Friday, February 21, 2014

စပ်ကူ

စပ်ကူ
*******

ဆူးကြားကြီးသမို့ 
ဘူးခါးသီး ဖြစ်ရတာ
ဘဝ မှာ
တစ်ခုရွေးရင် တစ်ခုစတေးရတာပဲ
မဟုတ်လား

လက်ရေးလှဖို့ ထက်
အက်ဆေးရဖို့  အရေးကြီးတယ်

စောင်းအိုးက ဒဏ်ရာကြောင့်
စောင်းကြိုးက အသံမာအောင်
အသားကုန်ပဲ တင်းထားရ
စကားကုန်လည်း ငြင်းပွားရ

တစ်ခါတည်းပါလို့  လျှော့မတွက်နဲ့ 
ကျည်အ ဖူးတဲ့ သေနတ်ဟာ
တစ်သက်လုံး သိက္ခာကျတာပဲ

အဲသလို
အနာတရတွေထဲ တွင်းနက်နေတုန်း

ဟိုမှာ
နွေးဦးရဲ့ တက်ကြွနေပုံက
ပွဲတော်ရက်ကြို
စုဘူးဖောက်တော့မယ် ကလေးလို
ကိုယ်ဆောင်းညတွေက
ကဗျာ မချိုသေး။

မင်းကိုနိုင်

စစ်/ပြည်တွင်းစစ်/ငြိမ်းချမ်းရေး
ခံစားမှုကဗျာများ စာအုပ်၏ စာမျက်နှာ ၅၈ မှကူးယူ မျှဝေပါသည်။

No comments: