Saturday, February 22, 2014

အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

Eleven Media Group
အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းမကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီမှ သိရသည်။

အိမ်ရာစီမံကိန်းဆောက်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍ Golden Land အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဥက္ကဌ Alex Zhu က“ အခုစီမံကိန်းမှာ အဆောက်အအုံ ကိုးလုံး တည်ဆောက်သွားမှာ ဖြစ်တယ်။ ပထမအဆင့်အနေနဲ့ လူနေသီးသန့် အထပ်မြင့် ၃၃ ထပ်ပါ အဆောက်အအုံလေးလုံးကို နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမယ်။ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုလုံး လေးနှစ်ကျော်ကြာမှာ ဖြစ်တယ်။ အဲ့အတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်” ဟု ပြောကြားသည်။

No comments: