မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Friday, February 21, 2014

၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦးကို မန္တလေးမှာ ဂုဏ်ပြု



၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားနဲ့ အဲဒီအရေးတော်ပုံကာလအတွင်းက မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကို ဂါရ၀ပြုတဲ့ အခမ်းအနားကို မန္တလေးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ သံဃာတော် ၇ ပါးနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကိုဂုဏ်ပြုတဲ့ မော်ကွန်းကျောက်စာကို ဟံသာဝတီ ဦးဝင်းတင်က ဖွင့်လှစ်ပေးခဲ့ပြီး ဒီနေ့ခေတ်မှာလည်း ၁၃၀၀ ပြည့် အရေးတော်ပုံစိတ်ဓာတ်ကို မွေးမြူကြဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။

"ဒီလိုစိတ်ဓာတ်မျိုးကို ဆက်ပြီးတော့ မွေးသွားဦးမှာပါ၊ အရေးတော်ပုံကြီးဟာ မပြီးသေးဘူးဆိုတာကို ကျနော်ပြောချင်ပါတယ်၊ လယ်သမားတွေကို လယ်သိမ်းမြေသိမ်း၊ ပြည်သူလူထုတွေကို ရွာဖျက် အိမ်တွေဖျက်၊ တိုင်းရင်းသားဒေသမှာ သူတို့ရဲ့ပိုက်နက်တွေ၊ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ သူတို့ရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့အခါကျတော့ ရှေ့လျှောက်ပြီးတော့ ဒီလိုဟာမျိုး အရေးတော်ပုံကြီး ပေါ်ပေါက်လာမှာပဲလို့ ကျနော်ပြောချင်ပါတယ်"

ဒီနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၁၃၀၀ ပြည့် အရေးတော်ပုံကရရှိခဲ့တဲ့ နိုင်ငံရေးသင်ခန်းစာတွေ၊ စုစည်းညီညွတ်မှုတွေ စိတ်ဓာတ်ခွန်အားတွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလှုပ်ရှားမှု ခရီးလမ်းမှာလည်း မန္တလေးမြို့က ရဟန်းရှင်လူပြည်သူလူထု လူထုလူတန်းစားအသီးသီး ဆက်လက်ပါဝင် လျှောက်လှမ်းကြဦးမယ်ဆိုတာ ယုံကြည်ကြောင်း သ၀ဏ်လွှာထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးနဲ့ အထက်မြန်မာပြည်က ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး မဟာမုနိဘုရား အနောက်ဘက်မုဒ်ကနေ မန္တလေး အာဇာနည်ဗိမာန်ကိုချီတက်ပြီး ကျဆုံးသွားတဲ့ အာဇာနည် ၁၇ဦးကို အလေးပြုခဲ့ကြပါတယ်။

No comments: