Tuesday, February 18, 2014

"စာပေဟောပြောပွဲများအား ပိတ်ပင်ဟန့်တားနှောင့်ယှက်မှုများအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထား ကြေညာချက်" ထုတ်ပြန်



 
 
"စာပေဟောပြောပွဲများအား ပိတ်ပင်ဟန့်တားနှောင့်ယှက်မှုများအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထား ကြေညာချက်" ထုတ်ပြန်
===========================

စာအမှတ် ။ ။ ၃/၂၀၁၄(၈၈)
ရက်စွဲ ။ ။ ၂ဝ၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၉ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲပြည့်ကျော် ၅ ရက်

စာပေဟောပြောပွဲများအား ပိတ်ပင်ဟန့်တားနှောင့်ယှက်မှုများအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထား ကြေညာချက်

(၁) လွတ်လပ်စွာဟောပြော စည်းရုံးခွင့်များတွင် တစ်ခုအပါအ၀င်ဖြစ်သော စာပေဟောပြောခွင့်သည် ပြည်သူ တစ်ရပ်လုံး နှစ်ပေါင်းများစွာ ပေးဆပ်ရယူခဲ့ရသည့် နိုင်ငံသားတိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် ခိုင်မာသော ယဉ်ကျေးမှုလည်းဖြစ်သည်။

(၂) ယခုနှစ်ဆန်းတွင် နေပြည်တော် တပ်ကုန်းမြို့၌ စာရေးဆရာမင်းကိုနိုင်၊ စာရေးဆရာဂျင်မီတို့၏ ဟောပြောပွဲများ ကို ပိတ်ပင်မှုပြုလုပ်ခဲ့သည်။ ပျော်ဘွယ် မြို့နယ်တွင် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဦးဘုန်း(ဓာတု) တို့အား ပိတ်ပင်ခဲ့သည့်အပြင်၊ မြောက်ဥက္ကလာမြို့နယ်တွင် စာရေးဆရာမြအေး၊ စာရေးဆရာကိုနီ တို့အား အင်အားသုံး နှောင့်ယှက်ဟန့်တားမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် မန္တလေးမြို့၌်ပြုလုပ်သော စာပေဟောပြောပွဲတွင်စာရေးဆရာမြအေး အား အင်အားသုံး နှောင့်ယှက်ဟန့်တားမှုများ ထပ်မံပြုလုပ်ခဲ့သည်။

(၃) ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏အစဉ်အလာအရ စာရေးဆရာများ၏ ဟောပြောချက်များကို သဘောမတူခဲ့ လျှင် ချေပဟောပြောခွင့်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းများ ပြုလုပ်ခွင့်ရှိသည်။

(၄) အထက်ပါ ဟန့်တားနှောင့်ယှက်မှုများဆောင်ရွက်ရာတွင် အခြားသောရည်ရွယ်ချက်များရှိသဖြင့် ဒီမိုကရေစီကို ဆန့်ကျင်သော လုပ်ရပ်များအဖြစ် သတ်မှတ်သည်။

(၅) ထို့ကြောင့်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးလိုလားသော မြန်မာနိုင်ငံသားများ အနေဖြင့် စာရေးဆရာများ၏အခွင့်အရေးကို ၀ိုင်းဝန်းကာကွယ် သွားကြရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ရပါသည်။

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

No comments: