အရေးခြင်းမတူတာကိုပြောတာပါ။

ကျွန်မတို့တတွေ ဝေဖန်နေတယ်ဆိုတာ သံဃာတပါးကိုဝေဖန်နေတာမဟုတ်ဘဲ မလိုလားအပ်တဲ့ အမုန်းတရားတွေကို ပျိုးထောင်နေသူကို ဝေဖန်နေတာသာဖြစ်ပါတယ်။ သူမိန်းကြားနေတာတွေဟာ နိုင်ငံအတွက်လဲအကျိုးပျက်သလို လောကအတွက်လဲ အကျိုးမဲ့စေတယ်လို့ ထင်မိပါတယ်။

ရှေ.့ ဆရာတော်ကြီးတွေ ဘယ်လိုသာသနာပြုခဲ့ကြသလဲ။ သာသနာတော်ကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက် ခဲ့သလဲ နည်းလမ်းလေးများယူသင့်ပါတယ်။ လက်ရှိထေကြီးဝါကြီးပုဂ္ဂိုလ်တွေရောဒကာဒကာမကို ဘယ်လို ဆုံးမသွန်သင်သလဲ အတုယူသင့်ပါတယ်။

ဒကာဒကာမကိုဆုံးမတဲ့အခါ ဆုံးမသွန်သူကလဲ တရာဓမ္မနဲ့ညီမှဘဲ လိုက်နာနိုင်မယ်။ ဒေ၀ဒတ်က ဗုဒ္ဓဘာသာဝင်တွေ သတ်သတ်လွတ်စားဘို့ကို မြတ်စွာဘုရားက မဖြစ်နိုင်တဲ့ကိစ္စ၊ တင်းကျပ်တဲ့ကိစ္စမို့ ခွင့်မပြုခဲ့ပါဘူး။

ကျွန်မတို့ ဗုဒ္ဒဘာသာဝင်တွေအနေနဲ့ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကိုဘဲ လိုက်နာရမှာပါဘဲ။ ဒါမှ ဘုရားအဆုံအမနဲ့ညီမယ်။

အယူဝါဒဆိုတာကတော့ ဝေဖန်ရမှာဘဲ။ သုံသပ်ရမှာဘဲ။ မြတ်စွာဘုရားလက်ထက်တော်ကတဲက မြတ်စွာဘုရားဟောတာနာခံရမှာလား။ ဒေ၀ဒတ်ဟောတာ လိုက်တာရမှာလား ခွဲချမ်းစိတ်ဖြာကြရပါတယ်။ ဒေ၀ဒတ်လဲ သင်္ကန်းဝတ်ထားသူပါဘဲ။ နည်းလမ်းကလွဲနေရင် လက်မခံသင့်ဘူးလေ။

မြတ်စွာဘုရားရဲ့ အယူတရားဒေသနာကို ၀ိဘဇ္ဇ၀ါဒလို့သေတ်မှတ်ပါတယ်။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရတဲ့ သဘောသဘာဝရှိပါတယ်။

တိုင်းပြည်မှာ စည်းလုံးညီညွတ်ရေးလိုအပ်ချိန်မှာ သံဃာခြင်းတောင်သဘောထားကွဲလွဲစေတာတွေ ပြောဆိုနေတာကတော့ ဘုန်းကြီးပင်ဖြစ်လင့်ကစား ဆင်ခြင်ပြောဆိုသင့်တာတော့ အမှန်ပါဘဲ။

အမှန်အတိုင်းပြောရရင် တရားစစ်လား-တရားမစစ်ဘူးလားသုံသပ်ရမှာ ဒကာဒကာမမှာလဲ တာဝန်ရှိတယ် မဟုတ်လား။

စစ်အစိုးရအဆက်ဆက် တရားဥပဒေတွေ ဖေါက်ဖျက်ကျူးလွန်သမျှ အတိုက်အခိုက်ကိုနင်းချေဖျက်ဘို့ ဘာသာရေးနဲ့ လုတွေကိုမှိုင်းတိုက် ပြောဆိုမှုတွေကိုတော့လက်မခံနိုင်ပါဘူး။ အပြစ်တင်စားရှိရင် အစဉ်အဆက်တာဝန်ပျက်ကွက်ခဲ့သူ တာဝန်ရှိသူတွေကိုဘဲ အပြစ်တင်ပါ။

အခုအချိန်မှာ မွတ်ဒေါင်းတွေ-မွတ်ဒေါင်းပါတီတွေ စသည်စသည် စွပ်စွဲပြောဆိုမှုတွေဟာလဲ မလုပ်သင့်ဘူး ထင်ပါတယ်။

အမျိုးဘာသာ သာသနာဆိုတာ ကာကွယ်ရမှာ လူတိုင်းတာဝန်ပါ။ ဒါပေမဲ့ နည်းမှားကြီးနဲ့ သွေးချွတာမျိုးကိုတော့ လက်မခံနိုင်ပါဘူး။

တိုင်းပြည်မျက်နှာရှိပါတယ်။

ဘာသာတရားမျက်နှာရှိပါတယ်။

ကျွန်မတို့လူမျိုးတွေဟာ အရိုင်းအစိုင်းတွေ၊ လူဂွစာတွေ၊ ပြောမရဆိုမရတွေ၊ မယဉ်ကျေးသူတွေဆိုတာမျိုး ကမ္ဘာပုံရိပ်မှာ အများကမြင်လာအောင် ပြောဆိုလုပ်ကိုင်နေတာတွေကိုတော့ ဘယ်လိုမှသဘောမတူနိုင်ပါဘူး။ ဒီအခြေအနေမျိုး ဒီပြောဆိုမှုတွေကို အစိုးရက လက်ပိုက်ကြည့်နေတာကလဲ စဉ်းစားစရာပါဘဲ။

ဥပဒေတွေ ရှိပါတယ်။ ဥပဒေနဲ့ အညီလုပ်ရမယ့်ကိစ္စတွေ ဥပဒေလက်မဲ့ လုပ်ဘို့ မြှောက်ထိုးပင့်ကော် ပြောဆိုမှုတွေကို ရပ်တန်းကရပ်သင့်ပြီလိုသာ ပြောလိုပါတယ်။

အစွန်းရောက်မှုကိုတားမြစ်ရမှာ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ အစွန်းရောက်မှုဆိုတာ ဘာသာတိုင်းမှာ တခါတရံပေါ်လာတတ်ပါတယ်။ အမေရိကားမှာ ခရစ်ယန်အစွန်းရောက်ဂုဏ်တွေဖြိုခွင်းခဲ့ရဘူးသလို ဂျပန်မှာလဲ သြောင်းအမည်ရှိတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်ဂုဏ်းကို နှိမ်နင်းရဘူးပါတယ်။

ကျွန်မတို့ဟာ ဒေ၀ဒတ်ကိုသင်္ကန်းဝတ်ထားသူဖြစ်သော်ခြား ယခုထက်တိုင် ပယ်ထားတယ်ဆိုတာ အသေအချာပါဘဲ။ သင်္ကန်းထက် အကျင့်တရာိးကုလ်ကမခံကြတာပါ။ ရှင်းလင်းပါတယ်။

နိုင်ငံပုံရိပ်-ဘာသာပုံရိပ်တွေကိုထိပါးလာရင်တော့ လက်ခံဘို့ခက်သလို အစိုးရမှာတာဝန်လုံးဝရှိတယ်ဆိုတာ ပြောပါရစေ။

( ၁၅-၆-၁၃)

ခရိုင်ဦးစီး နောက်ခံ ရှိသည်ဟု ပြော၍ မြေတိုင်းစာရေးမှာ လယ်ဧက စာရင်းများ အမှန်မကန် ပြုလုပ်ခြင်းကြောင့် လယ်သမားများ ဒုက္ခ ရောက်နေရ

ခရိုင်ဦးစီး နောက်ခံ ရှိသည်ဟု ပြော၍ မြေတိုင်းစာရေးမှာ လယ်ဧက စာရင်းများ အမှန်မကန် ပြုလုပ်ခြင်းကြောင့် လယ်သမားများ ဒုက္ခ ရောက်နေရခြင်း ။
ကန်ကြီးထောင့်မြို့နယ် ပျဉ်မငူ အုပ်စုရှိ မြေတိုင်း စာရေးဦးသန်းနိုင်သည်

(1) ရာအိမ်းမှုးနှင့် ပူးပေါင်းကာ လယ်ဧက ပိုတင်၍ စိုက်/ဘဏ်မှ ငွေလိမ်လည် ထုတ်ယူခြင်း ။

(2) ပုံစံ (1) (2)တွင် ကွင်း 313A ဦးပိုင် 124 ရှိ လယ် 1.77 ဧကမှာ ဦးဝင်းနိုင် အမည်ဖြင့် ရုံးတွင် ကြေငြာသော်လည်း လယ်ယာ မှတ်ပုံတင်ပေးသောအခါ အခြားသူ၏ အမည်ဖြင့် ပေးခြင်း ။ ၎င်းလယ်ကို ဦးဝင်းနိုင်မှ သီးစားခံ၍ စပါးစိုက်ပျိုးနေသော်လည်း ကန့်ကွက်သူ မရှိ ၊ မြေယာမှုခင်း မဖြစ်ပဲ ၊ အခြားသူအား လယ်ယာ မှတ်ပုံတင် ထုတ်ပေးပါသည် ။

(3) ဒေါ်ဝင်းကြည် အမည်ဖြင့် ပုံစံ (1) (2) တွင် ကြေငြာထားသော လယ် 313B ဦးပိုင် (122) (124) လယ် 5.23 ဧကအား ယခု အထိ လယ်ယာ မှတ်ပုံတင် ထုတ်မပေး သေးပါ ။

(4) လယ်ဧက စာရင်းတွေကို ဦးသန်းနိုင်မှ သူ ရေးချင်သလို ရေးမယ် တိုင်ချင်ရာတိုင်သူကို ခရိုင်ဦးစီး လိုက်ရှင်းပေးမယ် ။ တိုင်တဲ့ လူပဲ ဒုက္ခ ရောက်မည် ။ သူက လူကြီးတွေကို လယ်သမား အမုန်းခံပြီး ရှာကျွေး နေရသည်ဟု အရက်မူးမူးဖြင့် တိုင်သူကိုတောင် လမ်းစာရိတ် ထုတ်ပေးမည်ဟု အိမ်မှာ လာပြီး ခြိမ်းခြောက် သွားပါသည် ။

လယ်သမားများမှာ မြေတိုင်းစာရေးအား သူတောင်းသည့် ငွေ မပေး ။ သူ့ကို အရက် မတိုက်ပါက အမျိုးမျိုး ပညာပြတာ ခံနေရပါသည် ။
အိမ်ကို လာပြီး လယ်ယာ မှတ်ပုံတင် ပေးမည်ဆိုပြီး ကတ်ပြားပြသော်လည်း ၎င်းကို အရက်လိုက် မတိုက်၍ မပေးပဲ ပြန်ယူသွားသည့် အထိပါ ။

အမည် - ဦးဝင်းနိုင် ( မှတ်ပုံတင် အမှတ် ၁၄/ပသရနိုင်၀၀၃၃၄၆ )
ပျဉ်မငူအုပ်စု လယ်သမားဧက ၃၀
ဖုန်း - ၀၉၂၅၀၄၄၃၃၅၇
ရေးသားချက် အားလုံးကို တာဝန်ယူ ပါသည် ။ ကူညီနိုင်သူများမှ ကူညီပေးပါရန် တင်ပြပါသည် ။

BY - Chit Ko Gyi

သမ္မတသဝဏ်လွှာနဲ့ ပတ်သက်ပြီး သမ္မတကို ဖေဖော်ဝါရီလ ၂၇ ရက် ကြာသပတေးနေ့က့  ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြန်ကြား

အမျိုး ဘာသာ သာသနာ စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ ၄ခု ပြဋ္ဌာန်းပေးဖို့ ကိစ္စအတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကကို ပေးပို့တဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး သမ္မတကို ဖေဖော်ဝါရီလ ၂၇ ရက် ကြာသပတေးနေ့က အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီလို ပြဋ္ဌာန်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တရားလွှတ်တော်ချုပ်က ဥပဒေကြမ်း တစ်ရပ်စီကို မူကြမ်း ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြန်ကြားလိုက်ပါတယ်။

ကြာသပတေးနေ့ လွှတ်တော်အစည်းအဝေး မတိုင်ခင် ဦးရွှေမန်းက သမ္မတဆီ သူ အကြောင်းပြန်မယ့် သဝဏ်လွှာထဲမှာ ဘာတွေ ပါတယ်ဆိုတာ ပါတီ ခေါင်းဆောင်တွေနဲ့ အရေးပေါ် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကရဲ့ အကြောင်းပြန်စာကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် အမတ်တွေ အားလုံးက သဘောတူတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတက ပေးပို့တဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စကို သမ္မတဆီ တစ်ခါ ပြန်ပို့လိုက်တာဟာ လွှတ်တော်ဘက်က တာဝန်မခံလိုလို့လား ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့တော့ ဒါဟာ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းကို သဘောမပေါက်ကြလို့ ပြောတာဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

လွှတ်တော်က ဥပဒေမူကြမ်း ရေးဆွဲရမှာ မဟုတ်ဘဲ ဝန်ကြီးဌာနတွေနဲ့ ဥပဒေကြမ်း တင်သွင်းခွင့် ရှိသူတွေက ပေးပို့လာတဲ့ ဥပဒေကြမ်းတွေကို ဥပဒေ ဖြစ်မဖြစ် စိစစ်ရတာလို့ သူက ဆိုပါတယ်။

အခု လက်ရှိ အခြေအနေမျိုးမှာ သံဃာတွေနဲ့ ပြည်သူ တစ်သန်းကျော်က တိုက်တွန်းတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒတွေ ပြဋ္ဌာန်းနိုင်ရေးက နိုင်ငံရေးအရ အရေးကြီးတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

အီလက်ထရောနစ် ဥပဒေကို ထောင်ဒဏ်လျှော့ပေါ့ ပြင်ဆင်အတည်ပြု



အီလက်ထရောနစ် ဥပဒေကို ထောင်ဒဏ်လျှော့ပေါ့ ပြင်ဆင်အတည်ပြု
  လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ြပုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ရက်စွဲနဲ့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမှာ ပြစ်ဒဏ်တွေကို ထောင်ဒဏ်တွေလျှော့ပြီး၊ ငွေဒဏ်တွေတိုးထားပေမဲ့ ဒီဥပဒေဟာ လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ကို ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ သရုပ်ဆောင် ဦးသူရ ခေါ် ဇာဂနာက ပြောပါတယ်။

"ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ အမှန်ကတော့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး သေသေချာချာ တိုင်ပင်ပြီးတော့မှသာလျှင် ဒီဥပဒေမျိုးကို ရေးဆွဲပြီးတော့ အတည်ပြုတာမျိုး ဖြစ်သင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခုချိန်ခါမှာ ဒါမျိုးလုပ်လိုက်ရော၊ လုပ်လိုက်ပြီးတဲ့အခါမှာ အဲဒီဥပဒေကို နောက်တခါ ထပ်ပြင်ဖို့က အကြာကြီးစောင့်ရဦးမယ်၊ ဒီဥပဒေ မပြင်နိုင်သေးတဲ့ အတောအတွင်းမှာ အချိန်မရွေး မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသောသူများ၊ သေချာတယ် အဲဒါက နိုင်ငံရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ ချိတ်ဆက်နေတဲ့လူတွေကို အမြင်ကတ်လို့ လုပ်ထားတဲ့ဥပဒေ၊ ဒီ့အတွက်ကြောင့်မို့ အဲဒီလူတွေကို ဒီလိုမျိုးအရေးယူဖို့ဆိုတာဟာ ဒီပုဒ်မတစ်ခုနဲ့ ခြိမ်းခြောက်ထားသလိုပဲ"

ဒီဥပဒေပြင်ဆင်ချက်မှာ အပိုဒ် ၆ ပိုဒ် ပါဝင်ပြီး ပုဒ်မ ၃၃ မှာ မူလက ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ်အထိ အစား အခု ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ပြောင်းလဲသတ်မှတ်ထားသလို ပုဒ်မ ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တွေမှာလဲ ထောင်ဒဏ်အစား ငွေဒဏ် အရင်ချမှတ်ပြီး ငွေမပေးနိုင်မှ ထောင်ဒဏ်ချမှတ်ခွင့်ပြုထားပါတယ်။

အီလက်ထရောနစ်ဥပဒေကို စစ်အစိုးလက်ထက် ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေနဲ့ အနုပညာရှင် ကိုဇာဂနာ ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ စာရေးဆရာ အယ်ဒီတာ ကိုဇော်သက်ထွေး၊ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။