Tuesday, February 18, 2014

တရုတ်ကိုလက်သိပ်ထိုးဌားထားတဲ့ ကိုကိုးကျွန်းဇတ်လမ်းပေါ်ပြီ



တရုတ်ကိုလက်သိပ်ထိုးဌားထားတဲ့ ကိုကိုးကျွန်းဇတ်လမ်းပေါ်ပြီ (အဆင့်ဆင့်ဖြန့်ဝေခြင်းဖြင့်မြန်မာ့ပိုင်နက် တရုတ်လက်မှ လွတ်မြောက်ရေးကြိုးပမ်းကြပါ) ကိုကိုးကျွန်းကို ၁၉၉၄ ခုနှစ်ကတည်းက တရုတ်အစိုးရထံ အငှါးချထားပြီး ဖြစ်တယ်လို့ Wikipedia မှာ ရေးထားတာ ဖတ်ရပါတယ်...။ တကယ်တော့ ကိုကိုးကျွန်း ကိစ္စ နဲ့ ပတ်သက်ပြီး အစိုးရဘက်က တိတိကျကျ ပွင့်လင်းမြင်သာမှု ရှိစွာ ပြောဆို တုံ့ပြန်တာတွေ မရှိပါဘူး...။ ပြောတော့ ပြောတယ်.. တိကျရေရာ သေချာမှု မရှိတဲ့ တုံ့ပြန်မှုတွေသာဖြစ်တယ်...။ သဘောက လေယာဉ်ကွင်း ဟာ မူလကတည်းက ရှိတယ်.. ဆိုရင်လည်း ရှိတယ်ပေါ့...။ မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့...။ တရုတ်ကို ငှါးထားတယ်ဆိုရင်လည်း ငှါးထားတယ်ပေါ့...။ နှစ်ဘယ်လောက်ထိ ဘယ်လိုစာချုပ်ပါ အချက်အလက်တွေ နဲ့ ငှါးထားတယ်ပေါ့...။ အခုတော့ ဘာမှ သေချာမပြောပဲ ပြည်သူတွေကို ဘာမှချမပြပဲ “ဒါတွေဟာ အခြေအမြစ်မရှိတဲ့ သတင်းတွေပါ” ဆိုပြီး ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောထားတာ ဖတ်ရပါတယ်...။ Wiki မှာ ဒီလိုရေးထားပါတယ်... The Coco Islands are two islands in the northeastern Indian Ocean. They are part of Yangon Region of Burma. They are allegedly leased to the People's Republic of China since 1994.[1] The governments of Burma and the People's Republic of China do not comment on this issue. တကယ်တော့ အိန္ဒိယ သတင်းစာက အခုမှ ပြောတာမဟုတ်ပါဘူး..။ 2011 နှစ်ကုန်ပိုင်းလောက်ကတည်းက တစ်ကြိမ်ပြောခဲ့ပြီးပါပြီ...။ သတိမထားမိကြလို့ပါ.....။ Ko Nay Myo

No comments: