Thursday, May 1, 2014

သူတို့လွတ်လပ်ခွင့်ကို ထိပါးလာတဲ့အခါ...ဘယ်သူမှခေါင်း ငုံ့မခံဘူး ဆိုတာ မီးမောင်းထိုးပြသွားတာပဲ........။

ဒီနေ့ ကျနော်နေထိုင်ရာ ( ဘတ်ဖဲလိုးမြို့မှာ ) ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးတစ်ခု
ပြောပြမယ်...။ဖြစ်ရပ်က ဘာမှထူးထူးဆန်းဆန်းမရှိဘူး...မူးယစ်ဆေးဝါးရောင်းဝယ်တဲ့
သူကို ရဲက ဖမ်းတယ်..။ရဲတွေက တရားခံကို မြေကြီးပေါ်လှဲချ၊ မှောက်ရက်နေခိုင်း
နောက်ပြန်လက်ထိပ်ခပ် ( ဒီလုပ်ရပ်က ရဲတွေအားလုံး လုပ်ရိုးလုပ်စဉ်ပဲ...ဥပဒေအရလည်း
ခွင့်ပြုထားတယ် ) ဒီမှာတင်ပြီးမသွားဘူး...ကိုရွှေရဲများက တရားခံကို ထိုးကြိတ်ရိုက်ကန်
နှက်တယ်။ ရှုတ်ကုန်ပြီ...အဲဒါကို ဘေးမှာ ရှိတဲ့သူက ချက်ခြင်း ဖုန်း ကင်မရာနဲ့ မှတ်တမ်း
တင်တော့....ရဲတွေက ချက်ခြင်းပြေးလာပြီး ကင်မရာရိုက်တဲ့သူကို အခုရိုက်နေတဲ့ ဟာဖျက်
ပစ်ဖို့....မဖျက်ဘူးဆိုရင် ဖုန်းကိုပါ သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်တယ်လေ။ တရားခံက
ခုခံလို့ ဘောင်အတွင်းက ပြန်လည်တုန့်ပြန်ပါတယ်လို့ အကြောင်းပြလို့ရပေမဲ့....ဗွီဒီယိုမှတ်
တမ်းရိုက်တဲ့သူကို သွားခြိမ်းခြောက်လိုက်တာ....အကြီးအကျယ်ဂယက်ထကုန်ရော။ အခု
သတင်းက ပွထပြီး မနက်ဖြန်လောက်ဆို...ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်တော့မယ်......
ဒါဟာ နိုင်ငံသားအခွင့်ရေးကို ချိုးဖောက်တာ၊ ဖွဲ့စည်းပုံပါ ဥပဒေကို ဖောက်
ဖျက်ကျူးလွန်တာ ဆို...ပြသနာတွေ ရှုတ်နေပြီ....။လူဆိုးဖမ်းတာကို ပြည်သူတွေက သိပ်
ရင်မခုန်ကြပါဘူး...ဒါပေမဲ့..သူတို့လွတ်လပ်ခွင့်ကို ထိပါးလာတာကို ဘယ်သူကမှ သီးမခံ
ကြဘူး....ဥပဒေကျွှမ်းကျင်ပညာရှင်များ ၊ မြို့ပြက ဂုဏ်သရေရှိလူကြီးများကပါ ဘာပြောသ
လည်းဆိုတော့.....လူအများမြင်ကွင်းရှေ့မှာ ဘယ်သူမဆို ဓါတ်ပုံ ၊ ဗွီဒီယိုမှတ်တမ်းတင်ခွင့်
ရှိတယ်....( ဒါ ဥပဒေချိုးဖောက်တာ မဟုတ် )....ရဲတွေဟာ မိမိတာဝန်ထမ်းဆောင်နေအတွင်း
မိမိတာဝန်ကို လာရောက် ထိပါးမူ့ မရှိသူ ဘယ်သူမဆို....စော်ကားခွင့်မရှိ..။ လွတ်လပ်မူ့ကို
တားဆီးရန် အကြောင်းမရှိ ၊ ဒီလိုလုပ်တာ ဟာ ဥပဒေနဲ့ ငြိစွန်းတယ်....အရေးယူပါဆို လုပ်
ကုန်ကြပြီ.....ဒီကိစ္စကို FBI က လိုက်တော့.....။ စောစောက ဗွီဒီယိုရိုက်ထားတဲ့ မှတ်တမ်း
ကို ရတယ်.....။ လွတ်လပ်ခွင့်ကို ထိပါးလာတဲ့အတွက် အဲဒီ့ရဲတွေကို အရေးယူခံရတော့မယ်
သာမာန်ဆို...ဆိုးတဲ့သူတွေကို နည်းနည်းပါးပါး ရိုက်ပုတ်တာလောက် အနာမလုပ်ပေမဲ့..ဒီ
ပြနာလည်းဖြစ်ရော.....မလိုအပ်ပဲ..ရိုက်တဲ့ အတွက်ပါ အရေးယူခံရတော့မယ်...။
ဥပဒေ ပညာရှင်တစ်ယောက်က ပြောတာကတော့....နိုင်ငံသားအခွင့်ရေး
ချိုးဖောက်မူ့ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်မူ့ ၊ မလျှော်သြဇာသုံးရိုက်နှက်မူ့
တွေကြောင့် ထောင်ဒဏ် တစ်နှစ်ကနေ....သုံးနှစ်အထိကျနိုင်ပါတယ်တဲ့။
လူလောက ကို အနှောက်အယှက်ပေးနေတဲ့ လူဆိုးတွေနှိမ်နင်းတာကိုလူထုက
ရဲတွေကို ချီးကျူး ဂုဏ်ပြုကြပေမဲ့...သူတို့လွတ်လပ်ခွင့်ကို ထိပါးလာတဲ့အခါ...ဘယ်သူမှခေါင်း
ငုံ့မခံဘူး ဆိုတာ မီးမောင်းထိုးပြသွားတာပဲ........။

No comments: