Tuesday, February 18, 2014

အိုင်ဝေေ၀ လက်ရာဒေါ်လာ တစ်သန်းတန် အိုးကို ချခွဲသူ အရေးယူခံရ

အိုင်ဝေေ၀ လက်ရာဒေါ်လာ တစ်သန်းတန် အိုးကို ချခွဲသူ အရေးယူခံရ
ကမ္ဘာကျော် တရုတ် အနုပညာရှင် အိုင်ဝေေ၀ရဲ့ လက်ရာဖြစ်တဲ့ ဒေါ်လာ တသန်းလောက် တန်တဲ့ အိုးတလုံးကို တမင်ချခွဲခဲ့တဲ့ ဖလော်ရီဒါက အနုပညာရှင် တဦးကို ရာဇ၀တ် မှုမြောက်တဲ့ ဖျက်လိုဖျက်ဆီး ပြုမူမှုနဲ့တရားစွဲထားပါတယ်။

အသက် ၅၁ နှစ်အရွယ် အနုပညာရှင် မက်ဆီမို ကာမီနီရို က Perez Art Museum Miami ပြတိုက်မှာ ဒေသခံ အနုပညာရှင် တွေရဲ့လက်ရာတွေကို တော့ ပြသခြင်းမရှိဘူးဆိုပြီး ဆန္ဒပြတဲ့ အနေနဲ့ ခုလိုလုပ်ခဲ့တာလို့ ထွက်ဆိုကြောင်း ရဲကပြောပါတယ်။

မစ္စတာ အိုင်ဝေေ၀ကတော့ သူကိုယ်တိုင်လည်း အလားတူ အနုပညာ ပစ္စည်းတွေကို ဖျက်ဆီးတာ ရှိခဲ့ပေမယ့် အခုလုပ်တာနဲ့တော့ မတူဘူးလို့ပြောပါတယ်။

No comments: