မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Friday, February 21, 2014

Sciatica (စိုင်ယာတစ်ကာ) အောက်ပိုင်းနာခြင်း


Sciatica (စိုင်ယာတစ်ကာ) အောက်ပိုင်းနာခြင်း

ကျွန်မအသက် ၄၀ နှစ် ရှိပါပြီ။ ကျွန်မမှာ တင်ပါးခွက်ကြော ညပ်သလိုဖြစ်နေတာ ၃ လ လောက်ရှိပါပြီ။ အလုပ်ကတော့ အထိုင်များတဲ့အလုပ်ပါ။ ဆရာဝန်နဲ့လည်း ပြပါတယ်။ ဓါတ်မှန်လည်းရိုက် ကြည့်ပါတယ်။ အကြောက ညပ်တာလဲ မတွေ့ရဘူး ဖြစ်နေပါတယ်။ ခြေသလုံးလဲကိုက်ပါတယ်။ ခြေချောင်းလေးတွေကလဲ ခဏလေးထိုင်တာနဲ့ ကျင်လာပါတယ်။ ဆေးလဲသောက်ပါတယ်။ လိမ်းဆေးတွေလဲ လိမ်းပါတယ်။ ခြေတောက်က ပက်လက်အနေအထားနဲ့ဆို 90ံ မတ်လို့ မရပါဘူးဆရာ။ အဲဒီလို ခြေတောက်ကိုမလိုက်ရင် တင်ပါးခွက်ထဲက တအားနာလာပါတယ်။ ကျေးဇူးပြု၍ ဆရာ ဘယ်လိုပုံစံမျိုး ဆေးကူသမှုခံ ယူသင့်ပါလဲရှင်။ လေဖြတ်မည်ကို အလွန်စိုးရိမ်မိပါတယ် ဆရာ။

တကယ်တော့ ဒီရောဂါဖြစ်ရင် ဖြစ်တဲ့ဘက်မှာနာယုံသာမက၊ အားနည်းနေမယ်၊ ထုံနေမယ်၊ ကျင်နေပါအုံးမယ်။ Sciatica nerve အပေါ်မှာ ဖိအားသက်ရောက်နေတာနဲ့ သူ့ကိုထိခိုက်ဒဏ်ရာရလို့ ဖြစ်လာတာပါ။ ရောဂါပင်ရင်းမဟုတ်ပဲ ရောဂါ လက္ခဏာသာ ဖြစ်ပါတယ်။ ဒီအာရုံကြောကနေ ခြေထောက်နောက်ဖက် (ပေါင်၊ ခြေသလုံး၊ ခြေထောက်) ကို သက်ရောက်တယ်။

ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့
1. Slipped disk ခါးဆစ်ကျွံခြင်း၊
2. Spinal stenosis ခါးဆစ်ကျဉ်းခြင်း၊
3. Piriformis syndrome တင်ပါးနေရာကြွက်သားသေးများထိခိုက်ခြင်း၊
4. Pelvic injury or fracture တင်ပါးဆုံအရိုးကွင်းထိခိုက်ဒဏ်ရာရခြင်း
5. Tumors ကင်ဆာ-အကျိတ်

• နာပုံနာနည်းက အမျိုးမျိုးဖြစ်နိုင်တယ်။ ကျသလို၊ ထုံပြင်ပြင်း၊ ပူလောင်ခြင်း။ သူနေအောင်နာခြင်း။ တခါတလေ လှုပ်ရှားလို့ မရအောင်အထိ နာတယ်။ တဖက်ဖက်မှာ သိသာတယ်။
• တခါတလေ နည်းနည်းခြင်းကနေ ဆိုးဆိုးလာတယ်။ ဥပမာ မတ်တတ်ရပ်ရင်၊ ညအချိန်၊ နှာချေ၊ ချောင်းဆိုး၊ ရယ်မော၊ လမ်းရှည်လျှောက်ခြင်း၊ နောက်လှန်ခြင်း။
• တချို့မှာ နားတာနဲ့ ဆေးမပါဘဲ သက်သာတယ်။ အိပ်ယာထဲနားဘို့အထိ မလိုပါ။ အလုပ်လျှော့လုပ်ပါ။ အလုပ်လုပ်ရင် ဖြေးဖြေးချင်းကနေစပြီး တိုးလုပ်ပါ။ အလေးအပင်မတာ သတိထားပါ။ အပူကပ်တာနဲ့ အအေးကပ်တာ သက်သာမယ်။ Ibuprofen နဲ့ Acetaminophen (Paracetamol) ဆေးသောက်နိုင်တယ်။
• လေ့ကျင့်ခန်းလုပ်ပါ။ ဗိုက်ကိုဆန့်တန်းနည်းလုပ်ပါ။
• လိုအပ်သူတွေကဆရာဝန်က ဆေးအပြင်းသုံးမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၄

No comments: