Thursday, February 27, 2014

ခရိုင်ဦးစီး နောက်ခံ ရှိသည်ဟု ပြော၍ မြေတိုင်းစာရေးမှာ လယ်ဧက စာရင်းများ အမှန်မကန် ပြုလုပ်ခြင်းကြောင့် လယ်သမားများ ဒုက္ခ ရောက်နေရ

ခရိုင်ဦးစီး နောက်ခံ ရှိသည်ဟု ပြော၍ မြေတိုင်းစာရေးမှာ လယ်ဧက စာရင်းများ အမှန်မကန် ပြုလုပ်ခြင်းကြောင့် လယ်သမားများ ဒုက္ခ ရောက်နေရခြင်း ။
ကန်ကြီးထောင့်မြို့နယ် ပျဉ်မငူ အုပ်စုရှိ မြေတိုင်း စာရေးဦးသန်းနိုင်သည်

(1) ရာအိမ်းမှုးနှင့် ပူးပေါင်းကာ လယ်ဧက ပိုတင်၍ စိုက်/ဘဏ်မှ ငွေလိမ်လည် ထုတ်ယူခြင်း ။

(2) ပုံစံ (1) (2)တွင် ကွင်း 313A ဦးပိုင် 124 ရှိ လယ် 1.77 ဧကမှာ ဦးဝင်းနိုင် အမည်ဖြင့် ရုံးတွင် ကြေငြာသော်လည်း လယ်ယာ မှတ်ပုံတင်ပေးသောအခါ အခြားသူ၏ အမည်ဖြင့် ပေးခြင်း ။ ၎င်းလယ်ကို ဦးဝင်းနိုင်မှ သီးစားခံ၍ စပါးစိုက်ပျိုးနေသော်လည်း ကန့်ကွက်သူ မရှိ ၊ မြေယာမှုခင်း မဖြစ်ပဲ ၊ အခြားသူအား လယ်ယာ မှတ်ပုံတင် ထုတ်ပေးပါသည် ။

(3) ဒေါ်ဝင်းကြည် အမည်ဖြင့် ပုံစံ (1) (2) တွင် ကြေငြာထားသော လယ် 313B ဦးပိုင် (122) (124) လယ် 5.23 ဧကအား ယခု အထိ လယ်ယာ မှတ်ပုံတင် ထုတ်မပေး သေးပါ ။

(4) လယ်ဧက စာရင်းတွေကို ဦးသန်းနိုင်မှ သူ ရေးချင်သလို ရေးမယ် တိုင်ချင်ရာတိုင်သူကို ခရိုင်ဦးစီး လိုက်ရှင်းပေးမယ် ။ တိုင်တဲ့ လူပဲ ဒုက္ခ ရောက်မည် ။ သူက လူကြီးတွေကို လယ်သမား အမုန်းခံပြီး ရှာကျွေး နေရသည်ဟု အရက်မူးမူးဖြင့် တိုင်သူကိုတောင် လမ်းစာရိတ် ထုတ်ပေးမည်ဟု အိမ်မှာ လာပြီး ခြိမ်းခြောက် သွားပါသည် ။

လယ်သမားများမှာ မြေတိုင်းစာရေးအား သူတောင်းသည့် ငွေ မပေး ။ သူ့ကို အရက် မတိုက်ပါက အမျိုးမျိုး ပညာပြတာ ခံနေရပါသည် ။
အိမ်ကို လာပြီး လယ်ယာ မှတ်ပုံတင် ပေးမည်ဆိုပြီး ကတ်ပြားပြသော်လည်း ၎င်းကို အရက်လိုက် မတိုက်၍ မပေးပဲ ပြန်ယူသွားသည့် အထိပါ ။

အမည် - ဦးဝင်းနိုင် ( မှတ်ပုံတင် အမှတ် ၁၄/ပသရနိုင်၀၀၃၃၄၆ )
ပျဉ်မငူအုပ်စု လယ်သမားဧက ၃၀
ဖုန်း - ၀၉၂၅၀၄၄၃၃၅၇
ရေးသားချက် အားလုံးကို တာဝန်ယူ ပါသည် ။ ကူညီနိုင်သူများမှ ကူညီပေးပါရန် တင်ပြပါသည် ။

BY - Chit Ko Gyi

No comments: