မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Thursday, May 8, 2014

မြိတ်မြို့မှ ဘန်ဘောက်မြို့သို့ Union Express Charter Cargo Air Line မှ တိုက်ရိုက် စတင်ပျံသန်း


( မြိတ် မေ ၈ ရက် )
မြိတ်ဒေသရှိ ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်တို့ပူးပေါင်း၍ Union Express Charter Air Line ဖြင့် မြိတ်-ဘန်ကောက် တိုက်ရိုက် ခရီးစဉ်ကို မေလ(၈)ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလေကြောင်းလိုင်းတွင် စတင်ပျံသန်းပြေးဆွဲသော E3 8102 လေယာဉ်ခရီးစဉ်မှာ New Gen Airways မှ ဘိုးရင်း 737 လေယာဉ်အမျိုးအစားဖြစ်ပြီး လေယာဉ်မှူး Mr.Michael Reismann မှ လေယာဉ် ၀န်ထမ်း(၁၃)ဦးဖြင့် ခရီးသွားဧည့်သည်(၂၁)ဦးလိုက်ပါလာပြီး ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှ မြိတ်လေ ဆိပ်သို့ နေ့လည်(၁၂း၂၀)နာရီက တိုက်ရိုက်ခရီးစဉ်စတင်ပျံသန်းရောက်ရှိလာရာ မြိတ်လေဆိပ်တွင်Myanmar Union Express Aviation Group နှင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်တို့မှ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ ကြသည်။
ထိုနောက် မြိတ်လေဆိပ်ဧည့်ခန်းမဆောင်တွင် PRAMOOK CHAIYAW Chairman of Executive Director New Gen Airways နှင့် လေယာဉ်ဝန်ထမ်းများ၊ ဧည့်သည်တော် များသည် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးလာရောက်တွေ့ဆုံ၍ ၀န်ကြီးချုပ်အား Union Express Charter Air Line စတင်ပျံသန်းခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။
အဆိုပါ လေကြောင်းလိုင်းစတင်ပျံသန်းပြေးဆွဲခြင်းအား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဒေါက်တာကျော်ဆန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေး ခဲ့ကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသန္တရဗဟုသုတများရရှိနိုင်ရန်၊ အပန်းဖြေနိုင်ရန်၊ ကျန်းမာရေး အတွက် လိုအပ်သော ဆေးစစ်ကုသမှုခံယူနိုင်ရန် သွားရောက်မည့် ဒေသခံပြည်သူ(၄၄)ဦးနှင့် လေယာဉ်တွင် လိုက်ပါလာသော ဧည့်သည် (၁၈)ဦးတို့အား ခရီးစဉ်အတွက်လိုအပ်သော နိုင်ငံကူးလက်မှတ်(Passport) နှင့်
ပြည်ဝင်ခွင့်(Visa)များကို တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ပေးခဲ့ကြပြီး လေယာဉ်ဝန်ထမ်း (၁၃)ဦးက မြိတ် လေဆိပ် မှ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ နေ့လည် (၂း၂၀)နာရီက တိုက်ရိုက်ပျံသန်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့မှ ဘန်ကောက်မြို့သို့ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့တိုင်းတွင် ခရီးသည်(၁၆၅)ဦး လိုက်ပါနိုင်ပြီး ကုန်တန်ချိန်(၂)တန်ကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၄င်းလေကြောင်းလိုင်း တွင် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများအတွက် လေကြောင်း လိုင်းတာဝန်ရှိသူများမှ နိုင်ငံကူးလက်မှတ် (Passport) နှင့် ပြည်ဝင်ခွင့်(Visa) များပြုလုပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
IPRD မှကူးယူဖော်ပြသည်။

No comments: