Thursday, February 20, 2014

ကေအိုင်အေ နယ်မြေများသို့ ဗမာအစိုးရတပ် အင်အား အလုံးအရင်းဖြည့်တင်းနေ



20 Feb 2014 post by eedy

ဖေဖော်ဝါရီ (၁၉)ရက် မနေ့ က မြစ်ကြီးနားမှတဆင့် ကေအိုင်အေ ဌာနချုပ် လိုင်ဇာ ရှိရာဘက်သို့ ဦးတည်ကာ ၀ိုင်းမော်မြို့ နယ် တွင်းရှိ ကန်တော်ယန် ၊နန်ဆန်ယန် ၊ လိုင်ဇာ ကားလမ်းမ ဘက်သို့  လက်နက်မျိုးစုံ ရိက္ခာအပြည့်အစုံ နှင့် စစ်သားအပြည့်တင်ဆောင်ထားသော အစိုးရ စစ်ယာဉ်တန်း အစီး(၁၀၀)ကျော် ဦးတည်ထွက်ခွာသွားကြောင်းသိရသည်။

အလားတူ ဗန်းမော်-လိုင်ဇာ ကားလမ်းကြောင်းမှတဆင့် ဌာနချုပ် လိုင်ဇာ ရှိရာဘက်သို့ ဦးတည်ကာ လက်နက်ရိက္ခာ အပြည့်တင်ဆောင်ထားသော စစ်ယာဉ်တန်း အစီး (၂၀)ကျော် တက်သွားကြောင်းသိရသည်။

ထို့ အတူ မြစ်ကြီးနား -ဆွမ်ပရာဘွမ် လမ်းကြောင်း ဘက်သို့ လည်း အလားတူ စစ်ယာဉ်တန်းထွက်ခွာသွားကြောင်းသိရသည်။ လက်နက်ရိက္ခာ ၊ စစ်အင်အားအပြည့်တင်ဆောင်ထားသော စစ်ယာဉ်တန်း အစီး(၁၆၀)ကျော်ခန့် ဆွမ်ပရာဘွမ် ကားလမ်းမကြီးမှတဆင့် တက်သွားပြီး ယာဉ်တန်း နှင့်အတူ သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လှေအစီးပေါင်း (၅၀)ခန့် ပါကြောင်း မျက်မြင်တွေ့ ရှိသူများက ပြောသည်။

ကေအိုင်အေ တပ်ရင်း(၆) နယ်မြေ ဖားကန့် သို့ လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မပြဘဲ အစိုးရတပ် တပ်မ အလိုက် စစ်ကြောင်းထိုးအင်အားဖြည့်တင်းနေကြောင်း သိရသည်။

ကချင်ပြည်နယ် အနှံ့  ကေအိုင်အေ နယ်မြေ များသို့ ယခုကဲ့သို့  မြန်မာအစိုးရတပ် မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေသောကြောင့် မည်သည့် အကြောင်းပြချက်ဖြင့် လုပ်ဆောင်နေခြင်းကို မသိရသေးသော်လည်း ကေအိုင်အေ နယ်မြေများအား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ကေအိုင်အေ အရာရှိများမှ သုံးသပ်နေကြောင်းသိရသည်။

Myen Hpyen Dap ni, KIA Dap Ba, Dap Dung ginra hte ni kahtep ai shara ni de hpyen n gun, laknak hte htu shadut mahkawng nga ai lam chye lu ai.

2014 ning February (19) ya shani, Myitkyina kaw nna Gang Dau Yang , Nam San Yan lam maga de hpyen mawdaw (100) jan hta laknak hpan hkum hte hpyen n gun hpring tup htaw nna rawt hkawm wa ai lam nga nhtawm, Manmaw kaw nna mung, Nam San Yang maga hpyen mawdaw (20) daram rawt wa sai lam hpe chye lu ai.

Matut nna mung, Myitkyina kaw nna Sumpra Bum lam maga de, hpyen mawdaw (160) jan hta hpyen laknak, hpyen n gun hpring hpring htaw ai hta n-ga, Hpri Hka Li (50) lawm nna lai lung wa sai lam myi chyaw mu ai Mungshawa ni tsun dan ai kaw nna chye lu ai.

Ya na zawn shara shagu de hpyen n-gun htu shadut kasu kabrawng nga ai gaw, shada Dap galai ai rai na kun? Shing nrai kaning re ai hpyen majan masing rai na kun? Hkrak n chye lu ai majaw, Mung mare masha ni hkrit tsang nga ai lam hpe mung chye lu ai.

Dai hta n-ga, KIA Masat (6) Dap Dung ginra, Hpakant maga de mung, Myen Hpyen Dap, Tat Ma langai bai shang jat na re lam hpe mung, matut nna chye lu ai.

No comments: