Thursday, February 20, 2014

၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။


ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင်ပြီး ထစ်ချုန်းမည့် အခြေအနေများဖြစ်ပေါ်နှိုင်ပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်တို့မှာ အများအားဖြင့် သာယာပါ့တယ်။ ဘင်္ဂလားပင်လယ်အော် နဲ့ တောင်တရုတ် ပင်လယ်ပြင် တို့မှာ မုန်တိုင်း ဖြစ်နှိုင်ခြေ မရှိပါ။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၁)ပေမှ (၂)ပေခန့် ရှိနှိုင်ပါတယ်။

ညအပူချိန်များအခြေအနေ ။
ညအပူချိန်များဟာ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း တို့တွင် 9°C - 12°C ခန့်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တို့တွင် ညအပူချိန်များဟာ 13°C - 15°C ခန့်၊ ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးတို့တွင် 16°C - 20°C ခန့် ရှိနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
မြန်မာပြည် တ၀ှမ်းလုံး ဒေသများမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်မှုမရှိပါ။

မိုးရွာသွန်းမှုအခြေအနေ။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာ တိမ်အနည်း ငယ် ဖြစ်ထွန်းနှိုင်ပြီး၊ ကျန်တပြည်လုံးတွင် အများအားဖြင့် သာယာနိုင်ပါတယ်။

မြူကျရောက်နှိုင်မှုအခြေအနေခန့်မှန်းချက်။
ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း တို့တွင် နံနက်ပိုင်း အချိန်အခါ များတွင် မြူအနည်းငယ် ကျဆင်းနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
မှတ်ချက်။
(၁) မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေလတ်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသများတွင် အပူချိန်များ 2-3 deg C လောက်တိုးလာနှိုင်ပါတယ်။
(၂) အရှေ့ပိုင်းဒေသများတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနှိုင်ပါတယ်။
(၃) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေထုမငြိမ်သက်မှုဖြစ်နှိုင်ပါတယ်။

No comments: