





အစိုးရဆီက အကြွေးတောင်းဖို့ ထိုင်းလယ်သမားတပ်ဖွဲ့ ချီတက် (20/2/2014)
လယ်သမားတွေ အစိုးရကို စပါးရောင်းပေးထားပြီး စပါးဖိုးမရတာ 5 လကျော်လာပြီးဖြစ်ပေမယ့် စပါးဖိုး ဘယ်နေ့ ရမလဲ ဆိုတာ အစိုးရက ကတိပေးပြောကြားနိုင်ခြင်းမရှိသေးဘူး။
လယ်သမားတွေကို အစိုးရက ပေးရမယ့် ငွေအားလုံးပေါင်း ဘတ်ငွေ သန်းပေါင်း 1 သိန်း 3 သောင်းကျော် (ကျပ်ငွေသန်းပေါင်း 4 သန်းနီးပါး) ဖြစ်ပါတယ်။
လက်ရှိဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် အစိုးရဟာ အိမ်စောင့်အစိုးရဖြစ်နေတဲ့အတွက် ငွေချေးငှါးခွင့်မရှိဘူးဖြစ်နေ တာကြောင့်လည်း လယ်သမားတွေကို ပေးဖို့ ငွေမရှိဖြစ်နေတယ်။
လယ်သမားတွေဆီက စပါးတစ်တန်ကို ဘတ်ငွေ 1 သောင်းခွဲ (ကျပ်ငွေ 4သိန်းခွဲ) နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး 2 နှစ်အတွင်း ဘတ်ငွေ သန်းပေါင်း 4 သိန်းကျော် အရှုံးပေါ်ခဲ့တဲ့ စီမံကိန်းဖြစ်တယ်လို့  အတိုက်အခံတွေက ထောက်ပြပြောဆိုနေကြပါတယ်။
No comments:
Post a Comment