Wednesday, February 19, 2014

ကျင့်ဝတ်မဲ့စွာ လိမ်လည်ဖော်ပြသည့် မွန်းတည့်နေဂျာနယ် တောင်းပန်ရန် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး တောင်းဆို


Wednesday, February 19, 2014

မွန်းတည့်နေဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ်မှ ကူညီမည်ဟူသော သတင်း၏ စာပိုဒ်(၃)၌ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးပြောဆိုသည်ဟု ဖော်ပြထားမှုကို တောင်းပန်ရန် သို့မဟုတ်ပါ က ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် စီစဉ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ဖြန့်ချိပြီးဖြစ်သည့် မွန်းတည့်နေဂျာနယ် အတွဲ ၁၊ အမှတ် ၁၀ ပါ သတင်းတွင် “မြန်မာ့တပ်မတော်အရာရှိများကို ဗြိတိန်နိုင်ငံတွင် လေ့လာရေးခရီးစဉ်များခေါ်ယူပြီး နားချနိုင်ရန်ကြိုးပမ်းမည်ဟုလည်း ဗြိတိန်စစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု
ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်”ဟု ဖော် ပြထားသည်။

ကာယကံရှင်ဦးဝင်းမြင့်ကမူ ယင်းနှင့်စပ်လျဉ်း၍ မီဒီယာများသို့ ဖြေကြားခဲ့ခြင်းမရှိသကဲ့သို့
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်တပ်မတော်အရာရှိတို့ ဖေဖော်ဝါရီ ၁၃ ရက်၌ တွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့ ခြင်းလည်းမရှိဟု ဆိုသည်။

“ဒါကို ကျွန်တော် လုံးဝ မပြောခဲ့ဘူး”ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖြေကြားခဲ့ခြင်းမရှိပါဘဲ ရေးသားဖော်ပြခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်ပါတီကို ထိ ခိုက်စေလိုသည့် ရည်ရွယ်ချက်၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များ ရှိနေမည်လားဟူ၍ လည်း ဦးဝင်းမြင့်က မေးခွန်းထုတ်ခဲ့သည်။

Source & Picture:
Myawady News


█ ကျင့်ဝတ်မဲ့စွာ လိမ်လည်ဖော်ပြသည့် မွန်းတည့်နေဂျာနယ် တောင်းပန်ရန် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး တောင်းဆို

Wednesday, February 19, 2014

မွန်းတည့်နေဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ်မှ ကူညီမည်ဟူသော သတင်း၏ စာပိုဒ်(၃)၌ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးပြောဆိုသည်ဟု ဖော်ပြထားမှုကို တောင်းပန်ရန် သို့မဟုတ်ပါ က ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် စီစဉ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ဖြန့်ချိပြီးဖြစ်သည့် မွန်းတည့်နေဂျာနယ် အတွဲ ၁၊ အမှတ် ၁၀ ပါ သတင်းတွင် “မြန်မာ့တပ်မတော်အရာရှိများကို ဗြိတိန်နိုင်ငံတွင် လေ့လာရေးခရီးစဉ်များခေါ်ယူပြီး နားချနိုင်ရန်ကြိုးပမ်းမည်ဟုလည်း ဗြိတိန်စစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု
ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်”ဟု ဖော် ပြထားသည်။

ကာယကံရှင်ဦးဝင်းမြင့်ကမူ ယင်းနှင့်စပ်လျဉ်း၍ မီဒီယာများသို့ ဖြေကြားခဲ့ခြင်းမရှိသကဲ့သို့
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်တပ်မတော်အရာရှိတို့ ဖေဖော်ဝါရီ ၁၃ ရက်၌ တွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့ ခြင်းလည်းမရှိဟု ဆိုသည်။

“ဒါကို ကျွန်တော် လုံးဝ မပြောခဲ့ဘူး”ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖြေကြားခဲ့ခြင်းမရှိပါဘဲ ရေးသားဖော်ပြခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်ပါတီကို ထိ ခိုက်စေလိုသည့် ရည်ရွယ်ချက်၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များ ရှိနေမည်လားဟူ၍ လည်း ဦးဝင်းမြင့်က မေးခွန်းထုတ်ခဲ့သည်။

Source & Picture: @[351018658329305:274:Myawady News]

No comments: