Friday, February 21, 2014

ဘန်ကောက်မြို့ ဆန္ဒပြသပိတ်စခန်းအနီး ပတူနမ့်မှာ ဗုံးပေါက်ကွဲ

ဘန်ကောက်မြို့ ဆန္ဒပြသပိတ်စခန်းအနီး ပတူနမ့်မှာ ဗုံးပေါက်ကွဲ
(21/2/2014) 20း 30 နာရီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က အစိုးရကိုဆန္ဒပြနေတဲ့ ရတ်ခ်ျပစုမ် သပိတ်စခန်းအနီး ပတူနမ့် လမ်းစုံမှာ ည 8 နာရီခွဲ က ဗုံးပေါက်ကွဲခဲ့တယ်။ 6 ဦးဒဏ်ရာရရှိသွားပြီး 3 သုံးစီးလည်း ထိမှန်သွားပါတယ်။ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာ ရဲက စုံးစမ်းနေတုန်းဖြစ်တယ်။
18/2/2014 ရက်နေ့ က အစိုးရကိုဆန္ဒပြနေသူတွေရဲ့ သပိတ်စခန်းတခုကို ရဲက အင်းအားသုံးဖြိုခွင်းဖို့ ကြိုးစားတုန်းကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်၊ အမည်မသိလူတစ်စုက ဗုံးနဲ့ ပစ်နဲ့ ရဲကိုပစ်ခတ်မှုရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ အစိုးရအတွက် မျက်နှာပျက်စရာတွေဖြစ်ခဲ့လို့ မကြေနပ်သူတွေက ပတူနမ့် ဗုံးဖေါက်ခွဲမှု လုပ်ပုံရပါတယ်။
ထိုင်းနိုင်ငံရေးတင်းမာမှုမှာ လွန်ခဲ့တဲ့ 8 လောက်ကစပြီး အမည်မသိ လက်နက်ကိုင်တွေဟာ အစိုးရဘက်က ရပ်တည်သူရော ဆန့် ကျင်ဘက်ကရပ်တည်သူရော ပေါ်ထွက်လာပြီး အကြမ်းဖက်မှုတွေ လုပ်နေပေမယ့် အခုအချိန်အထိတော့ ဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ တာဝန်ရှိသူတွေက လုပ်တာလား ဒါမှမဟုတ် တာဝန်ရှိသူတွေက အသေအခြာသင်တန်းပေးထားသူတွေက လုပ်နေသလားဆိုပြီး သံသယနဲ့ ပြောဆိုမှုတွေရှိနေပါတယ်။ အစိုးရဆန့် ကျင်မှုတွေ စခဲ့ 4 လအတွင်း သေဆုံးသူ 16 ဦးရှိ ဒဏ်ရာရသူ 695 ရှိသွားပြီဖြစ်တယ်။

No comments: