Saturday, February 22, 2014

Clean Coal သန့်စင်ကျောက်မီးသွေး ဆိုတာ ဤမြေကမ္ဘာတွင်မရှိပါ။

 
 
Google မြေပုံမှာ ကြည့်ရင် ရန်ကုန်ရဲ့တောင်ဘက် ခပ်စောင်းစောင်းအရပ်မှာ တွံတေးက စပြီး ကွမ်းခြံကုန်းတဝှိုက်အထိ စိမ်းစိမ်းစိုစိုရှိနေတာတွေ့ရပါမယ်။ ဒါက ရေချို သတ္တိအားကောင်းနေတာကို ပြနေတဲ့သဘောပါ။
အဲဒီစိမ်းလန်းစိုပြေနေသော ဒေသလေးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဘို့ ကောင်းမြတ်သောမြေကုမ္ပဏီ က စိုင်းပြင်းနေပါတယ် ။ စက်ရုံ တည်ဖြစ်ခဲ့ရင် အဲဒီ စိမ်းစိမ်းဆိုဆိုလေးဟာ တနှစ် နှစ်နှစ်အတွင်းပြောက်သွားမှာသေချာပါတယ်။
ကျောက်မီးသွေးသိပ်ရောင်းချင်တဲ့ အင်ဒိုနီးရှားနိုင်ငံ နဲ့ တရုတ် ကို အားကျနေတဲ့ အိန္ဒိယ တို့ပေါင်းပြီး ပြည်တွင်းက လောဘဇော တက်နေတဲ့ ကုမ္ပဏီ တွေကိုအခြေခံကာ ပတ်ဝန်းကျင် ဥပဒေ မယ်မယ်ရရ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာတဝှမ်းက အလွန်ညစ်ပတ်ပါတယ်လို့ ပြောနေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဘို့ လုံးပမ်းနေကြပါပြီ။
ဒေသခံကို ဗလုံးဗထွေး ပြီးကဗျစ် ဝတ္တရားကြေ ရှင်းလင်းပြနေ အကြီးအကျယ် လှည့်နေ ညာနေတာ ကိုတွေ့နေရပါတယ်။
" ကျောက်မီးသွေးစက်ရုံက သုံးမယ့်ရေကို ပင်လယ်ကယူမှာ ဖြစ်တယ်" လို့ စီမံကိန်းမှ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်းအဖွဲ့မှ ဦးညီညီအောင်က ခပ်လွယ်လွယ် ပြောပါတယ်။
ပင်လယ်ရေတခုထည်းမရနိုင်ပါဘူး။ ပင်လယ်ရေကို cooling system မှာ သုံးသည့်တိုင်အောင် တာဘိုင်ကို လည်ဘို့ ရေနွေးငွေ့ အတွက် ရေချိုကို သုံးကိုသုံးရပါမယ်။
--မဂ္ဂါဝပ် ၃၀၀၀ စက်ရုံ အတွက် ရေချိုအနည်းဆုံး တနာရီမှာဂါလံ ၃သိန်းကျော်လိုပါမယ်။ အဲဒီလိုအပ်တဲ့ရေချိုကို ကွမ်းခြံကုန်းဘေးနံဘက်မှာခွပြီးစီးနေတဲ့ မြစ်ငယ်လေးနှစ်စင်း က ရေကို မျက်စေ့ကျလို့၊ သုံးချင်လို့၊ ကွမ်းခြံကုန်းကို သူတို့ရွေးတာသေချာပါတယ်။ ပင်လယ်ရေသက်သက်သာသုံးမှာဆိုလျင် ကွမ်းခြံကုန်းထိလာစရာမလိုပါ။ လက်ခုပ်ကုန်းနားမှာတည်လို့ရပါတယ်။ လက်ခုပ်ကုန်းအနီးမှာ တနာရီဂါလံ ၃သိန်းရနိုင်တဲ့ ရေချို source မရှိတော့ ကွမ်းခြံကုန်း ကိုရွေးထားတာ ရှင်းနေပါတယ်။
သူ့စက်ရဲ့ cooling system ဟာ wet cooling ဖြစ်တဲ့အတွက်စွန့်ပစ်ရေပူကို အနီးက သန်ဒီမြစ်ထဲကို ပြန်စွန့်မှာပါ။
သန်ဒီမြစ်က ရေအေး (ရေငံ)ကို သုံးပြီး မူလ ရေရဲ့ အပူချိန်ထက် ၁၀ဒီဂရီ ပိုပူနေတဲ့ ရေနွေးတွေကိုမြစ်ထဲပြန်စွန့်ချမှာပါ။ Thermal Pollution ဖြစ်ပါပြီ။ သန်ဒီမြစ်ကို ရေဆိုးလွှတ်မြောင်းအဖြစ်သုံးချင်တာလည်း မလွဲဧကန်ပါ။

--တခါ ဦးညီညီအောင်က မီးခိုးကို ၉၀%ထိလျော့မယ်ဆိုတာလဲ ကြွားလွန်းနေပါတယ်။ မီးခိုးခေါင်းတိုင်မြင့်တာက မီးခိုးမဲမဲသာလျော့ပါမယ်။ CO2 ကလျော့မသွားပါဘူး။ မီးခိုးဖြူဖြူ သို့မဟုတ် အခိုးအငွေ့ သက်သက်နဲ့ လွှတ်နေမှာပါ။ဂျပန်တောင် ဒီ CO2 တွေ လေထဲမလွှတ်ဘဲ သမုဒ္ဒရာ ကြမ်းပြင်အောက်ကို ဖိအားပေးညှစ်သွင်းတဲ့ အလုပ်ကို ခပ်ကျဲကျဲဘဲလုပ်နိုင်သေးတာပါ။ အကယ်၍ ဂျပန်တည်ပေးမဲ့စက်ဖြစ်ရင်တောင်မှ အဲဒီလောက်ထိလုပ်ပေးမယ်မထင်ပါ။ ကုန်ကျစားရိတ်အင်မတန်ကြီးလွန်းပါတယ်။ တကယ်တမ်းလုပ်ပေးနိုင်မဲ့ စွမ်းဆောင်နိုင်မှုများကိုဘဲ ပြောသင့်ပါတယ်။ Clean Coal ကို တဆင့်ခြင်းတက်လာတဲ့ ဂျပန်သုံတဲ့နောက်ဆုံးနည်းကို လုပ်နိုင်သယောင် ကြွားပြောတာ မလုပ်သင့်ပါဘူး။
--Clean Coal သန့်စင်ကျောက်မီးသွေး ဆိုတာ ဤမြေကမ္ဘာတွင်မရှိပါ။
--ကျောက်မီးသွေးကို မီးတိုက်၍ ထွက်လာသော အဆိပ်များကို များစွာလျော့နည်းသွာစေနိုင်ခြင်းမျှသာဖြစ်ပါတယ်။
--ဒီလိုလုပ်နိုင်သူက ဂျပန် သာလျင် အကောင်းဆုံးပါ။ ကျန်သူများလုပ်နိုင်သည်ဆိုလျင်မယုံပါနှင့်။ဆရာကြီး အမေရိကန်ပင်မလုပ်ပါ။ သမရိုးကျ စက်ကို အက်စစ်ငွေ့ ဖမ်းတဲ့ Smoke Scrubber တတ်ခိုင်းလို့ မကိုက်ဘူးဆိုပြီး အမေရိကန်လုပ်ငန်းရှင်တွေ စက်ရုံတောင်ပိတ်ပစ်ကြပါတယ်။ ဂျပန်၏နည်းပညာနှင့် ဂျပန် စက်သာလျင် အကောင်းဆုံးဖြစ်ပါတယ်။ ဆက်ရေးပါဦးမယ်။

No comments: