Thursday, February 27, 2014

သမ္မတသဝဏ်လွှာနဲ့ ပတ်သက်ပြီး သမ္မတကို ဖေဖော်ဝါရီလ ၂၇ ရက် ကြာသပတေးနေ့က့  ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြန်ကြား

အမျိုး ဘာသာ သာသနာ စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ ၄ခု ပြဋ္ဌာန်းပေးဖို့ ကိစ္စအတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကကို ပေးပို့တဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး သမ္မတကို ဖေဖော်ဝါရီလ ၂၇ ရက် ကြာသပတေးနေ့က အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီလို ပြဋ္ဌာန်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တရားလွှတ်တော်ချုပ်က ဥပဒေကြမ်း တစ်ရပ်စီကို မူကြမ်း ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြန်ကြားလိုက်ပါတယ်။

ကြာသပတေးနေ့ လွှတ်တော်အစည်းအဝေး မတိုင်ခင် ဦးရွှေမန်းက သမ္မတဆီ သူ အကြောင်းပြန်မယ့် သဝဏ်လွှာထဲမှာ ဘာတွေ ပါတယ်ဆိုတာ ပါတီ ခေါင်းဆောင်တွေနဲ့ အရေးပေါ် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကရဲ့ အကြောင်းပြန်စာကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် အမတ်တွေ အားလုံးက သဘောတူတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတက ပေးပို့တဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စကို သမ္မတဆီ တစ်ခါ ပြန်ပို့လိုက်တာဟာ လွှတ်တော်ဘက်က တာဝန်မခံလိုလို့လား ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့တော့ ဒါဟာ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းကို သဘောမပေါက်ကြလို့ ပြောတာဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

လွှတ်တော်က ဥပဒေမူကြမ်း ရေးဆွဲရမှာ မဟုတ်ဘဲ ဝန်ကြီးဌာနတွေနဲ့ ဥပဒေကြမ်း တင်သွင်းခွင့် ရှိသူတွေက ပေးပို့လာတဲ့ ဥပဒေကြမ်းတွေကို ဥပဒေ ဖြစ်မဖြစ် စိစစ်ရတာလို့ သူက ဆိုပါတယ်။

အခု လက်ရှိ အခြေအနေမျိုးမှာ သံဃာတွေနဲ့ ပြည်သူ တစ်သန်းကျော်က တိုက်တွန်းတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒတွေ ပြဋ္ဌာန်းနိုင်ရေးက နိုင်ငံရေးအရ အရေးကြီးတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

No comments: