Wednesday, February 19, 2014

မွန်းတည့်နေဂျာနယ် ပါ သတင်းဖော်ပြချက် မမှန်ကန်...


*****************************************
ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့စွဲဖြင့် ကြိုတင်ထုတ် မွန်းတည့်နေဂျာနယ်(Vol.1 Number 10) မျက်နှာဖုံးသတင်းပါ """ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဗြိတိန်စစ်တပ် ကူညီမည်ဟုဆို """ ခေါင်းစဉ်ဖြင့် သတင်းဖော်ပြချက်သည် လုံးဝမှန်ကန်မှု့မရှိကြောင်း အဖွဲ့ချုပ်ဥက္ကဌ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့် က ဖေဖော်ဝါရီ ၁၈ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်...

အဆိုပါသတင်းဖော်ပြချက်သည် အစအဆုံးမှားယွင်းကြောင်း ၊ မိမိအား ငှင်းကိစ္စနှင့် ဆက်သွယ်မေးမြန်းခဲ့ခြင်းမျိုး မရှိခဲ့သဖြင့် ဂျာနယ်ပါဖော်ပြချက်ဖြစ်သော """ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှုးက ပြောကြားသည်""" ဟု သတင်းဖော်ပြချက်မှာ မှန်ကန်မှု့မရှိကြောင်း ငြင်းဆိုလိုက်ပြီး ဂျာနယ်အနေဖြင့် ၀န်ချတောင်းပန်ရန်လဲ ဦးဝင်းမြင့် က တောင်းဆိုခဲ့သည်...

""" ဒါဟာ တစ်ဦး တစ်ယောက်ကိုပေါ့နော်၊ တစ်ဖွဲ့ တစ်ပါတီကိုပေါ့ ထိခိုက်စေလို တဲ့ ရည်ရွယ်ချက်လည်း တွေ့ ရတယ်။ နောက်တခါ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်လာအောင်ပြောတဲ့ ရည်ရွယ်ချက်လည်း တွေ့ရတယ်။ ဒါမှမဟုတ် ဒါနဲ့ ပတ်သက်လို့  မဟုတ်မမှန် သူဖော်ပြထားတယ်၊ ဒါကြောင့်မို့ လို့  ကျွန်တော့် အနေ နဲ့  ဒီဂျာနယ် အနေနဲ့ က ဒီဟာကို ကျွန်တော် မပြောရပဲနဲ့  ဒီလို အယောင် ဆောင်ပြီးတော့ မဟုတ်မမှန် ဖော်ပြတဲ့အတွက် ဒါကို ဝန်ချ တောင်းပန်ဖို့ တော့လိုမယ်။ ဒီလိုမှ မဟုတ်ရင်တော့ တည်ဆဲ ဥပဒေအရ ဖြေရှင်း သွားရမှာဖြစ်တယ်။ """ ဟု ဦးဝင်းမြင့် က ဆိုသည်...

NLD Chairperson

ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
19-02-2014

No comments: