Saturday, February 22, 2014

သည်းခြေအိတ် (Gall Bladder)

သည်းခြေအိတ် (Gall Bladder)
သည်းခြေအိတ်ဆိုတာ အသည်းက ထုတ်လုပ်လိုက်တဲ့ သည်းခြေရည်ကို ခေတ္တသိုမှီးထားတဲ့ အိတ်ကလေးတစ်ခုပါ..။

ကျွန်တော်တို့ လူတွေ စားလိုက်တဲ့အစားအစာမှာ ကာဗိုဟိုက်ဒြိတ် (Carbohydrate) ဆိုတဲ့ ကစီဓါတ်။ (Protein) ဆိုတဲ့ အသားဓါတ်။ (Fat) ဆိုတဲ့ အဆီဓါတ်eနဲ့ Vitamin တွေပါပါတယ်။

သည်းခြေရည် (Bile) ဆိုတာကတော့ အဆီဓါတ်ကို ချေဖျက်ပြီး လူအတွက် အသုံးဝင်မယ့် ပစ္စည်းအဖြစ်ပြောင်းပေးရတာပါ။

အစာချေရည်တွေဟာ အစာအိမ်အတွင်းမှာ အချိန်တိုင်းထွက်နေတာ မဟုတ်ပါဘူး။

Cephalic phase , Oral phase, Gastric phase, intestinal phase အစရှိသဖြင့်ပေါ့ဗျာ..

ဥပမာ ပြောရရင် ရှောက်သီးသုတ်အကြောင်း ဦးနှောက်က စဉ်းစားလိုက်တဲ့အခါ (Cephalic phase)..

ရှောက်သီးသုတ် ပါးစပ်ထဲ ရောက်တဲ့အခါ (Oral phase)

ရှောက်သီးသုတ် မျိုချလိုက်လို့ အစာအိမ်ထဲရောက်တဲ့အခါ (Gastric phase)

ရှောက်သီးသုတ် အူထဲရောက်တဲ့အခါ (Intestinal phase)

သူ့အချိန်အခါနဲ့လိုက်လို့ ဆိုင်ရာ အစာချေရည်တွေက ထွက်လာရတယ်။

အချိန်ပြည့်ထွက်နေတာမဟုတ်ပေမယ့် စားနေကျ အချိန်တွေကိုတော့မှန်မှန် အလိုအလျှောက် ထွက်တတ်တာမို့ ပုံမှန်စားနေကျ အချိန်မှာ မစားမိခဲ့ရင် ထွက်နေတဲ့ အစာချေရည်တွေက အစာအိမ်ဟောင်းလောင်းရဲ့ နံရံတွေကို ပူလောင်စေပါတယ်.။

အသည်းက ထွက်လာတဲ့ အဆီချေဖျက်မယ့် သည်းခြေရည် Lypase Enzyme ဟာ ပန်ကရိယ ( pancreas )က ထွက်လာတဲ့ အသားဓါတ်ချေဖျက်မယ့် Amylase Enzyme နဲ့ ပေါင်းပြီး အူသိမ်ထဲကို ဝင်ပါတယ်။ (ပုံတွင်ကြည့်ပါ)

ဒီတော့ အသားဓါတ် အဆီဓါတ်တွေနဲ့ တည်ဆောက်ထားတဲ့ အူသိမ်ကို ဒီ emzyme တွေက မချေဖျက်သွားဘူးလားလို့ တွေးစရာပါ။

ခပ်တိုတို ပြောရရင် အူသိမ်အတွင်းမှာ activation/ deactivation of the digestive enzyme အဆင့်တွေ ရှိနေတာမို့ အူသိမ်ကိုတော့ မချေဖျက်ပါဘူး။ စားလိုက်တဲ့ အသားတုံး အဆီတုံးများကိုသာ ချေဖျက်ပါတယ်..။

သို့သော် ဒီ Enzyme တွေဟာ အူအတွင်းကနေ အပြင်ကို အကြောင်းကြောင်းကြောင့် ရောက်တဲ့အခါ ထိန်းချုပ်ထားတဲ့ စံနစ်မရှိတော့တာမို့

“ကိုယ်တွင်းခေါင်းနံရံမှ ရှိနေတဲ့ ကိုယ့်ခန္ဓာကိုယ်က အဆီတုံးတွေ အသားတုံးတွေကို ချေဖျက်ပါတော့တယ်”

သည်းခြေကျောက် Gall stone ဖြစ်လာတဲ့အခါ ဒီလမ်းကြောင်းမှာ ပိတ်ဆို့ မှုတွေကြောင့် သည်းခြေအိတ်ယောင်ယမ်း (Cholecystitis) ခြင်း ဖြစ်တတ်ပါတယ်.။

Gall Stone ရှိပေမယ့် ဘာရောဂါလက္ခဏာ မပြတဲ့အခါ Silent Stone လို့ ခေါ်ပေမယ့် မတော်တဆ ရုတ်ခြည်း အလွန်အမင်း ယောင်ယမ်း (Acute Cholecystitis ) ပြီး ဒီသည်းခြေရည် ခေတ္တလှောင်ထားတဲ့ Gall Bladder ပေါက်သွားတဲ့အခါ. ဒီအစာချေရည်တွေဟာ ကိုယ်တွင်းခေါင်း ကလီစာတွေကို ချေဖျက်ပါတော့တယ်။

အလွန်အမင်း အသက်အန္တရာယ်ကြီးလှပါတယ်.။
ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်အစာချေရည်တွေက ချေဖျက် စားသောက်နေသလိုပါပဲ..။

အရေးပေါ် ခွဲနိုင်ရင်တောင်မှ သေဆုံးနိုင်တဲ့ အလားအလာများသလို ခွဲစိတ်ပြီး ပြန်ကောင်းခဲ့ရင်တောင်မှ ကျန်သက်တမ်းမှာ နောက်ဆက်တွဲ ပြဿနာ တွေ ရင်ဆိုင်ရတတ်ပါတယ်။

Silent Gall stone ဆိုတာဟာ ဗိုက်ထဲမှာ Time Bomb တစ်ခု ထည့်ထားသလိုပါပဲ..။

အရေးပေါ် ဆေးကုသမှု လက်လှမ်းမမီနိုင်တဲ့ နေရာမှာ သွားရောက်တာဝန်ထမ်းဆောင်မယ်ဆိုရင် “ဒီချိန်ကိုက်ဗုံးကြီး” ကို ပိုက်သွားမလား..

ဒါမှမဟုတ် “စံနက်တန် ဖြုတ်သွားမလား”

အလားတူ အူအတက် ယောင်ယမ်းခြင်း (Acute appendicitis) လည်း အချိန်မရွေး ဒုက္ခပေးနိုင်တာမို့ နိုင်ငံရပ်ခြား ပညညာသင်သွားနေတဲ့ ကျောင်းသားတွေ
အချိန်ကြ လေယာဉ်စီးရတဲ့ Long Haul Flight စီးသူတွေ သတိထားဖို့ လိုပါတယ်.။

အာကာသကို သွားတဲ့ Astronaut တွေ ဝင်ရိုးစွန်းမှာ လနဲ့ချီ နေထိုင် သုတေသန လုပ်နေတဲ့ သူတွေအတွက်..

အူအတက် ဖြတ်တောက်ခြင်းနဲ့ သည်းခြေအိတ် ဖြတ်တောက်ခြင်း ကြိုတင်လုပ်သင့်မသင့် စဉ်းစားကြပါတယ်။ လုပ်သူတွေ ရှိသလို မလုပ်သူတွေ လည်း ရှိပါရဲု့။
(Elective Appendectomy and Cholecystectomy in Astronaut)

အသိပညာရှာဖို့ အလွန်လွယ်ကူုတဲ့ ဒီခေတ်မှာ ကိုယ်ကျွမ်းကျင်တဲ့ IT ပညာကို အသုံးချကြည့်တာလုပ်ဖို့ မကြိုးစားဘဲ ....

ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်နယ်ပယ်က အကြောင်းအရာတစ်ခုကို သိအောင် မကြိုးစားဘဲ ....

အရမ်းထင်မြင်ရာ ရေးသားမှုဟာ မသင့်တော်သလို ရေးသူအပါအဝင် ကြိုက်နှစ်သက်ကြောင်း Like လုပ်သူတွေလည်း credibility ကျကြောင်းပါ)

(ဂေါ ဘလာဒါ (Gall Bladder) မရှိရင် ဂေါက်သွာမယ်ထင်သူတွေအတွက်)

No comments: