Tuesday, May 6, 2014

တ.က.က(၂)တပ်မတော် အဆင့်မြင့်သင်တန်းကျောင်းမှတောင် သူများထွန်ယက်နေသော လယ်ယာ သုံးပစ္စည်းများကို လုပ်ငန်းဝင်နေစဉ်အ တွင်း အဓမ္မ ချိန်းခြောက်ပြီး သိမ်းဆည်း




May May Kyaw >>>> 3,5,2014 ခုနှစ် အချိန် နံနက်(9:00)ခန့်
တွင် ဥတ္တရသီရိမြို့နယ်၊မိုးစ္စေကျေးရွာ
အုပ်စု အနီးရှိ တ.က.က(၂)တပ်မတော်
အဆင့်မြင့်သင်တန်းကျောင်းမှတောင်
သူများထွန်ယက်နေသော လယ်ယာ
သုံးပစ္စည်းများကို လုပ်ငန်းဝင်နေစဉ်အ
တွင်း အဓမ္မ ချိန်းခြောက်ပြီး သိမ်းဆည်း
သွားသည်။သို့ပါ၍ တပ်မှယခုကဲ့သို့
တောင်သူများအား ကူညီပေးမှုမရှိသည့်
အပြင် ၀မ်းစာအတွက်ရုန်းကန်လှုပ်ရှား
နေရသောတောင်သူများ၏ ဘ၀အခြေ
နေအား စာနာမှုမရှိ၊ငဲ့ညှာမှုမရှိတောင်
တောင်သူများစားဝတ်နေရေးကိုဖျက်စီး
နေသော(မှတ်တမ်းဓါတ်ပုံပါ)အတိုင်းပြု
မှုလျှက်ရှိပါသည်။ဦးဆောင်သူ ဒုတိယ
ဗိုလ်မှူးကြီး ချစ်ဝင်းနှင့်ငယ်သားများမှ
ယ္ခုကဲ့သို့ မညှာမတာပြုမှုအား မြင်ရ
သည်မှာ အင်္ဂလိပ်ခေတ် ဂျပန်ခေတ်
လက်အောက် ကျရောက်ခဲ့သည့်အလား
မြင်ယောင်မိပါသည်။ဆင်းရဲမှုပပျောက်
ရေး သမ္မတကြီး ပြောတဲ့ဆင်းရဲမှုပပျော
က်ရေး ဆိုလဲ တစ်နိုင်ငံလုံးသာ အသေ
ပစ်သတ်လိုက်ပါတော့။ကျွန်တော်တို့
တွေ့မြင်ခံစားနေရတာဟာ သေသွား
တာထက်စာရင်တော်သေးတယ် ဒီနိုင်ငံ
က ဒီလိုမြင်ကွင်းတွေ မကြည့်ရက်ဘူး။
မခံစားနိုင်တော့ဘူး။ကျေးဇူးပြု၍ဒီကိစ္စ
အမှန်ကို သမ္မတကြီး ဖော်ထုတ်ပေးပါလို့
လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ ။
Credit to Min Chit Thu

No comments: