Thursday, February 20, 2014

တောင်ကိုရီးယားက သက်ကြီးရွယ်အို များ ပြန်လည် တွေ့ဆုံမှု

ကိုရီးယားကျွန်းဆွယ် နှစ်ပိုင်း ကွဲသွားခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၆၀ ကျော် ကွဲကွာနေခဲ့ကြတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ဖို့ တောင်ကိုရီးယားက သက်ကြီးရွယ်အို အတော်များများ နယ်စပ်ကိုဖြတ်ပြီး မြောက်ကိုရီးယားကို ဝင်လာခဲ့ကြပါတယ်။
အခြေခံ ဆေးဝါးတွေ၊ စားစရာတွေက အစ မိသားစု ဓာတ်ပုံတွေ အဆုံး လက်ဆောင်ပစ္စည်းတွေ အပြည့်ထည့်ထားတဲ့ အိတ်တွေကို သူတို့ သယ်လာခဲ့ကြပါတယ်။

မြောက်ကိုရီးယားဘက်ခြမ်း နယ်စပ်က ကမ္ဘာလှည့် ခရီးသည်တွေ သွားရာ နေရာမှာ ခံစားချက်တွေအပြည်နဲ့ ဒီတွေ့ဆုံမှု ဖြစ်ခဲ့တာပါ။

ဒီလို ပြန်လည် တွေ့ဆုံမှုမျိုး မရှိခဲ့တာ ၂၀၁၂ နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။

အရင်က တောင်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေကို ကန့်ကွက်တဲ့အခါ တန်ပြန်တဲ့ အနေနဲ့ အခုလို ပြန်လည် တွေ့ဆုံပွဲတွေကို မြောက်ကိုရီးယား ဘက်က ဖျက်သိမ်းခဲ့တာ ဒါမှမဟုတ် ဆိုင်းငံ့တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ- တောင်ကိုရီးယားက ၈၈ နှစ်အရွယ် အစ်မတစ်ယောက် နဲ့ မြောက်ကိုရီးယားက ၇၂ နှစ်အရွယ် မောင်တစ်ယောက် ပြန်လည် ဆုံတွေ့ပွဲမှာ တွေ့ရစဉ်။

http://www.bbc.co.uk/burmese/world/2014/02/140220_korea_reunions.shtml

No comments: