Thursday, May 1, 2014

ပြည်သူ့မေတ္တာခံယူရန် စောင့်မျှော်လျက်ရှိ......


ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အမှတ် ၈ ရပ်ကွက် ၊ မြစံပါယ်ဖြူလမ်းနေ ကိုချစ်ကို ၊မအေးယုခိုင် တို့၏ အသက် ၃လ ၁ရက်အရွယ် မွေးချင်းအမွှာသမီးနှစ်ဦးအနက် သမီးအငယ် ၊ အမည် မတင်ဇာဝင်းမော်သည် မွေးရာပါ ဦးခေါင်းကြီးရောဂါ ခံစားနေရပါသည်။
မွေးဖွားစဉ်အချိန်က ပုံမှန်ထက် ဦးခေါင်းအနည်းငယ်ကြီးထွားနေပြီး ခါးတွင်လည်း အနာလုံးကြီးတစ်ခုဖြစ်ပွားနေ၍ ခရမ်းမြို့နယ်ဆေးရုံမှ
ှ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ရန်စေလွှတ်ခဲ့သည်။

မိဘများက ငွေကြေးချို့တဲ့သူ လက်လုပ်လက်စားများဖြစ်သည့်အပြ
င် ကိုယ်ပိုင်အိမ်လည်းမရှိ ဆွေမျိုးနီးစပ် အိမ်တွင်နေထိုင်ရသည့် အခြေအနေဖြစ်သည့်အတွက် ကလေးငယ်အတွက် ဆေးကုသရန် လွန်စွာ အခက်အခဲဖြစ်ခဲ့ရသည်။

၎လပိုင်း ၂၃ရက်နေ့က ခရမ်းမြို့နယ်မှ အဖြူရောင်သူငယ်ချင်းများ(ပရဟိတ)အဖွဲ့၏ ကူညီမှုဖြင့် ရန်ကင်း ကလေးဆေးရုံကြီးသို့ တက်ရောက်ပြသရာ ဦးနှောက်၌ အနာဖြစ်နေရုံသာမက ရေ၀ိုင်းနေသဖြင့် ခွဲစိပ်ကုသရန်လည်း လိုအပ်ကြောင်းသိရခဲ့သော်လည်း ငွေကြေးမတတ်နိုင်သောကြောင့် ပြန်လာခဲ့ကြရသည်။
ထို့ကြောင့် ခရမ်းမြို့နယ် ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များ
၁.၅.၂၀၁၄ ယနေ့နံနက်တွင် ကလေးငယ်နေထိုင်ရာ ရပ်ကွက်သို့ သွားရောက်ကာ မိဘများ၏သဘောထားကို မေးမြန်းဆွေးနွေးပြီး ဆေးကုသခွဲစိပ်နိုင်ရေးအတွက် တိုင်ပင်ကာ လူငယ်အဖွဲ့ဝင်များပါဝင်သော ဆပ်ကော်မတီတစ်ခုဖွဲ့စည်းခဲ့သည်။

လာမည့် ၂၉.၅.၂၀၁၄ ရက်တွင် ရန်ကင်းကလေးဆေးရုံကြီးသို့ ပြန်လည်ပြသရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ရပ်ဝေးရပ်နီးမှ မိတ်ဆွေသူငယ်ချင်းများ အလှူရှင်များအနေဖြင့် သမီးငယ် မတင်ဇာဝင်းမော်အား လိုအပ်သည့် ဆေးကုသမှုများပြုလုပ်ပေးနိုင်ပါရန် အတွက် လိုအပ်သည့် လှူဒါန်းမှုများပြုလုပ်နိုင်ရန် တိုက်တွန်းလိုက်ရပါသည်။
ဆက်သွယ်ရန်
ကိုဝေဖြိုးကျော် (ပန်းတိုင်စာသင်ဝိုင်းနှင့်ဘော်ဒါ) ခရမ်းမြို့။
၀၉၄၂၀၁၄၅၄၉၈

ကိုညီလင်းထက် (MCC Khayan)
၀၉၄၅၀၀၄၄၉၉၆

ကိုဇေယျာဦး(AK47- Internet cafe)
၀၉၄၄၈၀၄၉၅၈၈

အောက်ပါဘဏ်အကောင့်သို့လည်း
လွှဲအပ်လှူဒါန်းပါသည်.. ..

ကလေးငယ်၏ မိဘများထံသို့လည်း လူကိုယ်တိုင် လာရောက်လှူဒါန်းနိုင်ပါတယ် ။
သူငယ်ချင်းတို့ shareလုပ်၍ ကုသိုလ်ယူပေးပါ ။
သူငယ်ချင်းတို့ shareတစ်ချက်က ကလေးငယ်ရဲ့ ဘ၀တစ်သက်ပါ.. ။

Acc.No.> 1231220002009
Acc.Holder>Ko Nyi Lin Htet
KBZ bank, Thanlyin branch

No comments: