Wednesday, May 28, 2014

ဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆိုတင်သွင်း


ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်အခုတင်ပြမဲ့ အရေးတကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များလည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ ၀န်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်-
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊
" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"
" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။
ဥက္ကဋ္ဌကြီးခင်ဗျား
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်
၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့
အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊ ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလိုဖြစ်နေပါတယ်။
သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။

မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်၊ ဘင်္ဂါလီ လက်နက်ကိုင်တစ်ဦး သေ


  မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ ဒီနေ့ နံနက်ပိုင်းက နယ်ခြားစောင့် ရဲနဲ့ ဘင်္ဂါလီ လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နယ်စပ်ခြံစည်းရိုးကို ချည်းကပ်လာတဲ့ ဘင်္ဂါလီလက်နက်ကိုင် တချို့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းပုန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ဘင်္ဂါလီလက်နုက်ကိုင်တွေက စတင်ပစ်ခတ်ခဲ့ပါတယ်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တဲ့အတွက် ဘင်္ဂါလီတစ်ဦး သေဆုံးပြီးတော့ သူကိုင်တဲ့ သေနတ်နဲ့ ကျည် ၉၀ကျော်ကို ဖမ်းမိလိုက်ပါတယ်။
ကျန်တဲ့ သူတွေကတော့ လွှတ်မြောက်သွားပါတယ်။
မိုင်တိုင်အမှတ် ၅၂မှာ မေလ ၁၇ ရက်နေ့ကလည်း RSO ဘင်္ဂါလီ လက်နက်ကိုင်တွေက တိုက်ခိုက်တဲ့အတွက် ရဲ လေးဦး သေဆုံးခဲ့ပါတယ်။
အဲဒီမတိုင်ခင် မေ ၁၃ ရက်နေ့ကလည်း တစ်ကြိမ်ဖြစ်ပါတယ် အဲဒီအချိန်ကတော့ RSO က ဗိုလ်တစ်ဦး သေသွားခဲ့ပါတယ်။

Tuesday, May 27, 2014

“ပန်းကလေးများ ပွင့်တော့မည်”


May 27, 2014 at 3:06pm
        မကြာခင်မှာ ကလေးတွေ ကျောင်းဖွင့်တော့မယ်။ ကျောင်းအပ်တဲ့ရာသီ ရောက်လာပြီ။ “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်။ မင်္ဂလာပါ ဆရာမ။ ညီညီညာညာ နှုတ်ဆက်ကြ။” တဲ့။ အဖြူအစိမ်းကလေးတွေနဲ့ ပွင့်သစ်စပန်းကလေးတွေကို မြင်ရတာ သိပ်ကျက်သရေ ရှိတာပဲ။ မိဘ၊ ဆရာ၊ ကျောင်းသား၊ သုံးဦးသုံးဖလှယ် တက်ကြွပြီး စာသင်နှစ်အသစ်ကို တာစူတဲ့အချိန်ပေါ့။ ကိုယ်ငယ်ငယ်ကလည်း သည်အချိန်ဆို သိပ်ပျော်တာပဲ။ အတန်းသစ်ကို တက်ရပြီ။ ဆရာမက ဘယ်သူများပါလိမ့်။ ဘယ်လိုနေမှာပါလိမ့်။ သဘောမှကောင်းပါ့မလား။ အရိုက်ကြမ်းတဲ့ ဆရာမများ ဖြစ်နေမလား။ အတန်းသားတွေကလည်း မနှစ်တုန်းက အတန်းသားတွေ ဟုတ်ချင်မှ ဟုတ်တာ။ ကိုယ်တို့ စိန်ပေါကျောင်းက ကျောင်းသားအတန်းခွဲပုံ ထူးခြားတယ်။ နှံ့စပ်စေချင်လို့လား မသိဘူး။ တစ်နှစ်နဲ့တစ်နှစ် တွေ့ရတဲ့ အတန်းသား သူငယ်ချင်းတွေက ပုံသေမရှိဘူး။ အတန်းသစ်တက်တိုင်း သူငယ်ချင်း အသစ်ရတယ်။ ကိုယ်တွေပျော်သလို မပျော်နိုင်တာကတော့ အဖွားပဲ။ ကျောင်းဖွင့်ချိန်ဆို ပိုက်ဆံတွေက ကုန်ပြီလေ။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာအုပ်ဖိုး၊ ဘာကြေး ညာကြေး၊ ဟိုအခသည်အခတွေက များလှတယ်လို့ မဟုတ်ပေမယ့် ကိုယ့်အိမ်က ကလေးခြောက်ယောက် တပြိုင်နက်တည်း ပေးရတာဆိုတော့ သူ့ခမျာ ဘယ်သက်သာလိမ့်မလဲ။ သည်ကြားထဲ အလိုက်မသိတတ်တဲ့ကိုယ်က သည်နေ့တောင်း မနက်ဖြန် ပိုက်ဆံမပါရင် ကျောင်းသွားချင်တာ မဟုတ်ဘူး။ မိုးလေးရွာတော့ မိုးကာလေး ထီးလေးက လိုချင်တယ်။ ဖိနပ်ကလေးပြတ်တော့ အသစ်ရတော့မယ်ဆိုပြီး ၀မ်းသာအားရ အိမ်ကို ပြေးပြန်တယ်။ အဲသလို ချစ်ဖို့ကောင်းတာ။

            ဒါတောင် ကိုယ်တို့ စိန်ပေါကျောင်းက တစ်ခုကောင်းတာ လူတန်းစားညီတယ်။ အနံကြီးကွင်းကျယ် သိပ်မရှိဘူး။ ဆရာက အတင်းလိုက်ဖားရတဲ့ မိဘ မရှိသလို မိဘက အတင်းလိုက်ဖားရအောင် လုပ်ထားတဲ့ ဆရာလည်း မရှိဘူး။ ဆယ်တန်းသာ အောင်သွားရော သီတင်းကျွတ်မှာ အတန်းပိုင်ဆရာကို ကိတ်မုန့်လေးနဲ့ ကန်တော့တာ၊ တစ်ကျောင်းလုံးက ဆရာကန်တော့ပွဲအတွက် ပိုက်ဆံထည့်ရတာကလွဲလို့ ဘယ်ဆရာ ဆရာမကိုမှ အိမ်လိုက်ကန်တော့ရတာ၊ မိဘခေါ်ပြီး အလှူခံထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။ ဆရာတိုင်းက ကျောင်းသားတိုင်းကို ကိုယ့်သားသမီးလို ဆက်ဆံတယ်။ မျက်နှာကြီးငယ် အဆင့်အတန်း ခွဲခြားမထားဘူး။ ကျောင်းသားအချင်းချင်းလည်း ဂုဏ်တုဂုဏ်ပြိုင် ထုံးစံကို မရှိတာ။ စာသာပြိုင်ချင်ပြိုင်တယ်။

             မယုံရင် ပုံပြင်မှတ် လို့ ပြောမှာလားဟင်။ အခု အဲသလိုကျောင်းမျိုး မြင်ဖူးကြသေးလား။ ကြားဖူးကြသေးလား။ မဟုတ်ကဟုတ်ကတွေ လာပြောနေတယ် လို့ ထင်မှာပဲနော်။ သူငယ်တန်းကျောင်းအပ်ဖူးတဲ့ မိဘမှန်သမျှ ဘယ်လိုအခြေအနေ ရှိသလဲဆိုတာ ကိုယ့်ဘာသာ အသိဆုံးနေမှာပါပဲ။ နီးစပ်ရာမှာ မေးကြည့်ကြပါ။ ကိုယ်တွေ့ချည့်ပဲ ပြောနေရင် ပုဂ္ဂလိကခံစားချက်တွေကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်းနေတယ် ဖြစ်မှာစိုးလို့။ ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းအပ်ခ သူ့ပေါက်ဈေးနဲ့သူ ရှိတယ်။ တီတီစီက ဘယ်လောက် ဒဂုံတစ်က ဘယ်လောက်၊ ဆိုတာမျိုး ဈေးကွက်ကြီး ဖြစ်နေလို့ ပွဲစားတွေတောင် ခြေချင်းကို လိမ်နေတာပဲ။ ရပ်ထဲရွာထဲ ကျောင်းစာရေးတွေ မျက်စိမပွင့်တဲ့ အချိန်ပေါ့ဗျာ။ ကျောင်းသုံးဖတ်စာအုပ်တွေပေါ်မှာ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည်ဆိုတာတော့ ဖတ်လိုက်ရပါတယ်။ ကျောင်းသားတိုင်းကို နိုင်ငံတော်မှ အခမဲ့လက်ခံသည် ဆိုတာ ဟုတ်မဟုတ် မသိသေးဘူးဆိုရင် သိအောင် အရင်လုပ်ကြပါဦး။ သူတို့သားသမီးများကျတော့ တစ်ပြားမှ ကုန်စရာမလိုလို့ မသိတာ ထင်ပါရဲ့။

            ကိုယ့်ဆရာတွေများ ကြားရင် “စော်ကားလိုက်တာ။ စော်ကားလိုက်တာ။ ဆင်းဆင်းရဲရဲ လျှာပေါ်မြက်ပေါက်အောင် ရုန်းကန်သင်ကြားပေးနေတဲ့ ဆရာတွေကိုမှ အားမနာ။ ဘယ်ဥကပေါက်လို့ ဂိုဏ်းသင့်မယ့်စကားတွေ ပြောနေပါလိမ့်နော်။” လို့ ပြောပြီး နားသယ်နားရင်း ဗြင်းကြပါလိမ့်မယ်။ တကယ်တော့ ဘယ်ဆရာသမားကိုမှာ ကာပြန်ပုတ်ခတ်ရိုး စေတနာ မပါပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းအပ်ပွဲအစဉ်အလာမှာ “ယဉ်ကျေးမှုမရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း လက်ချည့်ပဲလာရကောင်းလား” လို့ အရူးအနှမ်းလို အကြည့်ခံရတဲ့ ထုံးစံကြီးကို ကြောက်စရာလန့်စရာ မြင်တွေ့မိလိုက်လို့ပါ။ ဘုရားစူးရစေ့။ ကိုယ်ငယ်ငယ်တုန်းကတော့ မြန်မာ့ရိုးရာ အစဉ်အလာအရ ကျောင်းအုပ်ဆရာကြီးကို သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ကိုယ့်အဖေက သားတော်မောင်ကလေးတွေ ကျောင်းအပ်တိုင်း ဆန်တစ်ပြည် ငွေတစ်မတ်နဲ့ ဖအေရော သားပါ ထိုင်ကန်တော့ပြီး ကျောင်းအပ်ခဲ့ကြပါတယ်။ အခုရော။ မေးပါနဲ့အေ။

             ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဆရာဝန်အလုပ်ဟာ သူများအသက်ကို ကယ်တဲ့အလုပ်လို့ ကြံဖန်ဂုဏ်ယူလို့ ရချင်ရမယ်။ ကျောင်းဆရာတွေလိုတော့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မမည်ပါဘူး။ ဒါကြောင့် ဆရာအလုပ်ဆိုတာ ကိုယ့်ထက်မြတ်သော အသက်မွေးဝမ်းကျောင်း လို့ လက်ခံထားပါတယ်။ ဆရာဝန်ကို သူ့လူနာက ကျေးဇူးမတင်ရင် နေပါ။ ဆရာသမားကိုတော့ သူ့တပည့်က ကျေးဇူးကျွေး တင်ကိုတင်နေတာပါ။ ဒါကြောင့်မို့ ကျေးစွပ်တဲ့စကားပြောပြီး ဆရာသမားများကို ပြစ်တင်ဝေဖန်တာမျိုး ဘယ်တုန်းကမှ မလုပ်ဝံ့ပါဘူး။ သို့သော် သည်ကနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ လူနေမှုစားရိတ်မှာ ကျောင်းဆရာ ဆရာမများ တောင့်ခံထားရတဲ့ သီလ နဲ့ အူမ ချိန်ခွင်ညှာဟာ မုန်ညင်းစေ့ထဲ စင်္ကြန်ကြွရတဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအလား အံ့ဖွယ်သရဲ ထူးကဲမယ့် အခြင်းအရာ ဖြစ်ပါတယ်။ သူတို့မှာလည်း သူတို့မိသားစု၊ သူတို့ သားသမီးတွေ ရှိတယ်။ သည်လစာနဲ့ ဘယ်လို လူတန်းစေ့အောင် စီစဉ်ရမလဲ ဆိုတဲ့ အပူတွေ ရှိတာပေါ့။ ကျောင်းဆရာ ဆရာမများ ပင်စင်သွားတဲ့အခါ နေစရာထိုင်စရာ အိမ်အိုကလေးတစ်လုံး အဖတ်တင်ကျန်ခဲ့ရင်တောင် အာဂလူသား ဖြစ်နေတာဆိုတော့ “နင်က ငါတို့ကို ထမင်းငတ်စေချင်လို့ သည်လိုစာမျိုး ရေးရက်သလား။” လို့ မေးရင်တောင် ဖြေစရာစကား မရှိပါဘူး။ ကိုယ့်ဦးလေး၊ ကိုယ့်အဒေါ်များဟာ တစ်ဝမ်းတစ်ခါးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ကြတဲ့ ဆရာ၊ ဆရာမများ ဖြစ်ပါတယ်။ ကျောင်းဆရာအလုပ်ဆိုတာ အိမ်ထောင်ဘက်က လူတန်းစေ့အောင် တာဝန်ယူမထားနိုင်ရင် ထမင်းနပ်မမှန်တဲ့ အလုပ်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိပါတယ်။

            ဒါဖြင့် ကျောင်းဆရာမထဲမှာ စိန်မရှား ရွှေမရှား အလွန်ပင်များတဲ့သူတွေ မတွေ့ဖူးတော့ဘူးလား။ သိပ်တွေ့ဖူးတာပေါ့ဗျာ။ ဟိုတစ်ခါပြောဖူးတဲ့ ကိုယ့်တစ်သက်တာ စိန်တွေအများဆုံး လူ့ကိုယ်ပေါ်မှာတွေ့ဖူးတဲ့ အန်တီကြီးဟာ ကျောင်းဆရာမပါ။ “သွားလေသူ နင်တို့ဘဘ ရှာဖွေထားရစ်ခဲ့တာလေးတွေပေါ့ကွယ်။” လို့ မျက်ရည်လေးစမ်းစမ်း သနားစဖွယ် အလွမ်းသယ်တဲ့အခါ အင်မတန်မှကို လူကြားလို့ကောင်းတဲ့စကား မှန်သောသစ္စာ စကားပါပဲ။ တကယ်လို့များ အဲသလို မဟုတ်ပဲ သူကိုယ်တိုင် ကျားစီးဖားစီး ကျောင်းဆရာအလုပ်နဲ့ သည်စည်းစိမ်တွေ ရှာထားတာဆိုရင်တော့ မြတ်စွာဖျား လို့သာ တရမယ့်ပုံ။ ကျောင်းဆရာမှန်ရင် ဆင်းရဲရမှာပေါ့ လို့ မဆိုလိုပါဘူး။ ကျောင်းဆရာတစ်ယောက် (ကျူရှင်ဆရာ မဟုတ်) အရမ်းအရမ်းကို ချမ်းသာလာတယ်ဆိုရင် လူကြားလို့ မကောင်းဘူး လို့ သိစေချင်တာပါ။ (ဆရာဝန်လည်း တူတူပဲပေါ့နော်) ကျောင်းဆရာလခဟာ စိန်ဝယ်ရင် ဒညင်းသီးဆားရေစိမ်ပဲ ရပါမယ်။ နိုင်ငံနဲ့အ၀ှမ်း မိုးခါးရေသောက်နေတဲ့အချိန်မှာ မ၀ရေစာ စားနေကြရတဲ့ ကိုယ့်ဆရာ ဆရာမများကိုမှ လက်ညှိုးငေါက်ငေါက် မထိုးရက်ပါဘူး။ ကိုယ့်ဆရာဆိုကတည်းက ကိုယ့်ထက် မာနကြီးပြီး ကိုယ့်ထက် အစွန်းအထင်း မခံနိုင်တဲ့သူတွေချည့်ပါပဲ။ ကိုယ်တောင် သည်လိုစိတ်ဓါတ် သူတို့သင်ပေးလို့ရတာပဲဟာ။ ဒါပေမယ့် ဆရာတို့ ဆရာအချင်းချင်းထဲမှာ ဘယ်လိုတွေ ဖြစ်နေသလဲဆိုတာ ဆရာတို့ ဆရာမတို့က ပိုသိမှာပါ။ ကိုယ်တွေက အပြင်လူ မဟုတ်လား။

             ကိုယ်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားတဲ့အထဲမှာ ချန်ပီယံ တံခွန်စိုက်ပါတယ်။ လာဘ်စားတယ်ဆိုတာ သုံးသိန်းလောက်ဆိုရင်သာ အသံမြည်တာ။ သိန်းသုံးထောင်လောက် စားလိုက်ရင် ဘာအသံမှ မကြားရတော့ဘူး။ တကယ်လို့များ အဲသည်လူကြီးတွေလို တိုက်ခန်းတွေ၊ မြေကွက်တွေ၊ ကွန်ဒိုတွေ မဲပေါက်ပြီးရင်း မဲပေါက်နေလို့ကတော့ တို့ဆရာ ဆရာမတွေလည်း လခ ၂၅% တောင် မဟုတ်ဘူး။ ၁၀၀% လုံး လှူတယ်။ တစ်ပြားမှ မပေးနဲ့ လို့ ရေစက်ချနိုင်မှာပါပဲ။ အခုတော့ အခုအတိုင်းပဲ ကောင်းပါတယ် ကောင်းပါတယ်ပေါ့လေ။ ဆန်ခိုးမှ မမိတာ။ ဖွဲခိုးလာမဖမ်းနဲ့။ ရှင်ငရဲကြီးလိမ့်မယ်။ အဲ့ဟယ် အဲ့ဟယ်။ လို့ ဆိုလိုက်ရင် ကိုယ့်ဆရာ နဲ့ ကိုယ့်တပည့်တွေပဲဟာကို။ လိုရာကိုယူ ကြည်ဖြူပါတယ်။ တစ်ခုပဲ ကြောက်တယ်။ ကလေးတွေကတော့ လိုက်အတုခိုးမှာ အမှန်။ အခုတောင် အဲသလိုမှ မလုပ်နိုင်ရင် နှုန်းကွာစံလွဲ အရှက်တကွဲ အကျိုးနည်း ဖြစ်စရာ လို့ မြင်ကုန်ပြီ။

           လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အင်မတန် ကောက်ကျစ်သော၊ ယုတ်မာသော၊ လှည့်ဖြားတတ်သော သူတော်ကောင်းဥစ္စာ နဲ့ ကင်းကွာသူကြီးတွေ၊ (ဆိုကြပါစို့ကွယ်) ၀က်ဝက်ကွဲ Corrupted ဖြစ်သောသူကြီးတွေ လက်ညှိုးထိုး မလွဲအောင် ရှိတယ်။ ရှိပါစေလေ။ သူတို့က သိပ်ကြောက်စရာ မကောင်းပါဘူး။ နောင် အနှစ်သုံးလေးငါးဆယ်ဆို ဘယ်သူမှ ကျန်မှာ မဟုတ်တော့ဘူး။ သင်္ခါရက သူ့ဟာသူ စီမံပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ မယဉ်ကျေးမှုအမွေတွေကို နောင်လာနောက်သားကလေးတွေ လက်ဆင့်ကမ်းအမွေဆက်ခံယူရင် သည်အကျင့်ဆိုးတွေက ကမ္ဘာဆုံးတိုင် သံသရာလည်နေဦးမှာပါ။ သည်အမူအကျင့်ဆိုး၊ အယူအဆဆိုး၊ ဓလေ့စရိုက်ဆိုးတွေက ဒေါ်စုတက်လည်း မပျောက်၊ ဘစိန်တက်လည်း မပျောက်၊ စစ်တပ်က အာဏာသိမ်းပလိုက်လည်း မပျောက်၊ ဘယ်သူတက်တက် ပျောက်မယ့်လမ်း မမြင်ပါဘူး။ အခုလက်ရှိ စာသင်ခန်းအတွင်းမှာ ရှိတဲ့ ဆရာတွေ ဆရာမတွေမှတပါး၊ သိကြားမင်းကြီးတောင် မတတ်နိုင်ပါဘူး။

            Corruption ကို တိုက်ဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းကောင်းက မျိုးဆက်သစ်လူငယ်တွေကို Corruption မကောင်းကြောင်း၊ မကျင့်သုံးအပ်ကြောင်း၊ ချွင်းချက်မထားအပ်ကြောင်း၊ ရှက်စရာကောင်းကြောင်း သင်ကြားပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့ဆိုတော့ အခုလက်ရှိအချိန်မှာ ကိုယ်အပါအ၀င် မြန်မာလူမှုအသိုင်းအ၀ိုင်းတစ်ခုလုံးဟာ Corruption ကို ခိုးစားရင် ချိုမြိန်သောအသီး၊ ဓနနဲ့ဖုံးရင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ရတဲ့အရာ၊ သည်အရိပ်သုံးပါးကလေးမှ နားမလည်ရင် လောကကြီး လူလုပ်လို့မရတဲ့ ချို့ယွင်းအားနည်းချက်၊ အဲ့သလိုပဲ ခံယူနေကြပါပြီ။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး Corruption နဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည်ညိုလေးစားလွန်းလို့ ပြားပြားဝပ်နေအောင် ထိုင်ရှိခိုးတဲ့ အစဉ်အလာ ဖြစ်နေပါပြီ။  ဘုန်းကြီးသာ ခလုပ်တိုက်သွားမှာ အဘလာရင် လက်အုပ်ကချီပြီးသား။ မကင်းလေ၊ ချမ်းသာလေ။ ရိုကျိုးလေ။ (အကုန်လုံးတော့ မဆိုလိုဘူးပေါ့နော်) သူတို့တော့ ဘာမှသွားလုပ်ဖို့ မစဉ်းစားနဲ့တော့။ အိုသေအောင်သာ စောင့်လိုက်တော့။ (နင်အရင်သေဖို့ နီးနေပြီ တဲ့ သားကို)

           လက်ရှိအစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ချင်တယ် ဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ဖို့ မလိုပါဘူး။ ဥပဒေလည်း နောက်ထပ်မတိုးပါနဲ့တော့။ ရှိပြီးသားနဲ့ လုံလောက်ပါတယ်။ ကျောင်းဆရာ ဆရာမများကို အူမတောင့်အောင်ကျွေး၊ သီလစောင့်နိုင်အောင်ပေးပြီး အာစရိယဂုဏော နဲ့ အညီ အတတ်လည်းသင် ပဲ့ပြင်ဆုံးမစေဖို့ပဲ လိုပါတယ်။ သူတို့မှ မသင်ရင် ဘယ်သူကမှ သင်မယ့်သူ မရှိတော့တာပါ။ ပညာရေးလောကထဲမှာ ဘယ်လောက် ဗြောင်းဆန်အောင် ခံစားနေရသလဲဆိုတာ ပညာရေးဝန်ထမ်းတွေထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ ပွင့်သောပန်းတိုင်း ပိုးကိုက်နေသော်လည်းပဲ ပညာရေးနယ်ပယ်ကတော့ အဖူးအငုံ အညွန့်အတက်ကလေးတွေမို့လို့ အလေးအနက်ထား ထိန်းသိမ်းမှသာ အနာဂတ် လှပပါလိမ့်မယ်။ Corruption ကို စတိုက်ချင်ရင် ပညာရေးဘက်က ဦးတည်လိုက်တာဟာ ဆရာစော်ကား ငရဲလားမယ့် ကိစ္စ လို့ မမြင်စေချင်ပါဘူး။ ဆရာကောင်းတပည့်တွေ ပန်းကောင်းပန်နိုင်ဖို့ အနာဂတ်ကို ပျိုးတာလို့ သဘောထားစေချင်ပါတယ်။ ဖြူစင်တဲ့ဆရာတွေက သွန်သင်တော့ ဖြူစင်သောတပည့်များ ထွက်လာတာပေါ့ဗျာ။ အဲဒီအတွက် ဘယ်အရာဟာ အဖြူ လို့ ဆရာတွေကို စသင်ပါရစီ။ မူရင်းကောင်းမှ မိတ္တူကောင်းမှာမို့လို့ ကိုယ်တို့ဆရာဆရာမကလေးတွေကို တန်ဖိုးထား ထိမ်းသိမ်းသောအားဖြင့် ပညာရေးနယ်ပယ်မှာ ခြစားမှုကင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ တို့အဘတွေဆီတော့ ဆုမတောင်းရဲပေါင်ကွယ်။ သူတို့က “ပွင့်သောပန်းတိုင်း လန်းပါစေ” လို့ ဆိုရင် “အင့် … ဆာဒူးကြီး ယူသွား” လို့ ပေးလိုက်မှာ။

Monday, May 26, 2014

“ဘယ်ယိုင်ကာ ညာကိုင်နင်းမယ် မင်းလိုက်ခဲ့လေး”

 
 
May 25, 2014 at 5:00am
          အင်္ဂလိပ်စာ၊ ဂျပန်စာသင်နေတဲ့ သမီးက “leftist” ဆိုတဲ့စာလုံးကို ကိုယ့်ဆီလာမေးတော့ သူနားလည်အောင် ဘယ်လိုရှင်းပြရမှန်းမသိပါဘူး။ “ဘယ်ကျော်” မဟုတ်တာတော့ သူ့ဖာသာသူလည်း သိပါတယ်။ “လက်ဝဲသမား” လို့ ပြောရင် သူနားလည်မှာ မဟုတ်သလို “ကွန်မြူနစ်” လို့ ပြောရင်လည်း အစိုးရက ပေးသိထားတဲ့အတိုင်း သူပုန်သူကန်၊ မြေအောက်အကြမ်းဖက်သမား၊ အလကားနေ တိုင်းပြည်ကို ဆူပူအောင် လှုံဆော်ချင်နေတဲ့သူ၊ လူထူရာ ဗုံးထောင်ဖို့ချောင်းနေတဲ့သူလို့ ထင်သွားမှာ စိုးပါတယ်။ အံ့သြစရာပါပဲ။ ကိုယ်တို့နိုင်ငံဟာ ဆိုရှယ်လစ်ဝါဒနဲ့ လမ်းစဉ်ပါတီကြီးဦးဆောင်တဲ့ လက်ဝဲကမ္ဘာက နိုင်ငံငယ်တစ်ခုဖြစ်သော်လည်းပဲ ကွန်မြူနစ် လို့ဆိုလိုက်ရင် အပြင်းစားဝါဒ၊ အဖေအမေကိုတောင် ပြန်သတ်တဲ့ အဇာတသတ်တွေ မွေးထုတ်ပေးတဲ့ဝါဒ၊ ဘုရား၊ တရား၊ သံဃာကို အယုံအကြည်မရှိတဲ့ဝါဒ၊ ဖြုတ်ထုတ်သတ်ဝါဒ လို့ ခေါင်းထဲကိုစွဲနေအောင် ရိုက်သွင်းထားခဲ့တာ ဖဆပလခေတ်ကတည်းကစလို့ ကနေ့ထက်တိုင်အောင်ပါပဲ။ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဦးနေ၀င်းတို့ ဦးနုတို့ခေတ်မှာ အင်အားကြီးကြီးမားမား အတိုက်အခံပါတီဖြစ်လို့ရယ်၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသွားတာရယ်ကြောင့် အဲသည်ပါတီကို နှိမ်နှင်းတဲ့အခါ သူတို့ဘက်က ဘာလုပ်လုပ်၊ အမျိုး ဘာသာ၊ သာသနာအတွက်လုပ်တာလို့ လူထုထောက်ခံမှုရချင်တဲ့အတွက်၊ ဟိုတစ်ဘက်က မချေပနိုင်တဲ့နေရာမှန်သမျှမှာ တဘက်သတ် တံဆိပ်ကပ်ပြီး နံမယ်ဖျက်ထားတာ ဖြစ်မှာပဲ လို့  တွေးမိပါတယ်။

          လက်စသတ်တော့ အခုမှပဲ အရောင်ပေါ်လာတော့တယ်။ သည်ငတိက ကွန်မြူနစ်ဝါဒီ ဖောက်ပြန်ရေးသမားပဲ လို့ ကိုယ့်ကိုယ်လည်း တံဆိပ်လာကပ်ကြတော့မယ် ထင်ပါတယ်။ ကြိုက်သလိုထင်ပါလေ။ ကိုယ်ကတော့ ကွန်မြူနစ်ဖို့နေနေသာသာ၊ သူတို့ဘာသူတို့ မဇ္ဇိမပဋိပဋာလမ်းစဉ် လို့ အသံကောင်းဟစ်နေတဲ့ ဆိုရှယ်လစ် ကိုတောင် သူများတွေ လေသံတောင် မသလပ်ဝံ့ခင် ကလေးဘ၀ကတည်းက အယုံအကြည် မရှိခဲ့ပါဘူး။ ဘာလို့ဆိုတော့ သူတို့ပြောသမျှ ကွန်မြူနစ်ဆိုတာတွေက ကိုယ်တိုင်မြင်ဖူးတာလည်း မဟုတ်ဘူး။ ဆိုရှယ်လစ်တွေ ဘယ်လောက်ဖောက်ပြန်သလဲဆိုတာကျတော့ မျက်ဝါးထင်ထင်တောင် မကဘူး။ သုမနကျောမှာ ဒဏ်ရာတွေနဲ့။ အခုဆို မဆလ လို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးတောင် သူ့လမ်းစဉ်ကို အတိအလင်းစွန့်လွှတ်လိုက်ပြီး တစည တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လို့ ပြောင်းခေါ်လိုက်ပြီ။ ဘယ်လိုခေါ်ခေါ်ပါလေ။ နံမည်ကလေး ပြောင်းခေါ်လိုက်ရုံနဲ့ ဤ က ကျွဲ ဖြစ်မသွားမှန်း သည်ကနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ အဲသည်ပါတီကြီး ဘယ်နေရာက ပါသလဲ ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။

           သည်လိုဆိုတော့ ကိုယ်တို့တိုင်းပြည်ကြီးဟာ လက်ဝဲ၀ါဒီ၊ အနီရောင်အလံကလေးနဲ့ မဟုတ်တော့တာ သေချာနေပါပြီ။ (မနီ့တနီပေါ့လေ။ ပန်းနုရောင်လေး) အရင်တုန်းက ကိုယ်တို့ရဲ့ အားကိုးအားထားပြုရာ ကျောထောက်နောက်ခံ တရုတ်တို့ ဆိုဗီယက်ယူနီယံတို့ဘက်ကရော ဘယ်လိုများ မြင်ကြမလဲ မသိဘူးနော်။ နိုင်ငံရေး သစ္စာဖောက်၊ ဖောက်ပြန်ရေးသမား၊ ဓနရှင်လက်ဝေခံ၊ အလို စဉ်းစားလို့ရသမျှ နံမယ်တွေ ကုန်တောင် မကုန်နိုင်ဘူး။ အခုဆို သူတို့ရဲ့ မဟာရန်သူ အမေရိကန်ကြီးတွေကို အိမ်ခေါ်ပင့်ဖိတ် ဧည့်ထောက်ခံနေကြလို့ တော်တော်တောင် မျက်စိစပါးမွှေး စူးလှရော့မယ်။ ပြောရရင်တော့ သည့်ထက်အသည်းနာစရာတောင် ကောင်းမလား မသိဘူး။ ကားလ်မာ့ခ် တို့ အိန်ဂျယ်တို့ မက်ခဲ့တဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ သာတူညီမျှ အိပ်မက်နန်းတော်ကြီးဟာ ကိုယ်တို့မြန်မာပြည်က ၈၈ အရေးအခင်းကစခဲ့လို့ “အို ဟိုး … ဟိုမှာကြည့်စမ်း ကိုယ့်ရဲ့နန်းတော် ပြိုကျခဲ့ပြီ” ဖြစ်လာတာ။ ကိုယ်တို့ဆီမှာ ပါတီကောင်စီအစိုးရကနေ စစ်အစိုးရအဖြစ်ကို ပြောင်းခဲ့သလို တရုတ်ပြည်မှာ တီအန်နန်မင်စကွဲယားမှာ လူပေါင်းထောင်ချီ သေဆုံးတဲ့ အရေးအခင်းကြီး ဖြစ်လာတယ်။ နိုင်ငံရေးပေါ်လစီတွေ ပြုပြင်ပြောင်းလဲခဲ့ရတယ်။ ဆိုဗီယက်ယူနီယံဆိုတာကြီးကတော့ မုန့်လေပွေ ခွေးနင်းသလို မဖြစ်ဖို့ မနည်းကြီးကို တောင့်ခံစုစည်းထားရတယ်။ ရုရှားဖက်ဒရေးရှင်း ဖြစ်သွားပြီ။ ဒါတောင် အနောက်ဘက်ပိုင်းက ပဲ့ပဲ့လိုက်လာတာ ခုထက်ထိ အဖတ်ဆည်မရသေးဘူး။ လိပ်ပြာတောင်ပံခတ်သံ (Butterfly effect) လို့ ကဗျာဆန်ဆန် ခေါ်ချင်ခေါ်ပါလေ။ ကိုယ်တို့ဆီက မဆိုစလောက် အပြောင်းအလဲကလေးဟာ သူတို့ကမ္ဘာမှာကျတော့ သက်ရောက်မှုပြင်းထန်တတ်လို့ ခုလောက်ဆို ကိုယ်တို့ကို “သည်ငတတွေ ဘာများမတော်မတည့် ပေါက်တတ်ကရတွေ လျှောက်လုပ်ဦးမှာလဲ” လို့ နှစ်ဘက်စလုံးက မျက်လုံးဒေါက်ထောက် ကြည့်နေလောက်ပြီ ထင်ပါတယ်။

           တချိန်တုန်းက စူပါပါဝါနဲ့ အနောက်အုပ်စုကို တောင့်ခံထားတဲ့ လက်ဝဲကမ္ဘာဟာ သည်ကနေ့အခါမှာ တော်တော်လေး ယိမ်းယိုင်ချည့်နဲ့လာပြီ လို့ တွေးစရာပါပဲ။ ရုရှားကြီးခမျာ ဘုန်းလက်ရုံးတွေ ကျသွားလိုက်တာ။ သူ့ဆီက KGB တွေ ဂျိန်းစဘွန်းကားထဲတောင် လူကြမ်းလုပ်မရတော့ဘူး။ မင်းသမီးလေး ကယ်ချင် မြောက်ကိုရီးယားမှာ သွားကယ်ရတယ်။ လူလည်ကျတဲ့ ပေါက်ဖော်ကြီးတွေကတော့ ပိုက်ဆံကုန်တဲ့ စစ်မတိုက်ပဲ ပိုက်ဆံရတဲ့ စီးပွားရေးကို နင်းကန်လုပ်နေလို့ သူ့ပဲ ကြောက်နေကြရတယ်။ သူတို့အနောက်ကမ္ဘာမှာ ဘာနည်းပညာ အသစ်တွေပေါ်ပေါ် တရုတ်တွေဆီရောက်သွားရင် ပေါပေါပဲပဲ အိမ်ပေါက်စေ့ အရောက်ပို့နိုင်လို့ တစ်ကမ္ဘာလုံးမှာ ကြိမ်ရေအများဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ အင်္ဂလိပ်စကားလုံးဟာ သုံးလုံးပဲ ရှိသတဲ့။ “Made in China” ဆိုပဲ။ ကျန်တာတွေကတော့ မဖုတ်လောက် မသုတ်လောက်တွေပဲ ရှိတော့တယ်။ မြောက်ကိုရီးယား ရွှေအိုးစည်ကလေးရယ်၊ လာအို၊ ကမ္ဗောဒီးယား နဲ့ ဗီယက်နမ်ကတော့ အနီရောင်ကျွတ်ကုန်တဲ့ အထဲမှာပါတယ်။ အခုဆို ကိုယ်သမီးကို ရှင်းပြစရာ ကွန်မြူနစ်ဝါဒဆိုတာတောင် ခေါင်းမွှေးဖြူအောင် စဉ်းစားနေရတယ်။ နောက်ဆို သူတို့လည်း သိမှသိပါတော့မလား မဆိုနိုင်ဘူး။

           လူတွေက ဘယ်လိုပဲ ထွေလီကာလီ ခလောက်ဆန် ဖောက်ပြန်တတ်သော်ငြားလည်း လောကကြီးကတော့ သူ့ဟာသူ ဟန်ချက်ညီအောင် ပြန်ပြန်ထိမ်းတယ်နဲ့တူပါတယ်။ ပစ္စည်းမဲ့ လူတန်းစား အာဏာရတဲ့ လက်ဝဲ၀ါဒဟာ ကိုယ်တို့အရှေ့ကမ္ဘာမှာ မအောင်မြင်သလိုလိုနဲ့ သူတို့အနောက်ကမ္ဘာမှာ နောက်ဖေးပေါက်ကနေ ရာဇပလ္လင်ပေါ်ရောက်သွားပြီ။ ဓနရှင်ဝါဒရဲ့ အစိုးရအဖွဲ့ထဲမှာ အောက်ခြေလူတန်းစားတွေဟာ ခိုင်ခိုင်မာမာ အမြစ်တွယ်ပြီး နေရာရလာတယ် လို့ ပြောချင်တာ။ လူချင်းအတူတူပေမယ့် လူ့အခွင့်အရေးတွေမရလို့ သမိုင်းတင်ကာစခေတ်ကတည်းက တိုက်ပွဲဝင်အရေးဆိုလာခဲ့ရတဲ့ လူမည်းအမျိုးသားထဲကနေ အမေရိကန်သမ္မတကြီး ဖြစ်လာတာ မြင်တဲ့အတိုင်းပဲ။ မာတင်လူသာကင်းကြီးပြောတဲ့ “I have a dream.” ဆိုတာ အခုတော့ တကယ်ဖြစ်လာပြီ။ ဖြစ်လာတာမှ Discrimination လို့ ခေါ်တဲ့ လူမည်းဖြစ်တဲ့အတွက် ခွဲခြားနှိမ့်ချ ဆက်ဆံခံရတဲ့ဘ၀က လွတ်မြောက်လာရုံတင် ဘယ်ကမလဲ။ Positive Discrimination လို့ ခေါ်တဲ့ လူမည်းမို့လို့ မျက်နှာသာပေး အရေးပေးခံရတဲ့ဘ၀ကိုကို ရောက်လာတာ။ တကယ်လို့များ အိုဘားမားကြီးဟာ သမားရိုးကျ လူဖြူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သမ္မတတောင် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ လူမည်းမို့လို့ သူတို့နိုင်ငံဟာ လူမည်းတွေအပေါ် နှိမ်မထားပါဘူးဆိုတာ တစ်ကမ္ဘာလုံးသိအောင် ပြချင်လို့ တမင်တကာဆိုတဲ့မဲတွေနဲ့ သူ သမ္မတ ဖြစ်လာတာလို့ ထင်တာပဲ။ ကိုယ်တို့ဆီမှာ ရှမ်းအမျိုးသားကြီးတွေ သမ္မတ၊ ဒုသမ္မတ တင်သလိုပေါ့။ (နေရင်းထိုင်ရင်း ပိန္နဲပင်ကလည်း ဆွဲဆွဲထည့်ရသေးတယ်။)

           အလားတူ ခေတ်ရေစီးကြောင်းမျိုးကို လောလောလတ်လတ် ရွေးကောက်ပွဲလုပ်သွားတဲ့ အိန္ဒိယမှာလည်း တွေ့လိုက်ရသေးတယ်။ အင်မတန် ဇာတ်စံနစ်ခွဲခြားတဲ့ အိန္ဒိယမှာ ဇာတ်နိမ့်တစ်ယောက်က ၀န်ကြီးချုပ် ဖြစ်လာတော့မတဲ့။ အရင်တုန်းကဆိုရင်တော့ ကြားသားမိုးကြိုး လို့ ပြောလို့ရတယ်။ ခုခေတ်မှာတော့ မအံ့သြတော့ဘူး။ ခေတ်အဆက်ဆက် ထိပ်ပေါ်ကတက်နင်းထားတဲ့ ဓနရှင် အာဏာရှင်တွေကို ပြည်သူလူထုက စိတ်ကုန်လာပြီး ဖိနှိပ်ခံ အောက်ခြေလူတန်းစားကိုပဲ ပိုပြီးယုံကြည်လာတဲ့သဘောပေါ့။ ထိုင်းမှာ ယင်လတ်တို့ မောင်နှမ ကံဆိုးမိုးမှောင်ကျရတာလည်း အဲသည်သဘောပါမယ် ထင်ပါတယ်။ တကယ်တမ်းကျ သူတို့မိသားစုက တရုတ်အဆက်အနွယ် ခရိုနီပညာတတ် အေးလိကြီးတွေ မဟုတ်လား။

           ကိုယ်တို့မြန်မာပြည်မှာတော့ စစ်အစိုးရက အာဏာရှင်စံနစ်နဲ့ ဗိုလ်ကျစိုးမိုးလာခဲ့ကြတာ ၁၉၆၂ ကတည်းက လို့ ပြောလေ့ရှိကြပါတယ်။ ကိုယ်ကတော့ အဲသလို မထင်ပါဘူး။ ကိုယ်တို့ဆီမှာလည်း ပစ္စည်းမဲ့လူတန်းစား အာဏာရတဲ့ စံနစ်ထွန်းကားပါတယ်။ သေသေချာချာ မစဉ်းစားမိလို့ပါ။ တစ်နိုင်ငံလုံးက ခါးခါးတူးတူး မုန်းလှပါတယ်လို့ ရွှေမေတ္တာထားတော်မူကြတဲ့ ဦးသန်းရွှေဟာ သီပေါမင်းရဲ့ နန်းရိုးနန်းဆက် မှ မဟုတ်တာ။ စာတိုက်စာရေးကလေးဘ၀က လာတာလေ။ သူ့ခမျာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုပေမယ့် ဗိုလ်သင်တန်းဆင်း အဖြစ်နဲ့တောင် ဘ၀က စခဲ့ရတာ မဟုတ်ဘူး။ သူအာဏာရသွားတာကို ပစ္စည်းမဲ့လူတန်းစားအာဏာရသွားတာ မဟုတ်ဘူးလို့ ငြင်းနိုင်ရင် ငြင်းလေ။ (အာဏာရပြီးတာနဲ့ အကြီးဆုံး ဓနရှင်ကြီး ဖြစ်သွားတာကိုလည်း သည်က မငြင်းပါဘူး။)

            သူတင်မကဘူး။ လောလောဆယ် ထိပ်ဆုံးက တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘိုးတော်ဘတော်ကြီးများဟာ ခုမှသာ ရတနာစိန်ကျောက် ဇယ်တောက်ပြီး ကစားနိုင်ကြတာ ငယ်ငယ်ကတော့ မန်ကျည်းစေ့တောင် အနိုင်နိုင်ရယ်။ သမ္မတကြီးဦးသိန်းစိန်တောင် ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ လေးမျက်နှာအနားက ရွာသေးသေးကလေးကနေ ဆရာတော်ဘုရားအထောက်အပံ့နဲ့  မြို့တက်စာသင်ဖို့လွှတ်လိုက်တဲ့ ပညာတော်သင်ကလေးလေးတွေထဲက တစ်ယောက် လို့ ဆိုပါတယ်။ (သာဓုပါ ဆရာတော်။ အမျှော်အမြင်ကြီးပါပေတယ်) မြန်မာပြည်မှာ ဆင်းရဲသားကျောမွဲ၊ ဓနဥစ္စာ ဉာတကာ အင်အားမရှိရင် လူမွှေးလူတောင် ပြောင်ဖို့မလွယ်ဘူးဆိုတာ လုံးဝမှားတာပေါ့နော်။ ဗိုလ်ချုပ်တွေအားလုံး ငယ်ငယ်က ဖင်တုန်းလုံး လို့သာ မှတ်လိုက်ပါ။ ဒါကြောင့် မြန်မာပြည်ဟာ ပစ္စည်းမဲ့လူတန်းစားတွေ အာဏာမရနိုင်ဘူးလို့ ပြောလာရင် သည်နေရာက အခိုင်အမာ ငြင်းဆိုပါတယ်။

           တစ်ခုပဲ ရှိတယ်။ အာဏာရသွားတဲ့ ပစ္စည်းမဲ့လူတန်းစားတွေက ကိုယ့်လူတန်းစားအပေါ် ကိုယ်ပြန်မစောင့်ရှောက်ကြတာ။ ကိုယ်ငယ်ငယ်က ဘယ်လိုကြီးပြင်းခဲ့ရသလဲ ဘ၀မေ့ကုန်တာ လို့ ပြောရင်ရမယ် ထင်ပါတယ်။ “စတော်ဘယ်ရီ ချယ်ရီ့ရောရင် တော်ဆန်ရုံလူပင် …” ဆိုတော့လည်း ဆီးသီးကလေးကို “အဲ့ဒါ ဘာလေးလား။” ဖြစ်ကုန်တာပေါ့လေ။ ဆိုလိုတာကတော့ ပစ္စည်းမဲ့လူတန်းစားဆိုတာ အာဏာရသွားရင် ဓနရှင်ဖြစ်ဖြစ်သွားလို့ ကိုယ်လိုပစ္စည်းမဲ့ကျောမွဲတွေကို ညှာတာနိုင်ဖို့ ခဲယဉ်းတယ် လို့ ပြောချင်တာပါ။ တို့ရွာသားလေး ရှင်ဘုရင်ဖြစ်ရင် တို့ရွာကလေး မီးလင်းမယ်။ ရွာဦးက ဘုရားလေး ထုံးသင်္ကန်းကပ်နိုင်မယ် လောက်ပဲ မျှော်လင့်ထားပါ။ ပြည်လုံးချမ်းသာတော့ မျှော်လင့်မထားနဲ့။ ကျော်ဟိန်းကြီးတောင် လက်လျှော့ပြီး ဘုန်းကြီးဝတ်သွားပေါ့။ နောက်ဆုံးတော့ ဗုဒ္ဓတရားတော်နဲ့အညီပေါ့လေ။ အတ္ထာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာ လို့ သဘောထားပြီး ကိုယ့်ဘာသာကိုယ် အာဏာရအောင်ပဲ ကြိုးစားကြတာပေါ့။ ဟုတ်ဘူးလား။ အားတက်စရာကတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး။ နောင်တစ်ချိန်မှာ နာဂစ်သားကောင် လူမမယ်ကလေးတွေထဲက နိုင်ငံ့အကြီးအကဲ ပါမလာဘူးလို့လည်း မပြောနိုင်ဘူး။ လူတိုင်း ထီပေါက်နိုင်ပါတယ်။ ထီထိုးဖို့ပဲ လိုတာပါ။ (နောက်ဆို စိုးမိုးကျော်မှာ ပလယ်ဇန်တာသွားလုပ်မယ်)

            ကဲ နှစ်ကျပ်ဖိုးနဲ့ သိန်းထီထိုးလိုက်ကြရအောင်ဗျာ။ နှစ်ကျပ်ကွက်လေး ရိုက်ကြည့်ရအောင် လို့ ပြောချင်လည်းပြော။ (နှစ်ထောင်ဖိုးဆို အကွက်တစ်ထောင် ၀င်မှာ ဘဥာဏ်ရဲ့။) ဆင်ဖြူတော် ပြုတ်မစားခင် အိုးအရင် ရှာလိုက်ကြတာပေါ့နော်။ ပစ္စည်းမဲ့လူတန်းစား ဆင်းရဲသားကျောမွဲဆိုတာ အလကားနေရင်း ရှင်ဘုရင် သမ္မတဖြစ်သွားစရာတော့ မရှိဘူး။ ဖြစ်ချင်လာရင် ဖြစ်နိုင်လောက်သော အရည်အသွေး၊ ကံ၊ ဥာဏ်၊ ၀ီရိယ ပြည့်စုံမှ ရတယ်။ အဲ့ဒါကို အီးကလက်က ဟိုဆရာကြီးတွေ ပြောသလိုပြောရရင် “Capacity Building” တဲ့။ (ဘာရယ်လို့ ဟုတ်ဘူးလေ။ လူရှိန်အောင် ပြောကြည့်တာ။ အဟိ) ရှင်ဘုရင်လုပ်တယ်ဆိုတာ ဇာတ်သေတ္တာပလ္လင် ပေါ်တက်ထိုင်ချင်တောင် “ငါ၏အပါး မြဲခစားတဲ့ မူးမတ်က၀ိန် သုခမိန်တို့ …” ဘာဖြစ်တယ် ညာဖြစ်တယ် ဇာတ်စာ ဇာတ်စကားကလေး အလွတ်ကျက်ထားရတယ်။ အခု အပြင်မှာ အရှင်လတ်လတ်ကြီး မင်းလုပ်မတ်လုပ် လုပ်နေကာမှပဲ အပြောအဆိုက မတတ်သေးတော့ သူများက ၀င်ဝင်ဖာပေးနေရရင် အ၀ှာသည်မ လက်သုတ်ဖတ် ဖြစ်ကရော။ (ဆီသည်ဗျ ဆီသည်) ကိုယ့်စကားကို ငါ့စကားနွားရ ပြောနေလိုက်တာ။ ဘယ်ရောက်လို့ ရောက်ကုန်မှန်းလည်းမသိ။ သည်ကြားထဲ လိုချင်ရာကလေးတင် ဆစ်ပိုင်း ဖြတ်တောက်လို့ စာလုံးမည်းကြီးနဲ့ အရောက်ပို့မယ့် မီဒီယာဆရာသမားများနဲ့တွေ့တော့ နားကိုကားရော။ နောက်လာမယ့် မောင်ပုလဲကလေးတွေကို ပြောတတ်ဆိုတတ် ဖြစ်အောင် သတိပေးတာပါနော်။ ခုလူတွေအကြောင်း ဘာဆိုဘာမှ မပြောလိုပါဘူး။ မမ ကျွန်မကလေ။ သူများမကောင်းကြောင်းဆိုရင် နည်းနည်းလေးမှ မပြောတတ်တဲ့ မိန်းမ။ ခုဟာက သားသမီးချင်း စာနာလို့ မဖြစ်သင့်တာ မဖြစ်ရအောင် ပြောရဦးမယ်။ အဲသည် စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ကောင်လေးဟာလေ … ။” (အဲ့ဗျာ။ အခွေ မှားဖွင့်မိပြီ)

             အပြောလေးနဲ့တောင် သည်လောက် ရွာလည်နေတဲ့ကိစ္စ။ အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြရမယ်ဆိုရင်တော့ စစ်ပွဲတစ်ရာလည်း နွှဲလိုက်ချင်ပါတယ်ဆို စစ်တန်းလျား ပြန်ပြေးချင်စိတ် ပေါက်လာမယ်။ ရှင်ဘုရင်လုပ်တယ်ဆိုတာ မူးမတ်တွေကို စီမံပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတာပဲ။ အဲသည်မူးတွေမတ်တွေထဲမှာ ဘယ်သူ့ကို ဘယ်အတိုင်းအတာအထိ ယုံကြည်ထားမလဲ။ သူလည်း သူ့အလုပ်သူလုပ်တာ။ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တာ။  သူဖြစ်သူခံ ကိုယ်ဖြစ်ကိုယ်ခံ လို့ သဘောထားရင်တော့ ဘယ်သူ့ကြောင့်လှေနစ်နစ် ကိုယ်ပါရေထဲရောက်မှာ လို့ သတိရလိုက်ပါလေ။ အဲသည်မူးတွေမတ်တွေကလည်း ဇာတ်ထဲက၀န်တွေလို မိုက်ခွက်ရှေ့ ပါးစပ်အပ်ပြီး “မှန်လှပါဘုရား။ ဘုန်းတော်ကြောင့်…။” ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာ ရပို့လေးကြားကောင်းအောင် တင်နေရုံနဲ့ ပြီးသေးတာ မဟုတ်ဘူး။ သူတို့အောက်က ၀န်ကြီးဌာနကြီးတစ်ခုလုံးကို စီမံခန့်ခွဲ အုပ်ချုပ်ရတာ။ သူကရော သူ့အောက်က၀န်ထမ်းတွေကို ဘယ်အတိုင်းအတာအထိ မီးသေပြီး ဘယ်လောက်အကန့်အသတ်နဲ့ ယုံမှာလဲ။ အဲသည်ယုံကြည်အပ်သောဆိုတဲ့ ပြဿနာကြောင့် ဌာနအကြီးအကဲတွေ ပြောင်းတိုင်းပြောင်းတိုင်း၊ သူ့လူကိုယ့်လူ၊ ရုံခါဖျာခင်း၊ တပည့်မွေး ဆရာမွေးလုပ်ကြရတာ လက်ဟောင်းလက်ရှိ ဗြူရိုကရက်ယန္တရားကြီး ဖောက်လွဲဖောက်ပြန်ဖြစ်ရခြင်း အကြောင်းတရားပဲ ဖြစ်ပါတယ်။ သည်အထုံးကို မဖြေနိုင်ရင် ရှေ့ဆက် ဘာမှ လုပ်လို့မရဘူး။

            အဖြေကတော့ အစိုးရလုပ်မယ်ဆိုရင် အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန် ချင့်ချိန်သုံးသပ်နိုင်သော ဦးနှောက်ဥာဏ်ရည် မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ့်လူမို့ကိုယ်ယုံပြီး ခံလိုက်ရတဲ့ သာဓကတွေ တပုံကြီး။ ကိုယ်တို့ဆင်းရဲသား လူတန်းစားတွေ အာဏာကိုချုပ်ကိုင်ချင်ရင် (မဲတစ်ပြားစီနဲ့လည်း ချုပ်ကိုင်လို့ရပါတယ်) အဲသည်လို အမှားအမှန် ဝေဖန်နိုင်တဲ့ ဥာဏ်ရည် အရင်ရှိရမယ် မဟုတ်လား။ ရှိပလား။ ရှိလာနိုင်စရာ အကြောင်းနီးစပ်သလား။ ၉၆၉ အစိုးရသစ်ကြီး ပေါ်ထွက်လာအံ့ လို့ မျှော်လင့်နေသလား။ (အများစုကတော့ မျှော်လင့်တယ်ဗျ) အရိုးခံ အရှင်းအတိုင်း ရှိနေတဲ့ ပကတိသဘောတရားကိုတောင် နားလည်အောင် မတွေးနိုင်ရင် မသမာသူတွေ လှည့်ဖြားဖန်တီးထားတဲ့ ထောင်ချောက်တွေကို ဘယ်လိုလွတ်အောင် ရှောင်ကြမလဲ။ အစိုးရအဖွဲ့ကြီးအနေနဲ့ အဲသလိုမျိုး အလှည့်ဖြားခံရရင် တစ်နိုင်ငံလုံး ဆုံးရှုံးရမှာ မဟုတ်ဘူးလား။ အစိုးရရဲ့အလုပ်ဆိုတာ တစ်နိုင်ငံလုံးက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကိုင်တွယ်ဖြေရှင်းဖို့လည်း ပါပါတယ်။ (သိပါဘူး။ တို့က စားရုံလေး စားရမယ် မှတ်လို့) အဲဒီပြဿနာတွေကို ဦးနှောက်မသုံးပဲ ဖြေရှင်းလို့ ရသလား။ (ယတြာချေလိုက်မှာပေါ့။ လွယ်လွယ်လေး) ဦးနှောက်မပါပဲ တက်အုပ်ချုပ်ခဲ့တဲ့သူတွေ မမြင်ဖူးသေးဘူးလို့ ဆိုရင် မမြင်ဖူးတဲ့သူကိုယ်တိုင် ဦးနှောက်ပါမလာလို့ပဲ ဖြစ်လိမ့်မယ်။ (အရေးမကြီးပါဘူး။ ခေါင်းငြိမ့်ဖို့က ဦးနှောက်မလို။ ပါးစပ်ပါ စားလို့ရ ပြီးရော ဥစ္စာ)

              အဲ့လိုဦးနှောက်မရှိတဲ့သူတွေ ထင်သလို တက်အုပ်ချုပ်တာများ မင်းတို့မို့ အနှစ်လေးငါးဆယ် ခေါင်းငုံခံကြတယ် လို့ ပြောရင်လည်း ပြောကြပါ။ အကြောင်းကတော့ အဲသည်အနှစ်လေးငါးဆယ်လုံးလုံး သူတို့က ကိုယ့်ထက် ဥာဏ်ရည်သာနေလို့ လို့ အောင့်မေ့ပါတယ်။ အခုကိုယ်က သူတို့ကို တက်အုပ်ချုပ်ချင်သလား။ ဘာမှ စဉ်းစားမနေနဲ့။ သူတို့ထက် ဥာဏ်ရည်သာအောင်သာ ကြိုးစား။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ၆၀ကျော် အမယ်အိုကြီးကို သူတို့တစ်တပ်လုံး ဖိန့်ဖိန့်တုန်ပြီး နှစ်ရှည်နှစ်တို ဗျူဟာတွေခင်းပြီး မုန်းပင်တွေပျိုးခဲ့တာ ဟိုက သူတို့ထက် ဥာဏ်သာလို့ပါ။ ဥာဏ်ထက်အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ်ထားတဲ့ ယုံကြည်မှု၊ ကိုယ့်အပေါ် ပြည်သူကထားတဲ့ ယုံကြည်မှုပေါ့။ အဲ့ဒါအတွက်ကတော့ သီလ နဲ့ သိက္ခာ လိုပါတယ်။ ဒေါ်လာနဲ့ အိမ်ငှားစားတဲ့သူကြီးမှာ ရှိလို့လား။ (သူမသိ သူ့ယောက်ဖ သွားမေးချေ)

             ဆင်းရဲသားလေး ရှင်ဘုရင် ဖြစ်ချင်သပဆို လစ်ရင်လစ်သလို ခိုးစားတဲ့အကျင့်လေး အရင်ဖျောက်ရပါမယ်။ စာရိတ္တမဏ္ဍိုင်ဟာ ထိန်းသိမ်းရတာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ အခန့်မသင့်ရင် သူများစားနေခိုက် ကိုယ်က ငတ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အကြီးအကဲနေရာကို ရဖို့အတွက်ကတော့ အဲ့ဒီအခြေခံပါမလာရင် မဖြစ်ပါဘူး။ လူဆိုတာ တစ်ကျပ်တစ်ပြားသာ အိုက်တင်ခံနိုင်မယ်။ သိန်းပေါင်းထောင်သောင်းမှာတော့ “သည်နေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးရမလဲ” တောင် မေးစရာ မလိုပါဘူး။ ငါ့သီလကလေး သည်လောက် ဈေးကောင်းရ တော်ရောပေါ့ လို့ အောင့်မေ့တတ်ပါတယ်။ (နေဦးကွယ်။ နောက်မှ သမ္မတလုပ်နည်း နိဿရည်းဆို စာအုပ်ထုပ်ပြီး ရောင်းစားဦးမယ်။) စောစောက ပြောခဲ့တဲ့ Capacity Building မှာ အထက်ပါအရည်အချင်းတွေ ပြည့်စုံမှ သမ္မတဖြစ်ဖို့ အိပ်မက်ဆက်မက်ပါ လို့ ပြောချင်တာ။ နံပတ်တစ်က ဥာဏ်ရည် ရယ်၊ နံပတ်နှစ်က စာရိတ္တရယ်။ နံပတ်သုံးက တော်ကီကလေးရယ်။ ခေတ်ကြီးကိုက တက်ကျမ်းတွေ ရောင်းကောင်းတဲ့ခေတ်ဆိုတော့ ကိုယ်လည်းပဲ ဘာရယ် မဟုတ်။ လူငယ်လူရွယ်ကလေးတွေကို အိပ်မက်အကြီးကြီးမက်နိုင်အောင် နည်းပေးလမ်းပြ ဆရာကြီး လုပ်ကြည့်တာလေ။ ကွကိုယ်တော့ ဘယ်တက်ကျမ်းမှ မဖတ်ရဲပေါင်။ နေရာတကာ ဆရာတွေ များလွန်လွန်းလို့ မနည်းလွတ်အောင် ရှောင်နေရတယ်။ စကားပုံတောင် ရှိတယ်လေ။ “ဆရာများ ပန်းသေ” ဆိုလား။ အောင်မယ်ငှီး။ ကြောက်ချယာယီး ကြောက်ချာယီး။  
L

မတရားတဲ့ဥပဒေတွေကို တာဝန်အရ ဖီဆန်ကြ

Wednesday, May 21, 2014

“သူဋ္ဌေးဝါဒ”

 
May 21, 2014 at 4:16pm
“ပိုက်ဆံရှားတာ နားမလည်။ ပိုက်ဆံပေါတာ ပြောတတ်တယ် … အဲ့ငယ်ငယ်ငယ်။ ဇမ္ဗူဒီပ နိမိတ္တတဲ့။ ကျန်းမာရေး နဲ့ သူဋ္ဌေးဝါဒကို မပယ်။”
          သည်သီချင်းကလေးက ကိုယ်မကြိုက်ခင်ကတည်းက မွေးသဖခင် အသည်းစွဲထင်ပါတယ်။ ရေဒီယိုကလာရင် သူလိုက်လိုက်ဆိုနေတာ ကြားဖူးတာ။ နောက်တစ်ပုဒ်ရှိသေးတယ်။ “သိန်းထီဆုကြီး” တဲ့။ “ကိုယ်တို့လက်မှတ်ပြလို့ တစ်သိန်းရတဲ့နေ့မှာ သံဃာတော် အပါးငါးရာ ဆွမ်းလောင်းမယ် တစ်ခါ။ မရှိနွမ်းပါးသော လူတွေကို ဖိတ်ကာ စားကြပါ သောက်ကြပါ။ ထင်သလောက်ပလှူမှာ။”  ဆိုပဲ။ ကလေးဘ၀ကတည်းက အဲဒီသီချင်းကလေးတွေနဲ့ ရင်းနှီးနေပေမယ့်လည်း နားထောင်လို့ ဆိုလို့ကောင်းရုံအပြင် သီချင်းကပြောချင်တဲ့ အဓိပ္ပါယ်ကို နှိုက်နှိုက်ချွတ်ချွတ် လိုက်မစဉ်းစားမိပါဘူး။ ခုတော့ ကိုယ်လည်း သူ့အသက်အရွယ် ရောက်လာလို့နဲ့တူတယ်။ ကိုယ်ချင်းစာတတ်လာပြီ။ ပိုက်ဆံ နဲ့ ပတ်သက်ရင် သူဘာတွေကို မျှော်မှန်းခဲ့သလဲ။ မရှိတဲ့စကားတော့ လေကုန်ခံပြီး မပြောချင်။ နားလည်း မထောင်ချင်။ ပေါကြောင်းဋ္ဌေးကြောင်း ကြွယ်ကြောင်းဝကြောင်းကလေးတွေပဲ ပြောရကြားရတာ မင်္ဂလာလည်းရှိ၊ လူမချမ်းသာရင်တောင် စိတ်ကလေး မချမ်းသာရပါလား။ လှူချင်တန်းချင်တာကတော့ ဗုဒ္ဓဘာသာပီပီ သဒ္ဓါတရား ဘယ်နည်းလိမ့်မလဲ။ သိန်းထီများပေါက်လို့ကတော့ နေ့ဖို့ညစာမကျန်ချင်နေ။ ထမင်းရေချောင်းစီး မောင်းတီးပြီးတော့ကို လှူပလိုက်ချင်တာ။

          လိုက်လည်းလိုက်တဲ့ သားအဖဗျာ။ “ပိုက်ဆံများရှိလို့ကတော့လေ” လို့ စိတ်ကူးသာယဉ်တာ ပိုက်ဆံရရာရကြောင်း၊ ဘယ်နေရာက ဘယ်နည်းနဲ့ ပိုက်ဆံရရ၊ မရရတဲ့နည်းနဲ့ရှာမှာပဲ ဆိုတဲ့ စိတ်ဓါတ်ကတော့ အဖေမှာရော သားမှာရော မရှိဘူး။ ဆန်မရှိ သောက်စားကြီး လျှာပေါ်မြက်ပေါက်သွားပစေ။ ဒါမျိုးတော့ မလုပ်ဘူးဆိုတဲ့အလုပ်တွေကျတော့ ကိုယ်တို့သားအဖနှစ်ယောက်စလုံး သွေးထဲကကိုပါတာ။ ပိုက်ဆံဆိုတာ သည်းခြေကြိုက်ပါ။ လိုချင်တာပေါ့။ လိုအပ်တာပေါ့။ ဒါပေမယ့် ကိုယ်တို့မျိုးရိုးထဲမတော့ ပိုက်ဆံဆင်းရဲမှာထက် သိက္ခာဆင်းရဲမှာ၊ ကိုယ်ကျင့်သီလဆင်းရဲမှာ၊ စိတ်ကောင်းနှလုံးကောင်း မရှိဆင်းရဲမှာကို ပိုကြောက်ကြတယ်။ (သတ္တိရှိလို့ မျိုးနဲ့ရိုးနဲ့ အစချီပြီး စိန်ခေါ်လိုက်တယ်ဗျာ။ ခင်ဗျားတို့ ကျုပ်လို ကိုယ်ကိုယ်တိုင်ရော မိဘဘိုးဘွားစဉ်ဆက်ထိပါ ယှဉ်နိုင်သလား။ လက်ပန်းပေါက်တောင် ခတ်လိုက်ချင်သေး။)

         ကိုယ့်အဖေဟာ ပိုက်ဆံရဖို့သက်သက်အတွက် မဟုတ်တာမလုပ်၊ သူတပါး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးမှ စားရမယ့်ထမင်းတစ်လုပ်ကို မမက်၊ လူပေါ်လူဇော်၊ ကတုံးပေါ်ထိပ်ကွက်၊ လူနပ်ချမ်းသာ မလုပ်ခဲ့တဲ့အတွက် ကိုယ်တို့မိသားစု မချမ်းသာပါဘူး။ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ အတိတ်ကပြုခဲ့တဲ့ ဒါနမျိုးစေ့အလျောက်သာ လို့ တစ်အိမ်သားလုံး ခံယူထားတဲ့အတွက် ဘယ်တုန်းကမှတော့ ဥစ္စာဓနအတွက် စိတ်ဆင်းရဲရတယ်လို့ မရှိဘူး။ မရှိပျော်ပျော် ရှိပျော်ပျော်ပဲ။ သူ့မှာချမ်းသာတာကတော့ သားသမီးတွေပဲ ရှိသတဲ့။ ခြောက်ယောက်တောင် မွေးထားတာကိုး။ သည်သားသမီးခြောက်ယောက်ဟာ သူ့အနာဂတ်ပေါ့။ ခက်တာက သူလည်း အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတော့ သူ့အနာဂတ်ကလေးတွေ လူလားမြောက်အောင်မှ မစောင့်နိုင်ရှာဘူး။ ဆုံးကာနီးရက်ပိုင်းမှာ သားအကြီးဆုံးကလေးကို အရပ်ချင်းတိုင်းကြည့်ပြီး အင်္ဂါရုပ်ဖတ်ကြည့်တယ်။ “ငါ့သားပုခုံးက မတ်ပြီးဖြောင့်နေတာပဲ။ အစိုးရအလုပ်နဲ့ အကျိုးပေးမှာ။ ရာထူးမြဲမယ့် လက္ခဏာ။” လို့ ဆိုလေတယ်။ သူ့ပုခုံးကိုကြည့်တော့ လုံးဝန်းဝန်း ပြေလျောလျောလေး။

           သြော် သူကိုယ့်အပေါ်မှာ ထားတဲ့မျှော်လင့်ချက်ဟာ သည်ဟာပါလား။ ဟုတ်တယ်လေ။ အခု သူ့သားတော်မောင်က အစိုးရအရာရှိကြီး၊ အထူးကုဆရာဝန်ကြီး ဖြစ်လာပြီ။ ရာထူးကလည်း မြဲပါတယ်။ ပြုတ်စော်ကလေးတောင် မနံဖူးဘူး။ ဒါပေမယ့်လည်း ဘမျိုးဘိုးတူ သည်ပုတ်ထဲက ထွက်လာတဲ့ သည်ပဲကလေးမို့ “စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်။” ဆိုတာ သီချင်းထဲမှာပဲ ထည့်ဆိုနိုင်တယ်။ “သည်တစ်ခါတော့ အိပ်မက်ကောင်းတာ။ အတိတ်လည်းကောင်းစွာ နိမိတ်လည်းကောင်းတာ၊ ဗေဒင်ဆရာကိန်းပြ တစ်သိန်းရဖို့ ဧကန်အမှန်ဖြစ်တာ။” လို့သာဆိုရတယ်။ တကယ်တမ်း ထီထိုးဖို့ရာကျတော့ သောင်းဂဏန်းနီးနီး အိပ်မက်ကဈေးကြီးလို့ ထီထိုးရင်း တိုက်ဖို့မေ့ရင်းဆိုတဲ့ဘ၀ကိုတောင် မရောက်နိုင်ဘူး။ ကိုယ့်လက်ရှိဘ၀ကို အဖေကျေနပ်သလား မကျေနပ်သလား မသိ။ သားကတော့ ကျေနပ်တယ် အဖေရေ။ အဖေတို့ အဖိုးတို့ကြောင့် သားဘ၀မှာ မကြည့်ရဲစရာ၊ အရှက်ရစရာ မျက်နှာငယ်စရာ၊ တစ်ဦးတစ်ယောက်မှ မရှိခဲ့သလို သည်သားတစ်ယောက်ကြောင့်လည်း ကိုယ့်မိဘဘိုးဘွား သိက္ခာညှိုးနွမ်း မျက်နှာပန်းမလှစရာ ဘယ်နေရာမှာမှ မရှိခဲ့ဘူး။ ရေစက်မကုန်လို့ တမလွန်မှာ ပြန်ဆုံရမယ်ဆိုရင်တောင် ဟိုဘွားတော်ကြီး အာဇာနည်ဗိမ္မာန်ကို မော်ကြည့်တဲ့အကြည့်မျိုးနဲ့ ကြည့်နိုင်ပြီ ထင်တာပဲ။

           လူဆိုတာတော့ ပါးစပ်ပါ ပြောတတ်ကြတာချည့်ပါပဲလေ။ အပြောကတော့ရွှေမန်းတွေ အကမှာ ချိုမိုင်မိုင် မြင်ရပေါင်းများလို့ ဘယ်ယုံတော့မလဲ။ လက်တွေ့လေးဘာလေးလည်း ပြရဦးမှာပေါ့။ လုပ်အားခ လစာနဲ့ပတ်သက်ရင် ပထမဦးဆုံးရဖူးတာက အရေးအခင်းကျောင်းပိတ်ထားတုန်း အမျိုးတွေရဲ့ ကုမ္ပဏီမှာ စာရေးဝန်ထမ်းဝင်လုပ်တဲ့အချိန်မှာပါ။ လစာ ၆၅၀၊ ဘောက်ဆူးရော ဘာရောဆို ၇၀၀ လောက် ရဖူးပါတယ်။ ကိုယ့်လခ ကိုယ့်ဟာကိုယ် လောက်အောင် မသုံးတတ်တဲ့အခါ လခထုတ်ရင် အဖွားဆီကို လခအပ်တယ် ဆို ပိုက်ဆံအပ်လိုက်ပြီး ကိုယ်ကတော့ အဲသည်ထက်ပိုအောင် တောင်းသုံးပါတယ်။ လခ နဲ့ မနှိုင်းသာတဲ့ အတွေ့အကြုံ၊ အသိပညာတွေအများကြီး ရလိုက်သား။ မရောက်ဖူးတဲ့အရပ်ဒေသတွေလည်း တော်တော်ရောက်ဖူးသွားတယ်။ အဆင့်အတန်းရှိရှိ နေနိုင်သူတွေဆီက အတုမြင်အတတ်သင် လူရည်လည်ခဲ့ပါတယ်။

          အဖွားကို နောက်တစ်ကြိမ် လခတွေအပ်နိုင်တာကတော့ အလုပ်သင်ဆရာဝန်လစာပါ။ ၉၇၅ ကျပ် ရပါတယ်။ ဒါလည်း မလောက်လို့ လိုသလောက်တောင်းသုံးတာပါပဲ။ ၁၅၇၅ ကျပ်နဲ့ လက်ထောက်ဆရာဝန် ဖြစ်လာတဲ့အချိန်မှာ အဖွားမရှိတော့ပါဘူး။ အမေနဲ့ကျတော့ အပ်မနေတော့ပဲ လိုတဲ့အခါ တောင်းသုံးရပြန်တာပါပဲ။ ဒါပေမယ့် ဆရာဝန်ဖြစ်လာပြီဆိုတော့ ဆေးခန်းကလေးဘာလေး ထိုင်တတ်လာပြီ။ အရင်ကလောက်တော့ အတောင်းမစိတ်တော့ပါဘူး။ ဆေးရုံဂျူတီအားချိန်တွေ Polyclinic တွေမှာ Medical Officer ၀င်လုပ်တတ်လာတော့ ကိုယ့်အိမ်မှာမရှိတဲ့ အသုံးအဆောင် ပစ္စည်းကလေးတွေ ၀ယ်ဝယ်ဖြည့်ပြီး ဇိမ်ခံပစ္စည်းများရဲ့ အရသာကို ခုံခုံမင်မင် ခံစားပါတယ်။ ဆေးရုံကလခဟာ မလောက်သော်ငြားလည်း “သည်လခကလေးနဲ့…” ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့စကားမျိုး မပြောခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ဆေးရုံမှာ အချိုးတစ်မျိုး ဆေးခန်းမှာ အချိုးတစ်မျိုး မဖြစ်အောင် သတိထားပါတယ်။ ခေါင်းထဲမှာ မြဲမြဲမှတ်ထားတာကတော့ ကိုယ့်အနာဂတ်ဟာ ဆေးခန်းမှာ မရှိဘူး။ ဆေးရုံမှာပဲ ရှိတာ။ ဆေးခန်းက ပိုက်ဆံကိုသာ ပေးနိုင်တာ လို့ နားလည်ထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရကြေးဆို ဆေးရုံမှာ သင်ယူပြီး ဆေးခန်းမှာ လုပ်စားပါတယ်။ ဆေးခန်းကရခဲ့တဲ့ ပိုက်ဆံတွေက ခုချိန်မှာ ဘာတစ်ခုမှလက်ဆုပ်လက်ကိုင် ပြစရာမရှိတော့ပဲ ဆေးရုံကရလာတဲ့ အတတ်ပညာတွေကတော့ အခုလက်ရှိရောက်နေတဲ့ဘ၀ပါပဲ။ ဆေးရုံကလစာ ၁၅၇၅ ကျပ် နဲ့ ဆေးခန်းက ပျမ်းမျှဝင်ငွေ ၅၀၀၀၀ ကျပ် အကြားမှာ ရွှေသမင်ရေလိုက်လွဲသွားရင် အခုလောက်ဆို လစာလေးငါးဆယ်သိန်းတန် MO လောက်တော့ ဖြစ်မှာပေါ့လေ။ တစ်သိန်းကိုးသောင်းတန် ခွဲစိတ်ဆရာဝန်တော့ ဘယ်ဖြစ်ပါ့မလဲ။

             အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ နေ့ဆေးရုံ ညဆေးခန်းဘ၀ကို ရေရှည်ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သမီးနဲ့နေရတဲ့အချိန်လေးတွေက ညနေ ညဦးပိုင်းကလေးတွေပဲ ရှိတာ။ သူ့ကို ထမင်းလည်း ကိုယ်တိုင်ခွံ့ကျွေးချင်တယ်။ ရေမိုးချိုး၊ သနပ်ခါးလိမ်း၊ အ၀တ်အစားလဲ၊ အိပ်ယာဝင်ရင် ချော့သိပ်တာလည်း ကိုယ်တိုင်ပဲ လုပ်ချင်တယ်။ သူ့အတွက် လုပ်ပေးမယ့်သူမရှိလို့ မဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ပေးရတာ စိတ်ချမ်းသာလို့ကို လုပ်ပေးချင်တာ။ အဲဒါတွေအတွက် “စားဝတ်နေရေး ငွေရှာပေး၊ ကျေးဇူးကြီးပေ တို့ဖေဖေ။” ဆိုတဲ့ ၀တ္တရားကို သိသိကြီးနဲ့ မသိချင်ယောင် ဆောင်ပလိုက်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပေးတဲ့ဆင်ခြေကတော့ သမီးဟာ ကိုယ်ရှာကျွေးမှ စားရတဲ့ဘ၀မဟုတ်ဘူး။ သူ့ကို ပစ်ထားပြီး ကိုယ်ရှာပေးတဲ့ပိုက်ဆံ တစ်ပဲခြောက်ပြားထက်စာရင် သူ့အတွက် ကိုယ်ပေးတဲ့အချိန်၊ မေတ္တာ၊ ယုယမှုကသာလျှင် သူလိုချင်မယ့် သူလိုအပ်မယ့် အရာလို့ တွေးမိတာကိုး။ ဒါပေမယ့်လည်း အလကားနေရင်းသက်သက် အချိန်တွေကုန်သွားမှာ ကြောက်တာကြောင့် ညနေပိုင်းတချို့ရက်တွေမှာ ပြင်သစ်စာစသင်ဖြစ်ပါတယ်။ အဲ့ဒါ ရန်ကုန်က မပြောင်းမချင်း ခြောက်နှစ်လောက်ကြာတာပေါ့။ တစ်ဘက်က နေ့ဘက်မှာ ဘွဲ့လွန်ကလည်း တက်ရသေးတယ်လေ။ သူများသားသမီး ယူပြီးရှာမကျွေးယုံတင် မကဘူး။ ကိုယ့်အတွက် စားရိတ်ပါ လက်ဖြန့်တောင်းသုံးနေလို့ကတော့ ဘယ်ဖြစ်မလဲ။ သိတဲ့အတိုင်း လခကလည်း ဘယ်တုန်းက လောက်ဖူးတာကျလို့။ ကျောင်းစားရိတ်တွေကလည်း ရှိသေး။ ဒါနဲ့ပဲ ပြင်သစ်စာ ကျူရှင်ပြန်သင်တဲ့ဆရာ အဖြစ်ကို ရောက်ရပြန်ပါတယ်။ သူတို့လည်းတတ်၊ ကိုယ်လည်းတတ်၊ သုံးစရာစွဲစရာလေးလည်းရ။

               သည်လိုနဲ့ ပထမဦးဆုံး ရန်ကုန်မြေကခွာပြီး လောက်ကိုင်ကို ပြောင်းရတဲ့အခါမတော့ ကိုယ့်ဘ၀ကို ဖာတစ်လုံးခေါင်းကျား မဟုတ်ပေမယ့် သံသေတ္တာနှစ်လုံးထမ်းပြီး ရွှေ့ပါတယ်။ အ၀တ်အစားတစ်သေတ္တာ၊ စာအုပ်တစ်သေတ္တာ။ လစာ ၇၅၀၀ ဖြစ်နေပါပြီ။ အရပ်စိမ်းစိမ်း လူစိမ်းစိမ်းတွေရဲ့အလယ်မှာ ကိုယ့်အတတ်ပညာတစ်ခုတည်းကို အားကိုးလို့ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ သည်တော့မှပဲ ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်မှာ ပိုက်ဆံက လာရောက်စွက်ဖက် ခြယ်လှယ်လွှမ်းမိုးတာတွေကို နဖူးတွေ့ဒူးတွေ့ ကြုံရပါတော့တယ်။ အများညှိပြီး ဤကိုကျွဲဖတ်ကြမလား။ တပည့်ကိုလိမ်မာအောင်သင်ပြီး ဆရာက အာပတ်လွတ်ချင်ယောင်ဆောင်မလား။ ကိုယ့်ဆရာသမားတွေက ကိုယ့်ကို ဟင်းစားလည်း ပေးလိုက်ပြီးသား၊ ကွန်ချက်လည်း ပြလိုက်ပြီးသားပါ။ မိလာတဲ့ငါးကို ဖုတ်ကင်ကြော်လှော် ဆိုင်ပေါ်တင်ရောင်းဖို့ကတော့ ကိုယ်ဥာဏ်ရှိသလို မီးစင်ကြည့်ကဖို့ပဲ ရှိပါတယ်။ ပိုက်ဆံရှိမှ အသက်ရှင်မှန်းနားလည်တဲ့ကိုယ်ဟာ အဲသလောက်ကြီးတော့ မအပါဘူး။ ကိုယ့်မျက်စိရှေ့တင် ကိုယ်နဲ့အတူတူ အလုပ်လုပ်နေတဲ့သူတွေ ကားဝယ်ဝယ်စီးသွားတာ အလကားနေ အဘိဖ္ဇာတွေချည့်ပွားပြီး ကိုယ့်ဘာသာ ပိုက်ဆံမရှာချင်လောက်အောင်လည်း ကြွက်ပျင်းမကျပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သွေးကစကားပြောလာတော့ ကိုယ့်ပညာကြီးဗန်းပေါ်တင်ပြီး ကြေးစကား မပြောနိုင်တော့ပါဘူး။ သူများတွေကတော့ “ခိုးချင်လိုက်တာလည်း ပြာလို့ လက်နှေးလိုက်တာလည်း ချာလို့” လို့ ပြောမလား မသိပါဘူး။ တကယ်တော့ ခိုးကိုမခိုးချင်လို့ လက်ကမသွက်တာပါ။ တရုတ်စကားတတ်လာလို့ ကိုယ့်ဘာသာကိုယ် ဆေးခန်းထွက်ထိုင်နိုင်တဲ့အခါမှာတော့ စားဝတ်နေရေးအတွက် ကြောင့်ကျကင်းသွားပါတယ်။ သူဋ္ဌေး မဖြစ်ရင်လည်း ရှိပါစေတော့။ ကွကိုယ် စိတ်ချမ်းသာ ပြီးတာပဲလေ နော့။

              တဖြေးဖြေးနဲ့ လုပ်သက်တွေကြာလာလေလေ၊ အလုပ်ထဲမှာ ပိုက်ဆံနဲ့ပတ်သက်ရင် ဘယ်လိုကင်းအောင်နေလို့ရသလဲ သဘောပေါက်လာလေလေပါ။ ဘယ်နေရာက ဘယ်လိုရပေါက်ရှိသလဲ သဘောပေါက်လာလေလေ ဆိုတဲ့သူတွေနဲ့တော့ ပြဒါးတစ်လမ်းသံတစ်လမ်း ကွဲသွားပြီး ဆုံမှတ်တစ်ခု အလွန်မှာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့ကြတာပါပဲ။ အဲ့ဒါ လွယ်တယ်လို့တော့ မမှတ်ပါနဲ့လေ။ အငတ်ခံနိုင်မှ ဖြစ်တာ။ ငတ်တော့ မငတ်ပါဘူးလေ။ ကိုယ့်ထမင်းမကျွေးတဲ့အိမ်ရယ်လို့ ရှိကိုမရှိဘူး။ အမေအိမ်ကဖြစ်ဖြစ်၊ ယောက္ခမအိမ်ကဖြစ်ဖြစ် ထမင်းကျွေးဖို့ချည့် ချောင်းနေတာ။ စနေနေ့ စောင်းသွားတီးတဲ့ အန်တီ့အိမ်ရှိသေးတယ်။ ဟင်းတွေချက်ထားပြီး မလာရင် မျှော်လို့။ မိန်းမက ချက်ထားတယ်ဆိုလို့ကတော့ ဘာဆင်ခြေမှ မပေးနဲ့။ အလျှင်အမြန်စား၊ အရေးတကြီးစား၊ မပျက်မကွက်စား။ ဒါကြောင့် ရန်ကုန်မှာ ကိုယ့်အတွက် စားစားရိတ်ကတော့ တစ်နေ့ ၂၀၀၀ တောင် မကုန်ပါဘူး။ (ကာရာအိုကေတော့ မသွားနိုင်ဘူးပေါ့ ဘဥာဏ်ရာ။ အဲ့မှာ ၂၀၀၀ သွားပေးရင် ပြန်ယူသွားပါ ဦးလေးရယ်။ သမီးတို့ မုန့်ဖိုးပြန်ပေးပါတယ် ပြောခံရမှာ။)

              နေစားရိတ်က ယောက္ခမပေးတဲ့အိမ်မှာ နေတာလေ။ အိမ်လခမပေးရ။ မီတာခလေး ၄၀၀၀၀ ဖြစ်သွားလို့ ဟိုနေ့က ပေါက်ကွဲပလိုက်တာ။ အ၀တ်အစားကတော့ ကိုယ့်ဘာသာ ၀ယ်မ၀တ်ဖြစ်တာ တော်တော်ကို ကြာပြီ။ အမြင်မတော်လို့ ယောက္ခမက ဆင်တဲ့အခါ ဆင်တယ်။ မိန်းမက ဆင်တဲ့အခါ ဆင်တယ်။ သူများတကာ လက်ဆောင်ပေးတာတွေနဲ့ဆို ၀တ်လို့တောင် မကုန်ဘူး။ ရှိတာတွေနဲ့ ရှိသလိုစပ်ဟပ်ပြီး ထင်သလိုဝတ်ပလိုက်တာပဲ။ (တော်ပါသေးရဲ့။ ကိုယ်က ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူဆိုတော့ သူများတကာတွေလို သူမ စွဲမက်စေရန် ပန်းနုရောင် လုံးဝ မ၀တ်ခြင်းတွေဘာတွေ ဂုဏ်ဆာအေးကျော် လုပ်စရာ မလိုဘူး။) ကိုယ့်အတွက် အဓိကကုန်ကျစားရိတ်က ကားထဲဆီထည့်ရတာပဲ ရှိတယ်။ အမ်းမှာလို ဆေးရုံ၊ အိမ်၊ ထမင်းဆိုင်၊ မဟုတ်တဲ့ ရန်ကုန်မှာ တစ်နေ့တစ်နေ့ လမ်းပေါ်မှာ ဆီရော အချိန်ရောကုန်တယ်။ ဆီကုန်တာထက် အချိန်ကုန်တာက ပိုဆိုးတာ။ ဆေးရုံကနေ သမီးဆီကို တစ်နာရီနဲ့ မရောက်ဘူး။ ညနေဆို သူ့ကျုရှင်တွေ သင်တန်းတွေပို့ရတာကိုး။ ဒါလည်း ညီးညူစရာ မရှိပေါင်။ သားအဖနှစ်ယောက် သည်အချိန်လေး စကားတွေ တွတ်ထိုးကြတာ။ ခေါင်းသွားလျှော်မယ်။ ခြေသည်းလက်သည်းပြင်မယ်။ ပီဇာစားမယ်။ ရုပ်ရှင်ကြည့်မယ်။ မိန်းကလေးဆိုတာ သည်အရွယ်လောက်ကတည်းက ၀ီစိကိစ္စတွေ စလာပြီ။

            ငယ်ငယ်တုန်းက ရင်ခွင်ပိုက်ကလေးမလေးအတွက် အချိန်လိုသလို အခု အပျိုပေါက်သမီးလေးအတွက်လည်း အချိန်ပေးနိုင်မှ ရမယ်။ ဒါကြောင့် သူ့အဖေမှာ ဆေးခန်းထိုင်စရာ အချိန်တွေ မကျန်တော့ဘူး။ ဒီကြားထဲမှာ သူ့ကျူရှင်ကိုပို့ပြီးရင် အိမ်ပြန်ဖို့ကျ အချိန်က မလောက်ဘူး။ အိမ်ပြန်ရောက်ပြီးတာနဲ့ ကြိုဖို့ ပြန်ထွက်ရမှာ။ သူစာသင်နေတဲ့ အချိန် နှစ်နာရီလောက်မှာ ကိုယ်က ငုတ်တုတ်မေ့နေတာနဲ့ တစ်ခုခုလုပ်စရာ ရှာလိုက်တာ Gym ဆော့ဖြစ်သွားတယ်။ (သည်တစ်ခါတော့ ဘာမှမ၀တ်ပဲလည်း ကြည့်ကောင်းတဲ့သူဆိုပြီး ဗလကြီးညှစ်ညှစ်ပြလိုက်မကွ။) စောင်းတီးပြန်ကျင့်တာလည်း အဲသည်အတိုင်းပါပဲ။ ပြန်စဉ်စားကြည့်လိုက်တော့ ရန်ကုန်မှာနေ၊ ဖေ့စ်ဘုတ်ပေါ် လတ်လျားလတ်လျား စာတွေရေး၊ ညနေတိုင် Gym ဆော့၊ စောင်းတီးတဲ့အခါတီး၊ သမီး နဲ့ လျှောက်လည်။ တော်ရုံတန်ရုံ ထူးတဲ့ကုသိုလ်မှ မဟုတ်တာ။ ရွှေကျောင်းကြီးကို ပြောင်နေတာပဲ။ ၀မ်းလည်းမခေါင်ပါဘူး။ ဆွမ်းတွေကွမ်းတွေ ဒလဟောပိုမို၊ ဖောဖောသီသီ မြိုင်တယ် ဤဖေကိုယ်ပါ။ ဒါပေသိ ပိုက်ဆံအိပ်တော့ လာမစမ်းနဲ့ကွယ်။ ခါးပိုက်နှိုက်တောင် သနားလို့ လမ်းစားရိတ် ပြန်ထည့်ပေးသွားရမှာ။

           ကိုယ့်အိပ်ထဲ ပိုက်ဆံမရှိလည်း မသုံးပဲနေရုံပေါ့။ ပြဿနာ မရှိပေါင်။ အလှူခံလာရင်သာ ရှက်လို့ ပိုက်ဆံအိပ်ကလေး ဘယ်နားဖွက်ထားရမှန်းမသိဘူး။ ကိုယ်မတက်ချင်တဲ့ပွဲတွေမှာ မင်းတို့အားလုံး တစ်ယောက်တစ်ယောက်ကို ဘယ်၍ဘယ်မျှကျတယ် လို့ ဆင့်လာရင် မျက်နှာကလေးငယ်ပြီး နှမြောတသ သုံးကြိမ်ရွတ်ဆိုမိတယ်။ ကိုယ့်သူငယ်ချင်းကြီးတွေက ဆရာသမားတွေကို ကန်တော့ကြမတဲ့လို့ ငါးသိန်းဟဲ့ ဆယ်သိန်းဟဲ့ နဲ့ အလှူငွေတွေ သဒ္ဓါထက်သန် မြန်မာ့အားမာန် လုပ်နေတာမြင်ရင် စိတ်ထဲက သာဓုခေါ်ပြီး ကိုယ့်အိပ်ထဲက ရှိစုမဲ့စု အလှူငွေကလေး ထည့်ရမှာ ရှက်လာတယ်။ “ဟယ် သူ့ရုပ်သူ့ရည် သူ့အနေသူ့အစားမှ အားမနာ။ ဒါလေးပဲလား။” လို့ ဘယ်သူကမှ မပြောပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြောမိတယ်။ လှူချင်တာကတော့ ဘယ့်နှယ်ပြောပါလိမ့်။ ထီကြီးပဲ ပေါက်ပေါက်ပါစေဦး။ (ထိုးဖြင့် မထိုးပဲနဲ့)။ ငါ့ဘ၀တော့ မရှိလို့မလှူ မလှူလို့မရှိဖြစ်နေပါပေါ့လား လို့ ကြံရာမရဖြစ်လာတာနဲ့ နောက်ဆုံး ထူးပါဘူးကွယ်ဆို သွေးသွားလှူပလိုက်တာပေါ့။ အောင်မာ သွေးလှူတာတောင် အလကားရမယ်မှတ်လို့။ အိပ်ဖိုးပေးရတယ်။ မှတ်ပလား။ (ဘယ်လူနာအတွက် လှူချင်တယ်ဆိုတာမျိုးမို့ပါ)

            တကယ်တော့ နေ့စဉ်နဲ့အမျှ ကိုယ်လုပ်ငန်းခွင်မှာ လုပ်နေတဲ့ အလုပ်တွေမှန်သမျှဟာ ကိုယ့်ဆရာသမားများ သွန်သင်ပြသပေးထားသော ပညာတွေချည့်ပါပဲ။ အဲသည်ပညာတွေနဲ့ ကိုယ်ဟာ ဘယ်သူ့ကိုမှ ခြောက်မစား ဟောက်မစား၊ တောင်းမစား မောင်းမစားဘူး။ တော်လှချည်ရဲ့ တတ်လှချည်ရဲ့ မဟုတ်ပေမယ့် ဆရာတို့သင်ပေးတဲ့ပညာတွေနဲ့ မလုပ်သင့်မလုပ်အပ်သော အရာများကို ကံသုံးပါးစလုံးနဲ့ မကျူးလွန်မိအောင် စောင့်ထိန်းတယ်။ အဲသည်အတွက် ကုသိုလ်ရမယ် ဆိုပါစို့။ အဲ့ဒါ တပည့်ကလေးတစ်ယောက်တည်း ရမယ့်ကုသိုလ် မဟုတ်လေဘူး။ ကိုယ့်ဆရာသမား မိဘများ အတူတကွ ရရှိခံစားအပ်သော ကောင်းမှုမင်္ဂလာတွေဖြစ်ပါတယ်။ ဆရာတို့ အသွန်အသင် အဆုံးအမနဲ့ ဆေးဆရာကောင်း ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုရင် ကြေနပ်လောက်သော ဆင်ခြေဖြစ်လိမ့်မယ် ထင်ပါရဲ့။ (ဟီဟိ။ မင်းပဲ အပြောကောင်းတယ်) ဒါထက် စကားမစပ် ဆင်းရဲသားတွေကို အားနာသောအားဖြင့် လစာ ၂၅% လျှော့ယူမယ်ဆိုတဲ့ ဘဘကြီးတွေ သားသားလို ဂုဏ်ဖော် ပဏ္ဏာယူသော စကားများ ပြောတတ်ဆိုတတ်ချင်တယ်ဆို အထူးကျူရှင်ပေးမယ်နော်။ ခေတ်ကြီးကိုက လူမတတ်ပေမယ့် လက်ဘက်ထုပ်တတ်တဲ့သူ အကြံပေးခန့််ရသတဲ့။ အံတီဆင့်အသံလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်လိုက်မယ်။ “အဲ့ဒီက လဖဲ့။”

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၂၁
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့တဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး”





“လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့တဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့သူတွေ
တောပြော တောင်ပြော…ပြောနေတဲ့သူတွေ
ဆရာတော် သံဃာတော်တွေကိုကလော်
နေတဲ့ မျက်ကန်းတွေသေချာဖတ်။
သေချာဆင်ခြင် သေချာသုံးသပ်ကြ
စေချင်ပါတယ်။

မျိုးစောင့်ဥပဒေဆိုတာ ခုမှ ပေါ်ပင်
လုပ်နေတဲ့ ကိစ္စမဟုတ်ဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော် ကတည်းက မြန်မာပြည်အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
ဝန်ကြီးချုပ်ဟောင်း ဦးနု၊တို့ဗမာ အစည်းအရုံးက
သခင် တင်မောင်၊
လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ
အထင် ကရ ပါဝင် ခဲ့ကြတဲ့ ကိုဘဟိန်း၊
ကိုဘဆေ၊ွ ကိုထိန်ဝင်း၊ ကိုထွန်းအေး၊
ကိုထွန်းရေ၊ွှ ကိုထွန်းအုံ တို့က
“မောင် သိန်းဖေ ရေး ကုလားဗမာတိုက်ပွဲကို
ငါတို့ထောက်ခံ၍၊ သူနှင့်အတူတူထုတ်ဝေ
ရာ၌တာဝန်ယူကြောင်း” လို့ ရဲရဲဝံ့ဝံ့ တာဝန်
ယူ ထောက်ခံခဲ့ကြတဲ့ “ကုလား ဗမာတိုက်ပွဲ
စာတမ်း” မှာ အထင် အရှားတွေ့နိုင်မှာဖြစ်
တယ်။ ကုလား-ဗမာတိုက်ပွဲ စာတမ်း မှာ
ဆရာမောင် သိန်းဖေက ဗုဒ္ဓဘာသာဝင်
တို့ လက်ထပ်ရေးနဲ့ ပတ်သက်လို့ ရေးခဲ့တာကို
ကောက်နုတ် ဖေါ်ပြလိုက်ပါတယ်။

“ကုလားများကား ဗမာမများကို နှောက်ရုံသာ
ယူကြသည်။ တရားဝင်မယား မဖြစ်နိုင်အောင်
ကုလားတို့ တရားဥပဒေအရ စီမံထားကြ လေ
သည်။ ဗုဒ္ဓဘာသာ,မ သည် တရားဝင်
ဖြစ်လိုလျှင် မဟာမေဒင် ဘာသာသို့
ဝင်ကြသည်လည်း ရှိသေးသည်။
ထို့ကြောင့် ဗမာဗုဒ္ဓဘာသာတို့က ဗုဒ္ဓဘာသာနှင့်
အခြားဘာသာဝင် တို့ လက်ထပ်ရေး ဥပဒေကို
ပြုရန် လွှတ်တော်တွင် တင်သွင်းခဲ့ကြသည်။
ကုလားများက ကန့်ကွက် ဆူပူကြသဖြင့် ထိုဥပဒေမှာ သောင်မတင် ရေမကျ ဖြစ်နေခဲ့လေသည်။
ဒီစကားကို ငါတို့ အမျိုးသားခေါင်းဆောင်ကြီး
လွတ်လပ်ရေးဖခင်ကြီးကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင် ထောက်ခံတာဝန်ယူခဲ့တာ
ဘယ်သူ ငြင်းမလဲ!!!
မျိုးစောင့်ဥပဒေကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)ကျော်
ကတည်းကလိုအပ်လို့ သူ့ကျွန်ဘဝမှာ
တုန်းကတောင်လွှတ်တော်တင်ခဲ့ကြတယ်။
ဒါကို….. ကုလားတွေ ကန့်ကွက် ဆူပူခဲ့ကြတယ်ဆိုတာ
ဘယ်သူ ငြင်းမလဲကွ။
ဆရာမောင် သိန်းဖေ ဒီစာတမ်းကို ရေးတဲ့အချိန်မှာ
မြန်မာပြည်ရဲ့ လူဦးရေ
(၁၃)သန်း ရှိတယ်။ အဲဒီ(၁၃)သန်းမှာ
ကုလား (မွတ်ဆလင်+ဟိန္ဒူ) စုစုပေါင်း
၉၆၂၂၀၃ ယောက် ရှိတယ်...
(၁)သန်းဆိုပါတော့။
တိုင်းရင်းသား (၁၂)သန်း၊ ကုလား (၁)သန်း
ဆိုတော့(၁၂:၁)……. ဗမာ (၁၂)ယောက် မှာ ကုလား (၁)ယောက်နူန်းရှိနေတဲ့ အခြေအနေပါ။
ဆရာမောင်သိန်းဖေက နောက်နှစ်(၅၀)မှာ
ဗမာ(၈)ယောက် ကုလား (၁) နူန်းထိ
ဖြစ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ခုဆိုရင် နှစ်ပေါင်း (၇၀) ကျော်လာတဲ့
အချိန်မှာ ဗမာ(၅)ယောက် ကုလား(၁)
ဖြစ်နေပြီ ဆရာမောင်သိန်းဖေ ခန့်မှန်းခဲ့
တွက်ချက်ပြခဲ့တာတွေဟာ သွေးထွက်
အောင် မှန်လှပါတယ်။
ဘာလို့ ကုလားဗမာ အချိုး ဒီလောက်
ကွာဟလာတာလည်းလူမျိုးသားဖေါက်နူန်းနဲ့
ခိုးဝင် မှုတွေဘယ်လောက်ကြီးထွားနေလဲ
ဆိုတာသိသာလှပါတယ်။
အဲဒီတော့ ( ၁၂ : ၁ ) တုန်းက တောင်
မျိုးစောင့်ဥပဒေပြဌာန်းဖို့ လိုအပ်ပါတယ်လို့
လွှတ်တော်မှာ တင်သွင်းခဲ့ကြ သေးတာ
ခုလို( ၅ : ၁ ) ဖြစ်လာတဲ့အချိန်မှာ…
မျိုးစောင့်ဥပဒေပြဌာန်းဖို့ အရေးတကြီးကို
လိုအပ်နေပါပြီဆိုတာ နိုင်ငံအနှံ့အပြားမှာ
ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကသက်သေ
ပြ နေပါပြီ။ဒါပေမဲ့ မိမိကိုယ်ကျိုး မိမိပါတီ
အကျိုး မိမိအဖွဲ့အစည်းအကျိုးကိုရှေ့တန်း
တင်ပြီး အမျိုးဘာသာ သာသနာအကျိုးကို
မျက်ကွယ်ပြုလို့ လူ့အခွင့်အရေး ဆိုတာတစ်မျိုး
ဒီမိုကရေစီနဲ့ ဆန့်ကျင် တယ် ဆိုတာတစ်ဖုံ
အမျိုးစုံ အကြောင်းပြ မျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြတာတွေကိုတော့ သေသေချာချာ
ပြန်လည်ဆင်ခြင် သုံးသပ်သင့်ပါပြီ….။
လူမျိုခံရလို့ လူမျိုးပျောက်ရင်
ဘာသာလည်းပျောက် သာသနာလည်း
ပျောက်တော့မယ်...
(ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊
အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေပြန်ကြည့်ပါ။
အစ္စလာမ်လူမျိုးဝါးမျိုမှုအောက်မှာ
ဗုဒ္ဓဘာသာပျောက်သွားခဲ့တဲ့ နိုင်ငံတွေပါ။)
မြန်မာပြည်ကြီးအတွက်ဒါကိုမြင်နေသိနေ
ကြတဲ့ အမျိုးဘာသာသာသနာ ကာကွယ်လို
ကြသူတွေကမျိုးစောင့်ဥပဒေပြဠာန်းနိုင် ဖို့
ကြိုးစားနေကြတာကိုကန့်ကွက်ကြသူတွေဟာ..ဘယ်လိုလူစားတွေပါလဲ။
သေချာပါတယ်.....
ငါတို့ အမျိုးစောင့်ဥပဒေကို
ကန့်ကွက်သူဟာ မွတ်ဆလင်ရှေ့ ဆုံး
ဖြစ်လိမ့်မယ်>ဗုဒ္ဓဘာသာဆိုရင်တောင် အသားထဲက လောက်ထွက်တဲ့ကောင်ပဲ ဖြစ်လိမ့်မယ်
>မွတ်ဆလင်ပေးတဲ့ကျွေးသမျှ
ကိုစုပ်ရက်ထားသော(အနုပညာရှင်\လူကြီး)
သူတွေကတော့ဘယ်လို့မှထောက်ခံနိုင်မှာမဟုတ်ပါဘူး။
သူတို့ကိုဘယ်လိုကင် ပွန်းတပ်သင့်ပါသလဲ။
အမျိုးဘာသာ သာသနာကာကွယ်ကြဖို့
အ ရေးတွင် အမျိုးစောင့်ဥပဒေပြဌာန်းရေး
သည်လည်း တစ်ထောင့်တစ်နေရာမှ
အမျိုးဘာသာ သာသနာ၏
အသက်သွေးကြောတစ်ချောင်းပမာ အရေးကြီးလှသည်ဟုထင်မြင်ယူဆမိပါသည်။

(ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ပါဘုရား)
မျိုးစောင့်သူ https://www.facebook.com/photo.php?fbid=491505454287123&set=pb.100002830184587.-2207520000.1400673137.&type=3&theater

အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်By Kyaw Ko Ko

ပြည်သူသို့ ပန်ကြားချက်
ရဲဘော်ကောင်းထက်ကျော် ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်ဟာ လုံးဝ တရားလက်လွတ်လုပ်တတ်တဲ့ စစ်အာဏာရှင်စရိုက်ကို ဖော်ပြတာပဲဖြစ်တယ်။ဝါးရမ်းမပါဘဲ ဖမ်းချင်လိ...ု့ဖမ်းတယ်ဆိုတဲ့ ရဲမှုးတစ်ယောက်ရဲ့စကားဟာ ဖက်ဆစ်ဆန်လွန်းနေတယ်။ဖမ်းရမယ့်လူစာရင်းလို့ ဗလာစာအုပ်ပေါ်မှာ ရေးယူလာတဲ့ SBကိုရော ဘယ်သူက စေခိုင်းအမိန့်ပေးတာလဲ။ပဲခူးတိုင်းအစိုးရကလား?ကက်ဘိနက်ဝန်ကြီးတွေကလား??ကာ/လုံကောင်စီကလား???တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်ပဲလား????
သာမန်ကျောင်းသားတစ်ယောက်ကို လက်နက်နဲ့ အကြမ်းဖက်ဖို့ စစ်အုပ်စုတစ်ခုလုံး တသဘောတည်းညီနေကြပါတယ်။ဒီကနေ့တိုင်းပြည်မှာ ဒီမိုကရေစီ အတုအယောင်၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်၊ပြည်ထောင်စု အတုအယောင်နဲ့ ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က အထပ်ထပ်သတိပေးပေါင်းမနည်းတော့ပါဘူး။ကျွန်တော်တို့ သတိပေးချက်ကို ပြည်သူက ကွက်ကွက်ကွင်းကွင်းသိအောင် ဒီကနေ့ ရဲဘော် ကောင်းထက်ကျော်က သွေးအထွက်ခံပြီး၊ခေါင်းအအက်ခံပြီး တပ်လှန့်လှုပ်နိုးလိုက်ပါပြီ။
ပြည်သူနဲ့ ကျောင်းသားရဲဘော်အပေါင်းတို့ နိုးနိုးကြားကြားရှိနေကြပါ။စစ်ဘီလူးတွေ အစွယ်ကို တတောင်မကပြသလိုက်ပါပြီ။ဒီနေ့အထိ မှိုင်းထဲမိပြီး" သမ္မတကြီးက သဘောကောင်းပါတယ်"ဆိုတဲ့ အပြောမျိုးကို သင်တို့ လိုက်မပြောကြပါနဲ့တော့။ပြောချင်သူတွေ ပြောကြပါစေ။သူတို့ကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
စစ်တပ်နဲ့ခရိုနီ ပေါင်းပြီးသိမ်းထားတဲ့ လယ်မြေအရေးဆောင်ရွက်တဲ့အတွက် ရဲဘော်ကောင်းထက်ကျော် အရိုက်အနှက်ခံရတာပဲဖြစ်တယ်။စည်းကမ်းကောင်းတဲ့၊စိတ်ဓာတ်ကောင်းတဲ့၊စွမ်းရည်ကောင်းတဲ့ တပ်မတော်ကြီးဆိုတာ ၁၉၄၈ကတည်းက ဗမာပြည်မှာ မရှိတော့ပါဘူး။ဗိုလ်ချုပ်နဲ့အတူ ကျဆုံးသွားခဲ့ပါပြီ။တလက်စတည်းပြောရပါလိမ့်မယ်။ဖောက်ပြန်နေတဲ့ စစ်အုပ်စုဟာ ဒီထက်မကတဲ့ အပြစ်တွေကို မကြာခင်ထပ်မံကျူးလွန်ပါလိမ့်မယ်
ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီတိုက်ပွဲကို ဖြတ်ရပါလိမ့်မယ်။ရဲဘော်မ ဒေါ်ညို၊ရဲဘော်ပေါက်စတို့ အတွက် အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်။ရဲဘော်ကောင်းထက်ကျော်ကို ဆက်လက်ဝန်းရံရပါမယ်။သူ့ရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ စံနမူနာယူရပါမယ်။တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါ။
အရေးတော်ပုံအောင်ပါစေ။
ရဲဘော်ကျော်ကိုကို

မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ

မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ


မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရပဲ ဖြစ်လာတော့သည်။

အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူ အများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစားအလွှာအသီးသီးတို့၏ ဘ၀ပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။

တရားခံသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်မမှန်မှုကြောင့် ခေါင်းထောင်ထလာသည့် စစ်အာဏာရှင်စနစ်။

မြန်မာလူ့ဘောင်တွင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်ပြီး၊ လယ်သမားနှင့် အလုပ်သမားလူတန်းစားမှာ အများစုဖြစ်သည်။ ဤအခြေအနေက လူတဦးချင်းစီ၏ ပုဂ္ဂလိကအခွင့်အရေးများ (individual rights) ကိုသာမက၊ လူထုလူတန်းစားအလွှာအသီးသီးအလိုက် အများစုဘုံပိုင်အခွင့်အရေးများ (collective rights) များကို အာမခံချက်ပေးမည့် ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တောင်းဆိုထားသည်။   ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်ထဲတွင် လူတန်းစားတိုက်ပွဲများနှင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်သော လူထုတိုက်ပွဲများ ပေါ်ထွက်လာမည်မှာ ဧကန်မုချ။

ထိုမျှနှင့် မကသေး။ မြန်မာနိုင်ငံသည် ရှေးယခင် အစဉ်အဆက်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော တိုင်းပြည်ဖြစ်သည်။ ဤအခြေအနေက လူမျိုးအလိုက် အခွင့်အရေးများ (ethnic rights) ကို အာမခံချက်ပေးမည့်၊ တနည်းဆိုလျှင် လူမျိုးများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို အာမခံချက်ပေးမည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တောင်းဆိုထားသည်။ ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်တတ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု ပကတိအခြေအနေက တောင်းဆိုထားချက်သည် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး၊ မြန်မာ့သမိုင်းအဆက်ဆက်တွင် ယင်းသို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းခဲ့ခြင်းကြောင့်၊  လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ် နှင့် ရွေးကောက်ခံအာဏာရှင်စနစ်တို့ ထွန်းကားလာခဲ့ရခြင်းသာ ဖြစ်သည်။

(၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ အခွင့်အရေးများစွာကို ထည့်သွင်းဖော်ပြထားခဲ့ သော်လည်း (စာကြွင်း။   ။ ကာကွယ်စောင့်ရှောက် ပေးခဲ့သည်ဟု၊ ကျွန်ုပ်မဆိုလိုပါ) တပြည်ထောင် စနစ် ကိုသာ အခြေခံခဲ့သောကြောင့် တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာခဲ့ရသည်။ စစ်အာဏာရှင်စနစ်ဆိုး ပေါ်ထွက်လာခဲ့သည်။

(၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဟုဆိုကာ လူထုလူတန်းစား အခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများနှင့် အာဏာရှင်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့် တိုင်းပြည်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ ပေါ်ထွက်လာပြီး၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်။

လက်ရှိကျင့်သုံးနေသော (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ကား တဦးချင်းအခွင့်အရေးများ၊ လူထု လူတန်းစားအခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ထားခဲ့သည်။  ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ကို ဒီမိုကရေစီယောင်ယောင် ဗန်းပြပြီး ပေါ်ထွက်လာခြင်း ဖြစ်သဖြင့်၊ ရွှေတုအထုပ်ကြီးကို လမ်းပေါ်ချပြီးမှ ရွှေထုပ်ကောက်ရသည့်နှယ် ဂွင်ဖန်သည်ကို ရွှေထုပ်အစစ်မှတ်ပြီး၊ လုကြယက်ကြနှင့် အတော်ပင် ပွဲစည်လိုက်သေးသည်။

သို့ပေမယ့် ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အ၀ အကာအကွယ်ပေးထားခြင်းမရှိသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးသာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး နောက်ပိုင်းဖြစ်ရပ်များက သက်သေထူလာခဲ့သည်။ မြန်မာနိုင်ငံ တနံတလျားက ရဲစခန်းများမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်များကို လိုက်လံပိတ်ပင် အရေးယူနေရသည်နှင့်ပင် အလုပ်ရှုပ်နေကြရပြီး၊ တရားဥပဒေ စိုးမိုးရေးကို အာရုံ မစိုက်နိုင်သောကြောင့် လူသတ်မှုများ၊ မုဒိမ်းမှုများက တနိုင်ငံလုံးမှာ စည်စည်ကားကား ဖြစ်လာ သည်ကိုသာ ပမာထား ကြည့်ပါလော့။

လူ့အဖွဲ့အစည်းအတွင်းမှာလဲ စစ်တပ်လူတန်းစားတရပ်က ထပ်မံ ပေါ်ထွက်နေခဲ့ပြီး၊ အဆိုပါ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများ၏ စီးပွားရေးအခွင့်အရေးများ၊ အုပ်ချုပ်ရေးအခွင့်အရေးများကိုသာ နိုင်ငံတော် ယန္တရားများက ကာကွယ်စောင့်ရှောက်နေခဲ့ရာမှ၊ အခြား လယ်သမား၊ အလုပ်သမား လူထုလူတန်းစား အလွှာအသီးသီးတို့၏ အခွင့်အရေးများမှာ ထိခိုက်ဆုံးရှုံး နစ်နာခဲ့ကြရတော့သည်။ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများနှင့် ခေတ်ပျက်သူဌေးအမည်ခံ အကြီးစားဓားပြသူခိုးတို့၏ သွေးစုပ်ခြယ်လှယ်မှုတို့ အလယ်မှာ ပြည်သူတို့ရဲ့ အနာဂတ်က စမ်းတ၀ါးဝါး။
ထိုမျှနှင့် မကသေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး၊ လသားပင်မကြာသေး။ သေနတ်သံများက ထပေါက်တော့သည်။ ပေါက်ပေမည်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးသည် လူမျိုးအလိုက် အခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးသော ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေမှ မဟုတ်သည်ပဲ။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် လွှတ်တော်များ ရှိသဖြင့် ပြည်ထောင်စုစနစ်ကို အခြေခံထားသည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ ပြည်ထောင်စုစနစ်ကဲ့သို့ ပုံမှားရိုက်ခြင်းသာဖြစ်ပြီး၊ ပြည်ထောင်စုစနစ်၏ အဓိက အသက်သွေးကြောဖြစ်သော အာဏာခွဲဝေမှု ပျောက်ကွယ်နေခဲ့သည်။

စဉ်းစားကြည့်စေလိုပါသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့် အုပ်ချုပ်သူများကို လူထုက ရွေးသည်လား၊ အထက်မှ ခန့်အပ်သည်လား။ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများကို ဗဟိုအစိုးရက ခန့်သည်လား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက ခန့်သည်လား။ အခွန်အတုပ်များကို ဗဟိုအစိုးရကို ပေးရသည်လား၊ ပြည်နယ်အစိုးရကို ပေးရသည်လား။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများတွင် ဗဟိုအစိုးရသို့ တင်ပြခြင်း မရှိပဲ မည်သည့်ကဏ္ဍကို မိမိတို့ဘာသာ စီမံခန့်ခွဲပိုင်ခွင့်ရှိသနည်း။ စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ထားခြင်း ရှိမရှိ ဆိုသည်ကို တိုင်းတာနိုင်သည့် စံနှုန်းများကား အများအပြားမို့ အသေးစိတ် မဖော်ပြတော့ပါ။ ဖော်ပြလျှင်လဲ စံနှုန်းနှင့် ကိုက်ညီသည့် အချက်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲမှာ ပါဝင်သည်မှ မဟုတ်သည်ပဲ။

သို့ဖြစ်ရာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာလဲ ယင်းနောင်တော်များဖြစ်သည့် (၁၉၄၇) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကဲ့သို့ပင် မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု အခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး မဟုတ်သည်ကား အထင်အရှားပင် ဖြစ်တော့သည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်မည်လား (သို့တည်းမဟုတ်) အသစ်ရေးဆွဲမည်လား။ ဤသည်ကား လမ်းစဉ်ရေးရာ။ ဒီထက် ပိုပြီး အရေးကြီးသည်က ပန်းတိုင်။

ကားနဲ့သွားမည်လား၊ ရထားနဲ့ သွားမည်လား၊ လေယာဉ်နဲ့ သွားမည်လား ဆိုသည်ထက် ဘယ်ကို သွားမှာလဲ ဆိုသည်က ပို၍ အရေးကြီးသည်။ အဆုံးသတ်ပန်းတိုင်က ဘယ်သို့ ဦးတည်သနည်း။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာရေးကို ဦးတည်သည် ဆိုလျှင်တော့ ပြင် / သစ် နှင့် အငြင်းမပွားကြစေလိုပါ။

ပြင်လိုသူများက ပြင်နိုင်မည့်နည်းလမ်းများကို ရှာဖွေပြီး၊ တပြည်ထောင်စနစ် ကျောရိုးပေါ်တွင် အခြေခံထားသည်ကို မည်သို့မည်ပုံ ပြည်ထောင်စုနစ် ကျောရိုးဖြစ်အောင် ပွတ်တိုက်ဆေးကြောရမည်၊ တပ်သစ်တပ်ဟောင်း လူတန်းစားအခွင့်အရေးအား ကာကွယ်စောင့်ရှောက်ပေးထားသည်ကို မည်သို့မည်ပုံ လူထုလူတန်းစားအလွှာအသီးသီး၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်လာအောင် လုပ်ယူကြမည်နည်း ဆိုသည်ကိုသာ အာရုံစိုက်သင့်သည်။ အခြေခံသဏ္ဍာန် မပြောင်းပဲ နှုတ်ခမ်းနီ၊ ပါးနီဆိုးလိုက်ရုံနဲ့ ဘီလူးရုပ်က လူရုပ်ဖြစ်မလာနိုင်ပါ။

အသစ်ရေးဆွဲလိုသူများကလဲ ရေးဆွဲပြီးပါက မည်သို့မည်ပုံ အသက်သွင်းရမည်ကိုသာ အာရုံစိုက်သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အသက်မ၀င်သေးသမျှ နိုင်ငံတော်တည်ထောင်မှု အုတ်မြစ်မဖြစ်၊ စာအုပ် တအုပ်သာ ဖြစ်သဖြင့် မည်သို့ အသက်သွင်းမည်နည်း ဆိုသည်မှာ အလွန်အရေးကြီးပါသည်။

မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ၏ အဓိက ပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်ပြီး၊ ပကတိအခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ထွက်မလာမချင်း၊ ထာဝရငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မည် မဟုတ်ပါ။

သို့ဖြစ်ရာ လူမျိုးကြီးဝါဒ ပပျောက်ရေး၊ စစ်အာဏာရှင်စနစ် ကျင့်သုံးမှု ထာဝရ ရပ်စဲရေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ အာမခံချက်ရှိရေး၊ တဦးချင်းအခွင့်အရေးများနှင့် လူထုလူတန်းစားအလွှာ အသီးသီးအလိုက် အခွင့်အရေးများ အပြည့်အ၀ ရရှိရေးတို့သည် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာစေရေး အပေါ်တွင်သာ အဓိက တည်မှီနေပါသဖြင့် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး၊ လမ်းစဉ်များနှင့် သဘောထားမကွဲကြစေလိုကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခင်မမမျိုး (၁၄၊ ၅၊ ၂၀၁၄)

မြန်မာ့သမိုင်းမှာ မသေတော့ဘူး

မြန်မာ့သမိုင်းမှာ မသေတော့ဘူး


တလ ပြည့်ခဲ့ပြီ အဘ၊
သေသောသူ ကြာရင်မေ့တဲ့လား၊
ဒါဆိုရင် အဘကတော့
သေဆုံးသူ မဟုတ်ဘူးပေါ့၊
အဘရဲ့ ပုံရိပ်တွေက
ကျွန်မတို့ရင်ထဲမှာ စွဲထင်ဆဲ၊
အဘရဲ့ စာနဲ့စကားတွေက
ကျွန်မတို့နှလုံးသားမှာ ထင်ကျန်ဆဲ၊
အဘဟာ ဘယ်တော့မှ မသေဘူး၊
ဟုတ်တယ်- ရုပ်ခန္ဓာ ချုပ်ငြိမ်းသွားပေမယ့်
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

"ဖောက်လွဲဖောက်ပြန်ရှိတတ်တဲ့
လူ့လောကမှာ
လူတစ်ယောက်ကို
သေဆုံးပြီးမှသာ ချီးကျူးပါတဲ့၊
လူတယောက်ဟာ
သူ့ယုံကြည်ချက်ကို
မဖောက်မပြန်
ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ
သေဆုံးပြီးမှသာ သိနိုင်တယ် "တဲ့၊
ပြည်သူလူထုကြီးရဲ့ကြားက၊
လူထုလူတန်းစားအလွှာအသီးသီးကြားကေ
ရင်ဘတ်နဲ့ခံစားရင်း ပေါ်ထွက်လာခဲ့တဲ့
အဘရဲ့ ယုံကြည်ချက်တွေ
ပြည်သူ့ဆန္ဒနဲ့
သွေဖည်သွားတယ်ဆိုတာ
ဘယ်တုန်းကရှိခဲ့လို့လဲ။

အဘဟာ
ပြည်သူ့ဘ၀ကိုသိတယ်၊
နှလုံးသားနဲ့ မျှဝေခံစားခဲ့တယ်။

အဘဟာ
ပြည်သူ့ဆန္ဒကိုသိတယ်၊
အရိုးကျေကျေ၊ အရေခမ်းချိန်ထိ
ဆန္ဒတွေဖြည့်နိုင်ဖို့ ကြိုးစားခဲ့တယ်။

အဘဟာ
လူထုလူတန်းစား အလွှာအသီးသီးရဲ့
သဘောသဘာဝကို နားလည်တယ်၊
ရေပေါ်ဆီပေါ်ပင်နိုင်ငံရေးထက်
ပြည်သူ့နိုင်ငံရေးကို
ဦးစားပေးခဲ့တယ်။

အဘဟာ
တိုင်းရင်းသားလူမျိုးပေါင်းစုံအရေးကို
အာရုံစိုက်တယ်၊
ကျန်းမာရေးမကောင်းတာတောင်
ဆေးရုံကုတင်ပေါ်ကနေ
အားခဲခေါင်းထောင်ထရင်း
တိုင်းရင်းသားအရေး၊
ဆွေးနွေးခဲ့တဲ့
အဘရဲ့ပုံရိပ်ကို
ကျွန်မဘယ်လိုမေ့နိုင်မှာတဲ့လဲ။

အဘဟာ
အလင်းနဲ့အမှောင်ကိုခွဲခြားပြတတ်တယ်၊
အမှောင်မှန်းသိရက်နဲ့
လင်းသယောင်ရှုမြင်ခိုင်းတတ်တဲ့
ကိုယ်ကျိုးရှာအတ္တတွေ
အဘမှာမရှိခဲ့ဘူး။

အဘဟာ
ရန်သူရဲ့ သဘောသဘာဝကို
နားလည်တယ်၊
နှင်းမကွဲခင်၊ အာရုဏ်ဦးရဲ့
ရောပြွန်းရှုပ်ထွေးမှုတွေအကြားက
မက်လုံးတွေနဲ့ ချိုမြိန်တဲ့အဆိပ်တွေကို
ရှင်းရှင်းလင်းလင်း
မီးမောင်းထိုးပြပေးခဲ့တယ်။

အဘဟာ
ပညာအသိကို သတိနဲ့တွဲခဲ့တယ်၊
ရာထူး၊ စည်းစိမ်နဲ့ မက်လုံးတွေကြားမှာ
ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို
ရေစုံမျောမခံခဲ့ဘူး။

တလပြည့်ခဲ့ပြီ-အဘ၊
အဘရဲ့ရုပ်ခန္ဓာ
ချုပ်ငြိမ်းသွားတာ
တလပြည့်ခဲ့ပြီ၊
ဒါပေမယ့်
အဘမသေသေးဘူး၊
ဟုတ်တယ်-
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

                                                  ခင်မမမျိုး (၂၀၊ ၅၊ ၂၀၁၄)